Monday, March 16, 2009

ခရီးသွားနေတဲ့ အိမ်

18
ပြီးခဲ့တဲ့ အပါတ်ကခရီးသွားခဲ့တာလေးကို အမှတ်တရဖြစ်အောင် ဓာတ်ပုံလေးတွေ ရိုက်ခဲ့ပါတယ်။ သွားတဲ့မြို့
အမည်ကတော့ ပိုတိုဟဲလီ လို့ခေါ်ပါတယ်။ဒီမြို့လေးက ကျနော်တို့ရွာမှာဆို ချောင်းသာတို့လို၊ငပလီ၊တို့လိုနေရာ
မျိုးပေါ့ဗျာ။ မြို့ကနေ ကီလိုမီတာ ၂၀၀ဝေးပါတယ်။ ကားမောင်းရချိန်ကတော့
၁နာရီခွဲပါ။ကီလိုမီတာ၂၀၀ဆိုတော့ မိုင်နဲ့တွက်ရင် ၁၂၄.၂၈ မိုင်တိတိရှိပါတယ်။ကျနော့်အထင် ရန်ကုန်နဲ့
တောင်ငူ လောက်ရှိမလားမပြောတတ်ဘူး။ ဒီလောက်ဝေးတာ ၁နာရီခွဲပဲကြာတယ်။ ရွာမှာဆိုတညအိပ်သွားရ
မလားမပြောတတ်ဘူး။ ဒါကလဲကိုယ့်ရွာကို ကိုယ်နှိမ်ပြောတာတော့ မဟုတ်ပါဘူး။ သူများနိုင်ငံအထင်ကြီးတာလဲ
မဟုတ်ပါဘူး။ ဖြစ်သင့်နေပြီလို့ ပြောခြင်တာပါ။ ထားပါတော့ ပြောရင်နိုင်ငံရေးတွေပါလာမယ်ဗျ။
ကဲကဲ ပုံလေးတွေကြည့်ပြီး အားပေးသွားကြပါဦးဗျာ။


ဒီပုံလေးကတော့ ပိုတိုဟဲလီ ကိုအသွားမှာကားမောင်းရင်းရိုက်လိုက်တာပါ

ကားမောင်းတဲ့ အရှိန်ကတော့ သိပ်မများပါဘူး ပုံထဲမှာတွေ့တဲ့ အမြန်နှုန်းလောက်ပါပဲ။ သတ်မှတ်မိုင်နှုန်းက ၁၂၀ထက်ပိုလို့မရပါဘူး။ ဒီလိုပဲ ခိုးမောင်းနေကြတာပါပဲ မိတော့လဲခံပေါ့ ကျနော့်မိရင်တော့ သေပြီဆရာ ပဲဗျ
ဘာလို့လဲဆိုတော့ လိုင်စင်မရှိလို့ပါ(အင်တာနေရှင်နယ်လိုင်စင်တော့ ရှိတယ် ဒါပေမဲ့ သူတို့ဥပဒေက ဥရောပ
လိုင်စင်ကလွဲလို့ ဘယ်လိုင်စင်ကိုမှ လက်မခံပါဘူး)ဒါတောင်တခါတလေ အရှိန်က၂၀၀တောင်ကျော်သွားတတ်
သေးတယ်ဗျ အဲဒီအရှိန်ကတော့ တောင်ပံတပ်ပေးလိုက်ရင် ပျံသွားမလားတောင် မပြောတတ်ဘူး အဟီး။ အဲဒီအရှိန်နဲ့တခုခုဖြစ်သွားရင်လဲ ရှင်ဖို့လမ်းမရှိတာလဲ သေချာတယ်။ ခုမောင်းတဲ့ ၁၈၀ဆိုရင်ပဲ တချက်မှားတာနဲ့
ဂွိသွားမှာဗျ။

ဒီပုံကတော့ ဥမင်လှိုင်ခေါင်းထဲမဖြတ်ခင် ရိုက်ထားတဲ့ပုံလေးပါပဲ

ဒီပုံကတော့ တောင်ပေါ်စတက်တဲ့ လမ်းမှာခဏရပ်ပြီး ရိုက်ထားတာလေးပါ။

ဒီပုံလေးကြည့်ပြီး မေမြို့သွားခဲ့တာလေး သွားသတိရတယ်ဗျာ

တောင်ပတ်လမ်းဘေးကမြင်နေရတဲ့ အပြာရောင်ကတော့ ပင်လယ်ပြင်ကြီးပေါ့....

ဒီလိုကြောက်စရာကောင်းတဲ့ဂွေ့တွေလဲရှိသေးတယ်ဗျ။ ခုနဟိုက်ဝေးလမ်းပေါ်မောင်းတဲ့ အရှိန်လောက်နဲ့မောင်း
လာရင်တော့ ကြိမ်းသေတယ် တောင်အောက်ကို ကျရင်ကျ၊ မကျရင်တော့တောင်နံရံနဲ့ ပြေးမိတ်ဆက်မှာပါ

တောင်ပေါ်ကလှမ်းကြည့်ရင် မြင်ရတဲ့ မြင်ကွင်း၊ လှမ်းမြင်နေရတဲ့ ဖြူဖြူလေးတွေက အိမ်လေးတွေပေါ့

ရေကူးရင်း နားနားနေနေ၊ နေခဲ့တဲ့နေရာလေးပါ

ညဘက်မြင်ကွင်းလေးပါ အဲဒီမှာပဲ၂ရက်လောက်နေခဲ့ရတာပေါ့

ဒီပုံလေးကတော့ အပြန်ခရီးမှာ ကားမောင်းရင်းရိုက်လိုက်တာပါ

18 Response to ခရီးသွားနေတဲ့ အိမ်

19 March 2009 at 16:57

လည်လည်သွားနေတာပေါ့ ဦးအိမ်က ဖြေးဖြေးမောင်းပါ ဦးအိမ်ရ တော်ကြာဂွိနေမှ ဟုတ်ပေ့ဖြစ်နေမယ် .... ဂရုစိုက်...ဦးအိမ်
မိန်းမရသေးဘူး ဟုတ်တယ်ဟုတ် ဟီးးးး

19 March 2009 at 22:34

ရောက်ဖူးချင်ပါတယ်...

20 March 2009 at 02:25

ကျုပ်ကျပ်လိနော် ဆရာသမား..။
180 တဲ့ နဲတဲ့ အရှိန်လား..။

ကျွန် တော်ဆိုရင်တော့လိုက်မစီးဘူး ဗျာ...။
:D

20 March 2009 at 07:54

ကိုအိမ်ရွာက မိုင် ၂၀၀ ကို တညအိပ်မို့တော်သေးတယ်
ကျိုင်းတုံ-တာချီလိတ် ၁၀၁ မိုင်ကို ၂ညအိပ် ၃ ရက်သွားရတယ်
(ကြုံတုန်းလေး ကြွားရတာပါ ဘာမှ မရည်၇ွယ်ပါဘူး)

ရေကူးကန်ပြာ၂ထဲမှာ ဂန်မလေးနဲ့ ရေကူးတာတော့ မထည့်ဘူး
အားကီးစိတ်ဆိုးတယ် ...

20 March 2009 at 14:08

အပါးပါး အကိုကြီးအိမ် အ၈၀ အရှိန်မှာ ဓါတ်ပုံတောင်ရိုက်လိုက်သေး
ကြောက်၏
အမှတ်တရ ပုံလေးတွေကြည့်သွားပါတယ်
လမ်းတွေကတော့ ရင်ထိတ်စရာပဲး)

20 March 2009 at 14:53

ရေကူးကန်မြင်တော့ မနှစ်က ပြင်ဦးလွင်မှာ ရေနစ်တာ သွားသတိရတယ်။ Waiter တွေကယ်လို့ မကယ်ရင် သေခဲ့ပြီ။ အိမ်ရဲ့ ခရီးသွားဓါတ်ပုံလေးတွေ ကြည့်ပြီး ပြန်သွားတယ်။ အပြန်ကြရင် လက်ဆောင်ဝယ်ခဲ့နော်။ မပါရင် တုတ်ကောက်ခဲ့။ အရှိန်လျော့မောင်းနော်။ သွားမိတ်ဆက်မိမှာဆိုးလို့။
ဒါပဲ ဒါပဲ

Anonymous
20 March 2009 at 23:08

ကိုအိမ်က...သူဌေးကြီး ကိုယ်ပိုင်ကားင်္ကြီးနဲ့ မိုက်တယ် ဘူးးဘူးး ၀ိုင်းမောင်းတား)

:P
21 March 2009 at 09:25

လှလိုက်တာ...
ဓာတ်ပုံထဲမှာ ခွေးကြီးတစ်ကောင်လည်းတွေ့တယ်...။

21 March 2009 at 21:26

ဒီလောက်တောင် ကားမောင်းကြမ်းရလားဟဲ့
သေချာလဲလုပ်ပါဦးတော်

နေဦးနေဦး
အဲဒိမှာ ၂ရက်အိပ်ခဲ့တယ်
ဘယ်သူနဲ့ 
း)

22 March 2009 at 21:45

သတိရတယ်ဗျာ.....

ခရီးအမြဲသွားနေတဲ့ ကျနော် အခုအပတ်မသွားဖြစ်တော့ ပိုသတိရနေတယ်....
သတိမရချင်တာကိုပါ သတိရရနေတတ်ပြီဗျ....

ပျော်ရွှင်ပါစေ အိမ်...

:)

24 March 2009 at 16:46

အင်း ဓါတ်ပုံတွေ ဝေဝေ ဆာဆာ နဲ့ ပိုစ့်တင်ထားပြီ ဆိုတော့ ဘာမှ မဖြစ်တာသေချာသွားပြီပေါ့ မစိုးရိမ်တော့ ပါဘူး

26 March 2009 at 21:36

ဒင်းက လက်ဆတ်သတ်တော့ အပြတ်ကဲနေတာပေါ့လေ..။ နာလိုဘူးနော်..။ :-) အလည်လာလို့ အဲလို လိုက်မပို့ပေးရင် သေခန်းပြတ်ဘဲနော်..။:o အမြန်နှုန်းကတော့ ကြိုက်သလောက်မောင်း ကြောက်ဘူး.။

29 March 2009 at 00:06

ဒါကြောင့် ပျောက်နေတာကိုး

30 March 2009 at 08:08

အကိုရေ သတိထားမောင်းဦး တော်ကြာ ဒုက္ခ ရောက်နေဦးမယ် သတိထားဗျ ပျော်ရွှင်ဖွယ် ကောင်းတဲ့ ခရီးစဉ်လေးဖြစ်ပါတယ်ဗျာ.. ကြိုက်တယ် တောင်ပေါ်လမ်းတွေကို

ကတောင်

ကြယ်ပြာ
30 March 2009 at 11:23

ပုံလေးတွေကြည့်သွားပါတယ် ...

2 April 2009 at 21:45

သာယာလိုက်တာ။ တစ်ခေါက်တော့ ရောက်ဖူးချင်သား။ ပုံလေးတွေအတွက် ကျေးဇူးပါ။

13 April 2009 at 15:15

ဦးအိမ်မောင်းတာလား....
အာလားလား..... မီးတို့တော့ကြောက်တယ်
သူ့အကြောင်းကို သိတယ်နော်... အဖေနဲ့အမေတောင် အလွတ်ပေးတာဟုတ်ဘူး သူက ဟိဟိ
................

6 May 2010 at 13:48

so bu tee phu

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း