Friday, November 14, 2008

ကယ်တော်မူကြပါ

24
Broken Heart Myspace Comments

သွားခေါကာ ဆံပင်ကောက်
ရင်မရှိလို့ တင်ပြား
ပါးစပ်ပြဲကာ မျက်စေ့ပြူး
အဲရိုစမစ်နဲ့ တူလေသူ
ခန္ဓာကို ကြည့်လိုက်ပါ
လိပ်ခါး ဖားဖင်
အဝေးကကြည့်ရင် ၀ါးခြမ်းပြားထင်
အဖုအထစ်တွေရှိပါရဲ့
မရှုရက်စရာ ၀က်ခြံများပေမို့
သူ့မျက်နှာ ရှက်ဟန်မပွားပါဘု
အော်.... ငါ့ဘ၀တယ်ဆိုးပါဘိ
သေခြင်းဆိုးမြှားနတ်မောင်
နင်လုပ်လို့ ငါ့မှာ ရတက်ပွေရတယ်
ကယ်နိုင်ရင် ကယ်ပါ
သက်မွန်မြင့်၊မယ်လိုဒီနဲ့ခစ္စတီးနားလေးရယ်
ဒီမောင်မှာ သောကတွေပွား။


24 Response to ကယ်တော်မူကြပါ

14 November 2008 at 21:10

လုပ်ဟ ကိုလူနောက်
အိမ်ထဲကကို မထွက်နိုင်ဘူး
ကောင်းရော။

အီဖေကိုယ်ဒိုင်ခံမန့်မယ်
လုပ်ဗျာ။

မလွယ်ဘူးကိုလူနောက်က
အမြင်စူးရှတယ်။
သူ့ရှေ့ဘယ်သူဖြတ်လျှောက်ရဲမလဲ။

14 November 2008 at 23:40

ဟဲ့ငါ့ကိုပြောတာလို့..ကိုယ့်ကိုကိုယ်သေချာပြန်ကြည့်ရတယ် သူ့ဘာသာအသုံးမကျတာများမြှားနတ်မောင်တောင်မနေ၇ဘူး.. အော်..ဒွတ်ခ..ဒွတ်ခ

15 November 2008 at 01:19

ဒါလေးကိုပိုကြိုက်တယ်
မြှားနတ်မောင်မချန်တဲ့ ကိုအိမ်ရေ
သက်မွန်မြင့် မယ်လိုဒီနဲ့ခရစ္စတီးနားတဲ့လား
ရယ်ရတယ်
အားပေးသွားတယ်နော်

15 November 2008 at 04:10

ဟဟ ကိုအိမ်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ ဒီလိုကဗျာမျိုး
ဘယ်နေရာမှ ရှာဖတ်လို့မတွေ့နိုင်ဘူးဗျ တယ်လည်းတွေးရေးတတ်တဲ့သူပဲဗျာ
အားပေးတယ်ဗျာ
အဆင်ပြေပါစေ

သီဟညိမ်း

15 November 2008 at 04:15

သက်မွန်မြင့်၊မယ်လိုဒီနဲ့ခစ္စတီးနားလေးက ရှုတင်ရှိလို့  ရတဲ့ဟာလေးပို့ လိုက်တော့ ချေးများနေတယ်။ မြှားနတ်မောင် တင်းလာပြီနော်။ နောက်တစ်ခါဆို မြှားနဲ့ မပစ်ဘူး။ ၀ါးပိုးဝါး ခွေးလျားသီးမှုန့် လူးပြီး လောက်လွှဲနဲ့ လာပစ်မယ်။ ဒါပဲ ဂလောက်။ ( မြှားနတ်မောင် အွန်လိုင်းက လာပြောတာ ဟာဟ )

15 November 2008 at 04:59

အင်း.. အတော်မြင်တတ် သကိုးဗျ။ ဂယ်ရီကေးချား ဆွဲနည်း ကျွမ်းကျင်ပုံ ရတယ်။ ဒါနဲ့များ တန်ဆောင်မုန်း လပြည့်ည က ရင်းနှီးသူတွေကို ဆွဲပေးလိုက်တာ မဟုတ်ဝူး။ ရေးတတ်တယ်ဗျာ..။ ရယ်စရာ မဂ္ဂဇင်းကို တစ်လတစ်ခါ ဖတ်မဲ့ အစား ကိုအိမ် ဘလော့ဂ်ကိုပဲ နေ့စဉ် လာတော့မယ်။ :P

15 November 2008 at 06:09

စိတ်လျှော့စိတ်လျှော့ ကဗျာ တွေမှာ ဒေါသသင့်နေတယ် ...။

စကားမစပ် သက်မွန်မြင့် လေးတော့ ချန်ထားပါကွာ...။

Anonymous
15 November 2008 at 11:15

ဟားဟားဟား.....
ရီနေရတယ်.... အစ်ကိုကတော့လုပ်ချလိုက်ပြန်ပြီ.... ဟီးး

15 November 2008 at 15:03

လူနောက်နော်..သိပ်နောက်တတ်တယ်..
မိန်းကလေးတယောက်ရဲ့ အလှကိုအဲဒီလောက်မတင်စားနဲ့ လေ..
အရမ်းချောလွန်းနေတယ်..ဟီး.. :P :D

15 November 2008 at 17:53

သင်္ဘောသီးကတော့ နော်.. မပြောတော့ပါဘူး..
ဘာပြောရမှန်းကို မသိတော့လို့....
အဲလောက်ထိကိုကောင်းတာ...

15 November 2008 at 17:58

ဒီ ၃ ယောက်ကို အလွတ်မပေးဘူးနော်
စိတ်လျှော့မှပေါ့.. :P

15 November 2008 at 22:24

တတ်လည်းတတ်နိုင်ပါ့ဗျာ
အဲဒါအကောင်းကြိုက်တတ်လို့ဖြစ်တာ

15 November 2008 at 23:53

ဦးဦးအိန်က လည်း အဲလောက် ကိုယ့်မိန်းမရဲ့
အလှဂုဏ်ကိုဖော်တတ်တယ်..တော်တော်ချစ်တတ်
တဲ့လူပဲ.. အဟားဟား.. ရယ်ရတယ်..
ဒါများပြောရောပေါ့... သက်မွန်မြင့်၊ခရစ္စတီးနားနဲ့
မယ်လိုဒီ တို့က မကယ်နိုင်တော့ဘူးတဲ့..
ဒါပေမယ့် ပူစူးမ ကိုတော့ အကူအညီ တောင်းကြည့်
လို့ရမယ်ထင်တယ်.. ဦးအိန်ကို ကူညီဖို့..
ဟားဟား
လက်စွမ်းတွေ ပြနေတယ်ပေါ့လေ.. ကဗျာ
တွေနဲ့.. ဒါလည်းရတာပဲ.. ဟီးဟီး.. :P :P

16 November 2008 at 18:07

ကယ်တော်မူပါ.. စီဘောက်စ ကဘာဖြစ်လို့ ရေးစရာ နေရာ မပါလာရတာလဲ...
ရူးချင်တယ် သင်္ဘောသီးရယ်..
တစ်ခါ လာတစ်မျိုးပြောင်း
နှစ်ခါလာ နှစ်မျိုးပြောင်း.. :(

16 November 2008 at 18:49

ကဗျာတစ်ပုဒ်လုံးကြိုက်ပေမဲ့
မကြိုက်တဲ့ Celebrity တွေရဲ့ နာမည်တွေ
ထည့်သုံးထားလို့ ...ဘာဆက်ပြောရမှန်းမသိဘူး ..
မကွန့်ပဲလဲ မနေနိုင်ဘူး ..
ဒီလိုနဲ့ ..
ကိုအိမ်တစ်ယောက်ကြောင့် ဒီမေမှာ ..ဒေါသတွေပွား ..

Anonymous
16 November 2008 at 22:34

အဟက်ဟက်

ရေးလဲရေးတတ်ပါပေတယ်

သက်မွန်မြင့်၊မယ်လိုဒီနဲ့ခစ္စတီးနားလေးတိုနဲ ကျ

ဘယ်လို ပတ်သက်

ဟဟ...ကယ်နိုင်တော့ဘူး

စောင်ကြားလေးသာအုပ်ထားပေတော့

အားပေးလျက်နော်

ဟဟဟဟရီးရလို့ သွားတောင်ကျိန်းတယ်

ခင်လျက်

16 November 2008 at 22:45

ကိုကြီးအိမ်...အီမိုကြီးဖြစ်နေပီလားဗျ ဟားဟား

16 November 2008 at 23:58

ကဗျာတစ်ပုဒ်လုံး ပေါ့ပေါ့ပါးပါးလေးနဲ့ ဟာသရော၊ အတွေးရော၊ ဆွဲဆောင်အားရော၊ ကာရံရော လိုက်ဖက်ညီပါပေတယ်။ ကျနော်အတုခိုးသွားတယ်ဗျို့။

17 November 2008 at 06:24

သွားပြင်ဖို့ကျွန်တော်တာဝန်ယူတယ်ဗျာ။
ကျန်တာတော့Plastic surgeonဆီကိုလိုက်
ပို့ပေးလိုက်ပါလား။ ဟား..ဟား..

17 November 2008 at 16:16

ဟဟဟ မောင်အိမ် ရယ်..

အိမ် ရဲ့ အိမ် ကို စလာဖတ်ကတည်းက ရယ်ရတာ.
အခုလည်း ရယ်သွားပြီ။ နောက်တောက်တောက်နဲ့.
ဒီလိုမျိုး ကဗျာ အခုမှပဲတွေ့ဘူးတာပဲ။း)

ဆက်ရေး..ဆက်ရေး အားပေးနေကြတယ်။း)

23 November 2008 at 15:30

သဘောကျတယ်ဗျို့ တော်တော်ကောင်းတဲ့ idea ရေးလည်းရေးတတ်ပါပေ့

26 November 2008 at 22:17

တန်ရာတန်ရာပေါ့..မျှားနတ်မောင်များအပြစ်တင်နေသေးတယ်...
စတာနော်...

ခင်မင်လျက်
အာတိ

s
6 December 2008 at 03:08

ကဗျာလေးက အပာုတ် ရယ်ရတယ် :P

3 May 2009 at 02:38

ဟဟဟ
သဘောကျတယ် ဒီလို ကဗျာ မျိုးကို
တကယ့် လူ ပေါက်ကရဆိုအကုန် ရ ..................

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း