Tuesday, January 20, 2009

အဖေ(ခေါ်)ဖေဖေ

20
အမေ...အမေ..အမေ ဆိုပြီးအမေ့အကြောင်းကဗျာတွေ၊စာတွေနဲ့ တဖွဲ့တနွဲ့ရေးဖွဲ့နေကြတာ တကယ်ကိုအားရ
စရာပါပဲ တကယ်ပဲအမေ့ကျေးဇူးသိလို့လား အပျင်းပြေစာဖွဲ့တာလားတော့ မသိဘူးဗျရေးလိုက်ကြတာ ဘလော့
အတော်များများမှာတွေ့ရတယ်ဗျ ဒီအထဲမှာကျနော်လဲ အပါအ၀င်ပဲပေါ့။ တကယ်လဲအမေ့ကျေးဇူးတွေက မြင့်မိုလ်တောင်မကကြီးမားတာပေကိုးဗျ။ ဒါပေမဲ့ ကျနော်တို့တွေ သတိမထားမိတဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ကို မနေ့ကသွားသတိထားမိတယ်ဗျ ဒါကလဲ ဦးပေါ်ဦးရဲ့ စာတွေဖတ်မိရင်း သတိထားမိတာပါ။ အဲဒီစာလေး ဖတ်မိမှဟုတ်ပါရဲ့ ငါတို့တွေ တကယ့်အရေးကြီးတဲ့ အချက်ကြီးကို မေ့နေကြတယ်ဆိုတာ သတိထားမိတယ်ဗျ။အဲဒါဘာလဲဆိုတော့ ခုရေးပြမဲ့ ပုံပြင်လေးကိုဖတ်လိုက်တာနဲ့ သဘောပေါက်ကြမှာပါ ဒီလိုဗျ...............................
ဟိုး..ရှေးရှေးတုန်းက ထင်းခုတ်ရင်း အသက်မွေးကြတဲ့ သားအမိ၊သားအဖ သုံးယောက်ရှိသတဲ့။ ဒီလိုနဲ့တနေ့တော့ သားအဖနှစ်ယောက်ဟာ တောထဲထင်းခုတ်သွားကြတာပေါ့ ဒီလိုနဲ့ ထင်းခုတ်နေတုန်း ဗြုန်း
ဆို ကျားကြီးတစ်ကောင်ပေါ်လာပြီး အဖေကိုကိုက်မယ် အလုပ်မှာသားလုပ်သူဟာ အဖေအတွက်စိုးရိမ်ပြီး ဓားနဲ့
ကျားကြီးကို ၀င်ခုတ်တဲ့အတွက် ကျားကြီးဟာ စင်းစင်း သေသွားပါလေရော။ အဲဒီမှာ ထင်းခုတ်သမားဖခင်ကြီး
ဟာ ကျားကြီးရုတ်တရက်ရောက်လာတဲ့အတွက် ကြောင်တောင်တောင်နဲ့ ကြက်သေ သေနေတော့ မုချသေရ
မှာပဲလို့ တွက်ထားပေမဲ့ မသေဘူး။ခုလိုမသေအောင် သူ့သားကယ်တာပဲ ဒီတော့ ကျေးဇူးရှင်ဖြစ်တဲ့ သားကို
ကန်တော့လိုစိတ်တွေ တဖွားဖွားပေါ်လာတာနဲ့ အဖေလုပ်သူဟာ သားကိုခေါ်ပြီး သစ်ငုတ်တခုပေါ်ထိုင်ခိုင်းလိုက်
ပါတယ်။အဖေလုပ်သူကတော့ မြေပေါ်ထိုင်ရင်း ကန်တော့မဲ့ပုံလုပ်တော့ သားဖြစ်သူဟာ အဖေ ဒါဘာလုပ်တာလဲ
လို့မေရင်း မကန်တော့ဖို့ တားပါတယ် ဒါနဲ့ အဖေထင်းခုတ်သမားကြီးက ဟ... သားရ အသက်သခင်ကျေးဇူးရှင်
ကို ကန်တော့ရတယ် မကန်တော့ပဲ မနေကောင်းဘူး လို့ ပြောရင်း ထပ်ကန်တော့ဖို့ ကြိုးစားပါတယ် ဒါနဲ့ သား
ဖြစ်သူလဲ တားဆီးရင်း အကြံထုတ်ရတာပေါ့ ဒီလိုနဲ့ အကြံရတော့ အဖေကျေးဇူးတင်တာမှားနေပြီဗျ တကယ်က
အဖေ့ကို ခုလိုကယ်နိုင်အောင် အမေကကျနော့်ကို မွေးခဲ့တာလေ အမေသာမမွေးခဲ့ရင် အဖေ့ကို ခုလိုကယ်နိုင်
မှာ မဟုတ်ဘူးဗျ ဒီတော့ တကယ် ကျေးဇူးရှိတာ အမေပါ ကျေးဇူးတင်ချင်ရင် အမေ့ကိုသာ တင်ပါ အမေ့ကိုသာ
ကန်တော့ပါလို့ ပြောလိုက်ပါတယ်။ အဖေထင်းခုတ်သမားကြီးဟာ လူရိုးလဲဖြစ်ပြန် ကွေ့ကွေ့ကောက်ကောက်လဲ
မစဉ်းစာတတ်တော့ သားပြောတာကို ခေါင်းလေး တညိမ့်ညိမ့်နဲ့ လက်ခံရင်း ခုတ်ပြီးသားထင်းတွေ ကောက်ပြီး
ရွာကို ပြန်ကြပါတယ်။ ဒီလိုနဲ့ အိမ်ရောက်တော့ အဖေထင်းခုတ်သမားကြီးကနေပြီး ရှင်မရေ လာပါဦးဟလို့ ခေါ်
လိုက်ပြီး အိမ်ခေါင်းရင်းက သင်ဖြူးဖျာပေါ်ထိုင်းခိုင်းလိုက်ပါတယ်။ဒီတော့ အိမ်ရှင်မလဲ ယောင်နနနဲ့ ထိုင်လိုက်ပါ
တယ်။ ထင်းခုတ်သမားကြီးဟာ အိမ်ရှင်မရှေ့မှာ ပုဆစ်တုတ်ထိုင်ရင်း ကန်တော့ဖို့ပြင်တော့ အိမ်ရှင်မလဲသဘော
ပေါက်ပြီး အူးယားဖားရားနဲ့ တားတာပေါ့။ ဒီလိုနဲ့ အိမ်ရှင်မက ဘာကြောင့်ရှိခိုးတာလဲ မေးတော့ ထင်းခုတ်သမား
ကြီးက တောထဲကအဖြစ်သနစ်တွေ ရှင်းပြတာပေါ့ ရှင်မသာ ဒီသားကို မမွေးခဲ့ရင် ငါတော့ကျားကိုက်သေမှာပဲ
လို့ပြောပြတာပေါ့ ဒီတော့မှ အိမ်ရှင်မကနေပြီး ဟက်ဟက်ပက်ပက်ရယ်ရင်း ကိုရင်ရယ် ရှင်ကများ ကျမကိုများ
ကြံဖန်ကျေးဇူးတင်ရတယ်လို့တော် အံ့ပါရဲ့ တကယ်က ကျမတစ်ယောက် အစွမ်းထဲနဲ့ ဒီသားကိုမွေးနိုင်ပါ့မလား
တော်ရဲ့ ရှင်ကြောင့်ဒီသားလေးရလာတာတော့်.................ပုံပြင်လေးကတော့ဒါပါပဲဗျာ။
ကဲ....ဒီတော့ ...... အကိုကြီး၊အမကြီး၊ညီလေးညီမလေးတို့ရေ အဖေ့ကျေးဇူးလဲ မမေ့ကြနဲ့ဦးဗျ သူသာမရှိရင်
ကျနော်တို့ လူဖြစ်လာမှာမဟုတ်ဘူးဗျနော်။

20 Response to အဖေ(ခေါ်)ဖေဖေ

20 January 2009 at 13:01

ကိုအိမ် အတွေးကောင်းလေးပါ မိုက်တယ်

20 January 2009 at 13:27

ကိုအိမ်ပြောတာမှန်ပါတယ် အဖေအကြောင်းလည်းရေးရမှာပေါ.

Anonymous
20 January 2009 at 13:38

သတိပေးတာ ကျေးဇူး ကိုအိမ် မမေ့ပါဘူး မေ့ကောင်းတဲ့ အရာမှမဟုတ်တာနော့် ။ အဖေ့အကြောင်းလည်းရေးအုံးမှ ညကတောင်စိတ်ကူးမိသေးတယ် ။

20 January 2009 at 14:25

ငတ

Anonymous
20 January 2009 at 15:01

ပုံပြင်လေးလဲ ကောင်းတယ်။ အတွေးလဲ ကောင်းတယ်..။ ကျနော်တို့ ကိုယ်တိုင်ပဲ မိဘတွေကို သတိတရ ရှိဖို့၊ တတ်နိုင်သမျှ ပြန်ကြည့်ဖို့ပဲ လိုတော့တာ။ ကျေးဇူးပါ ကိုအိမ် ခင်ဗျာ..။ ကိုမောင်မျိုး ပြောထားသလိုပဲ မေ့ကောင်းတဲ့ အရာတွေ မဟုတ်တော့ အမြဲ အောက်မေ့ရိုသေ ထားပါတယ်။

20 January 2009 at 15:48

Father's Day ရယ်လည်းရှိတာပါပဲ
မေ့ပါဘူး
အကိုအိမ်ပြောတာလည်းမှန်တာပဲ
အကိုအိမ်ပြောပြတဲ့အကြောင်းကလည်း စိတ်ဝင်းစားစရာပဲ
ကျေးဇူးပါရှင် :)

20 January 2009 at 16:05

အဖေအကြောင်းလာဖတ်ပါတယ်..
အမေနေ့ပြီးတိုင်း ဒီလို အသံတွေ အမြဲ ထွက်လေ့ ရှိတာ ကတော့ နှစ်တိုင်းလို မို့ သိပ်တော့ အထူးအဆန်း မဟုတ်တော့ ပါဘူး..။

20 January 2009 at 16:12

အမေ အကြောင်းတွေ ဖွဲ့နေကြပေမယ့် အဖေ အကြောင်းမပါတာတော့ ဟုတ်ပါတယ်.. but လူတိုင်းတော့ အဖေကို မေ့ထား ခေါက်ထားတယ်လို့ တော့ ဘယ်ဟုတ်လိမ့်မလဲ..
ရင်ထဲ မှာတော့ ရှိကြ စမြဲပါ..
အပျင်းပြေ ဖွဲ့ကြတယ် ဆိုတာကရော... ပြက်ရယ် ပြုသလို ဖြစ်နေမလား ဘာအကြောင်းနဲ့ပဲ ဖွဲ့ဖွဲ့.. မိဖ ကို တမ်းတ မိကြလို့ ရေးထားကြတာလို့ တော့ ကျတော် ထင်တယ်

ဟိဟိ ဆရာကြီးလို လေဖန်းဒန်းစီး လိုက်ဘီ... :P

20 January 2009 at 19:03

ဟတ်ဟတ်... ဒါကျတော့ မသိဘူးလား မောင်အိမ်။
ဘာမှ မပြောချင်တော့လို့ အဲလိုရေးသွားတာလေ။
ပို့စ်လေးက တကယ်ဖတ်လို့ကောင်းပါတယ်။
နောက်ဆုံး အဲလိုရေးတော့မယ် ဆိုတာကြိုသိထားလို့ အဲလိုရေးသွားတာ။
ဟဟားးးး မပြောတော့ပါဘူး အိမ် ရယ်။
စိတ်ကူးတော်သလို စာရေးတော်ပါပေတယ်။

20 January 2009 at 20:40

အချွန်နဲ့မ ပါရစေ...
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး
အရေးကြီးတယ် အဖေက...

21 January 2009 at 00:13

ကိုအိမ်အတွေးလေးကတော်တော်ကောင်းတယ်ဗျာ....

21 January 2009 at 09:22

ဟုတ်တာပေါ့။ မိဘကျေးဇူးလို့ ရေးရမှာနော်။
အဖေကော အမေကော တစ်ဂိုဏ်းတည်းဝင်တွေပါပဲ။

စကားမစပ်၊ အမေ့ခြေရာကျ ရှိပြီး အဖေ့ခြေရာလည်းရှိဘူးနော်။ ဘာလို့များပါလိမ့်။

22 January 2009 at 13:18

ကိုအိမ်ရဲ့အတွေးလေးကောင်းတယ်ဗျာ. အများသောအားဖြင့်တော့အမေ အကြောင်းပဲရေးကျတာလေ အဖေအကြောင်းတော့သိပ်မရေးကျပါဘူးနော်။

23 January 2009 at 15:17

သူပြောတော့လည်း ဟုတ်နေတာပဲ
ဖေဖေ့ကိုလည်းမေ့ပါဘူး ဦးအိမ်ရဲ့....

23 January 2009 at 21:08

တစ်ကယ်ဆိုကျားကို ကျေးဇူးတင်ရမှာ...သူသာခုန်အုပ်ဖို့မကြိုးစားရင် ထင်းခုတ်သမားကြီးလည်းသိမှာမ ဟုတ်ဘူးဗျ...။
ဟား...ဟား..။

Anonymous
24 January 2009 at 00:38

မကျန်းမာပဲ ကုလားထိုင်တစ်လုံးနဲ့ ထိုင်ရုံထိုင်နိုင်ရင်တောင် သားသမီးတွေအတွက် ခွန်အားပါပဲ

Anonymous
25 January 2009 at 11:12

ခိုက်သွား ပြီ... အတွေးလေး ကောင်းလိုက်တာ ဗျာ ...။

ကျေးဇူး ပါ ... ကျွန်တော့အဖေ က ကျွန်တော်လူမှန်းမသိတတ် ကတည်း ကဆုံး သွား တာဆိုတော့ တစ်ခါတစ်ရံ အဖေ ဆိုတာ ကို တကယ်ပဲမေ့ နေခဲ့ပါတယ်..။
ကိုအိမ်ရေ... ကျေးဇူး ပါ...။

ကျွန်တော်လည်းအတွေးတွေကို ပြင်ဦးမှ ...။

2 February 2009 at 22:04

မှန်လိုက်တာ ကောင်းကင်တို့က မေအကြောင်းပဲ တွေနေရတယ်။ကိုအိမ်ပြောမှပဲ အဖေကိုသတိရလာတာ။ဒါပေမဲ့ ကောင်းကင် အဖေက ဒီလောက ကနေထွက်သွားတာ ငယ်ငယ်လေး ထည်းကဆိုတော့ ၀မ်းနည်းမိပါတယ်။

25 April 2009 at 02:10

ကိုအိမ်ပြောလို့ အဖေကဗျာ စက်ဦးမယ် ကျေးဇူးကိုအိမ် အကြိမ်ကြိမ်

22 May 2010 at 17:53

အဖေကိုတော့ မမေ့ပါဘူး ကိုအိမ်ရ..
အမေများနေ့မှာ အမေကို အမှတ်တရ..လုပ်ပေးတာပါ..ဒါပါပဲ..
တကယ်တမ်းတော့ အဖေရယ် အမေရယ် နှစ်ယောက်လုံးကြောင့် လူဖြစ်လာရတာ မဟုတ်လား..

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း