Saturday, December 13, 2008

ဘောလုံးပွဲ

25
၂၀၀၉ကိုကြိုဆိုရန်နှင့်ချစ်ကြည်ရေးအတွက်ကျနော်တို့ ဘလော့ဂါတွေပေါင်းပြီး ဘောလုံးကန်ကြမှာပါ။
ဒီပွဲမှာ ဘလော့သူမလေးများအဖွဲ့နဲ့ဘလော့ထီးလေးများအဖွဲ့ ဆိုပြီးနှစ်ဖွဲ့ခွဲကန်ကြမှာ ပါခင်ဗျ
ပွဲကြေငြာပေးမဲ့ သူကတော့ လူသားအားလုံးအတွက် မရှိမဖြစ်အလိုအပ်ဆုံးအရာ ကျနော်ဆိုတဲ့ ဘလော့ဂါတွေ မေတ္တာခံယူမဲ့ အိမ် ပါခင်ဗျား။ မြန်မာ့အသံမှ ဦးလှဝင်းလေသံနှင့်ဖတ်ကြပါရန်....။

ဟုတ်ကဲ့.. ဒီပွဲမှာ ဘလော့သူမလေးများအဖွဲ့ ထဲပါဝင်သူတွေကတော့ နည်းပြ မ၀ါဝါခိုင်မင်း၊ ပူးတွဲနည်းပြ စိတ်ဖြေရာ အသင်းမန်နေဂျာအိမ်မက်နိဒါန်း၊ အသင်းသူလေးတွေကတော့ အသင်းခေါင်းဆောင် ချင်းမလေး၊ တိုက်စစ်မှုးခေါင်ခေါင် ၊နောက်ခံလူရောင်ပြန်၊ နေ့အိမ်မက်၊ ပန်းခရေ၊ မဆုမွန်၊ မီးလေးဇာ၊ သက်တန့်၊ သဉ္စာ၊ မယ်ဂု၊ ဂရင်းဂဲလ်၊ အရံလူများကတော့ ငှက်ငယ်လေး၊ ငွန်ငယ်မိုး၊ ဂိုးသမားကတော့ ဒီဇင်ဘာစင်ဒရဲလား ဖြစ်ပါတယ်ခင်ဗျ။ ပြောနေရင်းအချိန်မှာပဲ နည်းပြမ၀ါဝါခိုင်မင်းနဲ့ ပူးတွဲနည်းပြ စိတ်ဖြေရာ တို့ကနေပြီး နည်းတွေပြနေပါတယ်ခင်ဗျ....ကပ်လိမ်နည်း၊ကပ်ဆွဲနည်း၊
ကပ်ထိုးနည်း၊ တံတောင်နဲ့တွတ်နည်း စသည်ဖြင့်ပေါ့ခင်ဗျာ စိတ်ပါလက်ပါနဲ့ အားပါးတရကိုပြနေပါတယ်ခင်ဗျ။ ဒါကိုအားမရသေးပဲ စိတ်ဖြေရာကနေပြီး ချိတ်တစ်ယောက်တစ်ချောင်း ဝေငှနေပါတယ်ခင်ဗျ သူတို့ကလဲ ဘလော့ဂါထီးလေးတွေ
အကြောင်း ကြားထားလို့ထင်ပါတယ် ဘောလုံးကန်နည်းမပြပဲ ချနည်းတွေပဲပြနေပါတယ်ခင်ဗျ။ အဲဒီအချိန်မှာပဲ အသင်းခေါင်းဆောင် ချင်းမလေး ကနေပြီးတော့ သူဖြတ်သန်းခဲ့ရတဲ့ဘောလုံးပွဲအတွေ့အကြုံကို အခုလိုချင်းသံ ၀ဲဝဲလေးနဲ့ပြောပြပါတယ်။
"ကျားမတို့ဆီမှာ ဘောလုံးပွဲတပွဲကို တလကြားပါတယ် ဘာကြောင်းလဲဆိုတော့...............
ကျားမတို ရှင်းပြည်မှာဘောလုံးပွဲကိုး တောင်းပေါ်မှာချင်းပပါတယ်၊ အဲဒီလို ချင်းပတဲ့အခါးမှာ
ဘေထွတ်ဘောတခါဖြစ်ရင် တောင်းအောက်ကျသွားလို ပြန်းကောက်ရတာနဲပဲ တီးလ ကြားမှန်မသိကြားသွား
တာပါရှင့်"
"သူမပြောတာကတော့ ဘာသာပြန်ပြီး ပြောပြရမယ် ဆိုရင်ဖြင့် "ကျမတို့ ချင်းပြည်မှာ ဘောလုံးပွဲတပွဲကို တလကြာပါတယ်တဲ့၊ ဘာကြောင့်လဲဆိုတော့ ချင်းပြည်နယ်မှာ ဘောလုံးပွဲကို တောင်ပေါ်မှာ ကျင်းပပါတယ်၊ အဲဒီလို ကျင်းပတဲ့ အခါမှာ ဘေးထွက်ဘော တခါဖြစ်ရင် တောင်အောက်ကျလို့ ပြန်ကောက်ရတာနဲ့ပဲ တလကြာမှန်း မသိကြာသွားတာပါရှင့်" ဒီစကားကြားတော့ အားလုံးက ရင်သပ်ရှုမော အံ့တွေသြလို့ပါပဲခင်ဗျ။

အဲဒီလိုပါပဲ တစ်ဖက်အသင်းဖြစ်တဲ့ ဘလော့ထီးလေးတွေအသင်းက နည်းပြကြီးကိုလင်းထက်နဲ့ ပူးတွဲနည်းပြ
ဇောင်းလေးတို့ကလဲ ဘောလုံးကန်နည်းတွေမပြပဲ ကပ်နည်းတွေ၊ ၀င်လုံးနည်းတွေကိုပဲ တွင်တွင်ကြီးကိုပြနေတာ
ပါပဲခင်ဗျ၊ နည်းပြကြီးတွေကလဲ အနိုင်မကန်နိုင်ရင်နေ သရေကျဖို့အဓိကပဲဆိုပြီး ရှင်းပြနေပါတယ်ခင်ဗျ။ အသင်းသားလေးတွေကလဲ ဘောလုံးပွဲတောင်မစသေးဘူး နည်းပြတွေပြတဲ့ နည်းတွေနားထောင်ပြီး စိတ်ကူးနဲ့တင်
သရေတွေ တမျှားမျှားနဲ့မြင်မကောင်းအောင် ကျနေပါပြီခင်ဗျ။

သြော်... ဟုတ်ကဲ့ ပါဝင်တဲ့သူတွေကတော့ အသင်းခေါင်းဆောင်ကြီး ဗီလိန်၊ တိုက်စစ်မှုး မောင်မျိုး၊ အလယ်တန်းလူ
ကိုခွန်း၊ သီဟညိမ်း၊ အလှတရား၊ ဖားကြီးနောက်တန်းလူသံလွင်ဟီးရိုး၊ ရမ်းဂန်း၊ တက်လူငယ်၊ ရဲရင့်နီ၊၊
ဂိုးသမားကတော့ခိုင်ဘိုဘို၊ အရန်လူချစ်ခြင်းချေရာ၊ ဇင်ယော်၊ ကယားလေးတို့ဖြစ်ပါတယ်။

ဟုတ်ကဲ့ပွဲစဖို့အချိန်ကတဖြေးဖြေးနဲ့ပဲ နီးကပ်လို့လာပါပြီခင်ဗျ။
ဟော.. ပြောရင်းဆိုရင်းကိုပဲ နှစ်ဖက်အသင်းများ ကစားဖို့ ကွင်းလယ်ကိုချီတက်လာကြပါပြီ။ နှစ်ဖက်အသင်းများ
လက်ဆွဲနှုက်ဆက်ကြပါတယ် နှုတ်ဆက်ရင်းနဲ့ပဲ ဘလော့ထီးလေးတွေခမျာ တဟီးဟီးနဲ့ ငှက်ဖျားတက်နေသလား
အောက်မေ့ရပါတယ်။ ကွင်းလယ်ဒိုင်ကတော့ တောင်ပေါ်သားပါခင်ဗျ၊ ထူးခြားတာကတော့ သူက၀တ်စယ်မမှုတ်ချင်ဘူး လိပ်ခေါင်းရှိလို့တဲ့ခင်ဗျ၊ အဲဒါနဲ့ သူရှမ်းပြည်ကယူလာတဲ့ ရှမ်းအိုးစည်နဲ့ ကွင်းလည်ဒိုင် လုပ်မယ်ဆိုလို့ပြောမရတာနဲ့ပဲ လုပ်ခိုင်းရ
ပါတယ်ခင်ဗျ။ စည်းကျပ်ဒိုင်တွေကတော့ ဖြိုးငယ်နဲ့ အိမ်မက်များနှင့်ရှင်သန်ရှင်းတို့ဖြစ်ပါတယ်၊ သူတို့ကလဲ ကွင်း
လယ်ဒိုင်လူကြီးကို အားကျလို့ထင်ပါတယ် ဖြိုးငယ်က မောင်း ကိုင်ပြီး၊ အိမ်မက်များနှင့်ရှင်သန်ခြင်းကတော့
ပတ်မကြီး လွယ်ထားပါတယ်ခင်ဗျ။ ဟုတ်ကဲ့ကွင်းထဲမှာလဲ ရှမ်းအိုးစည်သံ၊ပတ်မသံ၊မောင်းသံတွေနဲ့ ဆူညံလို့နေပါ
တယ်၊ ပွဲကြည့်ပရိတ်တချို့ဆို ငါတို့ဇာတ်ပွဲနဲ့မှားပြီထင်တယ်ဆိုပြီး ထင်ရောင်ထင်မှားတွေ ဖြစ်ကုန်ပါတယ်ခင်ဗျ
ဟုတ်လည်း ဟုတ်ပါတယ် အားတိုင်း နှောင်ဗိန်ထီ၊ နှောင်ဗိန်ထီနဲ့ ကြာရင် ဘောသမားတွေ ဘောလုံးလေး အသာ
ဘေးချပြီး ဘီလူးယိမ်းထွက်ကဖို့ပဲ ရှိပါတော့တယ်။

ပြောလို့မှမဆုံးသေးပါဘူး ပွဲစဖို့အတွက် နီနီဝင်းကနေပြီး နှဲသံ တတော်တော်နဲ့ အသံပေးပါတယ် ဒါကို တိုက်စစ်မှုး
မောင်မျိုးကနေပြီးဟေး....ပွဲတောင်မစသေးဘူး ဘယ်နဲ့တော်ခိုင်းနေတာလဲ ဒီမှာ ၀င်တောင်မလုံးရသေးဘူးဆိုပြီး
အော်ပါတယ်ခင်ဗျ၊ ကြည့်ရတာ ဒီပွဲကို အပြတ်နွှဲမယ်လို့များ အားခဲထားသလားတော့ မသိဘူးခင်ဗျ။
ပွဲစပါပြီခင်ဗျား .....စပေးဘောကို ဘလော့သူမလေးများ အသင်းကရပါတယ် ကွင်းလယ်ဒိုင်ကနေပြီး ဗိန်က
နဲရှမ်းအိုးစည် ထုလိုက်တော့ ဘလော့ထီးလေးတွေက ၀ုန်းဆို ဘလော့ဂါသူအသီးသီးဆီကို ၀င်လုံးကုန်ကြပါ
တယ်ခင်ဗျ၊ ရုတ်တရက်ဆိုတော့ ဘလော့သူလေးတွေလဲခံလိုက်ရပါတယ်၊ ကွင်းလယ်ဒိုင်ဆိုရင် အဗိန်ဗိန်နဲ့ရှမ်း
အိုးစည်တီးပြီး ဘလော့ထီးလေးတွေ အားလုံးကို တစ်ယောက်ချင်းဆီ အ၀ါကဒ်လိုက်ပြပါတယ်ခင်ဗျ။ ပွဲစတာ
တောင် ၁စက္ကန့်မရှိသေးဘူး ဘလော့ထီးလေးတွေအားလုံး အ၀ါကဒပြခံလိုက်ရပါတယ်ခင်ဗျ၊ ဒါကိုပဲ မကျေနပ်တဲ့
ဂိုးသမား ခိုင်ဘိုဘိုကနေပြီး ဟေ့... လူတွေ ကျနော့်အတွက်ချန်ဦး ဆိုပြီး လှမ်းသတိပေးနေပါတယ်ခင်ဗျ။

ပြန်ပြီး စပေးဘောကန်တယ်ခင်ဗျ တိုက်စစ်မှုးခေါင်ခေါင်က ဘယ်ညာကြည့်ရင်း အရှေ့မှာ ရှိတဲ့ အသင်းခေါင်း
ဆောင်ချင်းမလေးဆီ ကန်တင်ပေးလိုက်ခင်ဗျ၊ ချင်းမလေးကလဲ ဘောလေးကို လှိမ့်ကာ၊ လှိမ့်ကာနဲ့ အကွက်
ချောင်းနေပါတယ်ခင်ဗျ အဲဒီအချိန်မှာပဲ အသင်းခေါင်းဆောင် မောင်မျိုးက ပြေးလားပါတယ် ပြေးတယ်ခင်ဗျ ၊ပြေး
နေပါတယ်၊ ဒါကိုမြင်တဲ့ချင်းမလေးက ဘယ်တောင်ပံမှာရှိတဲ့ ဒရင်းဆီ လှမ်းကန်တင်ပေးလိုက်ပါတယ် ဒါပေမဲ့ မောင်မျိုးရဲ့ဦးတည်ချက်ကတော့ မပြောင်းပါဘူး ခင်ဗျာ၊ ချင်းမလေးဆီတည့်တည့်ကို ပြေးဝင်းသွားပါတယ်၊
ဒါကို သိတဲ့ချင်းမလေးကလဲ အသာလေးရှောင်ပြီး တတောင်နဲ့ ခပ်စပ်စပ်လေးတွတ်လိုက်တာမှာမောင်မျိုးခမျာ ချင်းမလေးနဲ့ မလုံးလိုက်ရပဲ မြေကြီးနဲ့ပဲ လုံးလိုက်ရလို့ တကိုယ်လုံး ပေပွသွားပါတယ်ခင်ဗျ၊ ဟော.... ပြောနေရင်းနဲ့ပဲ
ဘောလုံးက ဘေလော့ထီးလေးတွေ ဂိုးနားရောက်ခါနီးပါပြီခင်ဗျ ဒရင်းကနေပြီး ခေါင်ခေါင်ကို မြှောက်ဘောလေး
နဲ့ ကန်တင်ပေးလိုက်ပါတယ်၊ ခေါင်ခေါင်ကလဲ ဘောလေးခြေထဲရောက်တော့ ဘလော့ထီးတွေအားလုံးကို မိုက်
ကြည့်လေးကြည့်ပြီး ချိတ်ကလေးကို မသိမသာလေးပြတယ်ခင်ဗျ၊ ဒါကိုမြင်တော့ အာလုံးလန့်ပြီး အနားမကပ်ရဲ
ဘူးခင်ဗျ၊ အဲဒီလိုနဲ့ ခေါင်ခေါင်ဟာ ဘောလေးကို လှိမ့်ကာ လှိမ့်ကာနဲ့ ဂိုးနားကို ရောက်လာပါတယ်ခင်ဗျ၊ ဒါကိုမြင်
တော့ ခိုင်ဘိုဘိုကပြေးလာပါတယ်၊ ခေါင်ခေါင်ကလဲ ရတဲ့အခွင့်အရေး အလွတ်မပေးပဲနဲ့ ဂိုးထဲကို ကန်ပါတယ်..
ကန်တယ်ခင်ဗျာ.. မြေလွတ်ဘောလေးနဲ့ကို ကန်သွင်းတာပါ ခိုင်ဘိုဘိုကလဲ ပြေးဖမ်းပါတယ်.... မိပါတယ်ခင်ဗျာ... မိပါတယ်... မိတာမှ.. လုံးထွေးနေတာပါပဲခင်ဗျာ၊ ကြည့်တောင်မကောင်းပါဘူး မလွတ်တမ်းကို ဖမ်းထားတာ၊
ဒါကိုပဲ ကွင်းလယ်ဒိုင်လူကြီးက တဗိန်ဗိန်ထုပြီး ဂိုသမားခိုင်ဘိုဘိုကို အ၀ါကဒ်ပြရင်း၊ တစ်ဂိုး ဂိုးသွားကြောင်း အသိ
အမှတ်ပြုလိုက်ပါတယ်၊ ဟုတ်ကဲ့ ခိုင်ဘိုဘိုဘာကြောင့် အ၀ါကဒ်ထိလဲဆိုတော့ သူဖမ်းတာ ဘောလုံးမဟုတ်ပဲ လူ
ဖြစ်နေလို့ပါခင်ဗျ။

ဟုတ်ကဲ့ ပွဲစလို့ မိနစ်ပိုင်းမှာပဲ ဘလော့သူလေးများက ၁ဂိုးရရှိသွားပါပြီ။ ဘလော့သူမလေးများကတော့ ခုန်ပေါက်
ကာပျော်မြူးနေပါတယ် အဲဒါကိုပဲ အာသာငမ်းငမ်းနဲ့ ဘလော့ထီးလေးတွေ လိုက်ကြည့်နေပါတယ်ခင်ဗျ.........
ကြည့်နေပါ ....... ထီထီထီ .... ဟုတ်ကဲ့ စည်းကျပ်ဒိုင်ဖြစ်တဲ့အိမ်မက်များနှင့်ရှင်သန်ခြင်းက မျက်စေ့ကျွံဘောအဖြစ်
သတ်မှတ်လိုက်ပါတယ်ခင်ဗျာ .... အဲဒါကို မကျေနပ်တဲ့ နည်းပြကြီး ကိုလင်းထက်ကနေပြီး စည်းကျပ်ဒိုင်ကိုမေးနေ
ပါတယ်၊စည်းကျပ်ဒိုင်ကလဲ ရှင့်လူတွေမျက်လုံးကိုလဲကြည့်ဦး ပုဇွန်မျက်လုံးဖြစ်နေပြီ ကြာရင် ဘလောသူမလေးတွေကို သွားမှန်မှာစိုးရတယ် အဲဒါကြောင့် မျက်စေ့ကျွန်ဘောသတ်မှတ်လိုက်တာ....။

ဟုတ်ကဲ့ကမ္ဘာမှာမကြားဘူးသေးတဲ့ ပစ်ဒဏ်ပါပဲခင်ဗျ အဲဒါကိုပဲ ဘောလုံးပွဲကို လာရောက် ကြည့်ရှုအားပေးနေ
ကြတဲ့ ကမ္ဘာကျော်ဘောလုံးသမားကြီးတွေ စာအုပ်လေးတွေကိုယ်စီ ထုတ်ပြီး သတိထားရမဲ့ အချက်လို့မှတ်ယူနေ
ပါတယ်။
ဟုတ်ကဲ့... ပွဲကလဲ အင်မတန်မှ ကြည့်လို့ကောင်းပါတယ်ခင်ဗျာ ဘလော့သူမလေးတွေ ဆိုပိုကြည့်လို့ကောင်းသလိုပါပဲ၊ ရွှေပွဲလာဧည့်ပရိတ်သတ် ပုရိသများမျက်လုံးကလဲ ဘလော့သူမလေးများဆီမှာ
ရောက်နေပါတယ်ခင်ဗျာ သူတို့လေးတွေ ပြေးလိုက်ရင်ကိုပဲ ရင်သပ်ရှုမောနဲ့ ပါးစပ်ကြီးတွေဟထာတာများ
ယင်ကောင်ဥ၀င် ဥလို့တောင်ရပါတယ်ခင်ဗ၊ ပြောရင်း ဆိုရင်းမှာပဲ နောက်ခံလူ သက်တန့်နဲ့ မယ်ဂု ရှေ့တန်းကို
တက်လာပါတယ် တစ်ယောက်နဲ့တစ်ယောက် အပေးအယူလုပ်လာရင်း ကန်တင်ဖို့ အခြေအနေကို အကဲခတ်နေပါတယ် အကဲခတ်နေရင်းမှာပဲ ပြေးလားပြီ.. ပြေးလာပြီ.... ဟုတ်ကဲ့ တက်လူငယ်ပါခင်ဗျ နောက်က
နေ၀င်လုံးတာမှာ အ၀င်ကြမ်းတယ်ဆိုပြီး တက်လူငယ်ကို ကွင်းလယ်ဒိုင်ကနေပြီး အ၀ါကဒ်ပါခင်ဗျာ အခုတော့
တက်လူငယ်ခမျာ နှစ်ဝါ တစ်နီဖြစ်လို့ ကွင်းထဲကအထုတ်ခံလိုက်ရပါတယ်ခင်ဗျာ။

ပွဲကတော့ အကြိတ်အနယ်ပါပဲခင်ဗျာ သူတပြန်ကိုယ်တပြန် ၀င်လုံးလိုက်၊ကပ်လိမ်လိုက်နဲ့ အင်မတန်မှ ကြည့်ကောင်းတဲ့ပွဲပါပဲ။
သက်တန့်... ဘောလုံးလေးကို တည်လိုက်ပါတယ်... ကန်ပြီခင်ဗျာ ကန်တင်လိုက်ပါတယ် ဟိုးအရှေ့မှာ စောင့်
နေတဲ့ အသင်းခေါင်းဆောင် ချင်းမလေးဆီတိုက်ရိုက်ကျအောင်ကန်တင် လိုက်ပါတယ် ဒါကိုမြင်တော့ နောက်ခံလူရဲရင့်နီနဲ့ ရမ်းဂန်း ၀င်လုံးဖို့ကြိုးစားနေပါတယ်ခင်ဗျ ချင်မလေးကလဲခေသူတော့ မဟုတ်ပါဘူးခင်ဗျာ
ဘောလုံးလေးမြေပေါ် မရောက်ခင် ရင်ဘတ်နဲ့ထိန်းဖို့ ခုန်လိုက်ပါတယ်ခင်ဗျ ဒါကိုပဲ အားကျမခံတဲ့ ရမ်းဂန်းကနေ
ပြီးလိုက်ခုန်ပါတယ် ၂ယောက်လုံးထွေး ကျလာပါတယ်ခင်ဗျာ ပြန်အကျမှာ ချင်းမလေး ရင်ညွှန့်သွားတိုက်မိလို့
ချင်းမလေးခမျာ မြေပေါ်မှာလူးကာ လိမ့်ကာနဲ့ အသင်းခေါင်းဆောင်ပီပီ ပညာတွေပြနေပါတယ် ... အဲဒီအချိန်မှာ ဆေးဝန်းထမ်း၂ယောက်ပြေးလာပါတယ် ဟော.... ပြေးနေရင်းပဲ ဆေးဝန်ထမ်းတစ်ယောက် သူ့
ဟာသူခြေခေါက်လဲသွားပါတယ် ခင်ဗျာ ဒါနဲ့ပဲနောက်ဆုံးတော့ ဘောလုံးသမားတွေက ဆေးဝန်ထမ်းကို ပြန်ထမ်း
ထုတ်သွားရပါတယ်ခင်ဗျာ .. အဲဒီမှာကွင်းလယ်ဒိုင်ကနေပြီး ရမ်းဂန်းကို အ၀ါကဒ်
ပြပါတယ် ၂၀ါ၁နီဆိုတော့ သူလဲ ကွင်းထဲကနေ ထွက်ရတော့မှာပါ... ဒါပေမဲ့ ရမ်းဂန်းက ဆင်ခြေပေးနေပါတယ်
သူလဲဘောလုံးကို ခုန်တိုက်တာပါပဲလို့ပြောနေပါတယ် ဒါပေမဲ့မရပါဘူးခင်ဗျာ ကွင်းလယ်ဒိုင်ကနေပြီး.....
မင်းတိုက်လိုက်တာ ငါမငြင်းဘူး ဒါပေမဲ့ နှစ်လုံးတွဲမို့လို့ ၂၀ါ၁နီ ဒါပဲဆိုပြီး ပြတ်ပြတ်သားသားကို အရေးယူလိုက်
တော့ ရမ်းဂန်းခမျာ ကွင်းထဲက ခေါင်းလေးတပွတ်ပွတ်နဲ့ ထွက်သွားရပါပြီခင်ဗျ။

ဟုတ်ကဲ့ အခုဆိုရင်ပဲ ဘလော့ထီးလေးများအဖွဲ့မှာ ၉ယောက်ပဲ ကျန်ပတော့တယ်ခင်ဗျာ။ပြောနေရင်းမှာပဲ ၄၅
မိနစ်ပြည့်သွားကြောင်းကို နီနီဝင်းကနေပြီး နှဲမှုတ်ပြီး အချက်ပေးလိုက်ပါတယ်ခင်ဗျာ။

ဟုတ်ကဲ့ အခုလိုအားလပ်ချိန်ရောက်တော့ ကွင်းလယ်ဒိုင်နဲ့စည်းကျပ်ဒိုင်တွေကနေပြီး ရှမ်းရိုးရာအက ဖျော်ဖြေပါ
တော့မယ်ခင်ဗျာ .... တောင်ပေါ်သားက ရှမ်းအိုးစည်လွယ်ပြီး ရှမ်းသိုင်းကို စည်းချက်ကျကျလေး ကပြနေပါတယ်
ဒါကို အားကျမခံ စိုင်းခမ်းထွန်းကလဲ ငှက်ကြီးတောင်ဓါးနှစ်လက်ဆွဲပြီး ကွင်းထဲဝင်လာပြီး ဓါးသိုင်းနဲ့ပရိတ်ကြီးကို
ဖျော်ဖြေနေပါတယ်ခင်ဗျာ။
ဟုတ်ကဲ့အခုလိုဖျော်ဖြေနေရင်းပွဲစဉ်ကို ပြန်လည်သုံးသပ်ပြရရင်တော့ နှစ်ဖက်စလုံးက အသင်းသားတွေဟာ
အားကြိုးမာန်တက် ကြိုးစားပြီး ကစားသွားကြတာ မြင်တွေ့ရပါတယ်။ ပိုပြီးမာန်တက်တာကတော့ ဘလော့ထီး
လေးများအသင်းကဖြစ်ပါတယ် မာန်အတက်လွန်သွားလို့ ကွင်းထဲက၂ယောက်တောင် အထုတ်ခံလိုက်ရတာ
သက်သေပါပဲခင်ဗျာ။ ဒါပေမဲ့လည်း ဘလော့သူလေးများကလဲ ခေသူတွေတော့ မဟုတ်ကြပါဘူးခင်ဗျ အတော်ပဲ
နည်းပြစကားမြေ၀ယ်မကျနားထောင်သွားတာဟာ ကမ္ဘာကျော်ဘောသမားကြီးတွေအတွက် အတုယူစရာပါ။
သူတို့ရဲ့ ကပ်လိမ်တာတွေ၊ကပ်ဆွဲတာတွေဟာတကယ့်ကို အံ့သြစရာကောင်းပါတယ်၊ ကွင်းလယ်ဒိုင်ကပဲမမြင်
တာလား တမင်မသိချင်ယောင်ဆောင်နေတာလားဆိုတာတော့ ကွင်းလယ်ဒိုင်နဲ့ ဘုရားပဲသိမှာပါခင်ဗျ။

ဟော.... ပြောရင်းနဲ့ပဲ ဒုတိယပိုင်းပွဲဆက်လက်ကျင်းပဖို့ နှစ်ဖက်အသင်း ကစားသမားတွေဟာ နေရာယူနေ
ကြပါပြီ၊ စပေးဘောကို ဒီတခါတော့ ဘလော့ထီးလေးများ ကရပါတယ်ခင်ဗျ။ အသင်းခေါင်းဗီလိန် ကန်လိုက်ပါပြီ
ခင်ဗျာ ... ရောက်ပါတယ် ရှေ့တန်းတိုက်စစ်မှုး မောင်မျိုးဆီရောက်ပါတယ်။ မောင်မျိုးဟာ အခုဆိုရင် ဘောလုံး
ကိုဆွဲလာပါတယ်။ ဒါကိုမြင်တဲ့ ပန်းခရေ၊နေ့အိမ်မက်နဲ့ မဆုမွန်တို့ ၀ိုင်းလာကြပါတယ် ခင်ဗျ... ဘလော့သူလေးများ
ကလဲခေသူတွေတော့ မဟုတ်ပါဘူး ပြန်င်္ပြီး ဆွဲပါတယ်ခင်ဗျ ဆွဲပါတယ်... ဆွဲနေရင်းကိုပဲ ၃ယောက်စလုံးလန့်ပြီး
အားခနဲအော်ကာ မောင်မျိုးအနီးကနေ အဝေးကို ထွက်ပြေးကြပါတယ်ခင်ဗျ ဟုတ်ကဲ့ အဆွဲလွန်သွားလို့ မောင်
မျိုးရဲ့ဘောင်ဘီသရေကြိုးပြတ်သွားပြီး ကျွတ်ကျသွားလို့ အခုလိုဖြစ်သွားတာပါ ဒါကိုပဲစည်းကျပ်ဒိုင်ကနေပြီးတ
နှောင်နှောင်မောင်းထုပြီး ဘောကျွံဘောလို့ သတ်မှတ်ပါတယ်ခင်ဗျ နားမလည်နိုင်လောက်အောင်ပါပဲခင်ဗျာ ဘယ်လို
ကဘယ်လို ဘယ်ဘောက ဘယ်လိုကျွံပြီး ဘာကျွံဘောသတ်မှတ်လိုက်သလဲဆိုတာတော့ ဒိုင်လူကြီးတွေပဲ သိမှာပါခင်ဗျ။
ခဏလေးပါခင်ဗျာ ရေလေးတော့ သောက်ပါရစေဦး..................................................................................
ရပါပြီ... အခုဆိုရင် ဘောလုံးဟာ ဘလော့သူမလေးများ ဂိုးဧရိယာနားမှာ တ၀ဲဝဲလည်နေပါတယ်။ ပြောရင်းနဲ့ပဲ
ဘောလုံးဟာ နောက်ခံလူ ဂရင်းဂဲလ်ခြေထဲ ရောက်သွားတယ်ခင်ဗျ သူကလဲ အချိန်မဆိုင်းပဲ ဟိုး.. ကွင်းလယ်နား
မှာရှိတဲ့ တိုက်စစ်မှုးခေင်ခေါင်ဆီလှမ်းတင်ပေးပါတယ်.. ကန်တင်လိုက်ပါတယ် ရောက်တယ်ခင်ဗျာ ရောက်ပါ
တယ် ကျနော် အစီအစဉ်ကြေငြာနေတဲ့ အထူးတန်းပွဲကြည့်စဉ်ရဲ့ ဟိုးအနောက်ဖက် အိမ်သာနားမှာ ထိုင်နေတဲ့
ကျနော့်ဘေးအထိကို ရောက်တာပါခင်ဗျ ကြည့်ရတာ ကြောက်ကန် ကန်လိုက်တာလားတော့ မသိပါဘူးခင်ဗျာ။
သူကြောက်မယ်ဆိုလဲ ကြောက်စရာပါ ဘလော့ထီးလေးတွေ အားလုံးသူ့ဆီဝိုင်းလာတာဆိုတော့လဲ မကြောက်
ပဲ ဘယ်နေနိုင်ပါ့မလဲပေါ့နော် မကြောက်ပဲ နေရင်တော့ တစစီတောင်ဖြစ်သွားမလား .... မတွေးဝံ့စရာပါပဲ ...
ဟုတ်လည်းဟုတ်မှာပါပဲ ဘလော့ထီးလေးတွေ ကပြောလဲပြောစရာပါ အခုတင်သူတို့ ကြည့်နေတဲ့မျက်လုံးကိုက
ခေါတော တစ်ထောင်အားလောက်မကရှိနိုင်ပါတယ်။
ပြောနေရင်းမှာပဲ ဘောလုံးဟာ ဘလော့သူတွေ ဂိုးနားမှာပဲ ပြန်ပြီး တ၀ဲဝဲလည်နေပြန်ပါပြီခင်ဗျာ။ ဟုတ်ကဲ့.......
ဝိုင်းပြီး ဘောလုံးလုကြတာမြင်တောင်မကောင်းပါဘူး လုံးရင်းနဲ့ပဲ ဘောလုံးတခြားလူတခြားကိုဖြစ်နေပါပြီခင်ဗျ ဒါပေမဲ့လဲ လုံးနေကြတုန်းပါပဲ တင်ပြနေတဲ့ အချိန်အတွင်းမှာပဲ ဘလော့ထီးလေးတွေ အားလုံး အားခနဲအော်ပြီး
ထွက်ပြေးကြပါတယ်ခင်ဗျ .... ဟုတ်ကဲ့ကွင်းလယ်ဒိုင်လူကြီး ကနေဘလော့သူမလေးများကို ချိတ်ကျွံဘော သတ်မှတ်ပြီး အားလုံးကို အ၀ါကဒ်ပြလိုက်ပါတယ်ခင်ဗျာ အဲဒီလိုပြလိုက်တယ်ဆိုရင်ကိုပဲ ဘလော့သူမလေးများအသင်း
သားအားလုံးဟာ ကုလားသိုက်ကျားဝင်ကိုက်သလို ကျွက်ကျွက်ညံအောင် ကွင်းလယ်ဒိုင်ကို ၀ိုင်းပြောကြပါတယ်
ခင်ဗျ။ ဒီပွဲဟာ တကယ့်ကိုထူးခြားတဲ့ပွဲလို့ ပြောလို့ရပါတယ်ခင်ဗျ ကမ္ဘာမှာ မကြားဖူးတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့
ကျင်းပတဲ့ပွဲဆိုတော့ ကစားသူများအနေနှင့်ရော ပရိတ်သတ်ကြီးများမှာပါ ရင်ခုန်စရာအတိပါပဲခင်ဗျ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ကတောင်စာအုပ်နဲ့ကို လိုက်လံမှတ်သားနေရပါတယ်ခင်ဗျ။
ဟုတ်ကဲ့အခုဆိုရင် ဘောလုံးဟာ တိုက်စစ်မှုးမောင်မျိုးခြေထဲမှာပါခင်ဗျ မောင်မျိုးပါခင်ဗျ ကန်တင်လိုက်ပါတယ်
တင်လိုက်ပါတယ် .... ရောက်ပါတယ်ခင်ဗျာ ညာတောင်ပံမှာရှိတဲ့ သီဟညိမ်းနဲ့ အလှတရားဆီ ရောက်သွားပါတယ်
ဒီနှစ်ယောက်ဟာ အခုဆိုရင် အချင်းချင်း ပြန်လုနေကြပါတယ်ခင်ဗျ သူ့ကိုကန်တင်ပေးတာ ငါ့ကိုကန်တင်ပေး
တာနဲ့နှစ်ယောက်ရန်တွေဖြစ်နေကြပါတယ်။ ဒါကို အသင်းခေါင်းဆောင် ဗီလိန်ဖြတ်လုပြီး ဆွဲယူလာပါတယ် ......
ဆွဲယူရင်း ယူရင်း ဂိုးနားရောက်လာပါတယ် အခွင့်အရေးလက်လွတ်မခံတဲ့ ဗီလိန်ပါပဲခင်ဗျာ ကန်တင်လိုက်ပါ
တယ်... ဖားကြီးခြေရောက်ပါတယ်... ဖားကြီးကလဲ တဆက်ထဲ ကန်သွင်းလိုက်ပါတယ်ခင်ဗျ.... ကန်လိုက်ပါတယ်
ဂ..ဂု ....ဂို ...ဂိုး ........... ဂိုးပါတယ်ခင်ဗျာ .. ဂိုးပါတယ်... လွတ်လွတ်ကျွတ်ကျွတ်ကို ဂိုးသွားပါတယ်။

ဘလော့သူလေးများရဲ့ သဒ္ဒါဖြူဖွေးအလှူပေးလိုက်တဲ့ ခြေပဂိုးလေးပါခင်ဗျ လှလှပပကိုဝင်သွားပါတယ်။
တော်တော်လေးကိုလှပါတယ်ခင်ဗျာ၊ ပိုးစိုးပက်စက်ကိုလှတာပါ၊ စက်စက်ယိုအောင်ကိုလှတာပါ။
ပြန်လည်တင်ပြရရင်တော့ ဘောလုံးလေးဟာဆိုရင် ဘလော့သူတွေဂိုးထဲကို မလိမ့်ချင်လိမ့်ချင်ပုံနဲ့ စလိုးမိုးရှင်း
ကိုဝင်သွားတာပါခင်ဗျ ဘလော့သူလေးများရဲ့ဂိုးသမား ဒီဇင်ဘာစင်ဒရဲဟာဆိုရင်ဖြင့် ငိုကြီးချက်မဖြစ်နေပါတယ်
အခုဆိုရင်ဖြင့် ပွဲဟာ အတော်လေးကိုကြည့်ကောင်းနေပါပြီ တဖက်နဲ့တဖက်ဟာ အခုဆိုရင် တစ်ဂိုးစီနဲ့သရေ
ကျနေပါပြီ ပွဲပြီးဖို့ကလဲ မိနစ်အနည်းငယ်ပဲ ကျန်ပါတော့တယ်ခင်ဗျ။ ဘလော့ထီးလေးများ ဟာဆိုရင် တက်တက်
ကြွကြွနဲ့ ပြန်လည်ဖိကစားထားတာ တွေ့ရတယ်ခင်ဗျ ပထမပိုင်းတုန်းက ခံစစ်နဲ့ ကစားထားတာ အခုဆိုရင်တော့
ဖြင့် တန်ပြန်တိုက်စစ်ဆင်နွှဲနေပါပြီ ခင်ဗျ။ တစ်ဂိုးရထားတော့လဲ အားကြိုးမာန်တက်ဖြစ်လာ ကြပါတယ်။

ဟုတ်ကဲ့ အခုဆိုရင်ဖြင့် ဘောလုံးဟာ ဘလော့ထီးလေးတွေခြေထဲမှာရောက်နေပါတယ် ဒါကိုမီးလေးဇာ ဖြတ်လုပါတယ် ... ရသွားပါတယ် မီးလေးဇာခြေထဲရောက်ပါတယ် ဟော.. ပြန်ဖိကစားနေတဲ့ ဘလော့ထီးလေးတွေကလဲ
ပြန်လုတယ်ခင်ဗျ ပြန်လုတယ် မရပါဘူးခင်ဗျ ထပ်ဖိပြီး ထပ်လုပါတယ် လုတယ်ခင်ဗျ .... ဗိန်ဗိန်ဗိန်.....................

ကွင်းလယ်ဒိုင်လူကြီးကနေပြီး အဖိလွန်ဘောပါတဲ့ခင်ဗျာ ဟုတ်လည်းဟုတ်ပါတယ် ၀ိုင်းဖိကစားလိုက်တာမှာ
မီးလေးဇာမှာ မြေကြီးထဲတောင် ကျွံဝင်သွားပါတယ်။ဒါကိုမကျေနပ်တဲ့ ဘလော့သူလေးများဟာ ကွင်းလယ်ဒိုင်
လူကြီးကို ပယ်နယ်တီပေးဖို့တောင်ဆိုပါတယ်ခင်ဗျ .. ပြောနေရင်းနဲ့ပဲ တဖက်နဲ့ တဖက် စကားများကုန်ကြပါပြီ
ဘလော့ထီးလေးများဟာလဲ နှယ်နှယ်ရရတော့ မဟုတ်ပါဘူးခင်ဗျ ယောကျာင်္းလေးတွေတန်မဲ့ ကက်ကက်လန်
ပြန်ရန်တွေ့နေပါတယ်။ ဥပမာနဲ့ပြောရရင် ငါးစိမ်းတန်းက ငါးစိမ်းသည်တွေလို ပါပဲခင်ဗျာ ..... ပြောရင်းနဲ့ ဘလော့
ထီးလေး အသင်းခေါင်းဆောင် ဗီလိန်ကနေပြီး သိုင်းတဖောင်ဆွဲလိုက်ပြီး ချဖို့စိမ်ခေါ်လိုက်ပါတယ်၊ ဒါကိုပဲ ဘလော့သူမလေးများ အသင်းခေါင်းဆောင် ချင်မလေးကလဲ သူတို့ချင်းတောင်ပေါ်က အောက်ချင်းငှက်သိုင်းနဲ့ပြန်လည်တိုက်ခိုက်ဖို့ အသင့်အနေအထားပြင်လိုက်ပါတယ်။

တတော်တော်တော်.... ပြောနေရင်းမှာပဲ ကျနော်တို့ရဲ့ချစ်ကြည်ရေးနှင့်၂၀၀၉ကြိုဆိုပွဲ ပြီးဆုံးကြောင်းနီနီဝင်းက
နေပြီး နှဲမှုတ်ပြီးအသိပေးလိုက်ပါတယ်။ ဟုတ်ကဲ့ ပွဲစဉ်တလျှောက် ပြန်လည်သုံးသပ် တင်ပြရမယ် ဆိုရင် နှစ်ဖက်အသင်းသားအားလုံး ခြေညီတယ်လို့ ပြောရမှာပါပဲ။ တဖက်နဲ့တဖက် အပြိုင်အဆိုင် ၀င်လုံးတာတွေ ကပ်လိမ်တာတွေနဲ့ အတော့်ကို ပညာရလိုက်ပါတယ်။ အင်မတန်မှလဲ ကြည့်ကောင်းတဲ့ပွဲလေးပါ။
နိဂုံးချုပ်အနေနဲ့ ၁ဂိုးစီသရေကျသွားပါကြောင်း...................................
ကျနော်ဘောလုံးကိုစိတ်မ၀င်စားပါဘူးခင်ဗျာ အခုရေးလိုက်တာမှာ လိုအပ်ချက်များရှိခဲ့ရင်ခွင့်လွှတ်နားလည်
ပေးရန်နှင့်စော်ကားသလိုဖြစ်ခဲ့ရင်ဤနေရာမှ တောင်းပန်ပါကြောင်း........။

25 Response to ဘောလုံးပွဲ

14 December 2008 at 00:03

မောင်အိမ်တော့ မလွယ်ဘူးနော် အပ်ချိပ်စာတော့မိတော့မယ်...
တော်တော်ဆိုးတယ်.. ဘယ်လိုလေးများရေးမလဲလို့စောင့်နေတာ အံ့ပါရဲ့တော် ဘလော့ကာတွေလည်း ဘောသမားတွေဖြစ်ကုန်ပြီ...
အိမ်တော့ အဖြိုခံရတော့မယ်နော်...

14 December 2008 at 02:10

အဟား.. သင်္ဘောသီး..ပိုစ့်ဖတ်ပြီး ရီရတာ.. ခုတင်ပေါ်ကတောင်ပြုတ်ကျတယ်...

နောက်ဆုံးတော့ သရေပေါ့လေ..
ဟီးဟီး.. အဲဒါပဲကောင်းပါတယ် ..

14 December 2008 at 05:27

သရေဆိုလို ပြန်ခွပ်တော့ဘူးနော်။
တားတိုရှုံးတယ်ဆို ပြန်ခွပ်ဦးမှာဂျ
ဟီး ဘာရယ်ဟုတ်ဘူး
လာအော်ကြည့်တာ

14 December 2008 at 15:59

တကယ်ရီရတယ်..ခွိခွိခွိနဲ့ ရီသွားတယ်..ဟိဟိ
အံမယ်..ချင်းချင်းကိုများစကားမပီဘူးလေးဘာလေး
နဲ့ ..ဗမာတွေရှုံးသွားအောင်အသံပီပီနဲ့ ပြောတတ်တယ်နော့်.
ဟွန်း..အထင်မsmall နဲ့ ..ဟိ.. :P:P:P

14 December 2008 at 16:31

နောက်တန်းမှဟီးရိုးအပီပြင်ကာကွယ်ထားတာတောင်
တစ်ဂိုးပေးလိုက်ရတယ်...ကျေနပ်ဝူး ငှဲငှဲငှဲ...ဒီတပွဲကချစ်ကြည်ရေးပွဲမို့လို့နော်...နောက်တစ်ခေါက်ဆိုအပြီပြင်ကန်မယ်...အိမ်ကွင်း.ဝေးကွင်းမရွေးဝူး

14 December 2008 at 16:44

နောင်နောင် နောင်ဗေနောင် ဟဲဟဲ ဒိုင်က ကျနော်လေ အားလုံးကို အ၀ါကတ် ပြလိုက်မယ် ပြန်မပြောနဲ့နော့် ဟွန်း ပြန်ပြောတာနဲ့ အနီကတ် ထိမယ် ဟွန်း နောင်ဗေနောင် ပွဲပြန်စတော့ ရပြီ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

14 December 2008 at 16:53

ဟားဟားဟား...........ဟိဟိဟိ..........ခွိခွိခွိ..........
ရယ်ရတာအူတောင်နာတယ်.....ဟီးးးးးးးးးး
မောင်မျိုးလေးသနားပါတယ်ချက်ချာကြီးနော်.......
တကယ်ဟာသမြောက်တယ်.....ဟိဟိဟားဟား

Anonymous
14 December 2008 at 17:11

တော်ပါသေးရဲ့ ဒီတစ်ခါတော့ ယောင်္ကျားလေး အသင်းထဲပါသွားလို့ ..။ နို့မို့ဆိုရင်တော့ မတွေးဝံ့စရာပဲ ဟီးးး။
ဒါမဲ့ တစ်ချက်မှ ဝင်မကန်လိုက်ရတာတော့ မကျေနပ်ဘူးဗျာ အနော်မပါလို့သရေကျသွားတာ အနော်ပါရင်တော့ သွားရေပါကျမှာ :P

14 December 2008 at 17:31

ဟား ဟား ဟား ရေးမှ ရေးတတ်ပါတယ် ကိုအိမ်ရယ်... ရီလိုက်ရတာ တခွီးခွီးနဲ့နေတာပဲ
စာရေးရာကနေ ဘောလုံးတောင် ၀င်ကန်လိုက်ရသေးတယ် :P

14 December 2008 at 18:38

ဘောလုံးပွဲတွေထဲမှာ ဒီဘောလုံးပွဲက အူအနာဆုံးပဲ
ဟာသကိုများတော့နော် စိတ်ရှည်လက်ရှည်နဲ့ကိုရေးထားလိုက်တာ
-ဒရင်းကနေပြီး ခေါင်ခေါင်ကို မြှောက်ဘောလေး
နဲ့ ကန်တင်ပေးလိုက်ပါတယ်၊ ခေါင်ခေါင်ကလဲ ဘောလေးခြေထဲရောက်တော့ ဘလော့ထီးတွေအားလုံးကို မိုက်
ကြည့်လေးကြည့်ပြီး ချိတ်ကလေးကို မသိမသာလေးပြတယ်ခင်ဗျ၊ ဒါကိုမြင်တော့ အာလုံးလန့်ပြီး အနားမကပ်ရဲ
ဘူးခင်ဗျ၊ အဲဒီလိုနဲ့ ခေါင်ခေါင်ဟာ ဘောလေးကို လှိမ့်ကာ လှိမ့်ကာနဲ့ ဂိုးနားကို ရောက်လာပါတယ်ခင်ဗျ၊ ဒါကိုမြင်
တော့ ခိုင်ဘိုဘိုကပြေးလာပါတယ်၊ ခေါင်ခေါင်ကလဲ ရတဲ့အခွင့်အရေး အလွတ်မပေးပဲနဲ့ ဂိုးထဲကို ကန်ပါတယ်..
ကန်တယ်ခင်ဗျာ.. မြေလွတ်ဘောလေးနဲ့ကိုကန်သွင်းတာပါ ခိုင်ဘိုဘိုကလဲ ပြေးဖမ်းပါတယ်.... မိပါတယ်ခင်ဗျာ... မိပါတယ်... မိတာမှ.. လုံးထွေးနေတာပါပဲခင်ဗျာ၊ ကြည့်တောင်မကောင်းပါဘူး မလွတ်တမ်းကို ဖမ်းထားတာ၊
ဒါကိုပဲ ကွင်းလယ်ဒိုင်လူကြီးက တဗိန်ဗိန်ထုပြီး ဂိုသမားခိုင်ဘိုဘိုကို အ၀ါကဒ်ပြရင်း၊ တစ်ဂိုး ဂိုးသွားကြောင်း အသိ
အမှတ်ပြုလိုက်ပါတယ်၊ ဟုတ်ကဲ့ ခိုင်ဘိုဘိုဘာကြောင့် အ၀ါကဒ်ထိလဲဆိုတော့ သူဖမ်းတာ ဘောလုံးမဟုတ်ပဲ လူ
ဖြစ်နေလို့ပါခင်ဗျ- အဲနားလေးကို သဘောအကျဆုံးပဲ
အကိုအိမ်တော်ပါပေတယ်
ပျော်စရာကောင်းတဲ့ ဘောလုံးပွဲအကြောင်းလေးဖတ်သွားပါတယ်
နောက်တစ်ခါကျ ဘာပွဲလဲ
လာအားပေးမယ် :P

Anonymous
14 December 2008 at 19:51

ကိုလ၀င်နော် ကိုလ၀င် ဘောပွဲကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ပြောနိုင်တယ် ဟဟဟ
ရေးချက်ကတော့ လန်းတယ်..အပြင်မှာ ချိန်းကန်ကြရင် ကောင်းမယ်နော်..ဟင်းဟင်း(အံကြိတ်သံ)
လိမ်ပြီး ခေါက်ပြီး ဆွဲလိုက်ရ ဟွန်း...
ဖတ်ရတာ ကျွတ်တောင်ကျတယ် မျက်မှန် ဟဟဟ

Anonymous
14 December 2008 at 22:35

ကိုအိမ်တော့လေ...၊ ဒွတ်ခပါပဲ၊ လူတစ်ယောက်တည်းကို နောက်ခံလူ(နေ့အိပ်မက်)လည်းလုပ်ခိုင်းတယ်၊ စည်းကြပ်ဒိုင်(အိပ်မက်များနဲ့ရှင်သန်ခြင်း)လည်း လုပ်ခိုင်းတယ်၊ အဟင့်... ဘောပွဲလည်းပြီးရော နေ့အိပ်မက်လည်း အမောဆို့ပြီးဆေးရုံရောက်ရော၊ သိဘူး ဆေးရုံခပြန်ပေး

Anonymous
14 December 2008 at 22:36

ကိုအိမ်တော့လေ...၊ ဒွတ်ခပါပဲ၊ လူတစ်ယောက်တည်းကို နောက်ခံလူ(နေ့အိပ်မက်)လည်းလုပ်ခိုင်းတယ်၊ စည်းကြပ်ဒိုင်(အိပ်မက်များနဲ့ရှင်သန်ခြင်း)လည်း လုပ်ခိုင်းတယ်၊ အဟင့်... ဘောပွဲလည်းပြီးရော နေ့အိပ်မက်လည်း အမောဆို့ပြီးဆေးရုံရောက်ရော၊ သိဘူး ဆေးရုံခပြန်ပေး

15 December 2008 at 09:00

မထူးပါဘူးဗျာ။ ကျုပ်ကို အသင်းခေါင်းဆောင်တဲ့။ ပြီးတော့ အသင်းခေါင်းဆောင် မောင်မျိုးတဲ့ ခေါင်းချောင် နှီယောက်ဖိနေလယ်ကွယ်။ ဟီးဟီး။ စတာနော် ရေးထားတာက ဗဲရီးဂွတ်ပဲ။ :)

Anonymous
15 December 2008 at 13:23

ကိုအိမ်က တော်လိုက်တာ ကိုရင်ညိန်းလက်သစ်လို့ ပြောလို့ ရတယ် ကျနော်ောတ့ အဲ့လိုဟာသလေးတွေမရေးတာတော်တော်ကြာပြီးး) ဟဟားး တိုက်စစ်မှူးက ဘောင်ဘီးကျွတ်ရတယ်လို့  ရှက်ရှာကြီးဂျာ ဒီအစီစဉ်ကြေငြာသူကို အသရည်ဖျက်မှုနဲ့ ဖာဖီ (ဖီဖာ) ကိုတိုင်မယ် လျှောကြေရမှ ကျေနပ်နိုင်မယ်ဗျို့း)

15 December 2008 at 16:32

ဒီပွဲကို ဘလောဂါသတင်းထောက်ကြီး ပုလုကွေးသုံးသပ်ရမယ်ဆိုရင် ဒိုင်လူကြီး ခေါက်ဆွဲစားထားပါတယ်ခင်ဗျ။ ဒိုင်လူကြီး တောင်ပေါ်သားက သူနေတိုင်း ဥထမင်းပဲစားနေရလို့ ဆိုတာကိုသိတဲ့ ဘဲဥကို အမျိုးမျိုးလုပ်စားတဲ့ မယ်ဂုနဲ့ အပေါင်းအပါတို့ကျွေးတဲ့ ခေါက်ဆွဲကိုစားကာ ချင်းမလေးတိုက်တဲ့ ခေါင်ရည်ကိုသောက်ထားလို့ မူးကြောင်မူးကြောင်ဖြစ်ကာ ဘလောဂါထီးများကို အဝါကတ်အကြိမ်ကြိမ် ပြနေခြင်းဖြစ်ပါတယ်ခင်ဗျ။ ပြီး တော့အစီအစဉ်ကြေငြာသူ ကိုအိမ် ဟာဆိုရင်လဲ ဘလော့သူလေးများကို အသားပေးကြေငြာသွားပြီး ဘလောဂါကိုကိုတို့ရဲ့ ကောင်းကွက်များကို မသိမသာ ချန်လှပ်ထားခဲပါတယ်ခင်ဗျ...

15 December 2008 at 17:45

ဟုတ်ပါတယ်ခင်ဗျာ
ကိုပုလုကွေးပြောသလိုပဲ..ဒိုင်လူကြီးဟာလည်း ကြက်ဥခေါက်ဆွဲစားထားပုံရဒယ်...
အစီအစဉ်ကြေညာသူဟာ ဆိုရင် အိမ်သာနားမှာထိုင်ပြီးး
ခေါက်ဆွဲစားနေပုံရပါတယ်...
ဒါ့အပြင် ကိုယ်တိုင်..၀င်မကန်ဘဲ မြှာက်ပေးနေတာကို
တွေ့ရပါတယ်...။
သူ့ရဲ့ ကိုယ်ပိုင်ခံစားချက် အီးမိုးရှင်းတွေပါ ထည့်ပြီး ကြေညာသွားတာကိုတွေ့ရတဲ့ အတွက် အစီအစဉ်ကြေညာသူကို အပြာကတ်ပြသင့်ပါဒယ်...

အခုဟာက ဘလော့ဂါသားတွေရဲ့ အိမ်ကွင်းဖြစ်တဲ့ အတွက် ဘလော့ဂါသူများရဲ့ ကွင်းမှာ အဝေးကွင်းကန်သင့်ပါတယ်...

:P

15 December 2008 at 21:12

တော်သေးတာပေါ့.ဒီတစ်ခါ မန်နေဂျာရာထူးရလို့
ကိုအိမ်က အရေးကောင်းတယ်.အတွေးလဲကောင်းတယ်.
ရယ်လိုက်ရတာ..
ဟားဟားဟားးးးးးးးးးးးးးး

16 December 2008 at 07:39

ဟားဟားဟား..........
ဟီးဟီးဟီးဟီးဟီးဟီးဟီးဟီး.......
ကျေးဇူးအထူးပါဘဲဆရာသမားရယ်....

16 December 2008 at 15:12

နှစ်ခါလာဖတ်တာ နှစ်ခါလုံး အရမ်းရယ်ရပါတယ်။ နောက်ထပ် တကြိမ် (သို့) နှစ်ကြိမ် လာဖတ်ပါဦးမယ်။ ထပ်ပြီး ရယ်ရဦးမလားလို့

17 December 2008 at 03:22

နောက်ကျမှရောက်ရတယ်။ကွန်နတ်ရှင်မကောင်းလို့
ကိုအိမ်ရေ..ဝင်မကန်ပဲ ဘေးကထိုင်ကြည့်ရတာ.
နဲ့တောင် မီးမီးကျောက်ကျောက် အဟီး။ရယ်ရတာအူတွေနာတယ်။ဒါနဲ့ကန်တဲ့သူတွေ နည်းနေသလိုပဲနော့
..ဒါပေမယ့်ကောင်းပါတယ်။အေးဆေး မှ မကျေပွဲ
ထပ်နွဲရင်ကောင်းဘူးလား။သရေတော့..မလုပ်
နဲ့လေ။ဒီတစ်ခါ..ညီမတို့..အိမ်ရှင်နော့..နိုင်ရမှာ
ခင်တဲ့...

19 December 2008 at 06:01

အပူးအခွာ အထိုးအချိတ် ကောင်းတဲ့ အိမ်က ဘော်လုံးအသင်း ထဲဝင်မကန်ပဲ ဘေးကကြော်ညာ သူလုပ်နေတာကိုး နို့မို့လို့ကတော့ ဟင်း ကောင်မလေးတွေချိတ်လောက် ကတော့ အိမ်တို့က အသာလေး ရှောင်ပြီး ဂိုးတွေ တစ်ထောကြီး သွင်းသွားမှာ မြင်ယောက်သေး..။

19 December 2008 at 07:54

ကောင်းတယ်ဗျာ ရယ်လိုက်ရတာ အူကိုနာရောပဲ ။ :))

Anonymous
23 December 2008 at 11:39

ပျော်စရာကောင်းလိုက်တဲ့ ပွဲ
ဟီးး ရီရလွန်းလို့

ညီမငယ်လေးတွေက စွာတယ်နော်
ကြည့်လုပ်...သရေကျ တာ အသင် ၂သင်း ဟုတ်လို့လား
ဒိုင်လူကြီးတွေ လားလို့...ဟဟဟ

Anonymous
27 December 2008 at 21:23

ဟားဟား အစ်ကိုရေ ရေးတတ်လိုက်တာ
ရီသွားရတယ်.. တစ်ကယ်ပဲ... :D

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း