Tuesday, September 01, 2009

သြော်... မိန်းမ ၅

20
မိန်းမတွေများပြောပါတယ်... ရှုပ်ကိုရှုပ်တယ်...။ အောက်ကပုံပဲကြည့်.. သူတို့လိုချင်တာတွေက များနေတော့ ရီမု တောင်မဆန့်ဘူး..။ ဟော... ကျနော်တို့ ယောကျာင်္းတွေကိုကြည့်လိုက်.. ရှင်းမှရှင်း လိုချင်တာ ၂ခုထဲ ဘာမှအပိုစာသား မပါဘူး...။ ဟီးဟီး.....





ရှုပ်တာလဲ မပြောနဲ့ ကြည့်ဦးလေ.... ခေါင်းထဲမှာ ဒါပဲတွေးနေတာဆိုတော့.........။



ဟောဒီလိုကလဲ အသုံးမကျပြန်ဘူး....။



ဒါပေမဲ့လည်း.... မြန်မာစကားပုံထဲကလိုပဲ မရှိမကောင်း၊ ရှိမကောင်း မပေါင်းလဲခက်၊ ပေါင်းလဲခက် ဆိုသလို သိသိကြီးနဲ့ ကျနော်တို့ ယောကျာင်္းတွေမှာ အောက်ကပုံထဲကစာလိုပဲ ခံပြီးရင်းခံနေရပါရောလား။ ချစ်တတ်တဲ့အသည်းနှလုံးရှိတော့လဲ.... ခံရတာပေါ့နော....။ အဲဒီလိုနဲ့ပဲ............။




ဒီတော့ အကောင်းဆုံးက............ ။



ပြောသာပြောရတယ် အမှန်တော့ သူမသာ၊ ကိုယ်အသုဘ ဆိုသလိုဘဲ တယောက်နဲ့တယောက် အပြစ်တွေအပြန်အလှန်ဖို့တတ်ကြတော့.... အောက်ပုံထဲကစာလိုပဲ.... ..။
(ဟီးဟီး.... ပြန်လျှော့ပေးရသေးတယ် တော်ကြာ.. ဝိုင်းဗျင်းကြမှာစိုးလို့... )



ပြီးပြီလေ....








20 Response to သြော်... မိန်းမ ၅

1 September 2009 at 17:12

ကျနော့ Remote က အပေါ် တစ်ခုပဲရှိတယ်။ အောက်ခလုတ်က ပျက်နေတယ်။ :P

Anonymous
1 September 2009 at 17:18

အဲဒါဆို ကိုယ့်ဆရာ သွားပြီ လူဖြစ်ရှုံးတာပဲဗျ ဟားဟားဟား ရှင်လျက်နဲ့သေနေတာလောက် ဘဝဆိုးတာ မရှိဘူး...။

1 September 2009 at 21:52

တိုက်ပွဲခေါ်သံတွေလား မှတ်ရတယ်။ ပြီးပြီလေ ဆိုလို့ပဲ တော်ပါသေးရဲ့။ ဒါတောင် ဘာကြည့်နေသေးတာလဲ ဆိုတာ ပြန်မေးလိုက်သေးတယ်။ အဟက်...

.
1 September 2009 at 22:21

ပာ ပာားးးးးးးးး - - လန်းးပါ့

1 September 2009 at 22:52

တူတို့ကျတော့ အကောင်းပြောတယ်...
တူများတွေကျတော့ အဟင့် ဟင့်...
ကျေနပ်ဘူးကွာ ချတယ်...
ခွပ်

စာသားတခု ထပ်တိုးလိုက်မယ်...
NO BOYFRIEND
No PROBLEM

2 September 2009 at 01:20

ကိုဖြိုးကတော့ လုပ်တော့မယ် ယောင်္ကျားတွေမာယာများတာတော့ မပြောဘူး လူလည်

2 September 2009 at 08:28

အမလေး တော်.... သူတို့ ကျတော့ ကောင်းတာကြနေတာပဲ...။ မရှိမကောင်း ရှိမကောင်းကတော့... မိန်းမတွေမှ မဟုတ်ဘူး ယောက်ကျားတွေလဲ တူတူပဲ...။ x-(

2 September 2009 at 08:38

ဦးလေးကြီးက အားကြီးနောက်တယ်ဗျာ.....။

2 September 2009 at 09:34

အဲ ... အိပ်တာလေးပါထည့်ပေးဗျာ ... အဟီးး
မအိပ်ပဲလည်း မနေနိုင်သေးဘူးဗျ ... :haha

2 September 2009 at 12:34

ကိုအိမ် များပြီနော် ဟွန်း
သူတို့ကျတော့ ရှုယ်ပဲ
ဒါပေမယ့်ကျားပို့စ်မှာတော့ :P

2 September 2009 at 19:57

မိန်းမအသွင်ဆောင် လူဖြစ်ဘောင်မှာ
ယောက်ျားတွေအတွက် မိန်းမဖက်လည်း
မဖက်နေသာ စိတ်အခြေမှာ
မရှိမကောင်း ရှိကောင်းဆိုလည်း
ဘ၀တစ်ခွင်မှာ ကျောချလျှင်သာ
ပြီးပြည့်စုံလို့ မဖြစ်မနေ
လက်ချိုးတောင်မှ ခေတ်ကာလမယား
လင့်ဝတ်တရား မကျေမပွန်
သူတို့စွန်လို့ အပျော်တော်လွန်တာ
ဦးစီးဦးဆောင် ယောက်ျားတစ်ဆောင်မှာ
စိတ်၏တစ်ခွင် အမောဖက်တွင်တာ
ဟောဒီ ဟောဒီ ...
ဒီမယား ဒီမယား ..
အားယားယား ..........။

နောက်ကျမှ အရှည်ကြီး စပ်ပေးမယ်..
ခုတော့ မအားလို့ လစ်ပြီ ..။ ဟီး
မမ .. ညီမတွေနော် .. အနော့်ကို စိတ်ဆိုးနဲ့


ခင်မင်စွာ
idulize (အရုပ်ကလေး)

2 September 2009 at 20:33

No problem ဆို No poem တွေဖြစ်လာလိမ့်မယ်ထင်တယ် အစ်ကိုရေ :) ရှိတာပဲကောင်းပါတယ်ဗျာ ...

3 September 2009 at 00:10

ကမ္ဘာဦးကျမ်းထဲမှာလည်း အဲလိုပဲတဲ့ဗျ။

3 September 2009 at 14:13

ပြောသာပြောရတာပါ ယောကျာင်္းတွေရဲ့ ပို့စ်ထဲမှာလို ရေရှိတဲ့နီးတဲ့ဘက်ကို မသွားဘဲ ဝေးရင်ဝေးပါစေ မိန်းမတွေ ရှိတဲ့ဘက်ကိုပဲ သွားချင်ကြတာဗျ။
အဲဒီတော့ဗျာ ပြောရရင် လိုကို လိုအပ်ပါတယ်လေ။

3 September 2009 at 14:16

အရေးကြီးတာ ပြောဘို့မေ့သွားတယ်ဗျ
အမေမွေးလို့ ကျနော်တို့ လူဖြစ်လာတာလေ...။
အဲတော့ မကောင်းမပြောတော့ပါဘူးဗျာ

Anonymous
3 September 2009 at 19:13

မိန်းမကောင်းကြောင်းပြောတတ်တယ်..
မိန်းမနဲ့လည်းမကင်းနိုင်တယ်...
အဲ့ဒါယောက်ျားကွယ်...:P

3 September 2009 at 22:58

တားယဲ အောက်က ခလုတ်က ချောင်နေလို့ မသုံဖြစ်တာ ကြာပီ ဆရာလေးရေး)

3 September 2009 at 23:56
This comment has been removed by the author.
3 September 2009 at 23:57

အမယ်အမယ်...တူတို့ ချည်းပဲကောင်းတယ်ပေါ့လေ..

ကုလားကြီးနဲ အရား ကြီးများ ...နာက ဂျကားပီတယ်လုပ်နေတေးတယ်...

No girl friend (girlfriend and girl friend is not the same) ..no shopping, no blabla (talk), NO FUN!!

...............................................

No boyfriend...No sad, No tear, No worry, NO PROBLEM!!!!!

all lady agree with me??? ခွိခွိ

4 September 2009 at 10:10

ဘာမှမပြောတော့ ဘူး ပြုံးပြီးပဲ ပြန်သွားတယ် .. တာတတ် :)

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း