Friday, November 14, 2008

စွန့်ပစ်ခံ

7
Broken Heart Myspace Comments


ဘ၀ကခါးသလား အချစ်ကခါးသလား
သေချာတာကတော့
ကိုယ့်ဒုက္ခကို ဖော်ပြတာတော့မဟုတ်ပါဘူး
နင့်အပေါ်ထားခဲ့တဲ့
ငါ့ချစ်မေတ္တာကိုသိစေချင်လို့ပါ
ကိုယ့်ဘက်မှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ကုသိုလ်ကံကလည်း
မျက်နှသာမပေးခဲ့ဘူး။
ဘာပဲဖြစ်ဖြစ်လေ
နင်လိုမင်းကုသ ကျောက်ပျဉ်ရွက်ပြီး
ရှောက်သီး၁၀လုံးလောက် စားထားတဲ့ရုပ်ကိုမှ
ချစ်ခဲ့တဲ့ငါ့ကို အားနာဖို့တော့ ကောင်းပါတယ်။
လှပစွာစွန့်ခွာသွားပြီး
တခြားသူရင်ခွင်မှာပျော်မွေ့နေတဲ့
မင်းဘ၀လေးကိုကြည့်ပြီင်္း
အားရပါးရဆဲဆို ပါးရိုက်လိုက်ခြင်ပေမဲ့
နင်လို ကောင်မျိုးက မှုတာမဟုတ်တော့လဲ
မင်းမထားခဲ့ပေမဲ့
အလိုလို ကျန်ရစ်ခဲ့ရမဲ့ဘ၀ပါ
သေချင်းဆိုးရယ်။



7 Response to စွန့်ပစ်ခံ

14 November 2008 at 20:55

အောင်မလေး
တစ်ခု ဖတ်လို့ရယ်ရတာမပီးသေးဘူး
နောက်တစ်ခု တက်လာတယ်
တော်ပါတော့
ကိုလူနောက်ရယ်

ကြာရင် ခင်ဗျားအိမ်မှာ
ရယ်အူတက်ပြီး
မပြန်နိုင်ဖြစ်နေမယ်။

ဟိုအသင်းထဲ မ၀င်ဘူးလား
မ၀င်ရင်
ကိုယ့်ဖာသာ ဥက္ကဋ္ဌလုပ်ပြီး
တန်ပြန်အသင်းထောင်ဗျာ
ပါမဲ့သူစာရင်းကိုကောက်ပေးထားမယ်
ကျနော်တော့မပါဘူး။

14 November 2008 at 23:45

အောင်မလေးးးးးးးးးးး
ငါ့ထက်ဆိုးနေပါလား...ငါကတောင်နင်သေသွားရင်ကောင်းမယ်လို့ပဲ ပြောရတယ်..နင့်အလှည့်ကျတော့ သေချင်းဆိုးပေါ့လေ...အမလေးးးးးးနော်
တော်ပါပေတယ်..တော်ပါပေတယ်..ဟင်း

15 November 2008 at 01:16

ရယ်လည်းရယ်ရ ကြောက်လဲကြောက်တယ်
စာသားတိုင်းကဆန်းနေတော့တာပဲနော်
ဖတ်သွားတယ်

15 November 2008 at 04:10

ဆရာ မင်းခိုက်စိုးစန်ရဲ့ သေချင်းဆိုးမလေးနဲ့  အတူတူပဲလား မသိ။ သေချာအောင်သွားမေးကြည့်ဦးမှပဲ။ ဆရာကြီးအိမ် အားမနာတမ်း ချစ်လို့ ရအောင် မယ်ကုဝဏ် ချစ်သူကမုန်း ဖဲကရှုံး၊ ၀မ်းနှုတ်ဆေးစားပြီး ၀မ်းသွားမရတဲ့ ရုပ်နဲ့  ကောင်မလေးတစ်ယောက်လောက်ခေါ်လာပြီး မိတ်ဆက်ပေးဦးမှပါ။

15 November 2008 at 04:11

ဟားဟား ....
မင်းမထားခဲ့ပေမယ့်
အလိုလိုကျန်ရစ်ခဲ့ရမဲ့ဘ၀ပါ
သေချင်းဆိုးရယ် ....
တယ်ဆိုတဲ့စာပါလားဗျာ....
ဟားဟား

သီဟညိမ်း

15 November 2008 at 17:56

ခံစားချကတွေ ပြင်းထန်လှခြည့်လား...
ရယ်ရတယ် ဟဲဟဲ

15 November 2008 at 23:46

အဟား... မိုက်တယ်ကွာ..
ကဗျာလေးက .... မင်းမထားခဲ့ပေမယ့်
အလိုလိုကျန်ရစ်ခဲ့ရမဲ့ဘ၀ပါ
သေချင်းဆိုးလေးရယ်..

စာသားတွေ က တော်တော်ဟုတ်နေတယ်နော်..
ဦးဦးကလည်း ယဉ်ယဉ်ကျေးကျေး သင်ထားပေးတာ
မဟုတ်ဘူး... ဂယ်ဖဲ..ဂယ်ဖဲ... နားရွက်ဆွဲပြီး
ထိုင်ထအခါ ၁၀၀ လုပ်ခိုင်းမယ်.. အဟတ်.. :P :P

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း