Sunday, December 07, 2008

ဒစ်(စ်)စကောင့်

19
ဘ၀တလျှောက်လုံးမှာ
မရပ်မနားပဲ တ၀မ်းတခါးအတွက်
လှုပ်ရှားရုန်းကန်ရင်း
ဒုက္ခကို ခလုတ်တိုက်၊ သောကလမ်းကိုဖြတ်သန်း
အန္တရာယ်ဆိုတဲ့ လှည့်ကင်းကို ရှောင်ရှားရင်း
နေ့စဉ်ရက်ဆက်၊ ဘ၀လမ်းခရီးကြမ်းကို
မောင်းနှင်ခဲ့ရတယ်။
ဒီလိုနဲ့ ဘ၀ကိုငြီးငွေ့လာတော့
ဗုဒ္ဓထံဆုတောင်း၊
နှစ်ပြားလှုဖူး ကောင်းမှုနဲ့၊ တောင်းဆုပြု၊
သံသရာဘေးမှကင်းလွတ်၍
နိဗ္ဗာန်မင်္ဂဖို ရက်တိုတိုကို
ဒစ်(စ်)စကောင့်ချပေးရင်တော့
လိုချင်ပါသေးတယ် ဘုရား........။




19 Response to ဒစ်(စ်)စကောင့်

7 December 2008 at 23:25

ဘာတွေများ shopping မှာ လျှော့နေသလည်းလို့ ပြေးလာတာ။ :P

Anonymous
7 December 2008 at 23:51

အိမ်ရေ-
ကိုယ်ပိုင်ခံစားချက် ပုဂ္ဂလိက အတွေးကို စဉ်းစားပြီးမှရေးစေချင်တယ်
အလေးအနက်ထားရမဲ့ ဘာသာတရားကို လေးနက်တဲ့နေရာမှာပဲရှိစေချင်တယ်။
ကျနော်စိုးရိမ်လွန်သွားလားမသိဘူးနော်
လေးစားစွာဖြင့်

7 December 2008 at 23:56

ဒစ်စ်ကောင့်ချပြီး ငရဲကိုပို့ပစ်မယ်.. ဟားဟား..
နိဗ္ဗာန်တော့မပို့ဘူး..ဟိဟိ..ကဗျာလေးစပ်ထားတာ
ကတော့ဟာသမြောက်ပါတယ်..ဦးအိန်ရယ်...

Anonymous
8 December 2008 at 00:16

ကိုဖေသိန်းရေ ကျေးဖူးပါဗျာ။ကျနော်ရေးတာ
ဘုရားကိုစော်ကားလိုတဲ့စိတ်နဲ့ေ၇းလိုက်တာ
မဟုတ်ပါဘူးဗျာ။သာမာန် ပုထုစဉ်လူသားတစ်ယောက်အနေနဲ့ ဘယ်လိုမှ
မျှော်မှန်းလို့ မရတဲ့ နိဗ္ဗာန်ကို ဘာတခုမှ ကောင်းမှုမလုပ်ပဲ လိုချင်တဲ့သူတွေကို သရော်
ထားတာပါဗျာ။
ကိုဖေသိန်းရဲ့ ဘာသာတရားကို မြတ်နိုးတဲ့စိတ်ကိုတော့ လေးစားပါတယ်ဗျာ။
အခုလို သတိပေးတာလဲ ကျေးဇူးပါ။
နောင်သတိထားလို့ရတာပေါ့ဗျာ။

8 December 2008 at 01:01

ကိုအိမ်
ခင်ဗျားကတော့လေ။
ဟုတ်ပါပြီဟုတ်ပါပြီ...
သရော်ချက်လေးကတော့
ပိုင်ပါပေ့။
ကြိုက်တယ်ဗျိုး။

:)

8 December 2008 at 01:10

အမှန်က ကဗျာအောက်မှာ မှတ်ချက်လေးရေးထားလိုက်ရင် ရှင်းသွားမယ်ထင်တယ်ဗျ။ ကဗျာကတော့ ကောင်းပါ့ဗျာ။

Anonymous
8 December 2008 at 02:35

ကဗျာလေးကကောင်းပါပေတယ်

ဒါပေမယ့်..နိဗ္ဗာန်ဆိုတာ မသီပေမယ့်

သွားချင်ကြတာ ဗုဒ္ဗဘာသာဝင်တွေ တောင်းတတဲ့

ဆန္ဒပါ..ဒစ်စကောင့်နဲ့တော့မသွားပါနဲ့  ဟီး

သွားချင် သာသနာကို

သက်ဝင်လှုပ်ရှားပီးတူတူသွားကြမယ်လေ ဟီး

8 December 2008 at 09:04

ကဗျာဆိုတော့ ကဗျာလိုပဲဖတ်သွားတယ်

Anonymous
8 December 2008 at 09:51

အဲဒီ ဒစ်စကောင့်ကို ပေးပြီဆိုရင် လက်တို့လိုက်နော် ဟဲဟဲ

8 December 2008 at 11:35

ကဗျာလေးကိုဖတ်သွားတယ်ဂျ
ရေးထားတာက ဟုတ်နေတာပဲနော်
ခံစားသွားပါတယ်

8 December 2008 at 13:04

အိမ် ရေ Discount ချပေးရင်တောင် ဒီလိုပုံနဲ့ နိဗ္ဗာန်
ရောက်နိုင်ပါ့မလား..ဟဟား
ဒွင်းကြိမ်းဝါး သွားသလို ငရဲရောက်နေဦးမယ်.း)

8 December 2008 at 13:38

တတ်လည်းတတ်နိုင်တယ်နော်...:P

8 December 2008 at 15:33

ဒစ်စကောင့် တောင်ရှာကြံ တောင်းနေသေးတာ.. သင်္ဘောသီးက..

Anonymous
8 December 2008 at 18:24

ဟေဟေး ကောင်းတယ်ဗျို့***ကဗျာလေးမိုက်တယ်**
တွေးတတ်တယ်ရေးတတ်တယ်ဗျ***ကိုအိမ်လွယ်တော့
မလွယ်ဘူးနော်***နိဗ္မာန်ကိုတောင် ဒစ်စကောင့်တောင်း
တယ်***လွယ်ဘူးဗျို့***လွယ်ဘူး ဒီလူ***

8 December 2008 at 19:10

အိမ်ရေသတိထား...ငရဲရောက်မှအဖော်လာမစပ်နဲ့ တို့ကအရင်ရောက်နေမှာ..ဟားဟ ကဗျာစပ်ထားတာလေးသဘောကျတယ်

8 December 2008 at 23:46

ကိုယ့်ဆရာ ၀ိုင်းပို့ နေကြပါလား ငရဲကို ဒစ်စကောင့်ကြီးနဲ့ ။ အဟေး အဲဒီ ဒစ်စကောင့် ချတယ်ကြားရင် လက်တို့ စမ်းပါဦးဗျ။

9 December 2008 at 11:13

ဒစ်စ်ကောင့်နည်းလေးတွေ.ထားတယ်ဗျ...လွယ်လွယ်လေး suicide လုပ်လိုက်ရုံပဲ ...ဟီးဟီး
ဘယ်ဘုံကိုရောက်မလဲဆိုတာတော့ကျနော်လဲသိဝူးနော်
:P

10 December 2008 at 02:07

အဲ ဒီလူတော်တော်နောက်တာပဲ ။ ဟုတ်တော့လည်း
ဟုတ်သားဗျ ။ :D

Anonymous
10 December 2008 at 12:54

ငရဲကြီးမှာမကြေက်ဘူးလား အဲ့မှာ လျှပ်စစ်ရထားတွေ ရှိတယ်မှတ်လား သူလည်းမြန်ပါတယ် ။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း