Saturday, July 30, 2011

ပန်းပန်လျှင် နန်းဆန်တယ် ဆိုလို့

0
မဝယ်ဘူး အချစ်ဦးရယ်မို့
ရည်စူးကာ သူပန်ဆင်စေရယ်လို့
မောင်ကိုယ်တိုင် ပန်းစုံတောမှာ
သူခိုးခြေလှမ်းနဲ့ရယ်ပ ညုာတံကို
ကိုင်ကာ ခူးမယ်လို့ လက်ရွယ်ကာ
နေတုန်း ... တုပ်လိုက်တယ်ဗျား ..
အား..ဟား ... အားဟား ...။

ပျားတုပ်တာကိုပြောတာနော် တလွဲမတွေးနဲ့။ မြန်မာဆန်ဆန် လေးချိုးခေါ်မလား ... ဒါမျိုးလေးတွေ သိပ်မတွေ့ရတော့လို့ စိတ်ကူးပေါက်ရာ ကောက်ရေးလိုက်တာ ...


No Response to "ပန်းပန်လျှင် နန်းဆန်တယ် ဆိုလို့"

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း