Tuesday, January 13, 2009

အဘွားရဲ့ တစ်နှစ်ပြည့် အမှတ်တရ

28
မ၀ါဝါခိုင်မင်းက တခါတလေ တည်တည်တံ့တံ့လေးေ၇းပါဆိုလို့ တိုက်ဆိုင်နေတာနဲ့ ဒီစာလေးရေးလိုက်တာပါ။
လာမဲ့ ၂၀.၁.၂၀၀၉ဆိုရင် အဘွားဆုံးတာတစ်နှစ်တင်းတင်းပြည့်ပါပြီ။ဒါပေမဲ့ ယနေ့အထိ အဘွားရဲ့ကျေးဇူးတွေ
မေ့မရသေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူရဲ့ဂုဏ်ရှိန်နဲ့ ကျနော်တို့မိသားစုတွေ မျက်နှာပွင့်လန်းခဲ့ကြတာဟာ အရင်ကရော လက်ရှိရော၊ နောင်ရောကြောင့်မို့ပါ။ ဘယ်နေရာသွားသွား ဒေါ်မေနွဲ့မြေးလို့ သိကြတာနဲ့ အနည်း
နဲ့အများတော့ သာမာန်လူထက် အခွင့်အရေးရခဲ့ကြပါတယ် ဘယ်လိုပြောရမလဲ အဘွားအရှိန်နဲ့ မျက်နှာပွင့်တယ်
ပြောရမှာပေါ့ဗျာ။ ဒီတော့ ကျနော့်အနေနဲ့ တစ်နှစ်ပြည့်အဖြစ် ပို့စ်ထပ်တင်တာ မလွန်ပါဘူးနော်။
ရေးလက်စနဲ့ဆက်ရေးမယ်ဗျာ အဘွားရဲ့ သားအငယ်ဆုံး ကျနော့်ဦးလေးဟာလဲ အဘွားရဲ့ မြန်မာလိုသက္ကရစ်
နဲ့ဆိုတစ်နှစ်ပြည့်တဲ့နေ့မှာ ဆုံးပါးသွားပါတယ် လည်ချောင်းကင်ဆာနဲ့ပါ။ဆိုတော့ မှတ်မှတ်ရရတွေ ဖြစ်ကုန်ပါ
တယ်။ဦးလေးရဲ့အဖြစ်ကလဲ အတော်ကိုဆိုးဝါးပါတယ် အဓိက အစာဝင်တဲ့ နေရာမှာ ကင်ဆာလာဖြစ်တော့ အစာ
မစားနိုင်တော့ပါဘူး အတော်ကိုတုန်လှုပ်ခြောက်ခြားစရာပါပဲ မတွေးဝံ့စရာပါပဲဗျာ။ မိသားစုတွေခမျာ ဘာမှမ
တတ်နိုင်ပဲ သူခံစားနေရတာ ငုတ်တုတ်ထိုင်ကြည့်နေခဲ့ရတယ်တာ အလွန်ပဲကြေကွဲစရာပါ။
အခုအောက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေ၊ဇာတ်လမ်းခွေနဲ့ ဟောပြောထားတာတွေဟ အဘွားရဲ့ သူဖြတ်သန်းခဲ့
တဲ့ ဘ၀ရဲ့ တချို့ အစိတ်အပိုင်းဆိုရင် မမှားဘူးပေါ့ဗျာ။
အဘိုးနဲ့အဘွားပုံပါ အဘိုးကတော့ရှုမ၀ဦးကြည်မောင်



ဒါကတော့ ငယ်ရွယ်စဉ်ကပုံလေးပါ



ဒီပုံလေးကတော့ ရုရှားကိုပညာတော်သွားသင်တုန်းက ရုရှားမှာရိုက်ခဲ့တာပါ



ဒါကတော့ ၂.၁၀.၇၆ မှာအကယ်ဒမီယူတုန်းကပုံလေးပါ ကျနော်ထင်တယ် ရွှေချည်ငွေချည်တန်းပါလို့ ဆိုတဲ့ရုပ်ရှင်နဲ့ရတာလို့



ဒါကလဲ အကယ်ဒမီရတုန်းကပုံပါ ရွှေရင်သိမ်းသစ်လို့ထင်တာပဲ ခင်ဗျ



ဒီပုံလေးကတော့ ရာမလက်ခဏာကတုန်းကပါ



ဒါလဲရာမလက်ခဏာကတုန်းကပုံးလေးပါပဲ



ဒါလဲရာမလက်ခဏာကတုန်းကပါပဲ




ဒီပုံကတော့ အမေများအဖွဲ့ပုံပါ အဲဒီမှာ အဘွားကခေါင်းဆောင်ပါ





ဒီဟာလေးကတော့ မင်းကတော်ကက်ဆက်ခွေဇာတ်လမ်းလေးပါ ဒီအခွေမှာအဘွားက အမေဒေါ်ခင်အဖြစ်အသံသရုပ်ဆောင်ထားပါတယ် မျက်ရည်ခိုင်မှနားထောင်နော် ဇာတ်လမ်းလေးကသနားစရာဇာတ်ပါ



ဒါလေးကတော့ ဘယ်ဟောပြောပွဲမှာလဲ မသိဘူးဟောခဲ့တဲ့ အားလူးဆိုတဲ့ခေါင်းစဉ်နဲ့ သူ့ဘ၀အကြောင်းပါ ဒါလေးကိုနားထောင်
ကြည့်ရင်ရယ်ရပါတယ် အိမ့်အဘွားလို့မပြောရဘူးဆိုတာ နားထောင်ကြည့်ရင်သိမှာပါ ခင်ဗျာ။ ရုပ်ရှင်လောကလဲ အကြောင်းသိချင်ရင်နားထောင်လေ့လာနိုင်ပါတယ်။ ပြီးတော့သူဖြတ်သန်းခဲ့ရတဲ့ဘ၀တွေကိုဟာသလေးနှောပြီး ဟောထားတာဆိုတော့ နားထောင်ရတာမပျင်းဘူး နားထောင်လို့ကောင်းတယ်။

အပိုင်း ၁
အားလူး -ဒေါ်မေနွဲ့

အပိုင်း ၂

အာလူး - ဒေါ်မေနွဲ့

အဘွား၏နောက်ဆုံးခရီး



အားလုံးကိုအထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

28 Response to အဘွားရဲ့ တစ်နှစ်ပြည့် အမှတ်တရ

13 January 2009 at 19:33

ဒီတခါ တကယ် အတည်ရေးတာလား။
အမေနွဲ့ကြီးငယ်ငယ်က မြေးထက်ပိုချောတယ်နော်.
ကွာပါ့.. မောင်အိမ်က အဘိုး နဲ့တူတာလား။အဟား
မင်းသမီးကြီးမြေးဖြစ်ပြီး မင်းသားမဖြစ်လာတာက ရုပ်
ကြောင့်ထင်ပါရဲ့။ :D ရုပ်ကိုက သင်္ဘောသားဖြစ်မယ့်
ရုပ်လို့ပြောတာပါကွယ်။အဟီး ။ ( တော်ကြာ သူ့ကို
ကြောက်ရတယ် ၊ပြန်တွယ်နေရင်မလွယ်ဘူး။)
နှိပ်ကွတ်သင့်တာနှိပ်ကွတ်ပြီး ဖားသင့်တာပြန်ဖားထား
မှ.) :D

13 January 2009 at 19:38

အော်...
အိမ့်အဖွားကို အနော်လည်း ချစ်တယ်ဗျ..
အမေများအဖွဲ့မှာ က.တာကို ကြည့်ပြီးတော့
အရမ်းချစ်ခဲ့တာပါ..။
(ရှေးကားတွေတော့ မကြည့်ဖူးဘူး)

ဘာပဲဖြစ်ဖြစ်
အဖွားချစ်သူတွေတွေထဲမှာ
အနော်လည်းပါပါတယ်..
:D

13 January 2009 at 20:31

ကျနော့်ကိုက အမေ့ အမေ(အဖွား)က မွေးစားထားတာဗျ။
:)

13 January 2009 at 20:32

အော်

အိမ့်အဖွားကို ရင်းရင်းနှီးနှီးမြင်ဘူးပါတယ်ကြည့်နေတာ
အောက်ဆုံးရောက်မှဘဲ အမေနွဲ့ မြေးဆိုတာသိရတယ်။

အမေနွဲ့ ကောင်းရာဘုံမှာ စံစားနိုင်ပါစေရှင်

13 January 2009 at 21:12

အိမ်က ဒေါ်မေနွဲ့ရဲ့မြေးမှန်း အခုမှ သိရပါတယ်။ အိမ်တို့ဂုဏ်ယူရတဲ့ အဖွားအတွက် တကယ်ကို စိတ်မကောင်းပါဘူး။ ဓာတ်ပုံအဟောင်းတွေကို ကြည့်ခွင့်ရတာကတော့ တကယ်တန်ဖိုးရှိပါတယ်။ အဖွားဒေါ်မေနွဲ့ ကောင်းရာဘုံဘ၀ရောက်ပါစေ...

Anonymous
13 January 2009 at 21:43

ဘွားဘွားဒေါ်မေနွဲ့က ငယ်ငယ်ကတော်တော်ချောတာနော်
ဓာတ်ပုံလေးတွေ ပြန်ကြည့်ရတာ ကောင်းလိုက်တာ.. ကျေးဇူးပဲ။ ဘွားဘွားဒေါ်မေနွဲ့ ကောင်းရာဘုံဘဝရောက်ပါစေ......

13 January 2009 at 22:11

ငယ်ငယ်ကပုံတွေ ရုပ်ရှင်တွေတော့ မကြည့်ဖူးဘူး.. အခုလို ပြန်တင်ပြတာ ကျေးဇူးပါနော်.. အူးအူးအိန်လဲ အသိတရားတွေ ရနေပြီပေါ့ ဟုတ်လား
:P :P

ကောင်းတယ်ကောင်းတယ်.. အဘွားခြေရာနင်းပေါ့.. :P
ရွှေချည်ငွေချည် တန်းပါလို့ သီချင်းလေးကို အရမ်းကြိုက်တယ်.. မက်မက်ကို အဲဒီသီချင်းလေး ရှိရင်ပို့ပေး လေ နော်.. :))

s
13 January 2009 at 23:07

အမေ နွဲ့ ပြောတာတွေကို နားထောင်သွားတယ် အာလူးဆိုတဲ့ခေါင်းစဉ်နဲ့ ။ ရယ်ရတယ် သိလား။

Anonymous
14 January 2009 at 00:46

တစ်နှစ်တောင် ရှိသွားပြီလား.. နေ့အိပ်မက်ကခဏလေးလို့ ထင်နေတာ... အချိန်တွေက ကုန်မြန်လိုက်တာနော်... နေ့အိပ်မက်လည်း ဦးဦးအိမ်အဖွားကို တအားချစ်တယ်... ကောင်းရာမွန်ရာရောက်ပါစေလို့ လှိုက်လှိုက်လှဲလှဲဆုတောင်းပေးပါတယ်နော်.. ဦးလေးကိုရောပေါ့...
အဘွားရဲ့မြေးမို့လို့ မျက်နှာပွင့်တယ်ဆိုတာလေး ဖတ်ရတော့.. နေ့အိပ်မက်လည်း အဲလိုပဲ တစ်ယောက်ယောက်ကြောင့် မျက်နှာပွင့်တာရေးချင်တယ်.. ဒါမဲ့.. သူက သက်ရှိထင်ရှားကြီးရှိနေတာ... ဒုက္ခ.. သေခိုင်းလို့လည်းမဖြစ်နဲ့... ဖွ.. ဖွ.. လွဲပါစေ.. ပယ်ပါစေ... နောက်ကြုံမှ ရေးတာပေါ့နော်... :)

Anonymous
14 January 2009 at 01:45

ထင်တော့ထင်သားဗျ...။
ဒီလူကြီးအနုပညာပိုးကမသေးဘူးဆိုတာ....
လက်စသတ်တော့အနုပညာမျိုးနဲ့ရိုးနဲ့ကိုးဗျ...
ကိုအိမ်လည်းဒီထက်ပိုအောင်မြင်ပါစေဗျာ...

Anonymous
14 January 2009 at 03:20

အိမ်က ဘယ်ခေလို့လဲ အနုပညာမျိုးပေါ့နော် ။ အမေဒေါ်မေနွဲ့လို အဖွားရဲ့ မြေးဖြစ်ရတာ တကယ်ဂုဏ်ယူစရာပါ ။

14 January 2009 at 08:59

အင်း ဘယ်လိုပြောရမလဲဆိုတော့ အမေနွဲ့က ပိုချောတယ် ပိုခန့်တယ် ဟီးဟီး အကိုရေ အမေနွဲ့ ကောင်းရာရောက်နေမှာပါ... ဆုတောင်းပေးပါတယ်

14 January 2009 at 09:27

လူလိမ်မာလေးဖြစ်ပါစေလို့နော်
အဖွားကိုစခဲ့တာတွေ ကောရေးပါဦး
ဖတ်ချင်တယ်။

:P
14 January 2009 at 10:20

ဒေါ်မေနွဲ့ရဲ့မြေးမှန်း ခုမှသိရတယ်....
အမေဒေါ်မေနွဲ့ကို ချစ်တယ်..ငယ်ငယ်ကပုံတွေကို
ခုမှ မြင်ဖူးတာ...
အဘွားက အရမ်းပိုချောတယ်နော်...
(ပြောရတာ အားနာလိုက်တာ...ဟိ )

:P
14 January 2009 at 10:22

ဒါဆို အရှေ့မှာ ရေးဖူးတဲ့ ကားရိုက်ရှိတယ်ဆိုပြီး ဖုန်းဆက်ပြီးအကျပ်ခံရတာ ဒေါ်မေနွဲ့ပေါ့...
တော်တော်ဆိုးတဲ့ အိမ်ပါလား.........

14 January 2009 at 12:42

အဖွားက တော်တော်ချောတာပဲ...
အကိုအိမ်တို့များ အဖွား ခြေဖျားတောင် မမှီဘူး... :P

အမေများအဖွဲ့ကို အရမ်းသဘောကျတယ်...
ဘာလိုလိုနဲ့ တစ်နှစ်တောင် ပြည့်တော့မှာကိုး...
အဖွားဒေါ်မေနွဲ့ကောင်းရာ ဘုံဘ၀ ရောက်မှာပါ...

14 January 2009 at 12:57

အဖွား......ငယ်ငယ်တုန်းက တော်တော် ချောတာပဲ...
အိမ်နဲ့များကွာပ..... အဟီး. နောက်တာ...

အဘွားကောင်းရာ .. ဘုံဘ၀ ရောက်ပါစေ

Anonymous
14 January 2009 at 13:19

အဖွားကို ငယ်ငယ်ကတည်းက ရုရှင်တွေမှာ ကြည့်ဖူးတယ်..အဖွား ကောင်းရာသုဂတိလားပါစေဗျာ...

14 January 2009 at 15:54

အဖွား ဒေါ်မေနွဲ့ ငယ်ငယ်က ချောတယ်နော်
အကိုအိမ်နဲ့ တော့ ကွာပါ့ :P
အဖွားကောင်းရာဘုံဘဝရောက်ပါစေလို့ ဆုတောင်းပေးပါတယ်

15 January 2009 at 01:26

အဖွားက ချောတယ်ဗျာ ကိုအိမ်လဲ
အဖွားနဲ့တူလို့နေမှာ အချင်းချင်းကပ်မြှောက်ခဲ့တယ်
ငါ့ချစ်ကိုကြီးကို ၀ိုင်းဖဲ့နေတာ မကြည့်ရက်လို့
အဖွားကောင်းရာသုဂတိလားပါစေ ကိုအိမ်ရေ

15 January 2009 at 12:15

စာလာဖတ်သွားတယ်အိမ်ရေ..
စိတ်မကောင်းပါဘူး..
ဒေါ်မေနွဲ့ ကောင်းရာသုဂတိလားပါစေ...
အဟမ်း.. အမေနွ့ဲ ကချောတယ်နော်..
အိမ်ကကော..အဟဲ.. :P :)

15 January 2009 at 17:58

အဖွားက ကိုအိမ်အဖွားလား ချစ်စရာလေးနော်
အဖွားကတော်တော်ချောတယ်
ရုပ်ရှင်တွေထဲမှာ မြင်ဘူးတယ် အဖွားကို
အဖွားဒေါ်မေနွဲ့ ကောင်းရာသုဂတိလားပါစေ

15 January 2009 at 19:17

အမေဒေါ်မေနွဲ့ရုပ်ရှင်တွေကိုငယ်ငယ်ကကြည့်ခဲ့ဘူးတယ်.သရုပ်ဆောင်လည်းပိုင်နိုင်ပါတယ်.
အဖွားကပိုချောတယ်.ကိုအိမ်ရေ.

15 January 2009 at 19:30

ဟဟဟားးး အိမ်ကို နှိပ်ကွတ်သွားကြတာ..
ဘာတတ်နိုင်သေးလဲ.. ဟီးးရယ်ရတယ် တကယ်.
မောင်အိမ်တော့ ဒီတကြိမ်နာပြီ။

ကွန်မန့်တွေကို စိမ်ပြေနပြေကြီးကိုဖတ်သွားတယ်။ :D

15 January 2009 at 21:24

အားလုံးနိုင်သလောက်ဖတ်သွားပါတယ်။

17 January 2009 at 07:05

ညီက လူချော မဟုတ်ဘူး
မိန်းကလေးတွေဘဲချော ဖို့လိုတာလေ...
ညီက လူခန့် ...
အစ်ကိုနဲ့တူလို့....ဟီးဟီးဟီးဟီးဟီး
ကြုံလို့ပြောတာပါ...

အဖွားကောင်းရာသုဂတိရောက်ပါစေ လို့..
ဆုတောင်းလိုက်ပါတယ်..

Anonymous
23 January 2009 at 10:04

ကိုအိမ်က ဘာလို့ မင်းသားမလုပ်တာတုန်း အဖွားက တကယ့်နိုင်ငံကျော်ကိုဗျာ ခုမှပြောတယ် လက်မှတ်လေးတစ်ချက်လောက် ကိုအိမ်း)

အတည်ရေးပြီး ခုလိုသိခွင့်ဖတ်ခွင့်ရတာ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ။

29 April 2009 at 05:11

သူများတွေက အမျိုး ပြောကြတယ် သမီးပျို ဘယ်လို နှိပ်ကွပ် ရင်ကောင်းမလဲ ကိုအိမ့်ပုံ ပဲကြည့်ချင် တော့တယ် ပြရမယ် ဒါပဲhttp://anglepyo.blogspot.com/

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း