Monday, November 17, 2008

အနားယူခွင့်

21
ဟောဒီဘလော့ပေါ်
မိုးခါးခါး ရွာချလိုက်တာတော့မဟုတ်ပါဘူး
ဘ၀မှာ မွေးကထဲကတခါမှနားခွင့်မရခဲ့လို့ပါ
ရေခံမြေခံကောင်းတဲ့ နိုင်ငံခြားဆိုတဲ့အရပ်မှာ
လောဘကို ကျောပိုး ၊ ဒုက္ခဖိနပ်ကိုစီး
မိဘရဲ့မေတ္တာကိုထီးလိုမိုးရင်း
ကျနေတာ့်ရဲ့အနာဂတ်တောင်ကုန်းလေး စိမ်းစိုဖို့
ကြိုးစားခဲ့ပါတယ်။
မိုင်တိုင်တွေလို ရပ်နေလို့မရတော့လဲ
ဘ၀တလျှောက်လုံးမှာ
ရုံးကန်လိုက်တိုင်း လောဘဆိုတဲ့ကြိုးကခိုင်လွန်းတယ်။
ထီးလည်းဖြူပြီ ဖိနပ်လည်းပါးပြီ
ရေဘူးထဲမှာလည်း ရေတစ်စက်မှ မကျန်တော့ဘူး။
တခါတလေတော့လဲ
မဟာပထ၀ီမြေကြီးအောက်မှာ
အပူအပင်ကင်းကင်းနဲ့
ငြိမ်းချမ်းစွာ အိပ်စက်အနားယူနေကြတဲ့
သူများလို ခဏလောက်ဖြစ်ဖြစ်ပေါ့
အနားယူချင်မိပါရဲ့။


21 Response to အနားယူခွင့်

17 November 2008 at 20:33

ရေခံမြေခံကောင်းတဲ့ နိုင်ငံခြားဆိုတဲ့အရပ်မှာ
လောဘကို ကျောပိုး ၊ ဒုက္ခဖိနပ်ကိုစီး
မိဘရဲ့မေတ္တာကိုထီးလိုမိုးရင်း
အနာဂတ်တောင်ကုန်းလေး စိမ်းစိုဖို့
ကြိုးစားခဲ့ပါတယ်

ကြိုးစားပါ..ကြိုးစားပါ.. အောင်မြင်မှုဆို
တဲ့ အနာဂတ်ကို တနေ့ ပိုင်ဆိုင်မှာပါ..

တခါတလေတော့လဲ
မဟာပထ၀ီမြေကြီးအောက်မှာ
အပူအပင်ကင်းကင်းနဲ့
ငြိမ်းချမ်းစွာ အိပ်စက်အနားယူနေကြတဲ့
သူများလို ခဏလောက်ဖြစ်ဖြစ်ပေါ့
အနားယူချင်မိပါရဲ့။

ဒါကတော့ စောပါသေးတယ်..

17 November 2008 at 20:45

တခါတလေတော့လဲ
မဟာပထ၀ီမြေကြီးအောက်မှာ
အပူအပင်ကင်းကင်းနဲ့
ငြိမ်းချမ်းစွာ အိပ်စက်အနားယူနေကြတဲ့
သူများလို ခဏလောက်ဖြစ်ဖြစ်ပေါ့
အနားယူချင်မိပါရဲ့။

နည်းနည်းစောပါသေးတယ်ဗျာ.. ကျတော်တို့ လုပ်စရာတွေရှိပါသေးတယ်.. စိတ်မပျက်ပါနဲ့ အားတင်းထားနော်

17 November 2008 at 21:15

ကောင်းလိုက်တဲ့ကဗျာပါ.....
သေချာတာတစ်ခုက ကျွန်တော်တိုတွေလည်းအတူတူပါဘဲ..
ဖြေလိုက်ပါဗျာ....

Anonymous
17 November 2008 at 21:17

အင်း. စောသေးတယ်တဲ့
ပြောသွားကြတယ်... ခဏလောက်အနားယူလိုက်ပါ..
အဲလိုမျိုးတော့ဟုတ်ဘူးပေါ့.....
အားတင်းထားပါ..... :)

17 November 2008 at 21:46

နေပါဦး စောပါသေးတယ်..
နားရမှာ ပေါ့တစ်နေ့တော့...

17 November 2008 at 23:29

ဟမ် မထင်ပါဘူး သိနေတယ်နော် နင်နားချင်တာ ဘယ်မှာလဲ ဆိုတာ ..။

17 November 2008 at 23:35

ဘယ်လိုဖြစ်ရတာလဲ
အရမ်းတက်ကြွတဲ့သူက အခုလိုတော့လည်း ရသတစ်မျိုးပေါ့။
ဒါပေမဲ့စိတ်ထင်တိုင်း မလုပ်လိုက်နဲ့နော်။
စာပါစစ်ပေးခဲ့တယ် သဝေထိုးနဲ့ ရှေ့ကပေါက် တို့ကျန်တဲ့နေရာတွေ ထပ်ထည့်ပေးပါ။
တစ်ခါတည်းနာမည်ပါပြောခဲ့ပါရစေ
(ဖေသိန်း)ပါ ပုသိမ် မဟုတ်ပါ။
လေးစားစွာဖြင့်--
ဖေသိန်း

18 November 2008 at 00:56

ကောင်းရယ်
ကဗျာ။

18 November 2008 at 03:53

အာ ဘယ်လိုဖြစ်တာလဲ စောစောစီးစီး ။ နေပါဦး စောင့်ဦးမှ
ပေါ့ ။ :P နောက်တာပါဗျာ ။ အားတင်းထား ။ ဟိုင်းရာားးးး ။

18 November 2008 at 07:23

ဘ၀ ကမလှပါဘူးဆို...
လောကကြီးကလည်း ...
အနိုင်ယူချင်ကြတယ်ဗျာ....

သီဟညိမ်း

18 November 2008 at 13:59

စောပါသေးတယ်မောင်လေးရယ် အမတို့ကိုလဲစောင့်ဦးမှပေါ့ အားတင်းထားပါနော်

Anonymous
18 November 2008 at 15:18

ကေငြ်းတယ်ဗျို့... ဘ၀ဆိုတာ ဒီလိုပဲဗျ.. ခဏတော့ အနားထူလို့အရဘူးလေ.. :P
တစ်ခါတစ်ခါ ကျွန်တော်လည်း အဲလိုတွေးမိတယ်..။

18 November 2008 at 16:37

လောဘကို ကျောပိုး ၊ ဒုက္ခဖိနပ်ကိုစီး
မိဘရဲ့မေတ္တာကိုထီးလိုမိုးရင်း
ကျနေတာ့်ရဲ့အနာဂတ်တောင်ကုန်းလေး စိမ်းစိုဖို့
ကြိုးစားခဲ့ပါတယ်။
အကိုအိမ် ကဗျာလေးကိုတကယ်ကြိုက်တယ်
တကယ်ကောင်းတဲ့ ကဗျာလေးပါ
တစ်နေ့နေ့တော့ ပျော်ရွှင်စွာ အနားယူနိုင်ပါစေနော်

19 November 2008 at 16:13
This comment has been removed by the author.
19 November 2008 at 16:24

မိုးရွာခြင်သလောက်ရွာ...
နေပူခြင်သလောက်ပူ...
လောကရဲ့ ဒဏ်....
ငါမမှူပါဘူး။
မုန်တိုင်းထန်ခြင်ထန်...
လှိုင်းကြမ်းခြင်ကြမ်း....
ငါ့မှာအသက်ပိုတစ်ချောင်းနဲ့...
မရရအောင်အသက်ဆက်ရှင်နေမယ်။
ပေဖြစ်ရင်တော့ခံ
တူဖြစ်ရင်တော့နှံလို့
ို့ငါကအဲ့ဒီလို
လက်ခံထားခဲ့တာဘဲ၊၊
ဒါပေမယ့်လောကဓံရေ
သတိတော့ပေးလိုက်မယ်..
မင်နဲ့ငါစီးချင်းထိုးပွဲမှာ
အရှုံးအနိုင်အဖြေပေါ်တဲ့နေ့
ငါ့အလှည့်ရောက်လာရင်တော့
မင်းမငိုမိပါစေနဲ့။
ရဲရင့်နီ(၁၉.၁၁.၂၀၀၈)

မှတ်ချက်-ကျွန်တော်တို့တတွေလောကဓံကိုပေါင်းတိုက်ပြီး
အနိုင်ယူလိုက်ကြရအောင်..

20 November 2008 at 02:28

စိတ်တွေ မွန်းကြပ်လာတဲ့အခါတိုင်း လူပမ်းလာတိုင်း ကျွန်တော် အမြဲလုပ်နေကျ လေ့ကျင့်ခန်းလေးတစ်ခုကိုပြောခဲ့မယ်နော်..။
ပထမ အိပ်ယာပေါ်မှာ သက်တောင့်သက်သာ လှဲနေပါ။
လက်ဖျား၊ ခြေဖျားကလေးတွေကို တတ်နိုင်သမျှ လျော့ချထားတယ်။ ပြီးတာနဲ့ အသက်ကို ဖြေးဖြေးချင်းရှုသွင်းတယ်။ (၁ဝ)စက်ကန့်လောက်အောင့်ပြီးမှ ဖြေးဖြေးချင်း ပြန်ထုတ်တယ်။ အဲ့ဒါမျိုး ခဏခဏလုပ်ပေးရင် အဆင်ပြေတယ်ဗျို့။ ကဗျာနဲ့ဆိုင်တော့မဆိုင်ဘူး။ ကြုံလို့ ပြောသွားပါတယ်ဗျာ။ အနားယူပါဗျာ။

20 November 2008 at 10:21

အနားမယူပါနဲ့ဦးဗျာ ဘ၀မှာ ဆက်လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်ဟုတ်........

21 November 2008 at 08:58

ကို အိမ်ရေ... လန်းတယ်ဗျာ

21 November 2008 at 20:39

ရေခံမြေခံကောင်းတဲ့ နိုင်ငံခြားဆိုတဲ့အရပ်မှာ
လောဘကို ကျောပိုး ၊ ဒုက္ခဖိနပ်ကိုစီး
မိဘရဲ့မေတ္တာကိုထီးလိုမိုးရင်း
ကျနေတာ့်ရဲ့အနာဂတ်တောင်ကုန်းလေး စိမ်းစိုဖို့
ကြိုးစားခဲ့ပါတယ်။
မိုင်တိုင်တွေလို ရပ်နေလို့မရတော့လဲ
ဘ၀တလျှောက်လုံးမှာ
ရုံးကန်လိုက်တိုင်း လောဘဆိုတဲ့ကြိုးကခိုင်လွန်းတယ်။
ထီးလည်းဖြူပြီ ဖိနပ်လည်းပါးပြီ
ရေဘူးထဲမှာလည်း ရေတစ်စက်မှ မကျန်တော့ဘူး။
တခါတလေတော့လဲ
မဟာပထ၀ီမြေကြီးအောက်မှာ
အပူအပင်ကင်းကင်းနဲ့
ငြိမ်းချမ်းစွာ အိပ်စက်အနားယူနေကြတဲ့
သူများလို ခဏလောက်ဖြစ်ဖြစ်ပေါ့
အနားယူချင်မိပါရဲ့။

***********
မောင်ငယ် အိမ် ရေ..
နားချင်ရင်ခဏနာပါကွယ်.. စိတ်ဓါတ်တော့ မကျပါနဲ့နော်

စိတ်ပြေလက်ပျောက် အိမ်လာလည်ပါဦး..အသစ်ရှိတယ်။

Anonymous
21 November 2008 at 22:23

ကောင်းတယ်လို့ပြောရင်...မြှောက်ပင့်တယ်ထင်နေမှာစိုးတယ်...
အမှန်အကန်ကောင်းပါတယ်..
ရိုးရိုးရှင်းရှင်းနဲ့..ရင်ထဲကိုစွဲသွင်းနိုင်ခဲ့ပါတယ်..

Anonymous
22 November 2008 at 01:42

တူနေတယ်....
ခါးတယ်...

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း