Friday, January 09, 2009

Queen

28
မ၀ါက သူ့ဆလိုက်ရှိုးမှာပါတဲ့ဘလော့သူတွေအတွက် ကဗျာလေးစပ်ပေးပါလို့ တောင်းဆိုထားတာ အခုမှပဲ ရေးဖြစ်တော့တယ်ဗျာ။
ကျမ်းမာပကတိ ချမ်းသာစေ၊ အိမ်ကလေး ဆုမွန်ချွေ
လောကဓံတရား ရှောင်ရှားခါ၊ Queenလေးဘေးကင်းစွာ၊
အဲဒါမှအဖြေရ၊ အိမ်ကလေး ပျော်ရွှင်ရ။
မ၀ါ(မ၀ါဝါခိုင်မင်း)ဘလော့တွင် ကြည့်လိုက်ရင်၊
မိန်းမလှလေးများစွာပင် စတိုင်အမျိုးမျိုးနဲ့ ကြည့်လို့မ၀ အိမ်ကလေး ရှုးပြီဗျ
ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတာ အသက်ရှုဖို့ပင်မေ့နေဗျာ။
ကြည့်တတ်ရင် ဘာဝနာဗျ တရားရသဗျ
ဒါပေမဲ့ဗျာ စွဲနေတာ ဘယ်လိုမေ့ရပါ။
အိမ်ကလေးအလွန်ထင်ပါရင်
ဆက်ဖတ်ကြပါ ရှင်(ကာရံကဒီလိုပဲရလို့ ရှင် ဖြစ်သွားတယ်ဗျ ဟီး)
ဆံတိုလေးနဲ့ မမဗျာ၊ အလွန်လှတယ်ဗျာ
စတိုင်ကလဲ မိုက်မှမိုက် အိမ်ကလေး အလွန်ခိုက်၊
မခိုက်ပါနဲ့ အိမ်ကလေးရာ၊ ဆံပင်ဈေးကကောင်းတယ်ကွာ၊
ဆံရှည်လေးကို ရွေးလို့ကြိုက်၊ အဲဒါတွက်သားကိုက်။
အားလုံးကလဲ ချောသဗျာ ဘယ်သူ့ရွေးရဗျာ
အိမ်ကလေးမှာ အာရုံနောက် စက္ကု(မျက်လုံး)အာရုံပျောက်။
စိတ်မဆိုးရင် ပြောပြချင် ဘာလော့သူအားလုံး
Queen ပေးလိုက်ချင် ဒါမှသာ အာလုံးပျော်ကြ အိမ်ကလေးလဲ အဖြေရ
ဟ...ဟ...ဟ..ဟ..ဟ။

28 Response to Queen

Anonymous
9 January 2009 at 20:50

စတိုင်ကလဲ မိုက်မှမိုက် အိမ်ကလေး အလွန်ခိုက်၊ တဲ့ လုပ်ပြန်ပြီး ဘာမှကို အလွတ်မပေးပါလားနော် ဒီတစ်ခါ ကိုအိမ့် ဆီလာရင် ကြောင်မလေးမခေါ်ခဲ့တော့ဘူးး =) မှီးမှီးရေ့ ပြန်ကြရအောင် ဒီအိမ်မှာ အခြေနေမကောင်းဘူး အဖေ အနံ့ရနေတယ် :P

Anonymous
9 January 2009 at 21:12

မဟုတ်တာ တစ်ခုခုတော့ကြံနေတာတော့သိတယ် ဘာများလည်းလို့လာကြည့်တာ အင်း တော်ပါပေ့မောင်အိမ်ရေ..
တစ်ယောက်မှကို အလွတ်မပေးတာတော့နော်

မမေ

Anonymous
9 January 2009 at 21:12

ဟာ.. ပေါ်တင်ကြီးကိုလုပ်ကုန်ဘီဟ..။ ကွိကွိ.. သားသားတော့အပါဝူးနော်..။

9 January 2009 at 21:21

မောင်အိမ်နော်.. မောင်အိမ်.. ဟင်းးဟင်းးဟင်း
ဒါပဲပြောမယ်။
ကဗျာကလဲကောင်းလိုက်တာ လွန်ပါ့.. မပြောချင်တော့
ပါဘူး.. ( ကင်းကင်း နေရအောင်လို့ ကင်းရွေးပေးလိုက်
တာနော်.) အကောင်းထင်မနေနဲ့ဦး။ ဟတ်ဟတ်

တခါတလလောက်လဲ တည်တည်ကြည်ကြည်လေး နေပါဦးလား မောင်အိမ်ရယ်..သူများတွေလေးစားအောင်. :D
မောင်မင်းရောဂါက ကုလို့ရလောက်တော့ပါဘူး။ ဟီး

9 January 2009 at 21:41

ကဗျာလေးစပ်ထားတာကလည်းကောင်းလိုက်တာ။ တစ်ယောက်မှာအလွတ်မပေးတော့ဘူးလားမသိဘူးနော်။
သူ Queen ပေးချင်လို့ဟုတ်ဘူး အဖြေလိုချင်လို့တဲ့။ ဟီးးးးးးးးးးး

Anonymous
9 January 2009 at 21:46

ဟားဟား
အစ်ကိုအိမ်နဲ့ ကင်းကင်းရှင်းရှင်းနေရန်တဲ့ မမဝါကပြောသွားတယ်..... ကဗျာကတော့ရှယ်ပဲ... ရီသွားရတယ်..... :D

9 January 2009 at 22:13

ကဗျာကတော့ ဟာသပဲ... ကာရံညီအောင် "ရှင်" လိုက်တာကို သဘောအကျဆုံးပဲ... slide ထဲက ဘလော့ဂါသူတွေတော့ ကိုအိမ်ကို လိုက်ရိုက်တော့မယ်... :))

9 January 2009 at 22:13

ဟားဟား.။... ရယ်တွားဒယ်... မက်မက်ဘလော့မှာလဲ ဦးဦးအိန်အကြောင်းကို တင်မလို့ စိတ်ကူးထားတယ် သိလား... အဟား... ကဗျာလေးပါပဲ... ဦးအိန်နဲ့ ချွတ်စွပ်ပဲ.... ကဗျာထဲက ပုံနဲ့ လေ..နော့်... နောက်နေ့ကျမှ တင်မယ်... အဟဲ... :P

9 January 2009 at 22:31

ဒီလိုနဲ့ ဘဲ ဟိုလူရွေး ဒီလူရွေးနဲ့  နောက်ဆုံးတွင် အိမ်သည် လူပျိုကြီးဘ၀နှင့် အရိုးထုတ်သွား ရှာသည်။

အသားကဈေးကောင်းရလို့  အရိုးဘဲကျန်ပါတယ်ရှင်

း)

9 January 2009 at 22:38

ကိုအိမ်ကတော့ လုပ်ပြီး အဲဒါပဲ လူပြိုကြီးတွေ ဟီးးးးး တာဝန်နဲ့ ၀တ္တရားကလဲ ရှိသေးမဟုတ်လား တာဝန်တွေလဲ အရမ်းထမ်းဆောင်ချင်နေတယ် ဟီးးးးးးးး ဘာတဲ့ အိမ်တောင်မှ အဖြေရတဲ့ ဟီးးးးးးးးးးးး ကိုအိမ်ရေ ကဗျာလေး ဖတ်သွားတယ် မောင်အိမ်က အဆော်ခံ ထိချင်နေပြီး ထင်တယ် ဟီးးးးးးး

10 January 2009 at 01:08

ဆရာသမားကတော့ လုပ်ပြန်ပြီ
မမ၀ါက ပြီးသွားပြီသူက မပြီးသေးဘူး...

Anonymous
10 January 2009 at 11:21

ကိုအိမ် အားလုံးကို ကွင်းပေးချင်နေတယ်ပေါ့လေ ဟီး

10 January 2009 at 14:18

ကောင်းတယ်ဗျို့လို့ပဲ အော်သွားလိုက်တယ် ကိုအိမ်ရေ..
လည်ချောင်း နာသွားတယ် .. အော်သွားလို့

10 January 2009 at 14:51

အကိုအိမ်တို့ကတော့လေ...
လုပ်ကပြီ...
ဒါကြောင့် ကင်းပေးဖို့ ဗုတ်လိုက်တာ...
ဟက်ဟက်... :P
မှတ်ချက်... ကင်း = ကင်းကင်းရှင်းရှင်း နေရန်

10 January 2009 at 17:07

လုပ်ချလိုက်ပြန်ပြီ ဆံပင်ဈေးကောင်းလို့ ဆံပင်ရှည်ရွေးကြိုက်တယ်ပေါ့
ရည်ရွယ်ချက်ကောင်းတယ် :P

10 January 2009 at 17:19

ကာရံကြောင့်ရှင်ဖြစ်သွားတာ ဟုတ်ရဲ့လားဂျ :P
အကိုအိမ်တို့က မီလွယ်ပါ့လား
ကဗျာလေးအတွက်တော့ ကျေးဇူးအထူးပါ
အားရပါးရ ပြုံးသွားရယ်သွားတယ်ချင့် :P

10 January 2009 at 17:48

အစ်ကိုအိမ် ကျတော့ကို တစ်ဝက်ခွဲပေး နော် ..ဘဝတူချင်းပဲဗျာနော်..အဟား..ဘလော်ဂါသူလေးတွေ ကျတော့ကိုပါ ဝိုင်းရိုက်နေပီဗျ။ ဒါနဲ့ ကိုအိမ် ဆံပင်တွေ ဈေးကျနေပီတဲ့..ဟိုတနေ့က ဂျာနယ်ထဲမှာပါတယ်..နောက်တစ်မျိုးကြံပါအုန်း

10 January 2009 at 20:26

ကိုအိမ်ကကြံဖန်ရေးတက်ပါ့.ဘေးနားကသူငယ်ချင်းကိုပါဖတ်ခိုင်းပြီး ရယ်ခိုင်းလိုက်တယ်..ဟား ဟာားးးးးးးးးးးး

Anonymous
10 January 2009 at 20:44

ကိုအိမ်
နေမကောင်းတာတောင်လာအားပေးသွာံးတယ်ဗျို.
တော်တယ်ဗျို.။ဘယ်သူပြောပြောအဲ့လို ပျော်
အောင်နေဗျာ.တည်တည်တံ့တံ့ဆို အချို.ကောင်မလေးတွေကမကြိုက်ဘူးတဲ့။ကျနော်တော့ ဘာမှမရေးနိုင်သေးဘူး။ရေးချင်တာတွေများနေလို.။စကားမစပ် ကျနော်လည်းမိန်းမမရှိဘူးနော်ဟဲဟဲ များနေလို.မနိုင်ရင်......

11 January 2009 at 02:16

ကောင်းတယ်ဗျိုး
ကဗျာလေးက
....ရှင် ။ဆိုတဲ့နေရာလေးမှာတော်တော်ကို
ရယ်လိုက်ရတယ်။
ကောင်းတယ်ကိုအိမ်ရေ။
အားပေးနေပါတယ်။
ဟိန်းညီ

12 January 2009 at 08:56

လုပ်နေတာ ဟွန်း မပြောချင်ဘူး အခုထိ ဒီ Q တွေ မပြီးသေးပါလား ကိုအိမ် ဟဲဟဲ ကဗျာကတော့ လန်းတယ်ဗျာ မိုက်တယ်

12 January 2009 at 21:59

ကဲကဲ...သူများမန့်သွားတာတွေဖတ်ပြီးတော့ ဘာမှမပြောတော့ပါဘူးဗျာ ပေါင်မုန့်ရေစိမ်မျက်နာနဲ့လူက.....အင်းးးးးးးးးး
မပြောတော့ပါဘူးလေ....ဟိဟိ

12 January 2009 at 22:12

ကွင်း အားလုံးကို ရှောင်ကွင်းသွားပါတယ်ဗျာ
တော်တော်ကြာ ကိုယ်နဲ့စိတ်ကောက်လည်း
ဘလော့မှာ ရေးနေရင် မခက်ဘူးလားဗျာ
ချောပေမယ့်လည်း.... သားသားကြောက်ကြောက်

12 January 2009 at 23:47

ယောကျာင်္းကောင်းမောင်းမ၁ဝဝဝ တဲ့...
လုပ်ဗျို့ ...........

Anonymous
13 January 2009 at 10:04

မြှောက်ပြောတယ်မထင်နဲ့နော် စီးပွားရေးဘက်ကိုဦးတည်ထားတာတော့မကောင်းပါဘူး လောဘလဲကြီးလွန်းတယ် ။ ညီညီမျှမျှပေါ့ (မနာလိုဘူး)

Anonymous
13 January 2009 at 18:59

ကာရံကတော့ သဘောကျသဗျ..။ဟာဟ

14 January 2009 at 02:40

ကိုအိမ် ဘယ်နှယောက် က အဖြေပြန်ပေးပြီလဲ ။ :P
နောက်တာ ကျနော်ပါ အဆစ်ပါသွားဦးမယ် ။ :D

23 January 2009 at 15:40

ဦးအိမ်ကတော့ လုပ်ချလိုက်ပြီ... ဘာလော့ဂ်သူတွေအားလုံး ခေါင်းတုံးတုံးထားရမယ့်ကိန်း... ဟီးဟီး

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း