Friday, January 23, 2009

ဘလော့ဂါ တစ်ဦး၏ ဒုက္ခ

38
ဒီပို့စ်လေးရေးထားတာ ကြာပါပြီ ၂၅.၀၉.၂၀၀၈ ကရေးထားတာလေးပါ။ မဖတ်ရသေးသူတွေ ဖတ်ရအောင်ပြန်
တင်ရင်း အပျင်းလဲထူရင်းနဲ့ပါ ခင်ဗျား ဟီးဟီး
ဒီအကြောင်းဘယ်သူမှ မတွေးမိဘူးထင်လို့ ရေးလိုက်တယ်ဗျို့။
ဒီလိုပါ ဘလော့တစ်ခုပိုင်ဆိုင်ထားရတာဟာ မလွယ်ပါဘူး ပြစ်ရမှာလဲ ဆီတ၀င်း.. ၀င်း စားရမှာလဲ သဲတရှပ်ရှပ် ဆိုတဲ့ စကားပုံလိုပါပဲ။ ဘာကြောင့်ဒီလိုပြောနိုင်ရသလဲဆိုတော့ အချက်နှစ်ချက်ရှိပါတယ်။

၁- ဘလော့ပိုင်ဆိုင်ထားခြင်းအားဖြင့် ကိုယ်ရေးချင်တာ၊ ကိုယ်ပြချင်တာ(ဓာတ်ပုံနဲ့ ဗီဒီယိုနော် တမျိုးမထင်နဲ့) ကိုယ်လုပ်ချင်တာကို အားမနာလျှာမကျိုးဖော်ပြနိုင်ခြင်း၊ ဘယ်သူ့ကိုမှ အားနာစရာမလို၊ ဘယ်အယ်ဒီတာဆီကိုမှသွားပြီး စာမူပေးတာ၊ ကိုယ့်စာမူလေး ပါဖို့အရေး မျက်နှာချိုသွေးတာ၊ ကိုယ်စာမူလေး ပါတော့လဲ ဘယ်တော့ထွက်မလဲဆိုတာ စောင့်ဖို့မလိုခြင်း၊
အွန်လိုင်းမိတ်ဆွေ တိုးပွားခြင်း၊ ဗဟုသုတ ဖလှယ်နိုင်ခြင်း အခြားအွန်လိုင်းနှင့်သက်ဆိုင်သော ဗဟုသုတများ ရရှိခြင်း အချိန်ေ
တွ ကုန်မှန်းမသိကုန်သွားခြင်း တို့ဖြစ်ပါတယ်။
၂- ဘလော့ပိုင်ဆိုင်ထားခြင်းအားဖြင့် မျက်စေ့ထိခိုက်ခြင်း၊ ကြာရင်ချည့်ကုံးပါဖြစ်နိုင်ခြင်း(တရုတ်ရသေ့ ချိကုန်းမဟုတ်ပါ)၊ စာတစ်ပုဒ်တင်ဖို့အတွက် အခြားစာအုပ်၊စာတမ်းများကို ဖတ်မှတ်ရခြင်း(အမှန်တော့ ခိုးချတာ :D ကူးချတာပါ ရေးချင်ဇောနဲ့မှားသွားတာ) စာတင်ပြီးပြန်တော့လဲ ကိုယ့်စာလေး လာဖတ်ပြီး မှတ်ချက်လေးရဖို့ ဟို ဘလော့ဝင်၊ ဒီဘလော့ထွက် အရပ်တကာလျှောက်လှည့် ကြေငြာမောင်းခတ်ရခြင်း၊ ဟော ပြီးတော့လဲ ဘယ်သူများ ၀င်ဖတ်ပြီး မှတ်ချက်လေးပေးသွားလဲ ဆိုတာ အွန်လိုင်းပေါ်တက်တက်ကြည့်ရပြန်ရော၊

ရပြန်တော့ရော ပြီးမယ်ထင်လား.... မပြီးပါခင်ဗျာ ၀င်ဖတ်သွားတဲ့သူက ဟုတ်မဟုတ်တော့မသိ အရမ်းကောင်းတာပဲတို့၊ ဆက်ရေးပါအားပေးနေပါတယ်တို့၊ ဘာညာနဲ့ မြှောက်ပေးရင် အောင်မလေး ပျော်လိုက်တာ မျောက်မီးခဲ ကိုင်မိသလိုကို လူက နေမထိ၊ထိုင်မထိ နဲ့ နောက်တစ်ပုဒ်ရေးဖို့ အားထုတ်ရပြန်ရော။
အဲ ပြီးပြီမထင်နဲ့ ကိုယ့်ကို အားပေးသွားတဲ့ တခြားဘလော့တွေပြန်သွားပြီး ပြန်မြှောက်ထိုးပင့်ကော်လုပ်ရပြန်တယ်(ဒါက မလုပ်မဖြစ် ကိုယ့်အလှည့်ကျတော့ ဒီလိုလုပ်လို့ မကောင်းဘူးလေ)
နားလည်တာ၊ နားမလည်တာ အပထား ဥပမာ။ ။ဟိုက နေမင်းကြီး ငါးရိုးစူးတာတို့ ရင်တွင်းပုန်းအောင်နေတဲ့ ပန်းဥယာဉ်ကြီးတို့ ငါ့ဝေဒနာတွေ ရယ်သံတွေနဲ့ဆူညံသွားမှာတို့ အရိုင်ပန်းတပွင့်ဆီက နှလုံးသားစကားတို့ စသဖြင့်ပေါ့နော် နားလည်..လည် မလည်... လည် ကောင်းလိုက်တဲ့ ကဗျာလေး ဆက်ရေးပါ အားပေးပါတယ်ပေါ့။ (နောက်တာနော် ဆရာ၊ ဆရာမတို့ :D )
အဲလိုနဲ့ပဲ နောက်ဆုံးတော့ ငွေကုန်(တချို့် က ဆိုင်မှာသုံး၊ တချို့က အိမ်မှာအင်တာနက်ချိတ်ခပေး၊ တချို့က အိမ်မှာ အင်တာနက်ဖရီး) လူပင်ပန်းတာပဲ အဖတ်တင်ပါတယ်။

ဟုတ်ကဲ့ ဘာပဲပြောပြောကျွန်တော် ဖြတ်မရတော့ပါဘူး။ စားလဲဒီစိတ် သွားလဲဒီစိတ် ကိုယ့်ရည်းစာကိုတောင် ဒီလောက်အထိ မတမ်းတမိပါဘူး။ တမ်းတမိရင်လဲ မိန်းမရတာကြာလှပေါ့(ရတုန်းလေး ကြော်ငြာဝင်တာပါ :D )
ဒါပါပဲ ခင်ဗျာ လွန်တာရှိရင် ၀န္ဒာမိနော် ဘလော့ဂါအပေါင်းတို့ ပျော်စေပျက်စေ သဘောနဲ့ တကယ် ကျွန်တော်ခံစားမိတာကိုရေးလိုက်တာပါ စိတ်မဆိုးကြေး။
ဟောဒီလိုလေး :r တချက်ရယ်လိုက်ရင်ကိုပဲ ရေးရကျိုးနပ်ပါပြီ။

38 Response to ဘလော့ဂါ တစ်ဦး၏ ဒုက္ခ

26 September 2008 at 02:40

Blogger တစ်ဦးဒုက္ခ က မသေးပါလား
ပျော်သည်ပျက်သည် စိတ်မဆိုးကြေးရေပေမယ့်လည်း
အတည်ဘဲ ပြောသွားမယ်
ဟာသမြောက်တဲ့ ရေးသားဟန်ကြောင့် စိတ်မဆိုးဘဲ တိတ်တခိုးလေး မှတ်ချက်ပေးသွားကြောင်း
တစ်ခါတစ်ရံလာလည်တတ်တဲ့
မေသူ

26 September 2008 at 05:08

ဟုတ်တယ်အစ်ကိုရေ...
စာလုပ်မယ်ဆိုပြီးကွန်ပျူတာရှေ့ရောက်တယ်..ဖွင့်မိတာက ဘလော့ကို..စာကမကြည့်ဖြစ်တော့... စိတ်ညစ်ရတယ်..ဖြတ်နိုင်လားဆိုတော့လည်း အလုပ်အရမ်းများနေတဲ့ရက်ပိုင်းလေးတင်ဖြတ်နိုင်တာ..

26 September 2008 at 06:41

အဟက် ဟက် အခုတော့ ဒင်း သိသွားပြီပေါ့ ဘလော်ဂါ တွေရဲ့ ဒုက္ခတွေ ကို ဟား ဟား မဖြတ်နိုင် မချင်းတော့ ဆက်ခံပေတော့ ငါ့လူရေ..။

26 September 2008 at 07:12

ဟဟားဟား
ကွက်တိ ဒက်ထိ ပါပဲလား အိမ် ရေ..
အရေးကောင်းပါတယ်.. တကယ်ပြောသွားတာနော်.
မြှောက်ပြောတာမဟုတ်.. အဟီး အမ ကိုလည်း ပြန်
လာမမြှောက်နဲ့ဦးနော်... ရယ်ရတယ်.. အမ လည်း
ဒီည မှာ ဘလောဂါတစ်ယောက်ရဲ့ ဖတ်စာ ရေးဖို့
အစီအစဉ်ရှိပါတယ်.. အားရင်လာအားပေးဦးနော်။
ဘလောဂင်ရင်း ပျော်ရွှင်နိုင်ပါစေ အိမ် ရေ..

Anonymous
26 September 2008 at 12:03

ဟား ဟား. အားရပါးရရီသွားတယ်
မှန်တာတွေပဲ...... ဒီဒုက္ခကို မဖြတ်နိုင်သရွေ့တော့ခံပေရော့ပဲ.
အားရင် ဘလော့ကိုဝင်ကြည့်ရတာအမော .. မလုပ်တော့ပါဘူးလေ ဆိုပြီးအားတင်းလဲ တစ်မနက်တောင်မခံဘူး.... ဟီးး...... လာမလည်နဲ့နော်... မြှောက်ပေးသွားတယ်..... :P

26 September 2008 at 13:46

သြော်... ခုတော့သိလိုက်ပါပြီ.... ဘာမှနားမလည်ပဲ စီဗုံးမှာ လာအော်..ကွန့်မန့်တွေ လာပေး..တာပေါ့.လေ..
ရပါဒယ် ရပါဒယ် ....

စတာပါ Mr. Home ရေ..တစ်ကယ် မှန်တယ် စာလဲမလုပ်နိုင် . ဘာမှမလုပ်နိုင်ဘူး... တစ်ချိန်လုံး.. တစ်ဘလော့ ထဲ လော့နေလို့လေ...
စိတ်အပန်းပြေသွားလို့ ကျေးဇူးပဲ.. ဘရားသားကြီးရေ...

26 September 2008 at 13:58

အိမ်ရေ တကယ်ကို ဘလော့ဂါ တယောက်ရဲ့ ဒုက္ခက မသေးလှပါဘူးဗျာ.. ဘလော့စ်ကာ အားလုံးရဲ့ စိတ်ကို ထိုးပြထားတာပဲဗျ ဟဲ ဟဲ မြောက်ပြောတာမဟုတ်ဘူးနော် တကယ်ကိုရေးထားတာကောင်းပါ့.. နောက်ဆက်ရေးဦးနော့် :)

26 September 2008 at 16:30

Hello Home Sweet Home... :P
တစ်ချက် မရယ်ဘူး... ဆယ်ချက် ရယ်သွားတယ်...
ဟားဟားဟား အမြှောက် တစ်ဆယ်... :D

26 September 2008 at 17:08

အဟမ်းအဟမ်း...ဦးအိန်...

ဦးဦးယေးဒါကောင်းဒယ်။ယဲဘော်ရှက်ရုတ်။
အားပေးဏေမယ်။ဟဲဟဲ..
..လာမြှောက်ပြောတာ) :P

(ဒါနဲ့ဦးဦးရေ..တစ်ခုလောက်တော့ပြောခဲ့မယ်နော့်။
ဦးဦးကရေးချင်ဇောတွေကပ်နေ
တော့တစ်ချို့တစ်ချို့စာ
လုံးတွေကပေါင်းတာမှားနေတယ်။
တစ်မျိုးမထင်နဲ့နော်
လမ်းကြုံလို့သတိဝင်ပေးတာ....
..ဟိဟိ..ခင်လို့နော်ဦးဦး
..ဟဲဟဲ..ဒီကောင်မလေး..
ထပ်မြှောက်ပြန်ပြီ။....ဟိဟိ)

26 September 2008 at 19:37

ဟုတ်တယ်။ ရည်းစားတောင်သတိမရဘူးဆိုတာ ဒက်ထိပဲ။ အဟီး။

26 September 2008 at 21:27

မှန်လိုက်တာ ဆရာရယ်.....
ကိုယ်တစ်ယောက်တည်းလားမှတ်တယ်.. သူလည်းဂလိုပဲကိုး... ဟီးဟီး

:D :D :D

26 September 2008 at 23:15

ရေးတတ်ပါဘိ..

ဟုတ်လိုက်လေ.. မှန်လိုက်လေ..

ချိတော့မယ်.. ခုတောင် ချိတိတိဖြစ်နေပြီ.. :P

Anonymous
27 September 2008 at 08:41

ဒါမှ ဘလော့ဂါစစ်တာပေါ့ဟ မသိရင်မှတ်ထားး) ကောင်းတယ် ဆက်ရေး ဟိဟိ

Anonymous
27 September 2008 at 10:31

ပထမဆုံးပို့စ်မှာပဲ အရမ်းကြိုက်သွားတယ် (မှတ်ချက်- မြှောက်တာမပာုတ်).. အဲ့ဒီဒုက္ခကတော့ တကယ်ကြီးတယ်ဗျာ.. ဖြတ်လည်းမဖြတ်နိုင်.. ပို့စ်တင်ဖို့အတွက်တော့ တော်တော်ဒုက္ခရောက်တယ်.. ကဗျာမတင်နိုင်သေးရင် ဘာတင်ရမလဲ စဉ်းစားရတာလည်း ခေါင်းကိုခြောက်နေတာပဲ.. ပဲာပဲာ.. ဒီပို့စ်ကတော့ တကယ်မှန်တယ်ဗျာ.. :) စကားမစပ် အိမ်ပြောတဲ့ စကားလုံးတစ်လုံးတိုင်းကို နားလည်တယ်နော်.. :P

27 September 2008 at 16:09

ကိုယ့်ဆရာက ဒိန်းဂျားပဲ ... မှန်တာတွေ သိပ်မပြောနဲ့နော် ... ဟတ်ဟတ် ... ဘာပဲပြောပြော ပျော်ဖို့ကောင်းပါတယ် ... မြောက်မီးခဲ ကိုင်တာ မဟုတ်ဘူး .. မျောက်မီးခဲ ကိုင်တာပါ .. ပြင်လိုက်ပါဦး

28 September 2008 at 18:19

မိုက်တယ် အမှန်တွေ အမှန်တွေ

28 September 2008 at 20:28

ဟာသလေးနှောရေးထားတာ သိတ်ဖတ်လို့ကောင်းတာပဲ ဟဲဟဲ :)
(ပြန်လာမြှောက်ပေးဖို့ မမေ့နဲ့နော်)

28 September 2008 at 21:30

အိမ်ကဟာသတွေတော်တော်ပြောတတ်တာဘဲ
အခုတော့ ဘိန်းစွဲနေသလိုပါဘဲ.. ချစ်သူကိုတောင်မေ့တေ့တေ့ဘဲ...

2 October 2008 at 04:21

ဟုတ်ပါ့ဗျာ ခုတော့ ချိကုန်းဖြစ်ရုံမက မျက်မှန်ပါ ပါဝါတိုး လာပြီဗျ။ ဒါပေမယ့်လည်း ဖြတ်လို့ မရတော့ ကိုယ့်ဒုက္ခနဲ့ ကိုယ်ပဲလေ။

2 October 2008 at 23:08

ha ha ha.....

24 January 2009 at 01:36

မဖတ်ရသေးလို့ ဖတ်သွားပါတယ်
အစီစဉ်တကျနဲ့ရေးထားတဲ့ ဘလော့အကြောင်းလေးက
ပျော်စေပျက်စေ ဖတ်လို့ကောင်းတယ်ဂျ
:r ဟောဒီလိုလေး ရယ်ဆိုလို့ရယ်သွားပြီနော်
ကောင်းရယ် ကောင်းရယ် :P

ATN
24 January 2009 at 03:05

ကောင်းလိုက်တာ... ရေးတတ်လိုက်တာ...
(ထုံးစံအတိုင်း မြှောက်ထိုးပင့်ကော် လုပ်သွားသည်)

24 January 2009 at 07:13

ဟုတ်ပါ့ တကယ်ပြောတာ အမှန်တွေရေးထားတာပဲ

Anonymous
24 January 2009 at 07:48

ဒါလေးတောင်မသိဘူးလား ဘလော့ဂါတွေဆိုတာ
ကျီးကို ဘုတ်မြှောက်
ဘုတ်ကိုကျီးမြှောက် တဲ့ ဟိုမြှောက် ဒီမြှောက် ဒါကိုက သဘာဝ။

ဒါနဲ့ ကိုအိမ်ေ၇းထားတဲ့စာတွေအရမ်းကောင်းတာပဲဗျာ တကယ်ပြောတာ ညာ ဘူး အဟုတ်ကိုကောင်းတယ် :P

24 January 2009 at 08:50

ရေးထားတာလေးတွေကတော့ကွတ်တီပါပဲဗျာ......... လာပြီးတော့ရီသွားတယ်မဟုတ်ဘူးနော်။ သဘာဝတွေရဲ့ အမှန်တရားတွေကိုပြောပြနေတာလားဗျ။

24 January 2009 at 11:07

ကောင်းပါ့..ကောင်းပါ့.. ဆက်သာရေး အိမ် ရေ။ (မြှောက်ထိုးပင့်ကော်လုပ်သွားခြင်း)။

24 January 2009 at 12:39

အင်း...
အကိုအိမ်တို့ကတော့ မှန်တာတွေ ပြောနေပြန်ပါပြီ...
ကီးဘုတ်ပေါ် လက်တစ်ဖက်၊ မောက်စ်ပေါ် လက်တစ်ဖက် တင်ထားတဲ့ လက်အနေအထား ပုံစံဟာ နောင်တစ်ခေတ်မှာ ဘလော့ဂ်ဂါစတိုင်လ်ဆိုပြီး ပေါ်ထွက်လာဖွယ် ရှိနိုင်ပါကြောင်း သုံးသပ်မိပါတယ်...
ထို့ကြောင့် ယနေ့မှစ၍ အကိုအိမ်တစ်ယောက် အပြင်ထွက်ပါက လက်နှစ်ဖက်ကို ထိုကဲ့သို့ ထားသင့်ကြောင်း မြှောက်ပင့် ပြောဆိုသွားပါတယ်... :P

Anonymous
24 January 2009 at 16:33

ဟီဟိ ကိုကြီးအိမ်တို့ကတော့ ရယ်ရတယ်ဗျို့။
မြှောက်လက်စနဲ့ ဆက်မြှောက်လိုက်အုံးမယ် “ဘန်းကျော်က ဘလော့ဂါ များ”ဆိုပြီး ရေးပါအုံးဂျ ။ ဟီဟိ :P

24 January 2009 at 17:24

ဟုတ်တယ်နော် ဘလော့ဂါတောင်ကောင်းကောင်းမဖြစ်သေးဘူး
မျက်စိလည်းမှုန်ချင်ပြီ လူလည်းချိချင်ပြီး အားရင်ဒါလောက်လုပ်နေတာ :P
ကိုအိမ်ရေးထားတာတွေက တကယ်ကောင်းပါတယ် ဆက်ရေးနော် အားပေးနေမယ်
မြှောက်တာဟုတ်ဘူးနော်

24 January 2009 at 23:30

မှန်ပါ၏. (မြှောက်ထိုးပင့်ကော်လုပ်သွားသည်။ )

25 January 2009 at 00:04

အိမ်ေ၇..မှန်တာတွေပြောနေတာပေါ့.. အချိန်မရလို့မရေးနိုင်တော့ ၇င်ထဲနေလို့ထိုင်လို့ မကောင်းဖူး..ဟာတာတာနဲ့ကွာ....

25 January 2009 at 04:27

မှန်တာတွေချည်းဘဲပြောရလားဗျ...။
ရည်းစာထက် ဘလော့ကိုစွဲလမ်းရင်တော့ အခုထဲက ငှက်ပျောတုံးသာ ရှာထားပေတော့...အစ်ကိုရေ...။

Anonymous
25 January 2009 at 10:38

ဒတ်ထိ မှန်၏.. ဒါကွ ဘလော့ဂါ..

Anonymous
25 January 2009 at 10:51

ရီးစား ကို ကိုယ်ကမမေ့ လည်း သူ ကမေ့တော့ မှာလေး ဟုတ်စ။
ကိုယ့်မှာ တစ်နေ့တစ်နေ့ ကွန်ပျူတာ ကြည့် စာတွေဖတ်လွန်းလို့  မျက်မှန်ပါဝါ က
ပိုတိုးတိုးလာတယ်...သေချာကြည့်ရီး စားနဲ့ သူ့ ညီမတောင်မှာမှား ကြည့်မိသေးတစ်ခါ တစ်ခါ ပေါ့.။ ဖြစ်နိုင်ရင်ဒီပို စ်လေး သူ့ ဆီပို့ လိုက်ချင် ရဲ့...ဗျာ...။

မြှောက်ပြောတာမဟုတ်ဘူးနော်အဟုတ်ပြောတာ... ။ တော်ကီ ကတော့ကောင်းတယ်နော်... ဘာတွေ စားလည်းတော့မသိဘူး :D

26 January 2009 at 18:11

ရီသြွးတယ်..ဟက်ဟက်ဟက်..အိမ်ရေ..
အဟီး..မသေးဘူးပဲနော်..ဒုတ်ခကလဲ.. :P

28 January 2009 at 01:39

အော် ဒါဆို ကျွန်တော် ပိုစ့်တွေမှာ
ထင်ရာမြင်တာတွေ စွတ်မြှောက်သွားပေါ့လေ
ဒီကတော့ အဟုတ်မှတ်လို့ပျော်နေတာ တော်ပီ
အဟင့် ကိုအိမ်ကို ထော်တော့ဝူး
အမှန်တွေရေးရင် . . . . . တိတယ်ဟုတ်
ဟာာားး စတာ ကိုအိမ်စာတွေက ရီရတယ်
အဟုတ်မြှောက်သွားတာ ကျွန်တော်ဆီ ခဏခဏ
လာမြှောက်နေလို့

28 January 2009 at 10:05

ကောင်းတယ်..
တကယ်ကောင်းတယ်..
အရမ်းအရမ်းကိုကောင်းတာ..
အယ်..
တကယ်..
ကြည့် မယုံဘူးဟုတ်..
တကယ်ဆို..
ဟွန်း
တကယ်ကို ကောင်းတာ....
အိုး..
ကောင်းတယ်..ကောင်းတယ်..ကောင်းတယ်... ဟွန့်..
-------------
*ထက်ထက်မိုးဦး လေသံလေးနဲ့ဖတ်နော်.. ကိုအိမ်ကြီး..

ဆက်အားပေးနေမယ်နော်..အဟွင့်အဟွင့်အဟွင့်...
-------------------------
ဖီးလ်တွေတတ်တွားဦးမယ်...
တူများတွေကို မြှောက်တလို မြှောက်ကြည့်တာ..ဟီး
:P


ဖြိုးစကီး

28 January 2009 at 18:14

ကွန်ပျူတာ စစကိုင်ချင်းတော့ ပရိုဂရမ်မာ ဖြစ်ချင်ခဲ့တာ။
နောက်ဦးနှောက်စားမခံချင်တော့ hardware သမား ယောင်ယောင်ထပ်လုပ် လိုက်သေးတယ်။ စက်ပြင်တိုင်း ပစ္စည်းတွေ ပြန်ပြန်စိုက်ဝယ်ပေး နေရလို့ လက်လျော့ပြီး။
နောက်တော့ ထွက်သမျှဂိမ်းတွေ အကုန်ကစားတယ်။ ဘယ်သူ့ကိုမှ ဗိုလ်မထားဘူးဆိုတဲ့သဘောပါ။
နောက် ဘလောဂ့်ပေါ် အတင်းခေါ်လို့ လိုက်ကြည့်တယ်။
နောက် ပိုးထတော့ ဘလောဂ့်လေးလုပ်ကြည့်တယ်။
ဒီလိုနဲ့ အိပ်ပျက်ညတွေ ထပ်ထပ်လာတယ်။
အိမ်ကလူကြီးနဲ့ အတိုက်အခံလုပ်ပြီး စာရေးဆရာ ယောင်၂ ဖြစ်လာတယ်။ နောက်တော့ ငြီးငွေ့လာပြန်ရော။
ဘလောဂ့်ကို မလည်လို့လည်း မနေနိုင်ပြန် ဆိုတော့
ဒီသံသရာထဲမှာပဲ တ၀ဲလည်လည် ဖြစ်နေပြန်တယ်။
ပို့စ်လေးအတွက် ကျေးဇူးပါ။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း