Sunday, December 07, 2008

ဘလော့ဂါသူလေးများ

24
ဘလော့ဂါသူလှပျိုဖြူ
မြင်သူလူတိုင်းပြေး၊
ဝါးခြမ်းပြားနှယ် ခန္ဓာရယ်
နတ်မယ်အရှုံးပေး။
သူ့ဘလော့ကိုလာလည်ရန်
ဖိတ်မာန်သူခေါ်သေး၊
လည်လည်သွားပြီး ဖတ်ရပြန်
မဟုတ်တာ သူအလွန်ရေး။
ရည်းစားတစ်ထောင် လင်တစ်ကောင်
ယင်ဖိုတောင် မသန်းသေး၊
အဘယ်ကြောင့်ဟူ ပြောရမူ
ကိုယ့်လူမရယ်ကြေး
သွားလေးကခေါ တင်ကလျော
စွေသောမျက်ခွန်မှေး၊
တင်းတိပ်ဝက်ခြံ ၀န်းပတ်ရံ
နှုတ်ခမ်းမဲမဲလေး၊
ထို့ကြောင့်သာပ လင်မရ
သူမလှပဂေး၊
အဟေး..ဟေး..ဟေး။
အဟိဟိ..... မကျေနပ်ရင် ကျနော်တို့ ဘလော့ဂါကြီးတွေကို ပြန်လည် ရေးသားခြေပနိုင်ပါတယ်နော်။
ဒီလိုမှမဟုတ်ပဲ.. ကျမရုပ်မဆိုးပါ လှပါတယ်ဆိုရင်တော့ ယခုလက်ရှိ ရက်ပိုင်းအတွင်းက ရိုက်ကူးထားသော
တကိုယ်လုံးပုံ ၄လက်မ+၆လက်မ ကာလာပုံနှင့် ပတ်စ်စပို့ပုံကိုပူးတွဲ၍ အီးမေး(သို့)ကွန်မန့်တွင်ရေးသားတင်ပြ
နိုင်ပါကြောင်း.....................................။
အဟေးဟေး.... မပိုင်ဘူးလား ဘလော့ဂါညီ၊အကိုတို့ရေ။ :D
အော်..ဒါနဲ့ ဒီကဗျာလေးရဲ့မူရင်းရေးသားသူကတော့ ကဗျာဆရာရှင်ဟန်ဝင်းပါ ဒါပေမဲ့သူ့ကဗျာလေးကိုနဲနဲပြုပြင်
ထားတာကလွဲလို့ကျန်တာကတော့ ကူးချ(ခိုးချ)ထားတာပါခင်ဗျား။



24 Response to ဘလော့ဂါသူလေးများ

7 December 2008 at 23:20

ဟ ဟ၊ ရတယ်။
ရုပ်ဆိုးတာ အန္တရာယ်ကင်းတယ်။ မီးမီးကတော့ ရုပ်ဆိုးဆိုးပဲ။ ဟိ ဟိ။ :P :P

7 December 2008 at 23:54

လာမယ်လာမယ်... ပြန်ချေပဖို့ အားမွေးလိုက်ဦးမယ်..အခု ကနဲနဲ ဘီဇီးဖြစ်နေလို့...
မနက်ဖြန်ပြန်လာခဲ့မယ်.. ဟားဟား
ဦးအိန် မျက်ခုံးသာလှုပ်နေတော့.. မမတို့ဘက်က ရပ်
တည်ပေးရမှာပေါ့..ဒါမှ တရားမှာ..
ဟုတ်ရဲ့လားဝေ့.. ဘလော့ကာ ပေါင်းမောင်းမတို့ရေ..
.. ဟားဟား.. :P :P

8 December 2008 at 01:06

ကိုအိမ်
ခင်ဗျားကတော့လေ
ပြဿနာပဲ
မှန်တော့ မှန်တာပေါ့ဗျ
မှန်တိုင်းရေးလို့ ဘယ်ဖြစ်မလဲ
နောက်မရေးနဲ့နော်...
ဟိဟိ။
:D

8 December 2008 at 01:16

အိုးဂေါ့..
ကဗျာလေးက စွန်လှချည့်ရဲ့။
ရွာသူတွေတော့ ကိုအိမ်ကိုဆီကို တုတ်တွေနဲ့ လာတော့မယ်ထင်တယ်။
အနော်တော့ ပါဘူး။ လစ်ပီ...(ဟိဟိ)

8 December 2008 at 09:39

ဟိုက်...
ငါရုပ်ဆိုးတာ အကိုအိမ် ဘယ်လိုသိသွားပါလိမ့်...
အဟား...

Anonymous
8 December 2008 at 09:49

မီးမီးကလည်း ရုပ်ဆိုးဆိုးပါပဲ
မထူးတော့ပါဘူး ဝန်ခံသွားတာ ဟားဟား
အမယ်..အားမငယ်ပါဘူးနော်
ဝိုင်ဝိုင်သီချင်းတောင် ရှိသေးတာပဲ

....လူဆိုတာ အမြင်မှာ ခါးသီးလည်း နှလုံးသားလေးရိုးသားနိုင်တယ်..
ဆိုတာလေ ဟိဟိဟိ

ကဲ ဘာတတ်နိုင်သေးသလဲ :P

8 December 2008 at 10:46

ဟား ဟား ဒစ်စကောင့် ဘလော့သူလေး က မိုက်တယ်။ အမှန်တွေ ကို ရေးတယ်။ ဒွင်းဒွင်း ဘလော့ မှာ ဘယ်လိုချေပထားလဲ သွားကြည့်လိုက်ဦးမယ်ဗျို့

8 December 2008 at 11:32

ရယ်သွား အကိုအိမ်ရေ...

8 December 2008 at 12:59

နာမယ်..နာမယ် မောင်အိမ်တို့ကတော့..
အစ်မ ရဲ့ ညီမလေးတွေကို အဲလိုမပြောနဲ့နော်.ဟဟ
တော်တော်နောက်တယ်. ပြဿနာကို မီထွန်း အဲ ကဗျာ
စပ်ပြီးကို ရှာတယ်.
ညီမလေးဒွင်းရေ မောင်အိမ်နဲ့ အပေါင်းပါတွေကို
နာနာသာတွယ်ဟေ့..း)

8 December 2008 at 13:06

အယ်လေ... ဦးအိမ်တို့ကလည်း သိသာသိစေ .. မမြင်စေနဲ့ဆို... မထူးပါဘူး.. ခပ်တည်တည်ပဲ နေလိုက်တော့မယ်.. ဒါပေမယ့်... အဲလေ ... ဘာဆက်ပြောရမှန်းမသိတော့ဘူး..(ရှက်ရမ်းရမ်းခြင်း).. အဟိ..

8 December 2008 at 13:22

ပုလဲပြောတာမှန်တယ်ဗျိုး ဘီယာဗိုက်နဲ့ ဟီဟီ
ပုလဲတို့ရေးလိုက်တာတော်ဒယ်
ဘယ်လိုချေပရရင်ကောင်းမလည်းစဉ်းစားတာ ညီမလေးပုလဲကစော်သွားတာ ကောင်းလိုက်တာ
ပျော်လိုက်တာ.. ကဲ မောင်.... သ..င်္ဘော..အဖေ ဘယ်လိုလည်း..ဟီဟီ

8 December 2008 at 13:45

ဟာ. ညီလေးေ၇ .. ဘာလို့အမှန်တွေကိုပြောရတာလဲဟ..အဟီး
မင်းတော့ဘလော့ခ်ကာမမတွေဝိုင်းပြီး KISS ( အဲ .. ကစ် Kick ) ကြဦးမှာမြင်ယောင်သေး.. ဟီးဟီး

8 December 2008 at 15:13

မရောက်တာကြာလို့ အခှုသိတယ် ကြည့်စမ်း...
အစ်ကိုကတော့ လုပ်ပြီး ဟ ဟ ဟ
ရုပ်ဆိုးတော့ ရန်ကင်းတာပေါ့ အစ်ကိုရာ ဘာဖြစ်တုန်း :P

Anonymous
8 December 2008 at 15:35

မပုလဲက တန်ပြန်ချေပထားတာလေးလဲ သွားပြီး
အားပေးကြပါဦး။

Anonymous
8 December 2008 at 18:22

ဟားဟားလုပ်ပြီဟေ့ ကိုအိမ်တို့ကတော့ **ဟေဟေ***
လာထားကွ**ကြည့်ပစ်လိုက်မယ်***အဟီးးးးးးး

8 December 2008 at 21:27

အမှန်တွေရေးတော့ ဘယ်ခံနိုင်မလဲ
ကိုအိမ်ရ ဘယ်သူဖြစ်ဖြစ် အမှန်ပြောရင် မခံနိုင်ဘူး။
ဟုတ်တယ် တကယ်ပြောတာ ကျတော့ဆို ခဏခဏ
ရုပ်ချောတယ် ရုပ်ချောတယ် လာလာပြောမခံနိုင်ဘူး။
ဘယ်နဲ့ ကိုယ်က ရုပ်မချောချင် ယောင်ဆောင်အောင်နေတာမရဘူး။
အချွန်နဲ့ ၀င်မသွားတယ်။

8 December 2008 at 23:51

အဟေး ဆရာအိမ်တို့ ကတော့ ဗြောက်အိုးတွဲကို မီးသွားရှို.တာလား။ ပြသနာကို ဆလိုက်မီးထွန်းပြီး ရှာတာလားတော့မသိဘူး။ ဘလော့ရွာသူတွေတော့ လူစုမောင်းထုပြီး ပြန်တွယ်ကြတော့မယ်။ နာတော့မပါဘူး။ ဘာမှမလုပ်ပဲနဲ့ တောင် နှိပ်ကွပ်ခံနေရတာ။ တားတားကြောက်ကြောက်၊ ဝေေ၀းကပဲ အားပေးမယ်။ ငှဲငှဲ။

9 December 2008 at 11:16

ဟေး ဟေး ဟေး...ဒါမှ ကိုအိမ်ကွ.

10 December 2008 at 09:31

ဟား ဟား ဘလော့ဂါ ညီအမတွေ လာထောင်းတော့မယ် ကိုအိမ်ကို ပြေးဗျို့ ပြေး........

Anonymous
10 December 2008 at 11:55

ရုပ်ဆိုးသူများ ဒီလိုဘဲ ပြောတတ်ကြ၏
ရုပ်ချောသူများ ငြိမ်ငြိမ်နေ၏
အိမ်ဆိုတဲ့ အကိုလေးရေ သွားပြီ....တတတ်တာ

Anonymous
10 December 2008 at 12:53

100% ထောက်ခံတယ် ဒါမျိုးလေးတွေးတက်တာ အားကျတယ် အိမ်ရေ့း) ချီးယားးးးးးးး ဟိဟိ ကိုယ်မလုပ်ရဲတိုင်းမြှောက်ပေးနေတယ် ။

11 December 2008 at 10:19

poem ka mhan tar tway write hter lo lar ma thi buu taw taw lay kg tal. hee hee.poem ko like lae like tal.khout lae khout tal. he he taw khar koe ko par lar yan lote own mal.lit p byoo.

30 December 2008 at 10:15

ကောင်းတယ်ဗျ ကဗျာက
အဲဒီလိုတစ်ပုဒ်လောက်စမ်းလုပ်အုံးမှပဲ

.
3 September 2009 at 22:52

ပာ ပာာားးး မိုက်တယ် . .အကြံပိုင်ပါ့ဗျာ

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း