Wednesday, July 14, 2010

အမှိုက်ကစ ပြဿာမီးလောင်

3
အမှိုက်ကစပြဿာမီးလောင် တယ်ပြောရမှာပေါ့။ ကျနော်ပြဿာနာ တခု ဒီရက်ပိုင်းမှာ တက်လိုက်ပါတယ်။ ဒါကလဲ ကျနော်ကိုယ်တိုင်က မနေတတ် မထိုင်တတ်မို့လဲ ပါပါတယ်။ ဖြစ်တာကလဲ ဘလော့ဂါခြင်းဖြစ်တာပါ။ ဘယ်မှာဖြစ်တာလဲဆိုတာတော့ ဖတ်ရင်းနဲ့ သိသွားကြမှာ။ တခုတော့ ရှိတယ်နော် စာကတော်တော့်ကို ရှည်မှာ ဆိုတော့ အချိန်ပေးဖတ်မှ ဖြစ်ပါမယ်။ ဖတ်နိုင်ပါ့မလား.. ?????? စိတ်ဝင်စားရဲ့လား ???? ဖတ်နိုင်တယ် အချိန်ပေးနိုင်တယ်၊ စိတ်ဝင်စားတယ် ဆိုရင်တော့ read more ဆိုတာလေးကို နှိပ်လိုက်ပါ။ တခုတော့ ကြိုပြောမယ်နော် ကွန်မန့်မှာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ လုံးဝမရေးပါနဲ့။ တော်ကြာ စာလာဖတ်သူပါ နေရင်းထိုင်ရင်း အမှုတွဲထဲ ပါနေမှာစိုးလို့ပါ။ ကျနော့်အတွက်ကတော့ ကြိုက်သလိုဝေဖန်နိုင်ပါတယ် မကျေနပ်လို့ ဆဲဦးမလား ရတယ်၊ ဒါပေမဲ့ အကြောင်းမဲ့တော့ မဟုတ်ဘူးပေါ့ အကျိုးနဲ့အကြောင်းနဲ့ သေချာပြောပြပြီး ဆဲရင် လက်ခံပါမယ်။ ကျနော်ကိုယ်တိုင်ကလဲ ဝင်ခံပြီးသားပါ။ ကျနော်မနေတတ်၊ မထိုင်တတ်ကောင်ပါလို့ ...... ။ အဲ.... ဒါပေမဲ့ ကျနော်နဲ့ ဖြစ်ခဲ့ကြသူတွေက အထိမခံ ရွှေပန်းကန်တွေလိုဆိုတော့... တော်ကြာ စာလာဖတ်သူပါ အမှုတွဲထဲ ပါနေမှာစိုးလို့ပါ။ ပွင့်ပွင့်လင်းလင်းနဲ့ ကျနော့်ကိုလဲ အားမနာတမ်း သူတို့ကိုလဲ အားမနာတမ်း ဝေဖန်မယ်၊ ကိုယ်မြင်တာလေး ကိုယ်ပြောချင်တယ် ဆိုရင်တော့ eainhome@gmail.com ကိုပေးပို့နိုင်ပါတယ်။ ဝေဖန်ပေးကြပါလို့လဲ တိုက်တွန်းပါတယ်။ စိတ်ချပါ စိတ်ဆိုးတတ်သူထဲ ကျနော် မပါပါဘူး ပွင့်ပွင့်လင်းလင်းကို ရေးကြပါ။ ကဲကဲ .. စကားဦးသန်းနေတာနဲ့တင် စာကရှည်နေပြီ ဒီတော့ .... read more ကိုလေးနှိပ်လိုက်ပါ စိတ်ဝင်စားတယ် ဆိုရင်ပေါ့ဗျာ။ စာဖတ်သူ ဖတ်ရတာ စိတ်မရှည်မှာ စိုးလို့ အဓိက ဖြစ်ရပ်လေးတွေပဲ ရေးပြီး အတတ်နိုင်ဆုံး စာကို ချုံ့ပြီးေ၇းသွားပါ့မယ်။ အပြည့်အစုံလေး ဖတ်ချင်တယ်ဆိုလဲ ပြောပါ၊ ကျနော့်ကိုမေးပို့လိုက်ပါ။

 ဘယ်လိုက စဖြစ်တာလဲဆိုတော့ ....... ကျနော် တနေရာမှာ ဘလော့ဂါတယောက် ရေးတဲ့စာကို သွားဖတ်မိပါတယ်။ အဲဒီမှာ ကွန်မန့်လဲတွေ့လိုက်ပါတယ်။ ဘယ်လိုရေးထားလဲဆိုတော့ မှတ်မိသလောက်လေး ပြောပြရရင်တော့ " သံတူကြောင်းကွဲ စကားလုံးတွေနဲ့ ရေးဖွဲ့ထားတာပဲ " ဒါလေးကို ကျနော်မြင်လိုက်တော့ စိတ်ထဲ နဲနဲခုသွားတယ်ဗျ ကျနော့်စိတ်ထဲ မှတ်ယူလိုက်တာက စကားလုံး အသုံးအနှုန်းမကြွယ်ဝဘူး၊ အကြောင်းအရာ တခုထဲကိုပဲ ထပ်ခါထပ်ခါနဲ့ ရေးသွားတယ်ပေါ့ဗျာ ခပ်ရိုင်းရိုင်း ပြောရရင်တော့ ပို့စ်ရေးသူကို နှိမ်လိုက်တယ်လို့ ကျနော်မြင်လိုက်တယ်။
ဒီနေရာမှာ တခုမေးပါရစေ ... .. စာဖတ်သူဆိုရင်ရော ဘယ်လိုမြင်ပါသလဲ ... ??? စိတ်ဝင်စားမှ ဖြေပါ၊
ဆိုတော့ဗျာ ..... ကျနော်က စာရေးသူဘက်ကနာပြီး ကွန်မန့်ပေးသူ မဖြူလို့ပဲ ဆိုကြပါစို့ဗျာ.. နော် .... သူ့ကို ကျနော်က အဲဒီပို့မှာ "ကိုယ့်စိတ်ထဲ ခံစားနေရတာကို ကိုယ်တတ်သလိုလေး ချရေးထားတာလေးပါ၊ ဒါကို ကျနော်တို့ နားလည်ပေးရမယ်ဗျ။ ပြောရရင်တော့ စိတ်ထွက်ပေါက် တခုသဘောပေါ့ဗျာ။ တကယ့်စာရေးဆရာ တယောက်လို ရေးတတ်မှတော့ ဒီမှာ ဘယ်ရေးတော့မလဲ စာအုပ်ထုတ်ပြီး ရောင်းစားတော့မှာပေါ့ဗျာ .. ဟုတ်ဘူးလား... ကျနော်အခုလိုေ၇းတာကို ဘယ်လိုမှမထင်ပါနဲ့ ကြားထဲက ငထွားဝင်ပြီး ခါးနာသွားတယ်လို့ပဲ မှတ်ယူလိုက်ပါဗျာ။ " ဆိုပြီး ကျနော်က ပြန်ရေးလိုက်မိပါတယ်။
အဲ ..... မကြာပါဘူးဗျာ အဲဒီ မဖြူကကျနော့်ကို ဘယ်လိုပြန်ပြီး ကွန်မန့်ပေးသလဲဆိုတော့ကာ ...... မှတ်မိသလောက်ပြောရရင်တော့ မြန်ာမာစာရော သေချာဖတ်တတ်ရဲ့လား မြန်မာစာရဲ့ အနှစ်သာရကိုရော နားလည်ရဲ့လား စသည်ဖြင့်ပေါ့ ဘယ်လိုပြောရမလဲ သူ့ကိုယ်သူ မြန်မာစာကထိကလိုလို ဘာလိုလိုနဲ့ ကွန်မန့်ပြန်ေ၇းလိုက်ပါတယ်။
ဒါနဲ့ ကျနော်လဲ ကျနော့်အကျင့်ကလဲ သိတဲ့သူလဲ သိကြပါတယ် အရွဲ့တိုက်တတ်တာပါ၊ သူများကို ပြောရမယ်ဆို ၂ယောက်မရှိတာပါ ... ဆိုတော့ကာ ဘယ်လိုပြန်ေ၇းလိုက်လဲ ဆိုတော့ " ဟုတ်ကဲ့ ကျနော်မြန်မာစာကို က ကနေ အ အထိအစုအဆုံးတောင် မရွတတ်သေးပါဘူး။ အဲဒါ သေချာ လက်ထပ်ပြီး ကိုယ်ဖိ၊ ရင်ဖိ သင်ပေးပါလား ကျန်ာက နဲနဲဥဏ်ထိုင်းလို့ပါ " ဆိုပြီးေ၇းလိုက်ပါတယ်။
အဲဒီနောက်ပိုင်း မဖြူနဲ့ ကျနော်ဟာ ကာယကံရှင်ဖြစ်တဲ့ စာရေးသူ ပို့စ်ပိုင်ရှင် စိတ်အနှောက် အယှက် ဖြစ်မှာစိုးလို့ ကျနော်တို့ ၂ဦးသဘောတူ မက်ဆေ့ပို့ပြီး ဆက်ပြောကြပါတယ်။ ဒီလိုနဲ့ မဖြူနဲ့ ကျနော် စကားတွေ ပြောကြရင်း ဆိုကြရင်းနဲ့ အဆင်ပြေသွားကြပါတယ်။ အဆင်ပြေတယ်ဆိုလို့ တမျိုး မထင်နဲ့ဦး ပြသာနာပြေလည်သွားတယ်ဆိုတာကို ပြောတာပါနော် .....။ စကားကို ကပ်သီးကပ်သပ် လိုက်တွေးမိမှာစိုးလို့ပါ။
ဒီလိုနဲ့ ပြီသွားတော့ ညနေကျတော့ နောက်တယောက် ဝင်လာပြီး ကျနော့်ကိုအခုလို ပြောသွားပါတယ်။ သူ့နာမည်ကိုတော့ မမဲလို့ပဲ ပြောကြပါစို့ ဘလော့ေ၇းတဲ့သူလို့ ထင်ရပါတယ်။

"ရှင် တော်တော်အဆင့်မရှိတဲ့ သူပါလား.. သူများတကာ ဖန်တီးထားတဲ့ အရာတခုကို တက်သလောက် မှတ်သလောက် ပြောရအောင် ရှင်က သိပ်တက်နေလား.. ရှင်သာ သူ့လို သိပ်တက်နေတဲ့ Well Educated တယောက် ဖြစ်မယ်ဆိုရင် ဒီလို သိမ်ဖျင်းတဲ့ အတွေးအခေါ်တွေနဲ့ လာပြောမှာ မဟုတ်ဘူး။ အားနာတယ်ဆိုတဲ့ စကားတလုံးကို တွေ့ရာနေရာမှာ ချခင်းပြီး ခေါင်းလွှဲတက်တာ ယောက်ျားတွေ အလုပ်မဟုတ်ဘူး။ သွေးရဲရင် ယောက်ျားလိုတွေး ယောက်ျားလို ပြောပါ လို့ အကြံလေးပေးချင်တယ်။ "



မမဲက အဲဒီလိုေ၇းလာတော့ ကျနော်လဲ ကာယကံရှင် စာရေးသူ စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ မက်ဆေ့ပို့ဖို့ မမဲကို ပြောပါတယ်။ ဒါကို မမဲကနေပြီး အခုလိုပြန်ရေးပါတယ်။

"ရှင်ရော မကျေနပ်ရင် မက်စေ့ပို့ပြီးပြောလား.. ရှင်တောင် ဒီမှာလာရေးထားတာ.. လာမအော်ပါဘူး အော်တယ်ဆိုတာ အဆင့်နိမ့်တယ်။ သူများရှေ့ မှာ အာကြီးလုပ်ပြီး လက်သီးပုန်းပြတဲ့ အထဲမှာ ကျွန်မ မပါဘူး။ မျှမျှတတ ဝေဖန်ဘို့ တိုက်တွန်းတာပါ။ လူဆိုတာ ကိုယ့်အသက်အရွယ် ကိုယ့်အဆင့်အတန်းကိုကြည့်ပြီး စကားပြောတာ အကောင်းဆုံးဘဲ ထင်ပါတယ်။ :)"




ဒါနဲ့ ကျနော်လဲ အခုလို ပြန်ပြောလိုက်ပါတယ်
ဘာတွေပြောနေတာလဲ .... ခင်ဗျား စာရော သေချာဖတ်ရဲ့လား။ အဆင့်ရှိတယ် မရှိဘူးဆိုတာ ခင်ဗျားရေးတဲ့စာကို ဖတ်ရင်ပဲ သဘောပေါက်သင့်နေပါပြီ။ ကျုပ်ရေးတဲ့ အထဲမှာ ဘာတခုမှ တဖက်သားကို စော်ကားထားတာ မပါဘူး၊ သူနားလည်အောင်လို့ အချိုသားဆုံးပြောပြထားတာပါ။ ခင်ဗျားလို အဆင့်မရှိတဲ့ စာနဲ့ ပြန်ရေးရရင် အဆင့်အဆင့်နဲ့ ပြောရအောင် ခင်ဗျားကရော ဘယ်လောက် အဆင့်ရှိလို့လဲ ... ဟားဟားဟား ... ကျုပ် ယောကျာင်္းလား မိန်းမလား သိချင်ရင် လာစမ်းကြည့်လေ ..နော် .. ဒါမှမဟုတ်ပြမယ် ကျားလား မလား သိအောင်လို့ '"


အဲဒီလိုနဲ့ စကားတွေက ဘယ်လိုဖြစ်လာလဲဆိုတော့ စာဖတ်သူ မျက်စေ့ညောင်းမှာ စိုးလို့ အတိုချုံးပြောရရင်တော့ဗျာ မမဲက သူအမေရိကမှာနေတာတွေ၊ သူများတွေလို နိုင်ငံခြားမှာ ရပ်တည်နိုင်ဖို့အတွက် ကျားကန်ပြီး နေရတဲ့ အထဲမှာ မပါဘူးတွေ၊ သူအင်္ဂလိပ်လို တတ်တယ်ဆိုတာကလဲ ပြချင်သေးတော့ အင်္ဂလိပ်လိုရေးတာတွေ၊ ကျနော့်ကို အမေရိက ရောက်အောင်ပဲ လုပ်ပါဦးတွေ၊ သူ့အိမ်က မာလီနဲ့ ဒ၇ိုင်ဘာကို လွှတ်လိုက်မယ်တွေ၊ ဝေဖန်ရေးနဲ့ ဆွေးနွေးရေးကို နားမလည်ဘူးလို့ ပြောတာတွေ၊ ကျနော် ဘလော့ဂါပါ ဆိုပြီး မပြောဖို့၊ ဘလော့ဂါနာမည်ပျက်တယ်တဲ့၊ အွန်လိုင်းမှာ မိန်းကလေးတွေ့တိုင်း ကြောင်တယ်တဲ့သူတွေ လုပ်တဲ့ အလုပ်တို့ စသည်ဖြင့်ပေါ့။ ဘယ်လိုမှ မသက်ဆိုင်တဲ့ စကားတွေသုံးနှုန်းပြီး ပြောဆိုသွားပါတယ်။

အဲဒီလိုနဲ့ ကာယကံရှင်ဖြစ်တဲ့ စာရေးသူက အခုလို ဆက်ရေးလာပါတယ်။ ဒီစာကို သူ့ပို့စ်ရဲ့ ကွန်မန့်မှာ တင်ထားပါတယ်။
ဘယ်သူမှားတယ် မှန်တယ်ဆိုတာ ဒီ Comment တွေကို ဖတ်တဲ့သူတိုင်း သိနိုင်တဲ့အတွက် ကျွန်တော် ဘာမှ ထပ်မပြောလိုပါဘူး...။ ဒါပေမယ့် ကျွန်တော် ဘာမှ ၀င်ဝင်မပြောလို့ မသိဘူးတော့ မထင်ပါနဲ့..။ ကို အိမ်အနေနဲ့ ကျွန်တော့် Account ထဲမှာရှိတဲ့ ကျွန်တော်နဲ့ ရင်းနှီးတဲ့သူတွေကို စိတ်အနှောင့်အယှက် လုပ်တာ ၃ ခါရှိပါပြီ...။ ပထမတစ်ခါ ကိုလင်းထက်နဲ့ ဓာတ်ပုံမှာ ပြဿနာတက်ပါတယ်..။ မနက်က မဖြူနဲ့ ဖြစ်ပါတယ်..။ အခု ထပ်ဖြစ်ပါတယ်...။

ကျွန်တော် မနက်ကတည်းက ရေးမလို့ပါ..။ အပြင်သွားစရာရှိတဲ့အတွက် အချိန်မရလို့ မရေးခဲ့တာပါ...။ လူတိုင်းမှာ သူ့အမှန်တရားနဲ့ သူရှိပါတယ်...။ မှားတာ မှန်တာက တစ်ပိုင်းပါ..။ စကားလုံး အသုံးပြုတတ်တာက တစ်ပိုင်းပါ..။ မနက်က ကော်မန့်မှာဆိုရင် မဖြူကို "ကိုယ်ဖိ ရင်ဖိ" ဆိုတဲ့စကားကို သုံးထားပါတယ်..။ မဖြူဟာ အိမ်ထောင်ရှင် မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်..။ ကိုယ်ဖိရင်ဖိဆိုတဲ့စကားဟာ အလေးအနက်ထားပြောတာ မဟုတ်ပဲ ကိုယ်အိမ့်အနေနဲ့ ခေတ်ကာလအရ ဘန်းစကားအနေနဲ့ ဘာကို ဆိုလိုပြီး ပြောတာလဲ ဆိုတာကို အားလုံးက တန်းကနဲသိနိုင်ပါတယ်..။ ဒီလိုသုံးနှုန်းထားတာကို မဖြူရဲ့ အမျိုးသားသိရင်လည်း လုံးဝ သီးခံနိုင်မှာမဟုတ်ပါဘူး...။

စတယ်နောက်တယ်ဆိုတာ အချိန်ကာလနဲ့ နေရာဒေသအပေါ်မူတည်ပါတယ်..။ စသင့်တဲ့လူလား မစသင့်တဲ့လူလား..။ ရင်းနှီးတဲ့ သူလား မရင်းနှီးတဲ့သူလား စသည်ဖြင့် များစွာစဉ်းစား ဖို့လိုအပ်ပါတယ်...။

ယခုညနေ ကျွန်တော်ပြန်လာတဲ့အခါမှာလည်း ထပ်ဖြစ်ထားတာတွေ့ပါတယ်...။ နောက်ဆုံးပြသနာဖြစ်တဲ့သူကို ကိုယ်အိမ့်အနေနဲ့ Message ပို့ပြီးရေးသားပြောဆိုတဲ့နေရာမှ
ာလဲ "ကျုပ် ယောကျာင်္းလား မိန်းမလား သိချင်ရင် လာစမ်းကြည့်လေ ..နော် .. ဒါမှမဟုတ်ပြမယ် ကျားလား မလား သိအောင်လို့ " ရင့်သီးစွာ သုံးနှုန်းထားတာကိုတွေ့ရပါတယ်...။

ဒီတစ်ကြိမ်နဲ့ဆိုရင် သုံးကြိမ်မြောက်ဖြစ်သွားပြီ ဖြစ်တဲ့အတွက်...။ နောက်ထပ် ကျွန်တော့်ရဲ့ မိတ်ဆွေ အပေါင်းအသင်းများ ထပ်မံပြီး စိတ်အနှောင့်အယှက် မဖြစ်ဖိုကို့ရည်ရွယ်၍ ကျွန်တော့် အကောင့်ထဲကနေ Remove လုပ်လိုက်ပါတယ်...။"
သူကအဲဒီလိုရေးလာတော့ ကျနော်ကနေပြီး 
မဖြူရေးခဲ့တဲ့ အထဲမှာ ယူဆမယ်ဆိုရင် ချိုးနှိမ်တဲ့သဘော သက်ရောက်နေပါတယ်။ဒါကျနော့်အမြင် သက်သက်ပေါ့ဗျာ ထားပါတော့ ဒါကိုအမြင်မတော်လို့ ကျနော့်အနေနဲ့ ရေးခဲ့တာပါ။ ကျနော်ရေးထားခဲ့သော စာတွင် ဘာများရိုင်းစိုင်းတာ ပါခဲ့သလဲ???? သူပြန်ရေးတာမှာ မြန်မာစာကထိကတယောက်လိုပြောထားတာ သတိထားမိလိမ့်မယ်၊ ဒီတော့ ကျနော့်အနေနဲ့ ပြန်ရေးခဲ့တာမှာ တဏာစိတ်လုံးဝမရှိပါဘူး။ လက်ထပ်ပြီး ကိုယ်ဖိရင်ဖိသင်ပေးပါလို့ ပြောခဲ့တယ်နော် .... ဟုတ်ပြီ ... ဒီစကားက မြန်မာစကားမှာ မရှိလို့လားလို့ ကျနော် ပြန်မေးပါရစေ။ အဲ ... တခုတော့ ရှိတာပေါ့ဗျာ ဒီစာကို ယူဆသူက တဏာစိတ်နဲ့ ယူဆလိုက်ရင် ..
ါတော့ ကျနော်လဲ မတတ်နိုင်ပါဘူး ခင်ဗျာ။ ဒီလိုရေးတာလဲ အကြောင်းရှိပါတယ်၊ မဖြူအနေနဲ့ သူရေးခဲ့တဲ့စာကို ပြန်သတိထားမိစေချင်တဲ့ သဘောပဲ၊ ဘာကြောင့်လဲဆိုတော့ သူရေးခဲ့တဲ့စာမှာ သူစိမ်းတယောက်အနေနဲ့ ကြည့်မယ်ဆိုရင် ဒါဟာ ချိုးနှိမ်တယ်လို့ ယူဆစရာ ရှိနေပါတယ်။ ပြီးတော့ ကိုဘနဲ့ သူနဲ့ ဘယ်လောက်ခင်လဲ ကျနော် မသိဘူး။ ကျနော်သိတာက သူ့ကိုသတိပေးတဲ့သဘောသက်သက်ပါ။ ဒါကိုသူကပြန်ပြီး မြန်မာစာဘယ်လောက် တတ်သလဲ ဘာညာနဲ့ စပြီးပြောလာပါတယ်။ ဒါကြောင့်မို့ သူ့ကို သတိထားမိစေချင်ယုံသက်သက်ရေးလို
က်တာပါ။ ဘယ်လို စိတ်နဲ့မှ မရည်ရွယ်ခဲံ့တာ ကျနော့်ကိုယ် ကျနော် အသိဆုံးပဲ။ ပြီးတော့ သူနဲ့ ကျနော် အပြန်အလှန် မက်ဆေ့ပို့်ပြီ့း ဆွေးနွေးကြပါတယ်။ ဒီလိုနဲ့ တယောက်ကို တယောက် နားလည်မှု ရသွားပါတယ်။
နောက်တယောက်ကတော့ ဘယ်သူလဲဆိုတာ နာမည်မမှတ်မိလို့ မပြောတော့ဘူး။ သူပြောခဲ့သောစကား ပြန်ကြည့်ပါ။ မဖြူထက် ရင့်သီးတာကို ကိုဘ သိမှာပါ။ အသားလွတ်ကြီး သူဘယ်မှာနေတယ် ဘာညာနဲ့ ကြွားလုံးတွေရော၊ အင်္ဂလိပ်စာ တတ်ကြောင်းပါပြချင်တော့ အင်္ဂလိပ်လို ရေးတာရော၊ အိမ်က မာလီတွေ၊ ဒရိုင်ဘာတွေ လွှတ်လိုက်မယ်ဆိုတာတွေ၊ နိုင်ငံခြားရပ်တည်ဖို့ အတွက် သူများတွေလို ကျားကန်နေရာတာ မဟုတ်ဘူးတွေ၊ ထားပါတော့၊ ထားပါတော့ ဒါကတော့ ကိုဘ ကသူတို့ကို ပိုခင်မင်တဲ့အတွက် ဘယ်လိုက်တယ်ပဲ ကျနော်ယူဆလိုက်မယ်။ ကျား ဟုတ်မဟုတ် စမ်းကြည့်လေ ဒါမှမဟုတ် ပြရမလားဆိုတာကလဲ ခုနပြောသလိုပဲ ကျနော့်စိတ်ထဲ ဘာမှမရှိပါဘူး တကယ်ကို မရှိခဲ့တာ။ အဲ... ယူဆတဲ့သူက တဏာစိတ်ကြီးစိုးနေပြီး အဲဒီစိတ်နဲ့ တွေးရင်တော့ ဒါတော့ ကျနော်လဲ မတတ်နိုင်ပါဘူး။ ထားပါတော့ဗျာ ... အခုဖြစ်တဲ့ ပြဿာနာမှာ ကျနော်စခဲ့တာ ဝန်ခံတယ်၊ ဒါပေမဲ့ ကျနော့်အနေနဲ့ စကားကြီး စကားကျယ် ပြောရရင်တော့ ဘလော့ဂါတွေဘက်က နာလို့ ဝင်ပြောမိတာပါ။ တည့်တည့် ပြောရရင်တော့ ကိုဘဘက်ကနာလို့ ဝင်ပြောခဲ့သော စကားပါ။ ရိုင်းစိုင်းတဲ့ စကားလုံး တခုမှလဲ မသုံးခဲ့ပါဘူး။ အခုဟာ သူတို့ဘက်က အေးဆေးနဲ့ ပြန်ဆွေးနွေးမလာဘဲ ဈေးထဲကငါးစိမ်းသည် တယောက်လို စရန်တွေ့ခဲ့တယ်ဆိုတာ ကိုဘလက် သိမှာပါ။ အခုပြဿာနာ ရှင်းရှင်းလေးပါ သူတို့ဘက်က ရိုင်းလို့ ကျနော်ပြန်ရိုင်းလိုက်တာပါပဲ။ သည်းခံရအောင်ကလဲ ကျနော်လဲ ခန္တီပါရမီ ပြည့်တဲ့သူတယောက် မဟုတ်ပါဘူး။ ပြီးတော့ မဖြူနဲ့ နောက်ပိုင်း ဆွေးနွေးတာမှာ ကိုဘကို စိတ်အနှောက်အယှက် ပေးမိမှာစိုးလို့ ကျနော်တို့ မက်ဆေ့ပို့ပြီး ပြောကြပါတယ်။ အဲ ...  နောက်တယောက်ကတော့ ဘယ်လို ရည်ရွယ်ချက်လဲ မသိပါဘူး။ ဒါလဲ ရှင်းပြနေစရာ မလိုပါဘူးလေ ကျနော်ရေးခဲ့တဲ့ စာတွေ ဖတ်ရင်ကိုဘ သိမှာပါ။
နောက်တခု ကိုလင်းထက် ကိစ္စ ... ကိုဘနဲ့ သူနဲ့ အပြင်မှာတောင်တွေ့ဖူးချင်မှတွေ့ဖူးမှာပါ။ ကျနော်က တွေ့ဖူးရုံတင် မဟုတ်ပါဘူး သူ့အိမ်မှာတောင် ၄ရက်တိတိ နေခဲ့ဖူးတာပါ။ သူ့တူနဲ့ကလဲ ညီအကို ခင်သလို ကိုလင်းထက်နဲ့ကလဲ ညီအကိုလို နောက်လိုက် ပြောင်လိုက်နဲ့ နေနေကြတာပါ။ သူဟာ ကျနော့်ဆရာ အရင်းပါ၊ သူပဲ ဘလော့လောကထဲ ဆွဲသွင်းခဲ့တာပါ။ ကျနော်တို့ဟာ ညီအကိုလို ခင်ကြသလို ဘလော့နဲ့ ပါတ်သက်လို့ ကျနော့် ဆရာ ဆိုလဲ မမှားပါဘူး။
အဲ .... တခုတော့ ရှိတာပေါ့လေ ကိုဘရဲ့ လင့်တခုမှာ ကျနော်က တမင်သက်သက်ကြီး လာနှောက်ယှက်သလို ဖြစ်ကောင်း၊ ဖြစ်သွားမှာပါ။ ဒါကလဲ ကိုလင်းထက်နဲ့ ဒီလိုပဲ နောက်နေကျမို့ နောက်တာက တချက်၊ နောက်တချက်က ကိုဘဘက်က နာလို့ ဝင်ပြောခဲ့တာ တချက် ဒါပါပဲ။ ဒါကို ကိုဘက သူငယ်ချင်းအဖြစ်က ထုတ်တယ်ဆိုတော့ ထုတ်နိုင်ပါတယ် ခင်ဗျာ့ ကျနော် စိတ်မဆိုးပါဘူး။ ကိုဘအနေနဲံ့ အသိပေးပြီးပဲ ထုတ်ထုတ် အသိမပေးဘဲ ထုတ်ထုတ် ကျနော် ဘာမှမတတ်နိုင် ပါဘူး။ နောက်ဆုံးဗျာ ဒီဖေ့ဘွတ်ကို ဒီကောင်အိမ် အကျင့်မကောင်းလို့ ဖေ့ဘွတ်ကနေ ထုတ်လိုက်ပါလို့ သတင်းလှမ်းပို့လဲ ကျနော် ဘာမှတတ်နိုင်မှာ မဟုတ်ပါဘူး ခင်ဗျ။ ဘာပဲဖြစ်ဖြစ်ပါဗျာ ဖြစ်ခဲ့တဲ့ ပြဿာနာတွေမှာ ကျနော့်ဘက်က လုံးဝ လိပ်ပြာသန့်သန့်နဲ့ ဖြစ်ခဲ့တယ်ဆိုတာ အာမခံရဲတယ် ဆိုတာပြောကြားရင်း .... အခုလို စာကို အဆုံးထိဖတ်ပေးတာ အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ
လေးစားစွာဖြင့်


 အဲဒါ သူကဒီလိုပြန်ရေးခဲ့ပါတယ်။ ဒီစာကို သူ့ရဲ့ ပို့စ်ရဲ့ ကွန်မန့်မှာပဲ တင်ထားလိုက်ပါတယ်။
"ခင်ဗျားမို့ အရှက်မှရှိ  ကျွန်တော့်ကိုပို့တဲ့ Message မှာ "ကျွန်တော်က စိတ်သန့်သန့်နဲ့ရေးတာပါ ဖတ်တဲ့သူက တဏှာစိတ်နဲ့ ဖတ်လို့ ဖြစ်ပါလိမ့်မယ်လို့ " ရေးရဲတယ်...။"



ဒီလိုရေးလာတော့လဲ ပြန်ေ၇းဖို့က ဖြစ်လာတယ်လေ  ..ဒီတော့ ....
ဟာဟားဟား .... ယုံတာ မယုံတာ ခင်ဗျားအပိုင်းလေ ကျုပ်ဘက်က လုံးလုံး စိတ်သန့်တယ်။ စကားတွေကဗျာ ...... အင်းလေ .... ကျနော်လဲ ဒီထက်ပိုပြိး ရှင်းမပြတတ်တော့ဘူးဗျ။ဒါနဲ့ မသိလို့ မေးဦးမယ်ဗျ တင်မဲ့တင်လဲ ခင်ဗျား ပြောတာ တခုထဲပဲ ရွေးပြီး မတင်နဲ့လေ ... ကျနော်ရေးပို့ခဲ့တာလေးပါ တင်ပါဗျ။ အခုတော့ ကိုဘလုပ်ပုံက မသိတဲ့သူဆိုရင် ကျနော်ကပဲ မှားတယ် ထင်နေကြပါဦးမယ်ဗျာ။ တဖက်စောင်းနင်းများ ဖြစ်နေသလားလို့ပါ။ အင်းလေ ဒါလဲ ကိုဘသဘောပါ တင်ချင်မှလဲ မတင်ချင်လဲဖြစ်တာပဲ။ ဒါမှမဟုတ် ကျနော်ရေးတဲ့ စာကို သေချာမဖတ်ပဲ ကျောခွဖတ်သွားလို့များလားဗျ။ ထားပါတော့ ဘယ်လိုပဲ ဖတ်ဖတ်ပါ ဒါကလဲ ကိုဘရဲ့ သဘောပဲ ကျနော်ဘာမှပြောပိုင်ခွင့် မရှိပါဘူး။
ဒါဆို ဒီလိုလုပ်မယ်ဗျာ ကျနော်လဲ အခုကိစ္စကို ကျနော့် ဘလော့မှာတင်မယ်ဗျာ ဒါပေမဲ့ စိတ်ချပါ ကျနော် နာမည်လုံးဝ ထည့်သုံးမှာ မဟုတ်သလို ဘယ်မှာ ဖြစ်ခဲ့တယ် ဆိုတာလဲ ထည့်ရေးမှာ မဟုတ်ပါဘူး။ ဖက်စောင်းနင်း မလုပ်ဘူးပေါ့နော်။ မကောင်းဘူးလား အဲဒီလိုလေး ??? ဘယ်သူမှ မနစ်နာဘူး အဲဒါပေမဲ့ ကျနော့်ဘက်ကတော့ ကျနော့်နာမည် ထည့်သုံးမယ်။ အရင်ကတော့ ခွင့်တောင်းပြီး ကိုဘခွင့်ပြုမှ ရေးမလို့ပဲဗျ အခုတော့ ကိုဘခွင့်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကျနော့်သိက္ခာ ကျနော်ဆယ်တဲ့ အနေနဲ့ ကျနော်လဲ ဘလော့မှာ ပို့ပြန်တင်လိုက်တော့မယ် အခုတော့ မဟုတ်သေးဘူး အေးဆေး သွေးအေးတော့မှ ဘာကြောင့်လဲ ဆိုတော့ သွေးပူနေချိန်ဆိုရင် အမှားတွေပါပြီး အမှန်ကိုမမြင်နိုင်မှာ စိုးလို့ပါ။ ဒါပါပဲဗျာ ... ခဏခဏလဲ မတောင်းပန်ချင်ဘူးဗျာ ... တော်ကြာ ... ငကြောက်ကြီးလို့ ထင်သွားမှာလဲ စိုးရိမ်လို့ပါ။ တောင်းပန်တာကလဲ ဘလော့ပေါ်မှာ စာရေးဖူးသူချင်းမို့ မတွေ့ဖူးကြပေမဲ့ ခင်မင်တဲ့စိတ်၊ လေးစားတဲ့စိတ်တခုထဲပါ။ အခုတော့ ကိုဘဘက်က  စပြီး ပြဿာနာကို သွေးအေးစွာနဲ့ မဖြေရှင်းပဲ တဒင်္ဂဖြစ်လာတဲ့ စိတ်ပေါ်မှာ မူတည်ပြီး ရေးလာတော့လဲ ကျနော့်ဘက်ကလဲ ဘာဂရုစိုက်စရာ လိုတော့လဲ..။ အေးဗျာ စိတ်မကောင်းတာတော့ အမှန်ပဲဗျ။


ဒါကို သူပြန်ရေးတာလာက ဒီလိုပါ ....
ခင်ဗျားဘာသာ ခင်ဗျားတင်ချင်တာ လုပ်ချင်တာလုပ်နိုင်ပါတယ် ကိုအိမ်...။ ဘလော့ပေါ်တင်မက ခင်ဗျား စိတ်ချမ်းသာမယ်ထင်ရင် သတင်းစာထဲလဲ ထည့်လို့ရပါတယ်...။ ကျွန်တော့်အနေနဲ့ကတော့ အရေးမပါတဲ့ လူ/အကြောင်းအရာတွေကို အချိန်ပေး ဖြေရှင်းဖို့ လုံလောက်တဲ့ အချိန်နဲ့ စိတ်ခံစားမှု မပေးနိုင်တဲ့အတွက် ခင်ဗျား ပို့သမျှ Message တိုင်းကို ကျွန်တော် မပြန်နိုင်ပါဘူး...။ အခုရေးခြင်းကလည်း နောက်ဆုံး ရေးသားခြင်းဖြစ်ပါတယ်..။ နောက်ထပ်လည်း ဘာမှရေးမှာ မဟုတ်ပါဘူး..။ ခင်ဗျား ဘယ်လိုလူမျိုးလဲ..။ ကျွန်တော် ဘယ်လိုလူမျိုးလဲဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်လို့မရပါဘူး...။ သိပြီးသားလူတွေ သိပြီး ဖြစ်သလို ..။ မသိသေးရင်လည်း ပတ်ဝန်းကျင်က ဆုံးဖြတ်ပေးမှာ ဖြစ်တဲ့အတွက် ကျွန်တော့်အတွက်ကတော့ ပူပင်စရာ ကိစ္စတစ်ခုလုံးဝ မဟုတ်တာ အသေအချာပါ...။ ခင်ဗျားရဲ့ သန့်နေတဲ့ လိပ်ပြာလေး အမြဲတမ်း ပျံသန်းနိုင်ပါစေဗျာ...။


 ဒါပါပဲ ကျနော်လဲ ပြန်မရေးတော့ပါဘူး ဘာလို့လဲဆိုတော့ေ၇းလဲ အပိုပဲ ဆိုတာ သိနေလို့ပါ။ ဘာလို့အပိုလဲ ဆိုတော့ မျှတမှု မရှိတဲ့ အတွေး အခေါ်၊ ကျောသားရင်သား ခွဲခြားတဲ့စိတ် ရှိနေတော့ ရေးလဲ အပိုပါပဲ။ သူ့စကားထဲကလိုပေါ့ ပါတ်ဝန်းကျင်က ဆုံးဖြတ်မှာပါ။

အနှစ်ချုပ်ရရင်တော့ ဘာမဟုတ်တဲ့ ကိစ္စတခုကို ရေးကြိးခွင်ကျယ်လုပ်ပြီး ကိုယ့်မျက်ချေး ကိုယ်မမြင်တာပါ။ ကျနော်ကလဲ ကိုယ်နဲ့ ဘာမှမဆိုင်တဲ့ အလုပ်တခုကို ဝင်လျှာရှည်တာပါ။ ဒါကလဲ ဘာရဲ့ အကျိုးဆက်လဲဆိုတော့ စကားလုံး တခုကို အဓိပ်ပါယ် (ကျနော့် ကီးဘုတ်နဲ့ ရေးမလို့ပါ ဖြစ်သလိုလေးပဲေ၇းလိုက်ပါတယ်) အကောက်လွဲသွားတာပါ။ အဲဒါကြောင့်လဲ လူတွေ ပြောကြတာနေမှာ မြန်မာစကားက ၂လုံးထဲနဲ့ ဘောင်းဘီ ကျပ်တယ်လို့ ...။

ကျနော့်ဘက်က အမြင်နဲ့ ပြောရရင်တော့ဗျာ တကယ်ရီစရာ ကောင်းတဲ့ အဖြစ်ပါသူတို့ကိုယ် သူတို့တော့ တကယ့်ကို ပညာတတ်ကြီးတွေ၊ ချမ်းသာတဲ့ အမျိုး၊ အဆင့်အတန်းနဲ့ နေတဲ့ လူတန်းစား၊ ဆိုပြီး သုံးနှုန်းသွားတဲ့ စကားလုံးလေးတွေပါ။ အင်းပေါ့လေ .... ပညာရှိ သတိဖြစ်ခဲ ဆိုတဲ့ စကားပုံတောင် ရှိသေးတာပဲ သတိမေ့နေတာ နေမှာပါ။ နားလည်ေးပလိုက်ပါတယ် အတတ်လွန်လို့ စုန်းဖြစ်သွားတာလို့ ...။
ကျနော်ကတော့ ခပ်ရှင်းရှင်းပဲ တလုံးဂျိုင့်ပဲ နေမယ် ... အဆင့်တွေ အရမ်းမြင့်ပြီး မတော်လို့ အခုလိုမျိုး ခွေး၊ ဝက်ကျ ကျပြီး အရှက်ကွဲမှာစိုးလို့ ... ။

ကဲ ... စာဖတ်သူလဲ စိတ်လေသွားပြီလား .... ကဲ ... ဘယ်သူမှားတယ် မှန်တယ်ဆိုတာ ဝေဖန်ချင်တယ်ဆိုလဲ အပေါ်မှာ ရေးခဲ့သလို ကျနော့်မေးကို ပို့ပေးပါ ပွင့်ပွင့်လင်းလင်းပြောပါ။ အားရပါးရ ပြောပါ၊ အားမနာတမ်း ပြောနိုင်ပါတယ်။ ဒီလိုဝေဖန်တာလဲ ဘယ်သူမှ မသိအောင် ထိန်းသိမ်းထားပေးမယ်။
ပွင့်ပွင့်လင်းလင်းပဲ ပြောရရင် ကျနော်စမှားတာပါ ဘာကြောင့်လဲဆိုတော့ မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ ခေါက်လိုက်လို့ပါ။ ကိုယ်ကအနေသာကြီးပါ။ မဖြူရေးခဲ့တဲ့စာ သူရေးတဲ့ သဘောကို ဂဃနဏ မသိပဲ
ရမ်းပြီးရေးမိလိုက်တာပါ။ ဒါကလဲ ကျနော့်စိတ်ထဲ ချိုနှိမ်တယ် ထင်လို့ေ၇းလိုက်တာပါ။
ဒါပါပဲ ..... ပြီးပါပြီပေါ့နော် အီးမေးတွေ စောင့်နေမယ်ဗျို့ ..... ။

3 Response to အမှိုက်ကစ ပြဿာမီးလောင်

Anonymous
14 July 2010 at 13:09

ိါိါိြါ့

Anonymous
14 July 2010 at 14:35

နာမည်နဲ့ ဘယ်မှာဖြစ်တယ်ဆိုတာ မထည့်ဘူးဆိုပြီး တချို့နေရာ တွေ ပါနေလို့ သိများ သိကုန်ပြီလား သိဘူး။ ခီးခီး ဒါလဲ ကျနော့်ရဲ့ မရည်ရွယ်ဘဲ ဖြစ်သွားတဲ့ ကိစ္စပါပဲ သေချာဖတ်ပြီး စိစစ်နေတဲ့ ကြားက ပါဖြစ်အောင် ပါသွားသေးတယ်ဗျ။ အင်းလေ ..ဒါကလဲ ပညာတတ်ကြီးမှ မဟုတ်တာဗျာ ဒီလောက်တော့ ရှိမှာပေါ့ဗျာ ..နော ..... ။ ဘယ်သူ့ကိုမှ ကွန်မန့် မပေးခိုင်းလို့ မရမှန်း သိလို့ ကိုယ့်ဟာကိုယ် ပြန်ရေးနေတာဗျ အဟိဟိ ဘယ်လိုမှ မအောက်မေ့ပါနဲ့ ....

1 September 2010 at 09:24

ဘာဖြစ်သွားမှန်း ဘယ်သူနဲ့ ဖြစ်မှန်းလဲမသိဘူး။ ဖတ်ရတာတော့ တော်တော်မောပါတယ်။ နေ့အိပ်မက်ထင်တာတော့ နားလည်မှုလွဲသွားတာက အဓိကတရားခံပါ။ မမဲကတော့ စကားထဲထည့်မပြောပါနဲ့။ ကိုအိမ်လည်း နောက်ဆို မခင်မမင်တဲ့သူတွေကို စဖို့နောက်ဖို့ဝေဖန်ဖို့ သည်းခံပေါ့။ ဒါမျိုးဖြစ်တာကတော့ ဒီလိုနေရာမှာ ရိုးနေပါပြီ။ နေ့အိပ်မက်ဆို ဟိုတလောက တစ်ခါမှလည်း မမြင်ဖူး၊ မကြားဖူးတဲ့သူတစ်ယောက်က သူ့ဖေ့ဘွတ်မှာ နေ့အိပ်မက်ရဲ့ စာတစ်ပုဒ်ကိုလင့်ခ်ကိုတင်ပြီး ချိုးချိုးနှိမ်နှိမ်ပြောထားတာ ခံရတယ်။ ပြီးတော့လည်း ပြီးသွားတာပါပဲ။ :)

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း