Sunday, May 24, 2009

အိမ်

17
အိမ်..ဆိုတဲ့နာမည်ကို ဘာကြောင့်များ ပေးသလဲဆိုတာ ကိုဂျယ်ကြီး က tag ရင်းမေးလာလို့ရေးလိုက်တာပါ။ ဒီလိုဗျ... ကျနော့်မှာ အိပ်မက်တခုရှိတယ် အိမ်တလုံး
လောက်ပိုင်ဆိုင်ချင်တဲ့ စိတ်ကူးအိပ်မက်ပေါ့..။ သိပ်ကြီးကြီးမားမားတော့ မဟုတ်ပါဘူး ခြံဝန်းလေးနဲ့ ပျဉ်ထောင်အိမ်လောက်ပါပဲ။ အေးချမ်းတဲ့ရာသီမှာ နွေးထွေးစေတာ၊ ပူပြင်းတဲ့ရာသီမှာ အေးမြစေတာ၊ ပြီးတော့ တနေ့တာ ပင်ပန်းသမျှကို နွေးထွေးလုံခြုံစွာ အိပ်စက်အနားယူစရာနေရာအဖြစ်နဲ့ပါ။ ဒါပေမဲ့ဗျာ.. ဘ၀ကပဲမလှတာလား၊ကံကပဲမလိုက်တာလားတော့ မသိဘူး ယနေ့အထိ စိတ်ကူးအိပ်မက်ထဲက ပျဉ်ထောင်အိမ်မပြောနဲ့ ကလေးကစားတဲ့ ပလတ်စတစ် အိမ်လေးတောင်မပိုင်ဆိုင်ဘူးသေးဘူး။ သမင်မွေးရင်းကျား
စားရင်းပဲ ပြောရမလား၊ ပလိုင်းပေါက်နဲ့ ဖားကောက်တယ်ပဲ ဆိုမလား၊ ကိုယ်ရှာသမျှဟာ စုမိတယ်ကိုမရှိဘူး၊
ပြီးတော့ အိမ်ဈေးတွေကလဲ သိတဲ့အတိုင်းပဲ တနေ့နဲ့တနေ့က တက်လာလိုက်တာ အိမ်ဝယ်ဖို့မပြောနဲ့ အိမ်အရိပ်
တွေတောင် မနင်းနိုင်လောက်အောင်ကို ခေါင်ခိုက်နေကြတာဆိုတော့..........................။



ဒီဘလော့ကိုမရေးခင်တုန်းက ဘလော့ဆိုတာ ဘာမှန်းလုံးဝမသိပါဘူး။ ကိုလင်းထက် ရဲ့အသိပေး ပြောဆိုလမ်းပြမှုကြောင့် ဘလော့ဆိုတာ ဘာလဲဆိုတာသိလာတာပါ။
ဒီလိုနဲ့ ကိုလင်းထက်ရဲ့ အားပေးကူညီမှုကြောင့် ဘလော့စလုပ်ဖြစ်တော့ နာမည်ပေးဖို့ ကိစ္စပေါ်လာပါတယ်။
ဒီတော့ ကျနော့်စိတ်ကူးအိပ်မက်ထဲမှာ လိုချင်တောင်းတနေတဲ့ အိမ် ဆိုတာကိုပထမဦးဆုံး စဉ်းစားမိသွားပါတယ်
ဒီနာမည်ပေးမယ်ဆိုတော့ ကိုလင်းထက်က ဒီနာမည်နဲ့ ဘလော့ရှိပြီးသားလို့ပြောတော့ စိတ်ပျက်မိသွားတယ်။
ဘာလို့လဲ ဆိုတော့ လက်တွေ့ဘ၀မှာ တကယ့်အိမ်ကို မပိုင်ဆိုင်တဲ့သူအတွက် ဘလော့ဆိုတဲ့ အိမ်နာမည်လေး ပိုင်ဆိုင်ချင်တာနဲ့ ရှိလဲ ရှိပါစေဗျာ၊ ကျနော်ဒီနာမည်ပဲသဘောကျတယ်ဆိုတာနဲ့ပဲ ဒီ အိမ် ဆိုတဲ့နာမည်လေးပေး
ဖြစ်သွားပါတယ်။ အိမ်လို့ နာမည်ပေးပြီး စာစရေးတော့ ဦးတည်ချက် မရှိဘူး၊ စိတ်ကူးပေါက်ရာတွေ ဖတ်ဖူးသမျှ
ထဲကမှတ်မိသလောက် စသည်ဖြင့် ရေးရင်းနဲ့ နောက်ပိုင်းမှာ နာမည်နဲ့လိုက်အောင် ကိုယ့်ကြုံခဲ့ရသမျှ နဲ့ကိုယ့်
ပါတ်ဝန်းက လူတွေ ကြုံခဲ့သမျှကို ဟာသလေးနှောပြီးရေးခဲ့ပါတယ်။ ဒီလိုလေ အိမ်ဆိုတာ လူသားအားလုံး အတွက် မရှိမဖြစ်အရာ၊ ပြီးတော့ ပျော်ရွှင်မှုပေးတာ၊ အေးချမ်းမှုပေးတာ၊ လှုံခြုံမှုပေးတာ၊ အနားယူကွန်းခိုရာ
နေရာ မဟုတ်လား၊ ဒီတော့ ဒီအထဲက အေးချမ်းပြီး ပျော်ရွှင်မှုပေးချင်တဲ့ ဆန္ဒနဲ့ စိတ်ညစ်စရာတွေ၊ အသည်းကွဲ
တာတွေ၊ စိတ်ဓာတ်ကျတာတွေ၊ အကုန်လုံးကို ဟာသလုပ်ပစ်ပြီး လာလည်သမျှ လူတိုင်းကို မရယ်တောင်မှ ပြုံးသွားစေရအောင် ကြိုးစားရေးခဲ့ပါတယ်။ဘ၀အမောတွေကို အသောလေးတွေ အဖြစ်ပြန်လည် အသက်သွင်းရင်း လာလည်သူတိုင်းကို ရယ်မောစွာနဲ့ သင်ခန်းစာလေးတွေ ပေးခဲ့ပါတယ်။ ဒါကလဲ သိတဲ့သူမှ
မြင်နိုင်တဲ့ သင်ခန်းတွေပါ။ မသိသူကျော်သွား သိသူဖော်စား ဖြစ်ပါကြောင်း.................။
ကိုဂျယ်ဂျီးရေ ဒီလောက်ဆို ကျေနပ်တယ်ဟုတ်.....................။

17 Response to အိမ်

25 May 2009 at 09:43

ကျေနပ်ပါတယ်။း) အကိုရေ တချိန်ကြရင်တော့ နွေးထွေးသာယာတဲ့ အိမ်လေးထဲမှာ မိသားစုလိုက် ပျော်ရွှင်စွာ နေရမှာပါဗျာ အားမငယ်နဲ့ ဆက်လျှောက်ကြဦးစို့...


လေးစားလျက်
တောင်ပေါ်သား

25 May 2009 at 21:17

ရည်ရွယ်ချက်လေး ကောင်းတယ် ဆရာလေးရေ
တနေ့တော့ ဖြစ်လာမှာပါဗျ
ကြိုးစားပေါ့ ဆရာလေးရေ

အိမ်လေး လာလည်ရတာ ပျော်ရွှင်စရာ
ကောင်းပါတယ် ကိုအိမ်ရ

25 May 2009 at 22:01

လာလည်ပြီးဒီတိုင်းမပြန်ရဘူး ခြေရာပြန်ထားခဲ့ပါလို့  ပြောလို့  ကြောက်တာနဲ့ နောက်တစ်ခါလာလည်မန့် သွားတယ်။ တော်ကြာ သြော်မိန်းမ ၄မှာ ပါမှာကြောက်လို့ ။ စာအုပ်တွေတကယ်မပို့ ရတော့ဘူးလား။း) အသက်ကကြီးတော့ မေ့ပြီအေ့
း)

အိမ်စိတ်ကူးထဲက အိမ်လေးတစ်လုံးအမြန်ဆုံးဆောက်နိုင်ပါစေတော်။

26 May 2009 at 04:35

အိမ်ဝယ်ဖို့ ပိုက်ဆံတွေ ဘယ်ရောက်သွားတာလဲ ဆိုတာ နာတိတယ်နော် အဲဒါတွေ လျှော့ပြီး ကိုယ်လိုချင်တာလေး ဖြစ်အောင်လုပ်ဖို့ကြိုးစား ..။

26 May 2009 at 06:17

ပိုက်ဆံမစုပဲ ဘာတွေသုံးနေသလဲ ဒီကောင်လေး..း)
တစ်ယောက်တည်းသမားက ပိုက်ဆံကိုသေသေခြာခြာ ကွန်ထရိုးလေး
လုပ်ပြီး စုနိုင်အောင်တတ်နိုင်သလောက်ကလေးစုဘို့ အားပေးသွားပါ
တယ် အိမ်ရေ..
အစ်မတို့က မိသားစုမို့ ကလေးအတွက်ပါကုန်လို့ မစုနိုင်ပေမယ့် စုငွေလေး
တော့ လစဉ်တတ်နိုင်သလောက် နဲနဲချန်ထားပါတယ်... ပိုက်ဆံပြတ်လဲ ထုတ်မသုံးဘူးပေါ့နော်...

အိမ်က ရှေ့မှာဘ၀တွေတည်ဆောက်ရဦးမယ်လေ... အိမ်ထောင်ပြုမယ့်
ယောကျာင်္းလေးတစ်ယောက်မို့ ရှေ့ရေးအတွက် ပိုက်ဆံစုဘို့ အားပေးတိုက်
တွန်းသွားပါတယ်.

အဆင်ပြေပါစေ.
သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ပိုင်ဆိုင်နိုင်ပါစေ.

အစ်မကြီး မ၀ါ

26 May 2009 at 10:06

အိမ်လေးဝယ်ဖို့ပိုက်ဆံတွေ စုနေတယ်ပြောတယ်နော်။ တစ်နေ့ကျရင် မျှော်လင့်သော အိမ်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

26 May 2009 at 10:12

အိမ်ဈေးကောင်း နေတယ်နော်.... ပွဲစားတန်းက ပြောတာပဲ... လိုချင်ရင် ၀ယ်ထား..... ဟတ်ဟတ်..

26 May 2009 at 13:38

ကိုအိမ်ပိုင်ဆိုင်ချင်တဲ့ နွေးထွေးသော အိမ်ကို အမြန်ဆုံးပိုင်ဆိုင်ခွင့်ရပါစေရှင်

26 May 2009 at 20:26

အိမ်ဈေးတွေတက်နေတယ်နော်...မြန်မြန်ဝယ်ထား...နောက်ဆို ဈေးတက်ဖို့ လမ်းတွေရှိသေးတယ် ကြားတာပဲ...:P..။ ဆန္ဒနဲ့ ဘ၀ တထပ်တည်း ဖြစ်နိုင်ပါစေ ကိုအိမ်..။ ခင်မင်စွာဖြင့်...

26 May 2009 at 21:44

အော်..မောင်အိမ်.. အိမ်တလုံး..
လိုချင်နေတာလား.. ချင်းချင်း ချမ်းသာတဲ့တနေ့ 
အိမ်လှလှလေးဝယ်ပေးမယ်နော်..ဟီး
အခုတော့ ဘာမှမရှိသေးဘူး..ဟိဟိဟိ.. :P

26 May 2009 at 22:22

အားး ခုမှပဲ မန့်လို့ရတော့တယ်ကွ
အဟဲ။

27 May 2009 at 17:22

အိမ်ရရင်ပြောနော် အနော်လည်း လာနေမယ်လေ၊ မိန်းမက ခုကန်ချနေလို့ဗျ။ ဟဟ

27 May 2009 at 17:29

သီချင်း လေးထဲကအတိုင်း အိမ်ကလေးဆောက်ထားတာပေါ့...။

27 May 2009 at 20:10

ဟာသတွေနဲ့နှောပြီး သင်ခန်းစာပေးထားတာတွေ သဘောကျပါတယ်။ အိမ်တစ်လုံးလည်း အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးတယ်..

28 May 2009 at 00:09

ရည်ရွယ်ချက်လေးကောင်းတယ်။ ကိုအိမ်ကြီး အိမ်ကောင်းကောင်းလေး ပိုင်ဆိုင်နိုင်ပါစေ။ တစ်ယောက်တည်းနေရရင်တော့ ပျင်းစရာကြီးနော်။ ဟိဟိ၊ မိန်းမမြန်မြန်ယူနိုင်အောင်လည်း ကြိုးစားဦး။ :P :P

28 May 2009 at 17:53

ဒီပို့စ် ဖတ်ရတာ စိတ်ထဲ အေးချမ်းသလိုပဲဗျး)
ရည်ရွယ်ချက်လေး တကယ်ကောင်းတယ် အကိုအိမ်
ဆန္ဒတွေပြည့်ဝပါစေ

ခင်မင်စွာဖြင့်း)

2 June 2009 at 03:43

အကိုအိမ် တနေ့ပျော်ရွှင်ချမ်းမြေ့ဖွယ်အိမ်လေး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေပါတယ်

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း