Tuesday, December 09, 2008

သားဆိုးတစ်ယောက်၏နောင်တ

9
အဖေနဲ့အမေ
ကျနော့်ကိုလူ့လောကထဲ ဆွဲခေါ်လာတော့
သားယောကျာင်္းလေးရပြီဆိုတဲ့ မျှော်လင့်ချက်နဲ့ရောင်ခြည်လေးတွေကွန့်မြူးခဲ့ကြတယ်နော်။
အဖေနဲ့အမေ
အဖေနဲ့အမေရဲ့ စိတ်ကူး၊ အိပ်မက်တွေထဲမှာ
ကျနော့်ကို သားရွှေအိုးထမ်းလာသလို(သို့)လူစွမ်းကောင်းအဖြစ်
မျှော်လင့်တောင့်တခဲ့ကြတယ်နော်။
အဖေနဲ့အမေ
အဖေနဲ့အမေရဲ့မျှော်လင့်ခြက်ရောင်ခြည်တွေဟာ
တနေ့တခြားကျနော်ကြီးပြင်းလာတာနဲ့အမျှ
တဖြေးဖြေးနဲ့တစ်စစီပျောက်ဆုံးကုန်ပေမဲ့
ကျနော့်အပေါ် နားလည်ခွင့်လွှတ်ခဲ့တယ်နော်။
အဖေနဲ့အမေ
အဖေနဲ့အမေရဲ့ဖြစ်စေချင်တဲ့ဆန္ဒနဲ့
ကျနော့်ရဲ့လုပ်ဆောင်ချက်နဲ့လွဲမှားခဲ့တာတွေကြောင့်
ကျနော့်ကိုစိတ်ကုန်နေပြီလား အဖေနဲ့အမေ........။
အဖေနဲ့အမေ
ခုတော့လေကျနော်ဟာ ဘ၀ကြိုးဝိုင်းပေါ်မှာ
ပညာဆိုတဲ့ ကိုယ်လက်ကြံ့ခိုင်ခြင်းနဲ့သင်ကြားမှုဆိုတဲ့ လေ့ကျင့်မှုမရှိခဲ့လို့
အရှိုက်ကိုထိုးခံလိုက်ရပြီ အဖေနဲ့အမေ......။
အဖေနဲ့အမေ
ခုတော့ကျနော်ဟာ ကိုယ့်ရဲ့မိုက်တွင်းနက်ခဲ့မှုရဲ့ဒဏ်ကို
အလူးအလဲခံနေရပြီ အဖေနဲ့အမေ...........။
အဖေနဲ့အမေ
ကျနော့်ကို စိတ်နာနေပြီလား..........
တကယ်တော့ကျနော်ဟာ အားကိုးလို့မရတဲ့
သားဆိုးလေးတစ်ယောက်ပါ အဖေနဲ့အမေ...........။
အဖေနဲ့အမေ
ကျနော့်ဘ၀ကို တစ်ကပြန်စလို့ရရင်
ယခုထက်ပိုပြီး ပညာကိုကြိုးစားသင်ယူခွင့်ရခဲ့ရင်
ယခုထက်ပိုပြီး မိဘမေတ္တာကိုသိရှိခွင့်ရခဲ့ရင်
ယခုထက်ပိုပြီး မိဘအနားမှာ နေခွင့်ရခဲ့ရင်
ယခုထက်ပိုပြီး မိဘစကားနားထောင်ခွင့်ရခဲ့ရင်
ယခုထက်ပိုပြီး မိဘလုပ်ကျွေးခွင့်ရခဲ့ရင်.............
ကျနော်ပြင်ချင်တာတွေ အများကြီးပဲ
ယခုထက်ပိုပြီး ကောင်းနိုင်ရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့၊
ဒါပေမဲ့..............
အဖေနဲ့အမေ
ရယ်.... ဘာတခုမှပြင်ဆင်ဖြစ်မှာ မဟုတ်ဘူးဆိုတာ
ကြိုသိနေတယ်၊ စဉ်းစားကြံစည်သမျှ
ဘာတခုမှအကောင်အထည်မပေါ်တာ
ကျနော့်ဘ၀ရဲ့ အစဉ်အလာ တခုလိုဖြစ်နေပြီ
အဖေနဲ့အမေ ရယ်...........။

9 Response to သားဆိုးတစ်ယောက်၏နောင်တ

9 December 2008 at 18:58

စဉ်းစားကြံစည်သမျှ
ဘာတခုမှအကောင်အထည်မပေါ်တာ
ကျနော့်ဘ၀ရဲ့ အစဉ်အလာ တခုလိုဖြစ်နေပြီ
အဖေနဲ့အမေ ရယ်...........။

မောင်လေးအိမ်ရေ... မျက်ရည်တွေတောင်လည်လာပေါ့
နောင်တတွေရနေတာလား မသိ....

9 December 2008 at 19:37

ဒီကဗျာကိုခုမှဖတ်ရတယ်ဗျာ ***နောင်တ လားဗျ***
ဟေဟေ အမေနဲ့အဖေကိုရင်ဖွင့်တဲ့ကဗျာပေါ့နော်

9 December 2008 at 23:01

ကောင်လေးသိပ်မငိုနဲ့ နှက်နှက်တွေလဲမထွက်နဲ့နော်
မိဘတိုင်လိုလိုကသားသမီးတွေကိုခွင့်လွတ်မြဲပါ
မယုံဘူးလာ
မိန်းမယူပြီးအဖေဖြစ်တဲ့တစ်နေ့သိလိမ့်မယ်

9 December 2008 at 23:29

သားကောင်းမပီသတော့မဲ့တူတူ
မိန်းမယူဗျာ
မိဘ ပီသအောင်လုပ်ပြလိုက်
ဟီးဟီး။

10 December 2008 at 00:52

အကိုအိမ်
နောင်တဆိုပေမယ့် နောက်မကျသေးဘူးဟုတ်
အစဉ်အလာကို အချိန်နဲ့ရသလောက်ပြောင်းပေါ့
ဒီကဗျာလေးကို အကိုအိမ့်မိဘတွေဖတ်မိရင် ၀မ်း သာမှာပါ
နောင်တစ်ချိန်မှာ ပုလဲဖတ်ရမယ့် အကိုအိမ်ရဲ့ကဗျာက ဒီကဗျာလေးရဲ့ ပြောင်းပြန်ဖြစ်ပါစေလို့
ရွှေအိုးထမ်းမယ့်သားထက် ပျော်ရွှင်မှုတွေထမ်းပြီး မိဘကို အပြည့်အ၀ပေးမယ့် လိမ္မာသောအိမ်လေးဖြစ်ပါစေနော်
ပြောသာပြောရတယ်
ပုလဲရေးထားတဲ့ ဟိုဆန်...လေးကဗျာကိုမှအားမနာနော် :P

10 December 2008 at 09:29

အကိုရေ ကဗျာလေး အရမ်းကောင်းတယ်ဗျာ.... ဒီလိုပဲ သားသမီးတွေဟာ ဒုက္ခရောက်ချိန်မှ မိဘကို ပြန်တောင့်တ တတ်ကြတာလေ မိဘတွေကတော့ အမြဲပဲ ကြိုဆိုလျက်ပါ ဘယ်တော့မှ စိတ်နာမှာ မဟုတ်ပါဘူး အကိုရာ....

Anonymous
10 December 2008 at 12:55

ဖြစ်ချင်တာတွေမဖြစ်တော့လည်း အကောင်ထည် ဘယ်ပေါ်မလဲဗျာ ဒါမျိုးလောဘ သားတိုင်းဖြစ်တက်ပါတယ် အဖေ နဲ့အမေက ဘယ်တော့မှ စိတ်မနာပါဘူးတဲ့ ။

10 December 2008 at 12:58

ဒီတစ်ခါတော့ ဂယ်ကြီးကို ခံစားထားတာပဲ...
မျက်ရည်တောင် လည်သွားတယ်....

Anonymous
9 January 2009 at 20:01

နောင်တကို ရင်ဖွင့်ထားတာ ကြေကွဲစရာ ကောင်းလှပါတယ်.. ရင်ကို ထိခိုက် စေပါတယ်.. ကဗျာလေးကို နှစ်သက်မိပါကြောင်း..

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း