Wednesday, December 10, 2008

ရွေးကောက်ပွဲ

31
ကြင်ဖော်ရွေးပွဲလေးတော့ ကျင်းပလို့ပြီးသွားပြီဆိုတော့ ရွေးကောက်ပွဲလေးကို ဆက်လက်ကျင်းပရတော့မှာပေါ့
နော်။ ဟုတ်ကဲ့အရွေးခံခဲ့တဲ့သူတွေများနေတော့ အတော်စဉ်းစားရတယ်ဗျ။
စိတ်ဖြေရာကသိပ်လဲပြာမနေနဲ့ အရွေးမှားမယ်တဲ့။
ဒီဇင်ဘာစင်ဒရဲလားကလဲဒီတင်ပွဲကျင်းပလိုက်ကြရအောင်တဲ့။
အိမ်မက်နိဒါန်းကလဲအချိန်ပဲကြည့်စမ်းပါဦးဆိုပြီး ဇွတ်အတင်းယူမယ်လုပ်နေတယ်ဗျ။
ချင်းမလေးကလဲအတင်းအရမ်းပြေးလာပြီး သမီးအရမ်းပါချင်တယ်ဆိုလို့ အိမ်သာအရင်လိုက်ပြရသေးတယ် ဟုတ်ပေါင်...မှားလို့ စာရင်းထဲထည့်လိုက်ရသေးတယ်။
ငှက်ငယ်လေးကလဲ အချက်တကယ်မနှေး လက်ထပ်မယ်တဲ့။
ညခင်းရဲ့လမင်းကလဲ လာအခုချက်ခြင်းတရာရုံးမှာ လက်မှတ်ထိုးမယ်ဆိုပြီး အတင်းဆွဲခေါ်နေလေရဲ့။
ဒရင်းကလဲအခြင်းခြင်းတွေပဲဆိုပြီး ဖောင်ပြည့်သွားတာတောင်ဇွတ်လာတင်သွားလေရဲ့။
အချိန်သက်သက်ကုန်လေခြင်းလို့ပြောနေတဲ့အိမ်မက်များနှင့်ရှင်သန်ခြင်းကလဲ တမျိုး။
ခေါင်ခေါင်ကတော့ပြောင်ပြောင်ပဲ သူ့ကိုတောင်ညာသက်ထားမမြှောက်စားရင်း နင့်အသက်ဖက်နဲ့ထုတ်ထားတဲ့
ဖလားဝါးဝေါ့ကလဲသွားသွားမပြောနဲ့လို့ မှားသွားလေရဲ့။သူကရှက်တတ်တယ်ဆိုပဲဗျ။
ပုလဲကလဲ ကဲကဲနဲ့သူမပါရင်သတ်မယ်တဲ့။
ချစ်ခြင်းခြေရာကလဲ အပြစ်အတင်းတွေကိုချစ်ခြင်းနဲ့ ခြေဖျက်မယ်ဆိုပဲဗျ။
မသက်ဇင်ကလဲအထဲထည့်ချင်တယ်တဲ့။တမျိုးမထင်ပါနဲ့
သူကတာနောယက္ခဘီလူးကိုအားကျလို့ အိမ့်ကို သူ့အာခံတွင်းထဲ ထည့်မယ်လို့ပြောတာပါ။
အဲဒီလိုပဲဂရင်းဂဲလ်ကအတင်းပဲလာပြီးပူဆာနေတယ်
ရောင်ပြန်ကလဲတောင်ပျံထမင်းစားပြီး လာနေမယ်အခုတဲ့။
ဒီကြားထဲမမဆုမွန်ကလဲအထပ်ထပ် ဆုမွန်တွေ တောင်းနေတာက သူ့ကိုလဲရွေးပါစေတဲ့ဗျာ။
အဲသက်တန့်ကလဲရှန့်ရှန့်လို့ ထူးပြီးရှက်ရှက်နဲ့ ၃နေရာပြည့်သွားလဲ ၄လောက်တော့ထားပါတဲ့ဗျာ။
အဲဒီလိုပဲဝေလေးကလဲအဖြေပေးသွားတယ်။
သဉ္စာကျတော့ ရှင်လာနေကြပဲတဲ့(သူ့ဘလော့ကို သွားလည်နေကြလို့ပြောတာပါနော်)
ငွန်ငယ်ကမွှန်တယ်ဆိုပြီး ငိုကြီးချက်မနဲ့ အကိုကြီး ကျမကိုယူပါလို့ မျက်ရည်ခံထိုးနေလေရဲ့။
မယ်ဂုကလဲ ဟယ်...အခုဆိုပြီး အထုပ်ဆွဲပြီးချီတက်လာနေပြီဗျ၊ ၀ိုင်းပြီးတားပေးကြပါဦးဒီမှာစဉ်းစားနေတုန်းမို့လို့ပါ။
ဒီအထဲစီပွားရေးအမြင်ကျယ်သူမ၀ါဝါခိုင်မင်းကလဲ အချက်လာလာကိုင်ပြီး မင်္ဂလာဆောင်ပွဲစားလုပ်မယ်ဆိုပြီး စာရင်းပေးသွားလေရဲ့ မ၀ါတို့အမြင်ကျယ်လိုက်ပုံများ ပြောချင်တော့ဘူး အဟိဟိ
ပန်းခရေကလှမ်းဖြေလိုက်တာက တို့လဲပါမယ်တဲ့။
ဒီကြားထဲအိဝေဖြိုးကလဲ အခုသဝေထိုးပြီး ဖိတ်စာကမ်းရတော့မလားဆိုပဲဗျ။သူ့ဘက်ကတော့ ဖိတ်စာတခြမ်း
ရိုက်ပြီးသားတဲ့။
အဲဒီလို... အဲဒီလို အရွေးခံနေကြတော့ အိမ်လဲခေါင်းတွေစားလို့ အကြောင်းတွေစဉ်းစားနေတာ ခေါင်းတွေပါဖြူ
ကုန်ပြီဗျ။ ဒါနဲ့ပဲ ဘလော့ညီအကိုတွေခေါ်ပြီး တိုင်ပင်တော့ ဘာမှတောင် မတိုင်ပင်ရသေးဘူး
တက်လူငယ်ကအပြတ်လှုမယ်ဆိုပြီး ဒေါ်လာ၂သန်းပေးကမ်းမယ်ဆိုပဲဗျ။
ဒီစကားကြားတော့ကိုကရင်လေးကလူကို အထင် သေးတာလားဆိုပြီး အားကျမခံ ဒေါ်လာ၃သန်းတဲ့ဗျား။
အဲဒီစကားကြားတော့တောင်ပေါ်သားကတော့ငေါင်ကာသွားသဗျ (ကြည့်ရတာ လက်ဖွဲ့ဖို့ ပိုက်ဆံမရှိဘူးထင်ပါ့ဗျာ)
အဲဒီလိုပဲမောင်ငယ်က အချောင်ထိုင်နေပြီး ပြောင်အောင်ပဲ
စားမယ်ကွလို့ ကြိမ်းဝါးနေလေရဲ့(ပွဲတောင်မစသေးဘူး..... လူဆိုး.....)
သံလွင်ဟီးရိုးကလဲ အပြန်ပင်ထီးရိုးကျိုးအောင်ကို ပါဆယ်ဆွဲဖို့ မောင်ငယ်နဲ့ ချောင်အကွယ်မှာ meeting လုပ်နေလေရဲ့။
ဇင်ယော်ကျတော့ထင်ပေါ်ချင်လို့
စင်ပေါ်တက်ပြီး သီချင်းဆိုမယ်တဲ့။
အဲဒီမှာကိုရမ်းဂန်းက ကိုအရမ်းပန်းနေလို့ မဆို
ပါရစေနဲ့လို့ တင်ပြလေရဲ့။(ဘာပန်းတာလဲသိချင်ရင်သူ့ကိုသွားမေးကြနော်)
ဒီကြားထဲအလှတရားကထ၊ ထပွားတယ် သူက
တော့လက်မဖွဲ့နိုင်ဘူးတဲ့။
သီဟညိမ်းကတော့ ဒီဘ၀ငြိမ်းအောင် ကူညီမယ်ဆိုပဲ။
လူပြိုကြိးဘ၀ကျွတ်သွားအောင်ကူညီမယ်ကိုပြောတာပါနော်။
လင်းထက်ကလဲ အတင်းထပ် ထပ်ပြီးတောင်းဆိုနေတာက ပွဲ
မှာ အပြင်းအရက်ထည့်ပေးပါတဲ့။
ကိုယ့်ဆရာတွေနဲ့တိုင်ပင်မှပဲ ပိုဆိုးနေတယ်။ ဒီတော့ ဒီပွဲကို ၀မ်းနဲခြင်း၊စိတ်မကောင်းခြင်းကြီးစွာနဲ့ ဖျက်သိမ်းလိုက်ပြီး အိမ့်ကို အရင်ကထဲက စပွန်စာပေးတဲ့ အိမ်ဒရာကျော်ဇင်လေးကိုပဲယူရကောင်းမလား၊
အသက်လိုချစ်ရတဲ့ သက်မွန်မြင့်လေးကိုပဲယူရင်ကောင်းမလား၊
အချစ်အကြီးစားဖြစ်တဲ့ ခစ္စတီးနားပဲ ယူရကောင်းမလား၊ ဒါမှမဟုတ်၃ယောက်စလုံးယူရင်ကောင်းမလား စဉ်းစား
တော့မယ်ဗျာ။ အခုလိုငြင်းပယ်လိုက်တဲ့အတွက် ဘလော့သူလေးများနဲ့ အတူ ထပ်တူထပ်မျှဝမ်းနဲ နှမျောတသသ၊ယူကြုံးမရ အပူလုံးကြွပြီး ငါးခူပြုံးပြသလိုဖြစ်ရပါကြောင်း ပြောကြားရင်း ........ ........ ....... ..........................
လွန်တာရှိရင် ၀န္ဒါမိပါ ဘလော့ဂါအပေါင်းတို့ ပျော်စေပျက်စေနဲ့ ကိုယ်ဖြစ်ချင်တာတွေဇွတ်အတင်း ထည့်သွင်း
ရေးလိုက်တာဆိုတော့ ကာရံမညီတာလဲရှိမယ်၊ စော်ကားသလိုဖြစ်ချင်လဲဖြစ်သွားပါ့မယ်၊ ဒီတော့ ဘလော့ဂါ
အပေါင်းအနေနဲ့ ဒေါသအချောင်းလိုက်မထွက်ရအောင် ဒီနေရာကနေ ခွေးလွှတ်ဖို့ တောင်းပန်ရင်း ............. ဤတွင် သတင်းများကိုကျော်အောင်....ညာလို့ပြီးပါပြီ။
မှတ်ချက်။ ။ဘလော့ဂါအများကြီး ကျန်ပါသေးတယ် ဒါပေမဲ့လောလောဆယ် ကာရန်ကိုစဉ်းစားလို့ မရတာနဲ့ သူတို့တွေ သက်သာသွားပါတယ်။


31 Response to ရွေးကောက်ပွဲ

10 December 2008 at 20:21

ဟေး.. ဖိတ်စာကရိုက်ပြီးလို့ ဝေပြီးတာတင်မကတော့ဘူး.. စေ့စပ်လက်ထပ်၊ ကွာရှင်းပြတ်ဆဲခြင်းကို တစ်ရက်တည်း ကျင်းပလိုက်ပြီ.. ရှင်းပြီလား ..

10 December 2008 at 20:33

ဟွန်း..လူကိုများ..ငိုစရာလား..တွေ့မယ် ညီအမတွေနဲ့ ပြန်တိုင်မယ်။တူညားက..အပျို
ကြီးလုပ်မှာကို...လာမစနဲ့ ဂျွမ်းပြန်သွားမယ်နော့
သိုင်းတက်တာမေ့မနေနဲ့ နော်။တော်ကြာ အကျိုး
လေးဖြစ်သွားမယ်ဟွန်း.....

10 December 2008 at 21:35

အမလေး..အမလေး... ပေါရက်လိုက်တာ လွန်ပါရော.. သုံးယောက်လုံးကို ယူမလို့လား.. ဟားဟား...အင်း ဒီဇင်ဘာ1ရက်နေ့ ကလည်း လွန်ခဲ့ပြီနော်..အဟိ...မဟုတ်ရင် အဲဒီနေ့ ကတည်းက
အထိမ်းအမှတ်ပွဲလေး လုပ်ပေးလိုက်ပါတယ်...ဟားဟား... လုပ်ထားပေါ့ကွာ.. ဟတ်ဟတ်..:P :P

ရေးလည်းရေးတတ်ပါ့..နော်.. ဒါမျိုးကျ ဥာဏ်
ကကွန့်မြူးပါ့.. ဟွန့်..

10 December 2008 at 21:54

အောင်မယ်..အောင်မယ်.
သူကိုများ.ဒီလိုပြောမယ်ပေါ့လေ.စိတ်ကူးယဉ်မနေနဲ့ လုံးဝဘဲ.ဝေးသေးတယ်.အသက်ကိုဖတ်နဲ့ထုပ်ထား.တွေ့မှစာရင်းရှင်းမယ်.ခုတော့ဓါးသွေးနေလိုက်ဦးမယ်.

10 December 2008 at 22:16

ကသိပ်လဲပြာမနေနဲ့ အရွေးမှားမယ်တဲ့။
အော်..တော်ပါသေးရဲ့ မဟုတ်ရင်တော့နာမယ်နော်
တော်တော်ဆိုးတယ်နော် မောင်အိမ်
ညီမတော်တွေတော့ တော်တော်စိတ်တိုကြတော့မှာနော်
တပ်လိုက်ချီတက်တိုက်ခိုက်ခံချင်ပြီထင်တယ်....

10 December 2008 at 22:21

ခွိခွိ တူများတွေ မန့်ပီးမှ ထပ်မန့်မယ်
နို့မို့ရင် ကိုယ့်ဖက် မြားဦးလှည့်လာမှာစိုးလို့။
နော်ကိုအိမ်
ပြောတာကောင်းတယ်။
ဟောင်လား ဟောင်လား။

Anonymous
10 December 2008 at 23:03

ဆောရီးဗျာ အလုပ်ရှုပ်ချင်ယောင်ဆောင်နေတာနဲ့ အခုမှ နောက်ကျလာမိတယ်။ ကိုယ်အရမ်းမပန်းပါဘူး။ ဆာဒူးကြီးနဲ့ အူမြူးပြီးစောင့်နေပါတယ်။ ဟဲဟဲ။ နောက်တာနော်။ အစ်ကိုက တကယ့်ဟာသပဲဗျာ။

10 December 2008 at 23:05

ကိုအိမ် ဘလော့ရွာသူတွေတော့ ခင်ဗျားကို လူစုပြီး လာထုကြတော့မယ်။ ထင်ပေါ်ချင်လို့  စင်ပေါ်တောင်တက်ပြီး သီချင်းဆိုရဦးမယ်တဲ့လား။ A to Z ဘယ်ကီးမှမကိုက်တဲ့ အသံနဲ့  အပြတ်ဟဲလိုက်ရ ငှဲငှဲ။ မန့် သာမန့် ရ ခပ်လန့် လန့် ရယ်။ အနော်မပါဘူးဗျ။ လမ်းကြုံလို့  ခဏ၀င်လည်သွားတာပါဂျာ။

Anonymous
10 December 2008 at 23:32

အယ် ငါဘီလိုဖစ်!!!!!!!!!!!!!!!!!!
ဘယ့်နှယ့် အနော်က မိန်းမတွေ ကြားထဲရောက်နေရတာလဲ..။ ဒွတ်ခ ..။
ကိုအိမ် ဘီလို လုပ်လိုက်တာလဲဂျာ....

Anonymous
10 December 2008 at 23:40

ကိုချစ်ခြင်းရေ ဆောတီးဗျာ။ သိဘူးလေဗျာ
မိန်းကလေးထင်လို့ အဟိဟိ
နောက်ကို ဒီနာမည်မပေးနဲ့ နာမည်ပြောင်း
အဟိဟိဟိဟိ

10 December 2008 at 23:48

ဟသ အလွန်မြောက်တဲ့ လူရွှင်တော် ကိုအိမ်ဂနာကြီးရေ..
တော်ပါပေတယ်ဗျာ။
တက်လူငယ်က အတင်းလှူမယ်ဆိုပေမယ့်
လောလောဆယ်မှာ မွဲနေတာမို့ ဖွတ်မင်းမျိုးနွယ် တက်လူငယ်အား ခဏတော့စောင့်ပါ နောင်မှအသပြာ ကမ်းပါမယ်ဗျာ။

11 December 2008 at 00:08

ဟားဟား... ညီလေးရေ.. အားကျတယ်ကွာ...အကိုတော့ပါဖူးနော်.. ကြောက်တယ်ကွ.. ဟီးဟီး

Anonymous
11 December 2008 at 01:04

ကြည့်ရတာ ကိုအိမ်တော့ မကြာခင် လုံးပါးပါးတော့မယ်၊ သနားတောင် သနားလာပြီနော်၊ ဟွင်း... ဟွင်း...၊ စောင့်နေတဲ့ဟိုသုံးယောက်ကို သွားမတွေ့သေးဘူးလား၊ မမမဲပြာရယ်၊ ညီမပိန်ချောက်ရယ်၊ အန်တီပုတ်ကြီးရယ်ကိုလေ.. သြော်... တစ်ယောက်ထပ်လိုချင်သေးလို့လား၊ ရပါတယ်၊ ဖွားဖွားသွားကျိုးကလည်း သူ့ဆီလာလို့ရတယ်တဲ့၊ သွားဖြစ်အောင်သွားလိုက်ဦးနော်

11 December 2008 at 06:05

ဟီဟီး ရယ်ရတယ် တအား..
မောင်အိမ်ရယ်... ဘီလိုဖြစ်ပြီး.. မောင်ခြေခြင်းချိတ်ရာ
နဲ့ မောင်လမင်း တို့က မိန်းခလေးစာရင်းထဲဝင်သွား
ရတာတုန်း..အချင်းချင်းတွေနော်..မီလုပ်ကြနဲ့..
မျက်နှာပူစရာကြီး.. ဟဟား ဘယ့်နှယ် မောင်အိမ် တို့များ မိန်းခလေးတွေလဲ အလွတ်မပေး ၊ ယောကျာင်္းလေးတွေလဲ အလွတ်မပေး၊။။

အခုအချိန်ကစပြီး အိမ် ကို ဝေးဝေးရှောင်ကြပါဗျို့..
ကျုပ်က မင်္ဂလာဆောင်ပွဲစားလုပ်ဘို့ အချိန်မီရှိဘူးနော်.
အခုတလော.စာရေးရမှာ၊စာဖတ်ရမှာတောင်အရမ်းပျင်း
နေတာ.သူပဲ ရေး ရေးနိုင်တယ်.တစ်နေ့နှစ်ပုဒ်.

ကျုပ် ညီမလေးတွေက ချောမှချော.. တစ်နေ့နေ့အိမ်ကို
သက်သေပြရမှာပေါ့ကွာ..ဟဲဟဲ.
သူများတွေကိုပဲ လိုက်ပြီးပြဿနာရှာမနေနဲ့ဦး၊ကိုယ်ဖာ
သာကိုယ်အရင် စွန်အောင်လုပ်ပါဦး အိမ်ရယ်.နော်.း)

အဲဒါကြောင့် အစ်မပြောတာ လူရွှင်တော်ပဲလုပ်စားပါလို့.

အစ်မ၀ါ

11 December 2008 at 10:40

ထပ်ဆွနေပြန်ပြီး....တပ်လိုက်ချီတတ်လာမှဟုတ်ပေ့ဖြစ်နေဦးမယ် ကျုပ်ကိုဘာမှမပြောထားလို့..၀ိုင်းမထောင်းတော့ဘူး သိတယ်ဟုတ်လက်ကမြန်တာနဲ့ ဟဟ
ရေးလဲရေးတတ်ပါ့ တော်တယ်ဗျာ

11 December 2008 at 10:56

သြော်... ငါ့ဘ၀ကလည်း...
၃နေရာပြည့်သွားလည်း ၄လောက်တော့ထားပါတဲ့လား...
ဝမ်းသာအားရနဲ့ ထူးလိုက်တာ ရှင့်တောင် မပီတော့ဘဲ ရှန့်ဖြစ်နေပြီ...
ဟဟဟ...
အကိုအိမ်တို့ကတော့လေ...
မပြောချင်ဘူးနော်...
မြို့ထဲကို တစ်ယောက်တည်း မသွားနဲ့ ရောင်းစားခံရမယ်...

11 December 2008 at 11:11

ဟား ဟား ကိုအိမ်ပြေးဗျို့ ပြေး ဟိုမှာ ဘလော့ဂါရွာသူတွေ လိုက်လာပြီး ၃ ယောက်မဟုတ်ဘူး အကုန်လုံး ပါတယ် တီဝါက ရှေ့ကပွဲစားလား မသိဘူး ဟီးးးးးးးးးးးးးး လူတော့ ထပ်မမှားစေနဲ့နော့် ဟဲဟဲ တော်ကြာလူမှားလို့ ကိုအိမ် ဒုက္ခ ရောက်နေမှဖြင့် တွေးကြည့်ပြီး ရယ်တယ်ဗျို့ ၀ါး ဟား ဟား ဟား......... လေးစားလျက်

11 December 2008 at 12:23

ကိုမောင်ငယ်နဲ့အပီပြင်ဝါးတီးဆွဲမယ်လို့ကြံဆနေကာမှ
ဗျာ.ပွဲပျက်သွားတော့ကပ်လွဲသွားပြန်ရောလား.စားရကံကြုံလို့မုတ်ဆိပ်ပျားစွဲနေတော့သလိုလိုနဲ့ချား၇တော့ဝူး.ဝါးတီးလွတ်သွားပြီ။ ကိုအိမ်ရေ.နောက်တစ်ခါဆိုအရမ်းမရွေးနဲ့ဗျ.ဒါမှမြန်မြန်စားရမှာ
ဒီမှာမဂ်လာလက်ဖွဲ.ဖို့အဆင်သင့်ပဲဗျို့ ဟဲဟဲ

11 December 2008 at 13:31

ကဲကဲကို နံပါတ်၁ပေးမယ်လဲပြောတယ် သက်မွန်မြင့်တို့ကိုပဲ ရွေးလိုက်ရင်ကောင်းမလားလို့လဲ စဉ်းစားတယ်ဆိုလို့ ရန်လာတွေ့တာ ..
မပါရင်သတ်မယ်လို့ရေးထားတဲ့အတိုင်း လာတတ်တာ....
ဟဲဟဲ အကိုအိမ်တေတွားပါဘီဂျို့ .. :P
တော်၏ ရေးလဲရေးတတ်ပေပါ့နော်

11 December 2008 at 15:18

ဟွန်းနော်..အိမ်နော်အိမ်....
မီးမီးကိုများအဲလိုပြောရတယ်လို့ ...
သူကြိုက်တဲ့ ၃ယောက်ထဲကဘယ်သူနဲ့ မှမရပါစေနဲ့ ..ဟိဟိ.. :P :P

11 December 2008 at 17:18

လူပြိုကြီး ဖြစ်ပါစေ။ :P :P

Anonymous
11 December 2008 at 17:25

အခုချက်ချင်းလက်မှတ်ထိုးမယ် ဟီး ကွာရှင်စာချုပ်

ရေးလဲရေးတတ်ပါ့ကိုအိမ်

ဟဟ

ဆက်လက်ရေးသားနိုင်ပါစေ

11 December 2008 at 18:18

"50 Cent"

ဒီကမ္ဘာကို
ခြေချမိရာကအစ
ငါ့ဘ၀မှာ
မမြင်ရတဲ့ သူငယ်ချင်းတွေကို
အပြင်လောက အပေါင်းအသင်းထက်
ပိုမက်မောခင်တွယ်လာခဲ့တယ် ....

ဒါပေမဲ့
တချို့တချို့သော Blogger လေးတွေ
ဒါကို အခွင့်ကောင်းယူလို့
ဘယ်သူမှ (ဗုံနဲ့) မမြှောက်ရပဲ
တစ်ယောက်တည်း ရွေးကောက်ပွဲကျင်းပနေလေရဲ့ ...

စိတ်ထားဖြူဖြူ
Blogger သူလေးတွေကတော့
ညဏ်နုံနဲသူလေးကို ဗွေမယူရှာပါဘူး
မထူးခြားတဲ့ ရွေးကောက်ပွဲကြီးရဲ့
အစီအစဉ်မှူး အရူးအပေါကိုသာ
Comment များနဲ့ ထောမနာပြုလို့
ဝိုင်းဝန်းဆုတောင်းပေးပုံက
"ဘ၀ကံအကျိုးပေး မကောင်းရှာသူရယ်
ဒီ့ထက်ပိုပြီး ပေါနိုင်ပါစေကွယ်" ..တဲ့ ...

by ....DecemberCinderella
( ကိုယ့်စရိတ်နဲ့ကိုယ် ဦးနှောက်အစားခံ၊ အချိန်ကုန်ခံပြီး blogger သူလေးများ အလကားနေရင်း နာမည်မကြီးကြီးအောင် ကူညီစွမ်းဆောင်ပေးသော မောင်လေး အိမ် သို့ ..ကျေးဇူးတင် အမှတ်တရ ....)

11 December 2008 at 18:25

သတိတရ ထည့်ရေးတာ ကျေးဇူးပဲ ကိုအိမ်ရေ...
ဘာပဲဖြစ်ဖြစ် ပျော်စရာပေါ့ :)

11 December 2008 at 22:00

ချန်ထားခဲ့ရက်ရင် လည်း....
နေရစ်ခဲ့ပါ့မယ်.....
သွား....
လူဆိုး....
ရေလည်းမချိုးဘူး

11 December 2008 at 23:18

်ခေါင်ခေါင်က .. ဒေါင်ဒေါင်ဒေါင် နဲ့ခေါက်သွား ပါတယ်...
မြန်မြန်လာတောင်း.. :P

12 December 2008 at 07:08

ကိုအိမ်က ရေးလိုက်မှတော့ တစ်ယောက်မှကို မလွတ်ပါလားဗျ ။ ပျော်စရာကောင်းပါတယ် ဖတ်ရတာ ။ :)

12 December 2008 at 09:15

ဟဟ လုပ်လိုက်မှဖြင့်ဗျာ။ အကုန်လုံးသိမ်းကြုံးပြီးတော့ကို ဆော်ပလိုက်တာပဲ။ ဟဲဟဲ။ လေးစားပါတယ်ဗျာ။

Anonymous
12 December 2008 at 09:22

သဉ္ဇာကျတော့ ရှင်လာနေကြမှန်း သိရက်နဲ့
ကျင်ယာဖက်ကျတော့ အိမ်ဒရာကျော်ဇင် တဲ့
သက်မွန်မြင့်တဲ့ ခရစ္စတီးနား တဲ့
ဒီမှာ ဦးအိန် .... ဂလို လုပ်လို့ရကြေးလား ....

ဟားဟားဟား
ပျော်စရာကြီး ဦးအိမ်ကတော့
အဒူမှ အလွတ်မပေးဘူး ဟီးဟီး......။

12 December 2008 at 19:46

အမလေးလေးးးးးးးးးးးး ရွေးကောက်ပွဲကို ကျူပ်ကလည်း ပါမယ်ဆိုပဲ.....ကောင်မလေးအကုန်ကုန်ပါပီတော်..း)
တော်တော်ကိုတော်တဲ့အိမ်....
ငါလောက်နီးနီးတော်တယ် ဒါပဲ
ဂလောက်

13 December 2008 at 16:49

အတက် ဖက်နဲ့ တောင် ထုတ်ခွင့် မပေးဘူးတဲ့နော် ဟီးးး

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း