Tuesday, December 09, 2008

ကြင်ဖော်ရွေးပွဲ

31
စိတ်ရှိတိုင်းသာပြောပြရရင်
ငါ့ဘ၀က လွမ်းလောက်စရာမရှိပါဘူး
ငါ့ဘ၀ငါထွင်းဖောက် ကြည့်မိတော့
ဘ၀မှာ နေမင်းလိုထွန်းလင်းတောက်ပခြင်းလဲမရှိ
လမင်းလို အရောင်မှိန်မှိန်လေးနဲ့ အေးမြခြင်းလဲမရှိ
ငါ့ကိုယ်ငါ ပြင်ဆင်ချင်တာတွေကတော့ အများကြီးပဲ
ကမ္ဘာကြီးကို ခါစောင်းတင်နိုင်လောက်အောင်
နေမင်းလိုမတောက်ပရင်လဲနေပါစေ
လမင်းလို မအေးမြရင်လဲ နေပါစေ
ဝပ်၁၀၀အားမီးသီးလောက်လင်းရင်ကိုပဲ ရပါပြီ။
ဒါပေမဲ့ပေါ့ ကိုယ်တိုင်က အားထုတ်မှုနည်းခဲ့သလို
အားပေးဖော် ကြင်နာသူလေး ကလဲမရှိတော့
ငါ့ကိုငါအားပေးရင်း
ရှေ့ဆက်ပြီး ဘ၀လမ်းခရီးကို
အားမာန်အပြည့်နဲ့ လျှောက်လှမ်းနိုင်ဖို့
ဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ
ဘ၀ကြင်ဖော် သုံးယောက်လောက်တော့
လိုချင်မိပါရဲ့။
စိတ်ဝင်စားသူ ဘလော့ဂါသူလေးများ ကွန်မန့်တွင် အမည်၊အသက်၊အလုပ်အကိုင်နှင့်လစာများကို အမှန်အကန်
ဖော်ပြ၍ လျှောက်ထားနိုင်ပါသည်။ မပုတင်အစစ်နှင့်ရာကွတ်ထောက်ခံစာပါပူးတွဲတင်ပြပါရန်။
လစာနဲလျှင် ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ :D :D :D :D



31 Response to ကြင်ဖော်ရွေးပွဲ

9 December 2008 at 18:51

ဂယ်ဘဲ ၃ ယောက်တော်ပြီလား....

9 December 2008 at 18:53

ဟားဟား***နည်းဘူးလား ကိုအိမ်ရာ***
နောက်ထပ်လေးပေါ့***

9 December 2008 at 19:02

" တစ်ယောက်ဆိုတစ်ယောက်
ပိတောက်ဆိုပိတောက်
မင်းနဲ့ဆိုရင် ငါးယောက်မြောက် "

မင်းရဲ့ သုံးယောက်လဲ ငါခွင့်လွှတ်တယ်
မင်းအရင်လူတွေလဲ နားလည်ပေးမယ်ဆိုရင်ပေါ့ ...

တို့က အရမ်းသဘောထားကြီးတတ်တယ်
မင်း Bank Card ရဲ့ Password လေး ပေးထားမယ်ဆိုရင်ပေါ့ ...

ကျန်တာ အားလုံးနားလည်ပေးမယ်
လမ်းခွဲတဲ့အခါ ..ပိုင်ဆိုင်မှုတွေအကုန်ရရင်ပေါ့ ...

ဘာမှထပ်မတောင်းဆိုချင်ဘူး
အ၀တ်တထည် ကိုယ်တစ်ခုနဲ့ အိမ်ပေါ်က
မင်းဆင်းပေးသွားရုံလေးပဲ ...

တို့က နားလည်ပေးတတ်ပါတယ် ..

9 December 2008 at 19:48

တော်သေးတာပေါ့ ၃ ယောက်လောက်မို့လို့း)

အိမ်ရေ သီချင်းလေး အရမ်း ကြိုက်တယ်ဗျာ အဆိုတော်နာမည်လေး ပြောပြပါ့လား

9 December 2008 at 20:30

ဟွန်း..လွန်တယ်.ဒါဘဲပြောမယ် သဘောပေါက်

9 December 2008 at 20:31

ကိုအိမ်ရေ..သုံးယောက်နည်းတယ်။ ငါးယောက်လုပ်လိုက်.. အားပေးနေတယ်....

9 December 2008 at 20:50

အိမ်ရေ
တစ်ကယ်တော့ အိမ်ကဗျာတွေကကောင်းပါတယ် နောက်ပိုင်း အရွှတ်ဖောက်သွားတာကိုက ရသတစ်မျိုးပါ ဒီလောက်ဆိုသဘောပေါက်နော် တစ်ကယ်မြှောက်ပြောတာ
လိုချင်တဲ့ ၃ယောက်လည်းအတိအကျရပါစေ။

9 December 2008 at 20:56

အိမ်တို့ ကတော့လိုချင်တာတောင်
၃ယောက်တဲ့ ..ဟွန်း..လောဘကလဲကြီးပ..
မပြောလိုက်ချင်ဘူး.. :P

9 December 2008 at 21:13

တော်ပီလား... သုံးယောက်ဆို.... အဟား...
:P :P

ဒါနဲ့ ပြောရဦးမယ် သိလား.. ဦးချင်တေ့ တယောက်
အရူးထောင်ကနေ ခိုးထွက်လာတယ်တဲ့.. အဲဒါ တွေ့ရင် အကြောင်းကြားလိုက်ပါဦး... သက်ဆိုင်ရာက
အခုသူ့ကို အပူတပြင်း လိုက်ရှာနေကြတယ် သိလား..
အမယ်..တွေ့ရင် ဆုငွေရမှာနော်...အဟဲ... :P :P

လစ်ပြီဗျို့.... လစ်ပြီ... တွေ့ရင် ပြောမှာဆိုးလို့ .. အဟိ...bye bye

9 December 2008 at 21:25

တော်ပီလား တုံးယောက် နည်းတာပေါ့
တားဆို ငါးယောက်လောက်လိုချင်တာ
လိုချင်တာပြောပါတယ်။
အထုတော့ တီယောက်တောင်၇ှိဘူး။
ဟီဟီ ၀င်ကြော်ငြာသွားတာ

Anonymous
9 December 2008 at 21:56

၃ ယောက်လဲ နည်းတယ် ၅ယောက်လည်းနည်းတယ်...။
တကယ်က ရသလောက် ယူရမှာ..:P

Anonymous
9 December 2008 at 22:10

စာလေးတွေ Philo ပါတယ်။ သရော်ဟန်လည်း ပါတယ်။

ဒီပို့စ်ရယ် မဟုတ်ဘူး။ ဖတ်သမျှကို ခြုံပြောတာပါ။

ကောင်းတယ်။

သင်ကာ

9 December 2008 at 22:57

ဟယ်........၃ယောက်ထဲလား အများကြီးပေးမှာပေါ့မိန်းမဆိုပြီးရောဆိုရင်ဒီမှာမိန်းမလေးတွေ အများကြီးပဲသေချာကြည့်မသိစေရဘူး
ဟိဟိ

9 December 2008 at 23:17

ဘာပြောဒယ်... ၃ ယောက် .. ဟုတ်လား..
ဒေါင် ဒေါင် ဒေါင်....
ဘာပြောရမှန်း မသိလို့ .. ပိတ်ခေါက်သွားတာ..

9 December 2008 at 23:27

သုံးယောက်ဟုတ်လား

လက်စသတ်တော့ခင်ညားက
ကီလားကြီးကိုဗျ။
နာမည်အရင်းကဘာရဲဟင်...
ကိုဘွတ်တားလား။

ကျနော်ကြေညာပေးထားမယ်
မပူနဲ့။

9 December 2008 at 23:29

ဟားဟား.. တော်ပြီလား ၃ ယောက်ဆို..
စိတ်ကုန်စရာကောင်းတာမသိသေးလို့ထင်တယ်..
ဟားဟား.. ၁ ယောက်တောင်ရှာမရလို့စိတ်ညစ်နေတာ
၃ ယောက်ဆိုရင်တော့ ... ဘုရား.. ဘုရား.... တွေး၇ဲဖူး..

10 December 2008 at 00:17

အားပါး..ကစ်ချက်တွေကတော့ လန်ပါ့ဗျာ။
အစ်မဒင်ဒရဲလားကတော့ ထောက်ပြသွားလေရဲ့။ ဘဏ်ကဒ်လုပ်ထားတဲ့ ပါ့စ်ဝါ့ပေးရင်တော့....
အိုကေ..အဆင်ပြေ..

10 December 2008 at 00:58

ဆရာသမား ဘယ်လိုပြောလိုက်တာပါလိမ့်
သုံးယောက် .......
ဟိုမှာ စောင့်နေတယ် သုံးယောက်
၁ - ပွင့် - ၉၈နှစ် - မော်ဒယ် - $ 0
၂ - ဂေါ်ဇီလာ - ၈၉နှစ် - ခြင်ဆေးခွေရောင်းသူ - $ 00
၃ - အရိုးပဒေသာ - ၈၈၉၉၉၉၈၈နှစ် - အသားရောင်းသူ - $ 000
ကယ် ကြိုက်တဲ့ သူသာရွေးပေတော့
သုံးယောက်စလုံးလိုချင်တယ်ဆိုလဲ ရတယ်
သူတို့အားလုံးက သဘောထားကြီးကြတယ်
-လမင်းလို အရောင်မှိန်မှိန်လေးနဲ့ အေးမြခြင်းလဲမရှိ- အဲဒီစာသားလေးတော့ကြိုက်တယ်
ဒါပဲ ပြန်ပြီ

10 December 2008 at 02:12

မပုတင်နှင့် ရာကွတ် ထောက်ထံစာကလိုသေးလို့ လားဗျ ။
မပါလဲ ယူမှာပဲကို ။ ဟားဟား

10 December 2008 at 08:49

အိမ် တို့ကတော့ လုပ်နေတာ..လုပ်နေတာ.. မပြောတော့ဘူး။း)

10 December 2008 at 09:46

တော်ပီလား ၃ယောက် နည်းဘူးလား ပြန်စဉ်းစားပါအုံးး)

10 December 2008 at 10:44

တော်ပီလားသုံးယောက် ....ဒေါက် (ခေါင်းမခေါက်ပါဘူး ထိပ်ထုသွားတာ) :P
၃ ယောက်က နည်းပါတယ် ...

Anonymous
10 December 2008 at 11:47

အချွန်နဲ့ မလိုက်ဦးမယ်
၃ ယောက်က နဲတယ်...နတ်ပြည်မှာဆို တဖက်လေးငါးရာ...ဟီးးး

10 December 2008 at 12:55

မြတ်စွာဘုရား.. ၃ ယောက်ဆိုပါလား
ကဲဟယ် ကဲဟယ် ကဲဟယ်...
ခေါင်းလဲခေါက်ဘူး.. ထိပ်လဲထုဘူး
ဓါးနဲ့ထိုးတာ..
ဟင်.. မှတ်ပီလား.. :P

Anonymous
10 December 2008 at 12:57

ကုန်ဈေးနှုန်း ကြီးနေတဲ့ ခေတ်မှာ ၃ ယောက်တောင်လားဗျ နောက်မှ လုံချည်မနိုင်ဖြစ်နေအုံးမှာ မြင်ယောင်သေး ဟဟားးးး

10 December 2008 at 16:31

ပြီးမှ မနိုင်တော့ပါဘူးလို့မအော်နဲ့။ ကြိုပြောထားတာ ..

10 December 2008 at 22:58

ကိုယ့်ဆရာ စီးပွားပျက်နေကြပါတယ်ဆိုမှ ၃ယောက်ယူချင်သေး။ ဒါက ဂရမ်တီကာလ ရှိတာမဟုတ်ဘူး။ ယူပြီးလို့  မကြိုက်ဖူးဆိုပြီး ဆားဗစ်စင်တာ ပြန်ပို့ လို့ ရတဲ့အမျိုး ဟုတ်ဖူးနော်။ သေချာ စဉ်းစား အစမ်းတစ်ယောက် အရင်ယူကြည့်ပါဦး။ အဆင်ပြေရင် နောက်ထပ်လာလေ့ပေါ့။ ဟေဟေ. ကြုံတုန်းလေး အချွန်နဲ့ ဝင်မသွားတာ။

Anonymous
10 December 2008 at 23:18

လုပ်ပါဦး၊ ကိုအိမ်နဲ့တွေ့ချင်လို့တဲ့... လာစောင့်နေကြပြီ၊ မမမဲပြာရယ်၊ ညီမလေးပိန်ချိရယ်၊ အန်တီပုတ်ကြီးရယ်၊ သွားတွေ့လိုက်ဦးနော်

12 December 2008 at 07:23

သားသား မပါဘူး နော်....
သားက..အဲ့ဒီနေ့ကနေမကောင်းလို့..
ကျောင်းမတက်ဖူး..ဂျ....
ဟီးဟီးဟီး...

Anonymous
12 December 2008 at 09:42

တော်တော်ဆိုးနေပါလား....

21 January 2009 at 16:19

အဲ ၃ယောက်တောင်လား... တစ်ယောက်က ပိုက်ပိုက်ရှာဖို့ တစ်ယောက်က ကလေးထိန်းဖို့ တစ်ယောက်က အိမ်ရှင်းဖို့.. အဲလိုလား.. ဟိဟိ ၅ပါးတင်မဟုတ် ၁၀ ပါး အပါး ၁၀၀လောက် မှောက်နေအုံးမယ်... :P

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း