Thursday, January 15, 2009

သင်္ဘောသားဘဝ

22
သင်္ဘေားသားဘ၀တွေအကြောင်းသိသလောက်တော့ ဖွချင်တယ်ဗျာ။သင်္ဘောသားတွေကလဲ မတစ်ထောင်သားတွေဆိုတော့ အမျိုးမျိုးရှိကြတယ်ဗျ။အဲဒီထဲက ကျနော်တွေ့ဖူးတဲ့သူတွေကတော့ တကယ့်စူပါစတားတွေလို့ ပြောရမဲ့သူတွေပါပဲ။ ကျနော်တို့ ရွာ(ရန်ကုန်)မှာသင်တန်းတက်ရတုန်းက သင်တန်းဆရာပြောတဲ့စကားသလိုပါပဲ သင်္ဘောသားဆိုတာကမ်းကုန်လို့ရေထဲရောက်လာတဲ့
ကောင်တွေတဲ့ ဟုတ်လည်းဟုတ်လောက်တယ် ဘယ်သူမှမကြည့်နဲ့ ကျနော့်ကိုပဲကြည့် မဟုတ်က၊ ဟုတ်ကစကားဆိုအလွန်တတ်တာ အားလုံးအသိပဲလေ ဟီးဟီး။
လူအမျိုးမျိုးစိတ်အထွေထွေဆိုသလိုပေါ့ဗျာသင်္ဘောသားတွေထဲမှာ ဘုရားတရာကိုင်းရှိုင်းတဲ့သူလဲပါတာပေါ့ဗျာ ဘီးစိပ်အရမ်းကျတဲ့လူလဲရှိရဲ့၊ နောက်ပြီးမြင်းဇောင်းထဲကလွှတ်လိုက်တဲ့ မြင်းလိုပဲ သုံးဖြုန်း ကဲတဲ့သူလဲရှိရဲ့(ရွာမှာ
အုပ်ထိန်းသူတွေကြောက်လို့ မကဲရသမျှ သင်္ဘောပေါ်ရောက်မှ ကဲကြတဲ့သူ)တချို့လဲ သုံးလဲသုံး စုလဲစုတဲ့သူလဲရှိ
ရဲ့ အမျိုးမျိုးပေါ့ဗျာ။ ဒီအထဲကကျနော်သိသလောက် လူတွေရဲ့စရိုက်လေးကို ပြောပြချင်တယ်။
တနေ့ပေါ့ စကားစပ်လို့ပြောကြရင်းလုပ်ဖော်ကိုင်ဘက် တစ်ယောက်က ရန်ကုန်ပြန်ရောက်တုန်းကအကြောင်း အခုလိုပြောပြတယ်ဗျ။ တနေ့သူရယ် သူ့မိန်းမရယ်နှစ်ယောက် ကမ်းနားလမ်းမှာ ရှိတဲ့ ၆ထပ်ရုံးကို သွားကြတာပေါ့ ၆ထပ်ရုံးအပေါ်ဆုံးထပ်ကနေ ဆိပ်ကမ်းကို လှမ်းမြင်ရပါတယ်း။
အဲဒီအပေါ်ဆုံးထပ်ရောက်တော့ သူကနေပြီး သူ့မိန်းမကို ဟိုးမှာတွေ့လား ကြယ်ငါးပွင့်သင်္ဘောခေါင်းတိုင်
မောင်တို့က အဲဒီထက်မြင့်တဲ့ သင်္ဘောခေါင်းတိုင်တွေပေါ်တက်ပြီး ဆေးသုတ်ခဲ့ရဘူးတယ် ပြုတ်ကျရင် အသေပဲ
ဘာညာနဲ့ မိန်းမ သနားသွားမလားဆိုပြီး ပြောပြပါတယ် အဲဒီမှာ မိန်းမ ပြောလိုက်တဲ့ စကားနဲ့ နှစ်ယောက်သား
ရန်တွေဖြစ်ခဲ့ရပါသတဲ့ ဖြစ်လဲဖြစ်ချင်စရာလေ ပြောပုံကြည့်ဦး အိုး.... ဒီလောက်တော့ လုပ်ရမှာပေါ့ ယောကျာင်္း
လေးပဲတဲ့ အမှန်က သူလိုချင်တာက (ဟယ်..မောင်ရယ် အန္တရာယ်များလိုက်တာ အလုပ်လုပ်ရင် သတိထားနော်) ဘာညာပေါ့ဗျာ အဲလိုစကားကို သူကကြားချင်တာလေ။
နောက်တခုကတော့ ရွာကိုဖုန်းဆက်ရင်း ဖုန်းထဲမှာရန်ဖြစ်တာပါ။ဖြစ်ပုံကတော့ ပင်လယ်ထဲမှာ ရက်ရှည်လ
များနေလာပြီး ကမ်းကပ်တော့ ရတဲ့အချိန်လေးအပြေးအလွှား ဖုန်းကဒ်ဝယ်ပြီး မိန်းမဆီဆက်ရင်း ဖြစ်ကြတာများ
ပါတယ် ဘယ်လိုဖြစ်လဲဆိုတော့ သင်္ဘောသားကလဲ ရတဲ့အချိန်လေးမှာ အလွမ်းသယ်ချင်တာပေါ့နော် ဖုန်းကဒ်
သွားဝယ်ရင်း စဉ်းစားသွားတာက ဘယ်လိုအလွမ်းသယ်လိုက်မဟဲ့ဆိုပြီး အားခဲသွားတာလေ တကယ်လဲဖုန်း
ဆက်ရော သင်္ဘောသားခမျာဘာမှတောင်မပြောရသေးဘူး မိန်းမက ပိုက်ဆံအရင်မေးတော့တာပဲ ပြောပုံလဲ
ကြည့်ဦး နေကောင်းလာအရင်မမေးဘူး ပိုက်ဆံဘယ်တော့ ပို့မှာလဲ ဒီမှာကုန်လို့ ချေးထားတယ် အကြီးကောင်
ကျုရှင်ဖိုးနဲ့ အငယ်မကျောင်းလခ ဘာညာနဲ့ အစုံကိုပြောတာလေ ဒီတော့ သင်္ဘောသားခမျာဒေါသမထွက်ခံနိုင်
ရိုးလားဗျာ။
နောက်တခု ကျနော်တို့ သင်္ဘောသားတွေထဲမှာ တစ်ယောက်နဲ့တစ်ယောက် အမြဲနောက်ပြောင်တတ်တဲ့စကား
တခုရှိပါတယ် ဘာလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်ရွာမှာပြန်တွေ့ကြရင် တစ်ယောက်အိမ်တစ်ယောက်
လိုက်လည်ရင်း ပြောကြတဲ့စကားလေးပေါ့ဗျာ။ (ခွေးမသားသင်္ဘောသား အဲကွန်းလေးတောင် မတပ်သွားဘူး) တဲ့
သဘောကတော့ဗျာ မိန်းမက လင်ငယ်ထားပြီး အဲဒီ လင်ငယ်က လင်ကြီးသင်္ဘောသားကို အိမ်မှာ အဲကွန်းလေး
တောင် မတပ်ပေးသွားလို့ ပြောတဲ့စကားပါ။ ဒါလဲ တကယ်ရှိလို့ ဒီစကားထွက်လာတာလို့ ထင်တာပဲခင်ဗျ။ကိုယ့်
ရဲ့လုပ်ဖော်ကိုင်ဖက်ထဲက ၂ယောက်အဲလိုအဖြစ်မျိုး ကြုံခဲ့ရတယ်ဗျ တစ်ယောက်ဆို ရှုးမလိုကိုဖြစ်သွားတာဗျ။
ဖြစ်ပုံက သူရွာပြန်ခါနီးမှာ သူ့မိန်းမအကြောင်းကြားထားလို့လားတော့ မပြောတတ်ဘူး ကျနော့်ဆီမှာ ဒေါ်လာ
၂၀၀၀တိတိကို တာဝန်မယူဘူး မထားခဲ့နဲ့ သုံးလိုက်မှာပြောလဲ ထားခဲ့တယ်ဗျ ကျနော်လဲ သူပြန်ပြီး သိပ်မကြာဘူး
ပြန်ရတယ်ဗျ ဒါနဲ့ ရန်ကုန်မှာပြန်တွေ့တော့ ပုံစံတွေ အတော်ကို ပြောင်းသွားတယ်ဗျ ပထမတော့ သူလဲကျနော့်
ကို မပြောသေးဘူး ကျနော့်ဆီအပ်ထားတဲ့ ငွေထဲက သူလိုသလောက်ပဲ လာလာယူတယ်ဗျ ဒါနဲ့ ကျနော်လဲ အကုန်ယူသွားပါဆိုလဲ မယူဘူးချည်းပြောတယ်။ကျနော်လဲ မသင်္ကာတာနဲ့ မရမကမေးတော့မှ သူ့မိန်းမက ၂လုံး
နံပါတ်ပေးတဲ့ ဘိုးတော်လိုလို ဘာလိုလိုကောင်နဲ့ မရှင်းရှင်းတဲ့ပြီးတော့ သူအရင်ကပို့ထားတာတွေလဲ ဘာစာရင်း
မှ မပြနိုင်ဘူးတဲ့။ သူကံကောင်းသွားတာက တကယ့်သူတော်ကောင်းတစ်ယောက်နဲ့သွားတွေ့လိုက်တာပဲပေါ့ ဘာ
လို့လဲဆိုတော့ အရင်သင်္ဘောလိုက်တုန်းကတောင် အရက်ကို နေ့ရောညရောလောက်ကို သောက်တဲ့သူက အဲလို
ဖြစ်နေချိန်မှာ လုံးဝမသောက်တော့ဘူးဗျ ကျနော်က တိုက်ပါ့မယ်ဆိုတာတောင် မသောက်တော့ဘူး။ သူတော်
ကောင်းတစ်ဦးရဲ့ကျေးဇူးနဲ့ ဘာအမှားတခုမှ မကျုးလွန်မိပေမဲ့ ရှုးမလိုဖြစ်သွားတာတော့ အမှန်ပဲဗျ အဲဒီနောက်
ပိုင်းဘာဆက်ဖြစ်လဲတော့ မသိတော့ဘူး ကျနော်က ပြန်ထွက်လာရလို့ မသိတော့တာပါ။အော်... ပြောဖို့မေ့နေ
တယ် သူတို့မှာ ကလေးနှစ်ယောက်ရှိတယ်ဗျ အရွယ်လဲ ရောက်နေပြီ သူက ကျနော့်လုပ်ဖော်ကိုင်ဖက်လို့သာ
ပြောရတယ် ကျနော့်ထက် အသက်ကြီးတယ်ဗျ မကွားဘူးဆိုရင် နှစ်၂၀လောက်ရှိမလားမသိဘူး သင်္ဘောသား
အိုကြီးပေါ့ဗျာ။
အဲနောက်တစ်ယောက်ကျတော့ ကံကောင်းတယ် ပြောရမလားဘာလားတော့ မသိဘူး။ သူ့အဖြစ်ကဒီလိုဗျ.....
သူကျတော့ သင်္ဘောဖစ်လ်တာလုပ်တာ(၀ရိန်ဆော်တာလို့ အလွယ်ပြောရအောင်)လခလဲကျနော်တို့ထက်
ကောင်းတယ်ဗျ ထောင်ကျော်ရတယ်သူကျတော့ ရသမျှကို မိန်းမဆီပို့တယ်ဗျ မိန်းမကရွာမှာ ကားနဲ့တိုက်နဲ့ဟန်း
ဖုန်းနဲ့ထင်တိုင်းကျဲနေတာပေါ့ ကားမမောင်းတတ်လို့ ဒရိုင်ဘာတောင် ခေါ်ထားတာဗျ။ ဖြစ်ချင်တော့ သူ့မိန်းမ
ကအဲဒီ ဒရိုင်ဘာနဲ့ညှိရောဗျို့ အဲဒါကိုသိတဲ့ သူ့ဘက်ကဆွေမျိုးတွေကသူဖုန်းဆက်ချိန်ပြောကြတာပေါ့ဗျာ ဒါနဲ့
သူကလဲပြန်လာမှရှင်းမယ်ဆိုပြီး အသာငြိမ်နေလိုက်တယ်ဗျ။ သူ့မိန်းမကလဲ အပါးပဲဗျ သူယောကျာင်္းပြန်လာခါနီး
မှာ သူ့ရွာက ညီမတ၀မ်းကွဲကို လှမ်းခေါ်ပြီး အိမ်မှာနေခိုင်းလိုက်တယ်ဗျ ဒါနဲ့ သင်္ဘောသားကြီးပြန်လာတော့
မိန်းမက မသိမသာရော သိသိသာသာရော သူ့ညီမ၀မ်းကွဲနဲ့ သူ့ယောကျာင်္း မညှိ ညှိအောင်လုပ်ရောဗျို့။ဒီတော့
ဗျာ ရိုင်းရိုင်းပြောရရင် ဟိုကလဲရက်ရှည်လများက သင်္ဘောပေါ်မှာနေပြီး တနေ့တနေ့ ကိုယ့်လုပ်ဖော်ကိုင်ဘက်
လူတွေရဲ့ အခွက်ကြီးပဲမြင်လာခဲ့ရတဲ့သူဆိုတော့ ပျင်းတောင် ပျင်းသေးသတဲ့ဗျား။သူ့ဇာတ်သူ့အရပ်နဲ့ကတော့
ဟုတ်လို့ ဒါကလဲအခုဆို ၃နှစ်၊၄နှစ်လောက်ရှိပါပြီ ဆိုတော့ အခုလောက်ဆို ဘာတွေဘယ်လိုဖြစ်ကုန်သလဲဆို
တာတော့ မသိတော့ဘူးဗျ။ သူတို့နာမည်တွေတော့ မပြောတော့ဘူးဗျာ သူတို့သိသွားရင် ငါတို့အရှက်ခွဲတဲ့
ကောင်ဆိုပြီး ၀ိုင်းထုမှာကြောက်၇သေးတယ်ဗျ ပြီးတော့ ကိုယ့်ဆရာတွေဆိုလဲမမှားဘူးဗျ။ကိုယ့်ဆ၇ာတွေလဲ
ဘယ်သောင်တင်လို့ ဘယ်ကမ်းကပ်နေကြလဲ မသိတော့ဘူးဗျ။ကျနော်ကတော့ တခါကမ်းကပ်လိုက်တာ အခုဆို
ရေထဲ ပြန်မရောက်တာ၈နှစ်လောက်ရှိရောပေါ့။
ပြန်စဉ်းစားကြည့်ရင် သူများတွေဘ၀များ ပြောင်းလဲသွားကြတယ် ကျနော့်မှာတော့ ဒုံရင်းက ဒုံရင်းပါပဲ ဘာမှ
မပြောင်းလဲပါဘူး ပြောင်လဲသွားတာဆိုလို့ အသက်ကြီးလာတာလေးတခုပါပဲ။(ကြော်ငြာဝင်ရတာလဲ အခါပေါင်း
မနည်းတော့ဘူး တစ်ယောက်မှလဲ မတစ်ယောက်ကြဘူးဗျာ)။


22 Response to သင်္ဘောသားဘဝ

15 January 2009 at 21:39

သြော် လက်စသတ်တော့ ကိုအိမ်က သဘောင်္သား လူပြိုကြီးကိုးးးးးး ကြော်ငြာက လဲ ကပ်ဝင်လိုက်သေး ဟား ဟား မကြာမီ စွံတော့မှာပါဗျာ အားတင်းထား သဘောင်္သား အတွေ့ အကြုံများ ခံစားသွားပါတယ် အကိုရေ

Anonymous
15 January 2009 at 22:12

တော်တော်ရေးတတ်တာဘဲ...အတွေ့အကြုံလဲစုံပ
ကိုရီးယားမင်းသမီးလေး ပေးမယ်...လာယူရေ

15 January 2009 at 23:04

အို အိမ်အိမ်... ဟုတ်ပါဘူးမှားသွားလို့
အိုဇာဇာ မျက်ဝန်းလေးထဲမှာ .. အဟမ်း
ကြော်ညာတွေနော် သိနေတယ်နော်
ဟီဟီ

Anonymous
16 January 2009 at 01:10

ရောက်သည် မိတ်ဆွေကြီးရေ။ အဆင်ပြေပါစေဗျာ။

တက်လူငယ်..

Anonymous
16 January 2009 at 02:04

အရေးသားကတော့ကောင်းပါ့ဗျာ....
အပြောကနဲ့ညက်မယ့်ပုံပဲ...
ဒါနဲ့တောင်မစွံသေးဘူးလားဗျ...
မယုံနိုင်စရာ...:P

ခင်မင်လျက်

Anonymous
16 January 2009 at 09:19

သူမစွံဘူးဆိုတာမျက်စိပဲနေမှာ..မယုံကြနဲ့..ဟီး

:P
16 January 2009 at 10:38

သင်္ဘောသားဘ၀ စာတွေ ဆက်ဖတ်ချင်သေးတယ်...။

တကယ်ရချင်၊ တကယ်လုပ်၊ အဟုတ်ရရမည်..(မိန်းမ)။

16 January 2009 at 10:53

ပင်လယ်အကြောင်းလေးတွေရေးဦးဗျာ

Anonymous
16 January 2009 at 11:03

ကိုအိမ်က ရေးတတ်တယ် သင်္ဘောသားတွေဘ၀က ကိုအိမ်ပြောမှပဲ သေချာသိတော့တယ် ကြားဘူးတာတော့ ကြာပြီ လွယ်ဘူးနော်.

16 January 2009 at 12:39

သင်္ဘောသားဘဝက မလွယ်ဘူးပဲ။
အဆင်ပြေပါစေ။
အစစ အရာရာပေါ့။ :P :P

Anonymous
16 January 2009 at 17:58

နောက်ထပ်အတွေ့အကြုံလေးတွေလည်း ရေးပါဦး။ သင်္ဘောသားဆိုတဲ့ အသိမရှိတော့ သူတို့အကြောင်းကို မသိဘူး။

16 January 2009 at 18:21

ကြေင်ငြာကလဲ ပိုစ့်တိုင်းပါတယ်နော်
ဒီလူပျိုကြီးတော့ မလွယ်ကြောပဲ
ကဲ ဘလော့ဂါ မမတွေရေ ရှာပေးလိုက်ကြပါဗျာ
တော်ကြာ ပိုစ့်မရေးပဲနဲ့ ကြော်ငြာပဲ ထိုင်ရေးနေဦးမယ်

16 January 2009 at 18:43

အိမ်တစ်ယောက်မစွံသေးဘူးဆိုတာ မျက်စိပဲနေမှာပေါ့..ကြော်ငြာကြီးပဲသိပ်မ၀င်နဲ့ဦး
ကိုယ့်ဘာသာလဲအစွမ်းအစလေးရှိမှပေါ့
ပေါင်မုန့်ရေစိမ်မျက်နှာနဲ့ဘယ်သူမှလဲကြိုက်မဲ့ပုံ
မပေါ်ပါဘူးဗျာ

16 January 2009 at 20:37

သောင်းပြောင်းထွေလာ သဘောင်္သားဘ၀ကို ဖတ်သွားပါကြောင်း

ကိုယ့်ဆရာတွေအကြောင်းဘဲရေးတယ်
ကိုယ့်အကြောင်းရော ရေးဘူးလား

17 January 2009 at 03:24

သင်္ဘောသားဘ၀ကို အများနားလည်အောင် ရေးတတ်တဲ့ ဆရာအိမ်ရေ Cheers! အများက သင်္ဘောသားဆို ပိုက်ဆံရှာနိုင်တာကလွဲလို့  ခပ်ဆိုးဆိုးဆိုတဲ့ ၀ါးလုံးရှည်နဲ့  ရမ်းချင်ကြတယ်လေ။ တကယ်တော့ တစ်ရွာတစ်ကျီဆောက် မူးပြီးသောင်းကျန်းလို့ ရတဲ့ ခေတ်၊ တစ်ခေါက်ထွက်ရုံနဲ့  ကားဝယ်စီး တိုက်ဆောက်နိုင်တဲ့ ခေတ်ကကုန်ခဲ့တာ ကြာလှပေါ့။ ခုလို ခံစားရတဲ့ ဒုက္ခသုက္ခ အ၀၀နဲ့  သူတို့ ရဲ့ လူမှုရေးဒုက္ခတွေကို ဘယ်သူကမှ မသိကြပဲကိုး။ အဲလို လူမှုရေးဒုက္ခတွေ အကြောင်းကြားရရင် တကယ့်ကို ဒေါသထွက်မိတယ် အသက်နဲ့ ရင်းရှာဖွေတဲ့ ဒုက္ခကို သေချာမသိပဲ သုံးရက်လေခြင်း၊ လုပ်ရက်လေခြင်းဆိုပြီးတော့။ ကောင်းတယ်ဗျာ ဆက်သာရေး အားပေးတယ်ဗျို.။ ဒါနဲ့  ဒီတစ်ခါလည်း ကြော်ငြာပါသေးတယ်လား။ ဟီး ယုံပါဘူးဗျာ ဒီလို ဒီဇိုင်းနဲ့  အပြတ်ရှိုင်းနေတဲ့ပုံက မစွံသေးဘူးဆိုတာ။ ထင်တာတော့ ခေါင်းခေါက်ရွေးနေလို့ ပဲ ဖြစ်ရမယ်။

17 January 2009 at 07:14

သိနေ တယ်နော်.....
အခြင်းခြင်းတွေ.....
ဟင်းဟင်းဟင်းဟင်း......
စတာပါ......
ကြော်ငြာကအမှန်ပါဗျို့ ...
ဟီးဟီးဟီးဟီး
လစ်ပြီ..

17 January 2009 at 10:03

a tat bal loth sheet p lal ????

:D

Anonymous
17 January 2009 at 18:55

အဟေးးဟေးး
ကြော်ငြာကလည်းဝင်ပါ့။
မလွယ်ဘူးနော်။ သင်္ဘောသားလုပ်ရတာလည်း။ သင်္ဘောပေါ်မှာပဲ နေရတော့ စိတ်ဖိစီးမှုတွေ ဘာတွေလည်းရှိမှာပေါ့နော်။ ဒီကြားထဲ လူမှုရေးပြသနာတွေပါကြုံရရင်တော့.....

19 January 2009 at 23:51

စုံတယ်နော်
သင်္ဘောသားဘ၀ကလွတ်တာ ၈နှစ်ရှိပြီဆိုပေမယ့်
အမှတ်ရနေတုန်းပဲပေါ့
ဖတ်သွားပါတယ်
အတင်း မရမက ကြော်ငြာဝင်တာကိုပေါ့ :P
အရာရာအဆင်ပြေပါစေ :)

20 January 2009 at 01:25

သင်္ဘောသီး အယ် သင်္ဘောသား ကိုအိမ် ။ အဲကွန်းဘာလို့ တပ်မသွားတာလည်း အယ်... မှားလို့ အဆင်ပြေတယ်ဟုတ် ရေကို မလွမ်းဘူးလား? လင့်ယူသွားတယ်။

23 January 2009 at 15:34

အင်း.. သင်္ဘောသီးတွေ ဘဝကလည်း မလွယ်ဘူးပဲနော်....
အဲလိုကိုယ်ချင်းစာမိနေတုန်း ကြောငြာက ဝင်ဝင်ဖြက်တယ် ဂယ်ပဲ ဂယ်ပဲ
ဟိဟိ

11 February 2009 at 21:04

သဘောင်္သီး အကြောင်းလေးတွေ ဖတ်ရတော့လဲ ၂ ခါဖြေတာတောင် မအောင်တဲ့ mot drawing စာမေးပွဲလေးနဲ့ ဒေါက်ဆင်းခဲ့ ရတဲ့ ရက်လေးတွေကို သတိရသားဗျ။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း