Saturday, November 08, 2008

ကမ္ဘာတ၀ှမ်းမှာလှူဒန်းတဲ့သူတွေအောင်ပါစေ

12
ဘ၀ဆိုတာဘာလဲ????
ဘ၀ဆိုတာကို လူအမျိုးမျိုးက အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုထားကြပါတယ်။ ဘ၀ဇာတ်ဆရာ၊ဘ၀သံသရာ၊
ဘ၀ဇာတ်ခုံစသည်ဖြင့်ပေါ့ဗျာ။ ကျနော်တို့တတွေဟာ အဖော်မပါတကိုယ်တည်း၊ လက်ချည်းဗလာ၊ ကိုယ်လုံးတည်း
လူ့ဘ၀ထဲကိုဝင်ခဲ့ကြတာပါ။ အဖြည်းဖြည်းနဲ့ အသက်အရွယ်၊ အချိန်ကာလ၊ ပတ်ဝန်းကျင် ကျယ်ပြန့်လာတာနဲ့
အမျှ ဘ၀မှာ အတက်အကျ၊အနိမ့်အမြင့်နဲ့ကိလေသာရဲ့သွေထိုးလှုံ့ဆော်မှုကြောင့်ချစ်ကြ၊ မုန်းကြ၊ပျော်ကြ၊ ငိုကြ၊ ပြုံးကြ၊ မဲ့ကြ၊ ဒေါသဖြစ်ကြ၊ လောဘဖြစ်ကြနဲ့ ဘ၀ဇာတ်ခုံပေါ်မှာကကြိုးတွေလဲ စုံခဲ့ပြီးပါပြီ....................
ရှေ့ဆက်ပြီးတော့ ဘာတွေဖြစ်လာမလဲဆိုတာလဲ မသိကြပါဘူး။ဘယ်နေ့သေမယ်ဆိုတာလဲမသိကြပါဘူး။
ရှေ့လျှောက်ဘ၀မှာ အကောင်းလားအဆိုးလား။ ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီမှာပဲ အနိစ္စ
သဘောနဲ့ ကိစ္စချောမလား ဘယ်သူမှ မသိပါဘူး။ကျနော်ဖတ်ဖူးတဲ့ကဗျာလေး လိုပေါ့ဗျာ ဘာတဲ့.............
လာတုန်းကလည်း
တစ်ယောက်ထဲနော့
လက်တွဲခေါ်ကာ ဖော်မပါဘူး။
ဥစ္စာချည်းနှီး
ကိုယ်ထည်းတီး။
ပြန်သွားတော့လဲ
တစ်ယောက်ထဲနော့
လက်တွဲခေါ်ကာ ဖော်မပါဘူး။
လာပြီးတော့နား၊ မသွားသေးခင်
ချိန်လေးတွင်မှ ၀န်းကျင်ယှက်နွယ်
နှောင်ကြိုးတွယ်ကြ၊ ပြုံးရယ်မဲ့ငို
ချစ်မုန်းပိုကြ မလိုဒေါသ၊
လိုလောဘနှင့် ဘ၀ဇာတ်ခုံ
ကကြိုးစုံခဲ့။
ဒါဆို ကျနော်တို့တတွေ ဘာလုပ်သင့်ပါသလဲ????????????
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ လူဆိုတာသေမျိုးပါ ဒါပေမဲ့ မသေခင်ဇာတ်သိမ်းကောင်းအောင်တော့ လုပ်ရမှာပေါ့နော်
ဇာတ်သိမ်းမလှရင် ပြစ်တင်ခံရမယ်မဟုတ်လားဗျာ..... ဒီတော့ အခုချိန်ကစပြီး စိတ်ကောင်းစေတနာကောင်း
ထားပြီး အလှူအတန်းမှာလဲ တွန့်တိုခြင်းမရှိဘူးဆိုရင် နိဗ္ဗာန်လမ်းကို မလျှောက်လှမ်းနိုင်ရင်တောင်မှ
ှ အခုလက်ရှိဘ၀မှာရော၊ နောင်ဘ၀မှာပါ ကောင်းကြိုးချမ်းသာ ခံစားရမှာ မလွဲပါဘူး။

ဆိုတော့ကာ........ အခုမှပဲလိုရင်းရောက်တော့တယ် ဒီလိုဗျ ကျနော် အခုတလော တစ်ရာရပြီး........................
မှားလို့ တရားရပြီး လောကနိဗ္ဗာန်လမ်းလျှောက်လှမ်းနိုင်ဖို့ကို သက်မွန်မြင့်လေးရယ်၊ မယ်လိုဒီလေးရယ်၊ခရစ္စတီးနားလေးရယ်ကို ခေါ်ပြီး တောထွက်မလားလို့ပါ။ ၃ယောက်ထဲပါသိပ်မများပါဘူး။
ဒီတော့ ဘလော့ဂ်ဂါအပေါင်းအနေနဲ့ သင်္ဒါတတ်အား များများ မဆို ယူရို ၁၀၀၀တတ်နိုင် တတ်နိုင်၊ ၂၀၀၀ တတ်နိုင် တတ်နိုင် ကုသိုလ်တော် ပါဝင်လှူဒန်းကြဖို့ကို နိဗ္ဗာန် အကျိုးမျှော်လို့ နှိုးဆော်လိုက်ပါတယ်။
ဆုမွန်ကောင်းလဲတောင်းပေလိုက်ပါတယ်
္က့္ကဤသို့လှူဒန်းရသော အကျိုးအားကြောင့် ဇောတိက၊ ဇတိလ၊ ကကုည၊ ဦးတေဇ ဆိုတဲ့ ဘော့စ်ကြီး ၄ဦးကဲ့သို့
ဘယ်ဘက်က တမှုန်ကြဲလို့ ညာဘက်က ဆယ်စီး(၁၀ဘီးကား)၀င်ကြပါစေ။


12 Response to ကမ္ဘာတ၀ှမ်းမှာလှူဒန်းတဲ့သူတွေအောင်ပါစေ

8 November 2008 at 09:13

တကယ်များတစ်ရာ ရသလားလို့ဗျာ
“သာဓု“ခေါ်မလို့
တောထွက်ခန်းလေးနေရာရောက်သွားတော့
“သာဥ“ဖြစ်သွားတယ်။
ပြန်လည်ဆုတောင်းပေးလိုက်ပါတယ်
တစ်ယောက်ကို သား အယောက် ၁၀၀၀နှုန်းကျပါစေ။
မဟေသီ ၃ယောက် သား ၃၀၀၀ နဲ့
မြိုင်လယ်တောမှာ ပျော်ပျော်ကြီး စံမြန်းနိုင်ပါစေဗျာ။
ယူရိုမတတ်နိုင်လို့ ဒီလောက်နဲ့ပဲ ကျေနပ်ပါ။
ငှဲ ငှဲ ငှဲ။

Anonymous
8 November 2008 at 15:31

ကိုအိမ် လှူချင်အောင်တော့မလုပ်နဲ့ဗျ တစ်ယောက်က ကျနော်နဲ့ပတ်သက်နေတယ် တခြားတစ်ယောက်ရွေးဗျာ
ဒါဆိုရင် လှူမယ် ဟဟ
ဒီလူကြီး တော်တော်ဆိုးတာပဲဗျ ၃ ယောက်တည့်နည်းတာပေါ့ နောက် ၂ ယောက်လောက်များမလိုချင်ဘူးလား ပဲပြုတ်သည်ဒေါ်ကြီးရယ် နွားနို့ပို့တဲ့ကုလားမကြီးရယ်လေ
ဟဟ
စတာအကိုရေ
ခုမှစာဖတ်ရတယ် အကိုရောက်လာတာ ပျော်တယ်ဗျာ
ရွှင်လန်းချမ်းမြေ့ပါစေ

8 November 2008 at 16:06

တရားတော့ ရရှာဦးမှာပဲ....
၃ ယောက်ဆို တရားရတာ နည်းနေမယ်
နောက်ထပ် ၄၊ ၅ ယောက်ထပ်ခေါ်သွားလိုက်
တရားများများရအောင်...
ဟားဟားဟား

8 November 2008 at 17:20

အော်... တတ်နိုင်ပါ့တော်..
တောတွေဘာတွေထွက်မယ်ပေါ့
ငရဲတော့ရောက်မှာ

8 November 2008 at 17:56

ဘာများလှူရမှာလဲလို့ ... ထားပါတော့
လှူဒါန်း က ဒီလိုရေးရတယ်အကို .. အကိုါ ကျန်ခဲ့လို့ပါ .. ဆရာလုပ်တာ မဟုတ်ပါဘူး .. စေတနာနဲ့ပါ .. မြင်မကောင်းလို့ ...

8 November 2008 at 20:18

ကိုအိမ်.. ခရီးရောက်မဆိုက်.. တောထွက်ဖို့ စဉ်းစား နေပါ့လား.။ တောထွက်သွား မယ် ဆိုရင်တော့ လိုက်လာ ခဲ့မယ်ဗျာ။ ခြင်ထောင် လိုက်ပေး မလို့။ ဟို ၃ ယောက်နဲ့ ဆိုတော့။ အဲလေ.. တောထဲမှာ ဆိုတော့ ခြင်တွေဘာတွေ ပေါတယ် မို့လား..။ :D

8 November 2008 at 21:11

ဦးဦးတိန်ပြောသလိုပဲ..
သားသုံးထောင်နဲ့ ပျော်မွေ့နိုင်ပါစေဗျား...
ခုလိုတရားပေါက်ပြိး မဟေသီတွေ နဲ့ တောထွက်နိုင်တဲ့အတွက်
လေးစားအားကျမိပါတယ်.. :P :P

10 November 2008 at 20:04

အဲငှယ် တရားရပုံက အားကျစရာ ဆရာကြီးအိမ်ရယ် လှူတော့လှူချင်ပါရဲ့ အဆင်မပြေသေးလို့  ဒီလိုလုပ်ပါလား အိမ်နားက ဒေါ်ဂွက်ထော်ရယ်၊ ဂွမ်းပုံရယ်၊ ပွင့်ရယ်က သူတို့ လည်း ရေပူရေချမ်းကမ်းလှမ်းချင်လို့ တဲ့။ လာပို့ ပေးမယ်နော်။

Anonymous
10 November 2008 at 21:31

သြော် . ဟုတ်ပြီဟုတ်ရဲ့နဲ့ နောက်ဆုံးမှဖောက်တယ် တစ်ကယ်ပဲ :D :D

12 November 2008 at 10:16

အော် ဟိုတစ်လောက ပျောက်သွားတာ တောထွက်ဖို့ အလှုခံ သွားထွက် တာကိုး ကဲ ကဲ အလှုငွေ အဆင် မပြေလို့ တောမထွက် ဖြစ်ရင်လဲ ပိုနေတဲ့ ရေပူရေချမ်း ကမ်းလှမ်းမယ့် ကောင်မလေး တွေ ကိုယ့်ဆီခဏလာအပ်ထားပေါ့..။

13 November 2008 at 10:23

မသေခင်ဇာတ်သိမ်းကောင်းအောင်တော့ လုပ်ရမှာပေါ့နော်
ဇာတ်သိမ်းမလှရင် ပြစ်တင်ခံရမယ်မဟုတ်လားဗျာ..... ဒီတော့ အခုချိန်ကစပြီး စိတ်ကောင်းစေတနာကောင်း
ထားပြီး အလှူအတန်းမှာလဲ တွန့်တိုခြင်းမရှိဘူးဆိုရင် နိဗ္ဗာန်လမ်းကို မလျှောက်လှမ်းနိုင်ရင်တောင်မှ
ှ အခုလက်ရှိဘ၀မှာရော၊ နောင်ဘ၀မှာပါ ကောင်းကြိုးချမ်းသာ ခံစားရမှာ မလွဲပါဘူး။
************************
မှတ်သားသွားပါတယ် မောင်ငယ်အိမ် ရေ...
ဒီပို့စ်လေးက မှတ်သားစရာရော ၊ ပျော်စရာလေးပါ ခံစား
ရပါတယ်။ အဆင်ပြေပါစေ။

14 November 2008 at 20:44

ဟီးး
သူဋ္ဌေးကြီးလေးယောက်နာမည်ကတော့
သဘောကျသဗျာ။

ကိုလူနောက်တို့က
အရွဲ့တိုက် ရမှ
စားဝင်အိပ်ပျော်မယ်ထင်ပါရဲ့။

သိရဲ့သားနဲ့ နောက်နေတယ်။

ဒီလောက်နောက်တဲ့လူ
တစ်နေရာမှာသုံးဦးမယ်
အဲဒီကျမှ မအော်နဲ့။
း)))))

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း