ဘယ်နဲ့ကြောင့် အလကားနေရင်း ကျေးဇူးလိုက်တင်နေတယ် မထင်လိုက်ပါနဲ့ ခင်ဗျာ။
အကြောင်းကတော့ ကျွန်တော့်ဘလော့ဆီ တကူးတက လာလည်ကြတဲ့ အတွက်ပါ။
အထူးသဖြင့် comments နဲ့ cbox မှာ ဝေဖန်ချင်း ၊ အမြင်များ၊ မှတ်ချက်များ၊ အကြံပြုချင်းများ လာရောက်ရေးပေးသွားသူများကိုပါ ခင်ဗျာ။
အဲဒါလေးတွေ ဖတ်ရတာ အရမ်းကိုပဲ ကျေနပ် ၀မ်းမြောက်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့ တွေးမြင်ယူဆချက် ကလေးတွေကို စိတ်ဝင်တစား ဝေဖန်၊ အကြံပြုချက်တွေ တွေ့ရလို့ပါ။
ဘယ်လိုပဲဖြစ်ဖြစ် အခုလိုမျိုး တွေ့ရတော့ ကျွန်တော့်အတွက်လဲ အသိအမြင်ကျယ်လာသလို၊ စဉ်းစားတွေးတောစရာတွေ၊ ဗဟုသုတတွေ၊ ကိုယ်မတွေးမိတဲ့ အတွေးတွေ ကိုရရှိခဲ့လို့ပါ။
အလားတူ၊ လာရောက်လည်ပတ်သူများပါ ဒီအကျိုးခံစားရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
အရင်က ဒီလောက်အထိ ဝေဖန် အကြံပြုစာတွေ ၀င်လာလိမ့်မယ်လို့ လုံးဝ ထင်မထားပါဘူး။
အခုတော့ ထင်ထားတာထက် ပိုဝင်လာပါတယ်။
ဆိုတော့............ အားလုံးသော မိတ်ဆွေများကို အထူးထူးစပါယ်ရှယ် ကျေးဇူးတင်ရှိပါကြောင်း ဤနေရာမှ ပြောကြားလိုပါတယ်။
နောင်လဲ အခုလို လာရောက်ဝေဖန်၊ အကြံပြုဖို့ကိုလဲ comments နဲ့ cbox ရေးပေးခဲ့သူရော မရေးခဲ့ဖူးသူအားလုံးကို ဖိတ်ခေါ်ပြီး ပျော်ပျော်ရွှင်ရွှင်လေးနဲ့ အမြင်ချင်းဖလှယ်ကြရအောင်ဗျာ။
အကယ်၍ မိတ်ဆွေတို့မှာဝေဖန်၊ အကြံပြုစရာလေးများရှိလဲ ဖိတ်ခေါ်နိုင်ပါတယ် ခင်ဗျာ။
အော်ပြီးတော့ ဘလော့ရဲ့အောက်မှာ မျှားလေးပြထားတာကိုနှိပ်ပြီး နောက်တစ်မျက်နှာမှာရှိတဲ့ ကျေးဇူး၊ သင်ဟာသုညလား ၀လုံးလား၊ ကျနော်ပြောပြချင်တဲ့ ကျနော့် အကြောင်း၁၊ အချိန်၊ အမေ့အိမ်နဲ့ အိမ်ကိုလဲ သွားရောက်ဖတ်ရှု ပြီး ဝေဖန်ပြောပြပေးပါဦး။
ထပ်ပြီး ထူးထူးရှယ် ကျေးဇူးတင်ပါကြောင်း




2 Response to ကျေးဇူးတင်ပါကြောင်း
ကဲကဲ သဉ္ဇာ့ ဆီကိုလည်း အားမနာလျှာမကျွေးဝေဖန်ဖို့ အထူးစပါယ်ရှယ် ဖိတ်ခေါ်ပါတယ်ရှင့် :D :D
ဟား ဟား စာမူခ ရတဲ့ အရသာ ကို ကောင်းကောင်း သိသွားပြီပေါ့..။
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း