Saturday, November 20, 2010

အိမ်ပြန်ချင်တယ်ဗျာ ......

7
ဒီစာကတော့ ကျနော့်စိတ်ထဲက ခံစားရတာလေးပါ။ ခံစားချက်တွေ တူချင်လဲတူမယ်ပေါ့ ....။





နိုင်ငံခြားတဲ့ .... ဒီအသံကြားတာနဲ့ ... မြန်မာပြည်ကလူတိုင်းလိုလိုက အထင်ကြီးကြတယ်။ လုံးဝကြီး အထင်တကြီး မဟုတ်တာတောင် နဲနဲပါးပါးတော့ အထင်ကြီးကြတယ်။
ဒါပေမဲ့ သူတို့ မသိတဲ့ အချက်က .... ဘာလဲဆိုတော့ .... နိုင်ငံခြားသွားသူတိုင်းဟာ ပိုက်ဆံဆိုတဲ့ စက္ကူနဲ့ အရာအားလုံးကို လဲလှယ်လိုက်ရတယ်ဆိုတာ ဘယ်သူမှ သတိမထားမိကြဘူး။ အဲဒါတွေက ဘာလဲဆိုတော့ .... မိဝေး၊ ဖဝေး၊ ဆွေမျိုး အပေါင်းအသင်းနဲ့ ဝေးကွာသွားရတွေ၊ ကိုယ့်ရဲ့ ငယ်ရွယ်နုပျိုတဲ့ အချိန်တွေ၊ ကိုယ့်ရဲ့ လုပ်အား၊ ဥဏ်အားတွေကို ပိုက်ဆံနဲ့ရောင်းစားလိုက်ရတာပါ။
တခါတလေလဲ စဉ်းစားမိတယ်၊ ဗုဒ္ဓဘာသာအယူအဆ အရဆိုရင် ကျနော်တို့ဟာ ဟိုအရင်ဘဝက သူများ မိသားစုတွေကို တကွဲတပြားစီဖြစ်အောင် လုပ်ခဲ့မိလို့ ဒီဘဝမှာ ဝဋ်လည်တာများလားလို့ပါ။
အထူးသဖြင့် မကျန်းမမာ ဖြစ်တဲ့ အချိန်တွေဆို နိုင်ငံမတူ၊ လူမျိုးမတူ၊ ဘာသာမတူသူတွေ ကြားမှာ အားငယ်မိတာတော့ အမှန်ပဲ။ ကိုယ့်လက်ထဲမှာ ပိုက်ဆံ ဘယ်လောက်ပဲ ရှိနေပါစေ၊ အားပေးမဲ့ မိဘအသိုင်းအဝိုင်းက မရှိတော့ .... စိတ်ထဲ ဝမ်းနည်းမိတယ်။ တခါတလေ အလုပ်ရှင်နဲ့ အဆင်မပြေဖြစ်တာတို့၊ အလုပ်သမားအခြင်းခြင်း အဆင်မပြေတာတို့ဆိုရင် ကိုယ့်မှာ တိုင်ပင်နှီးနှောစရာ လူဆိုလို့ နတ္ထိပဲ၊ ဘယ်သူမှမရှိ၊ ဘယ်သူမှမသိဘဲ တယောက်ထဲ ကြိတ်ခံစားရတာတွေ များလာတော့ ... ကိုယ့်ဘဝကိုယ် မုန်းမိလာတယ်။ အားမလို အားမရဖြစ်ပြီး .... ငါဘာလို့ ဦးသန်းရွှေရဲ့ အချစ်တော်မြေးလေး မဖြစ်ရတာလဲ ဆိုပြီးတော့ပေါ့ဗျာ ...။
ဘာပဲဖြစ်ဖြစ်ပါ ... လက်ရှိဘဝမှာတော့ .. အသက်ရှင်နေသရွေ့ ... ကိုယ့်ရဲ့ရည်မှန်းချက်တွေ မပြည့်မခြင်းကတော့ ဆက်လက်ပြီး ချီတက်နေရဦးမှာ၊ ဆက်လက်ပြီးတယောက်ထဲ နေသွားရဦးမှာ သေချာပါတယ်။ ဒီတော့ ဒီစာကို ကျနော့်ရဲ့ ရင်ဖွင့်ချက် သက်သက်လို့ပဲ မှတ်ယူလိုက်ပါ။


7 Response to အိမ်ပြန်ချင်တယ်ဗျာ ......

20 November 2010 at 04:48

နေမကောင်းဘူးလား ကို အိမ်

20 November 2010 at 08:20

ဖိုးလပြည့် ကို အားကျတယ် ဆို လို့  တကယ်တော့ သူ က သနားစရာ ပါ လုပ်ချင်တာ လုပ်လို့  ရတာ သူများ အကူ အညီနဲ့  ပါ မျက်လုံး ပေါင်းများစွာ က စောင့်ကြည့် ခံရပြီး မလွတ်လပ်စွာ ရှင်သန်နေရတာပါ...အခုဆိုဝါသနာမပါတဲ့ စစ်ကျောင်းကို တရုတ် မှာ တတ်ရမလားမသိ

20 November 2010 at 21:06

ဖြေ... ဖြေ.. တရားနဲ့ သာဖြေ.. ဒီဘ၀ တော့..

21 November 2010 at 21:20

အတူတူ ပါပဲ ကောင်လေးရာ..

22 November 2010 at 23:50

ပြန်ပေါ့ကိုယ့်လူရယ်။ သူများတွေတောင် ဆိုက်ကားနင်း
ကုန်ထမ်းပြီး ရှင်သန်ရပ်တည်နေကြတာ၊ အဲဒီလောက်တော့
အခြေအနေမဆိုးလောက်ပါဘူး။ စည်းစိမ်တွေ ခံစားပြီးမှ
လောကဓံကို ကြောက်တဲ့စိတ် ဝင်မိတာ။

24 November 2010 at 12:05

ကိုအိမ်ကို မတွေ့တာကြာပြီနော် ခုမှပဲ ပြန်ရေးတော့တယ်
ပြန်ချင်လည်း စိတ်ပြေလက်ပျောက်ပြန်ပေါ့ဗျာ

11 February 2011 at 04:03

ကောင်းလေးရေ တောင့်ထား ... ဟ

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း