Thursday, April 09, 2009

ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း၁၂

11
ကောင်လေးတက်ထားတာကြာပြီဗျ။ပြီးတော့ မီးမီးငယ်(ထည်ဝါချို)ကလဲထပ်တက်ပြန်တော့ မရေးမဖြစ်ရေးလိုက်ရပြီပေါ့။ သူတက်ထားတာက ဘာတဲ့.... တရားဘာဝနာ
အကြောင်းထင်တယ်ဗျ။ သူတက်ထားတယ်ဆိုတာ လာပြောတော့ သူ့ဘလော့သွားဖတ်ရင်း ကျနော့်မှာ အတော်စဉ်းစားရတယ်ဗျ ဘာလို့လဲဆိုတော့ ကျနော်ဆိုတဲ့ကာင်ကသိတဲ့အတိုင်းပဲလေ ဗရုတ်သုတ်ခကောင်ဆိုတော့ ဒီအကြောင်း ရေးဖို့ သင့်တော်၏၊ မတော်၏၊ အတော်စဉ်းစားရတယ်ဗျ။ တော်ကြာ ကိုယ့်ဗုဒ္ဓဘာသာက နဂိုကမှနှိပ်ကွပ်ခံနေရတဲ့အထဲ(သိကြမှာပါနော်) ကျနော့်ကြောင့် ပိုသိက္ခာကျမှာ လဲစိုးရသေးတယ်ဗျ။ ဘာပဲဖြစ်ဖြစ် အတက်ခံထားရတော့ ရေးရတော့မှာပေါ့နော။
ဒီလိုဗျ......... ကျနော်ဘ၀မှာမှတ်မှတ်ရရ ကိုရင်၂ခါ နဲ့ပဇင်းတခါခံဖူးတယ်ဗျ။ ကိုရင်ဝတ်တုန်းကတော့ ကလေး
ဘ၀ဆိုတော့ သိပ်မမှတ်မိဘူး။ ပဇင်းခံတာတော့ကောင်းကောင်းမှတ်မိတယ်ဗျ ဘာကြောင့်လဲဆိုတော့ ကျနော့်
အသက်၁၉နှစ်ပြည့်ခါနီးလား၊ ၁၈နှစ်ပြည့်ခါနီးလားမသိဘူး အမေကဗေဒင်သွားမေးတာမှာ ကျနော့်ကိုဟောလိုက်
တာက ကျနော်လူဝတ်လဲရင်လဲ၊ မလဲရင်သေမယ်ဆိုလို့ မရမကအတင်းဝတ်ခိုင်းလို့ပါ။ အဲဒီတုန်းက ၁၈လား၊
၁၉လားမသိဘူးပြည့်ဖို့ ၉လလိုသေးတာကို ဗိုက်ထဲမှာသန္ဓေစတည်တာက စပြီးရေတွက်ရင် ၁၉ပြည့်ပြီဆိုပြီး၊
ကျနော်တို့ကိုးကွယ်တဲ့ဘုန်းကြီးနဲ့တိုင်ပင်ပြီး ၀တ်ပေးတာကြောင့်ပါ။ ကျနော်လဲ သေမယ်ဆိုတော့ ဟုတ်သည်ရှိ၊
မဟုတ်သည်ရှိ သေမှာတော့ကြောက်တာပေါ့ဗျ။ ဒါနဲ့ပဲပဇင်းခံဖြစ်သွားတယ်ဆိုပါတော့။


ပဇင်းခံပြီးတော့ရော အေးဆေးနေရမလားမှတ်တယ် ဆရာတော်က မနက်ဆွမ်းခံပြီးလို့ပြန်ကြွလာရင် တရားထိုင်
ခိုင်း၊ ပုတီးစိပ်ခိုင်း၊ ဘုရားစာတွေကျက်ခိုင်းနဲ့နားကိုမနားရပါဘူးဗျာ။ ဒီလိုနဲ့ ၃ရက်မြောက်နေ့မှာ သူသင်ပေးထား
တဲ့ အရပ်မျက်နှာတွေကိုမေတ္တာပို့နည်းကို ပြန်မေးရောဗျို့........။အဲဒီမှာ ကံဆိုးတာလား၊ ကံကောင်းတာလားတော့ မသိဘူး အဲဒီနေ့ပဲ ကောင်မလေးက ဘုန်းကြီးကျောင်းရောက်လာတယ်ဗျ။ ဒါနဲ့သူ့ကို
ခဏစောင့်ခိုင်းရတာပေါ့ဗျာ။ဆရာတော်ကြီးမေတ္တာပို့နည်းကလဲထူးခြားတယ်ဗျ ဥပမာပေါ့.... အရှေ့အရပ်မျက်နှာကိုမေတ္တာပို့ရင် အရှေ့အရပ်ကိုမျက်နှာမူပြီးမေတ္တာပို့ရတယ်၊ ဒီလိုပဲ အနောက်အရပ်ဆို
အနောက်ကိုမျက်နှာမူပြီးမေတ္တာပို့ရတယ်။ ဖြစ်ခြင်တော့ မေတ္တာပို့ဖို့ အစပျိုးဘုရားစာဆိုတာ ဘာညာကတော့
အဆင်ပြေတယ်။ အဲဒီအရပ်မျက်နှာတွေကိုမေတ္တာပို့တာမှာ အတော့်ကိုလည်သွားတယ်ဗျ ဒါကလဲ စာမရလို့
မဟုတ်ဘူး စာတွေအကုန်ရတယ် မရတာက အရှေ့၊အနောက်၊တောင်၊မြောက်ကို မခွဲတတ်တာဗျ။ ဖြစ်ပုံကဒီလို
အစဦးပိုင်းမှာ ဘုရားစာဆိုပြီး စမေတ္တာပို့တော့ အရှေ့အရပ်ကိုမေတ္တာပို့တာမှာ အနောက်ဘက်လှည့်ပို့နေလို့
ဆရာတော်ကစိတ်တိုပြီး ကျောပြင်ဗျောတင်သဗျ။ ဒီလိုပဲ အနောက်ကိုမေတ္တာပို့တာ တောင်ဘက်ကိုမျက်နှာမူ
နေလို့ အထုခံရပြန်တယ်။ ဒါကလဲ ကောင်မလေးဆီ စိတ်ရောက်နေတာလဲပါမှာပေါ့နော... အဟီး
ဒီထက်ဆိုးတာက အဲလိုအရပ်မျက်နှာတွေမေတ္တာအပို့ကောင်းတုန်းရှိသေးတယ်
လက်မောင်းကိုခြင်လာကိုက်ရောဗျ။ ဒါပေမဲ့ ဆရာတော်ရှေ့မှာဆိုတော့ မလှုပ်ရဲဘူးလေ အရပ်မျက်နှာမှားပြီး
မေတ္တာပို့တာတောင် ရိုက်တယ်ဆိုတော့ သူ့ရှေ့အဲလို ခြင်ရိုက်ရင် ပိုဆိုးမလားဆိုပြီး ကြောက်တာပေါ့နော်။ စိတ်
ထဲကတော့ကြိတ်ပြီး အဲဒီခြင်ကို သမခြင်တာများ လက်ကိုယားနေတာပဲ၊ ခြင်ကလဲဗျာ အီသီိုးပီးယားလာတာလား
မသိဘူး မသိမသာလေး လက်ကိုခါတာတောင်အေးဆေးပဲ ဆက်ကိုက်နေတာဗျ သူ့စိတ်ထဲ သွေးတွေပိုစုပ်
ကောင်းအောင် လှုပ်ပေးတယ်များမှတ်နေလားတော့ မသိဘူး။ ကျနော့်စိတ်ထဲမှာတော့ အတော်ကိုတင်းနေပြီ၊
စိတ်က မေတ္တာပို့တဲ့ဆီမရောက်တော့ပဲ ဒေါသတွေကသူ့ဆီရောက်နေတာပေါ့။ဒါနဲ့ ဒေါသလဲဖြစ်၊ ဆရာတော့်
ရှေ့မှာဆိုတော့ ကြောက်ကလဲကြောက်နဲ့ အယောင်ယောင်၊ အမှားမှားတွေဖြစ်ပြီး ပါးစပ်ကမှားပြီး မေတ္တာ ပို့မိ
တာကတော့..................................................................
မြောက်အရပ်ဠ်ရှိသော သေခြင်းဆိုးခြင်.. အင်းဟာ....... ဖျန်း..... ကောင်းရောဗျာ..... ကျနော့်အဖြစ်က ကျား
ရှေ့မှောက်ပက်လက်ကိုလဲတာဗျ။ ဆရာတော်ကြီးက ကျနော်မေတ္တာပို့တာ အချိုးမပြေလို့ ဒေါသဖြစ်နေရတဲ့ အထဲ ခုလိုဖြစ်တော့ စဉ်းစားသာကြည့်။အဲဒီလိုလဲ ဆိုမိပြီးတော့ ကိုယ်မှားမှန်းသိလို့ ဆရာတော်ဘုရား တပည့်
တော်ကုတဠ်(ရေအိမ်(ခေါ်)အိမ်သာ) ကြွလိုက်ပါဦးမယ်ဘုရား၊ ဆိုပြီးထပြေးရတော့တာပဲဗျာ။ ဆရာတော်ကတော့ ဒီကိုယ်တော်တော့ သေတော့မယ် ပြန်လာရင်ငါ့အခန်းထဲကငါးလိပ်ကျောက်မြီး ယူခဲ့လို့ လှမ်းအော်ပါတယ်။ ငါးလိပ်ကျောက်မြီးက ကြာပွတ်လိုပဲဗျ အဖျားမှာ လွှသွားလိုပဲ အဲဒါနဲ့သာ အကိုင်ခံရရင် တချက်ဆို၊ ဆိုသလောက် သွေးစို့တယ်ဗျ။ ၅ချက်၊၆ချက်လောက်သာဆိုသွေးပါဖျာထွက်တာ တခါခံဖူးတော့
သိနေတယ်။ဒီကောင့်အမြီးကအခြောက်ဗျ သူ့ကိုပျော့ပြီးရိုက်လို့ကောင်းအောင် ရေစိမ်ပေးရတယ် အဲဒါမှရှယ်ဗျ
ငါးလိပ်ကျောက်မြီးဆိုတော့ လူကတုန်သွားတယ်ဗျ အဲဒါနဲ့သာ အရိုက်ခံရရင် သေရချည်ရဲ့
ဆိုပြီး ဘာလုပ်တယ်မှတ်လဲ ကျောင်းအောက်ဆင်းပြီး ကောင်မလေးခေါ်ပြီး သူ့ကိုလဲပြန်ခိုင်း၊ ကျနော်လဲ အိမ်ကို
ပြေးတာပေါ့ဗျ။ အဲဒီမှာ သမိုင်းတွင်တာပဲ ဘယ်လိုလဲဆိုတော့ ဆရာတော်ကြီးက ကျောင်းပေါ်မှာ ကျနော့်အလာ
ကိုစောင့်နေတာပေါ့ ကြာတော့ မလာ၊ မလာနဲ့ ကိုရင်တပါးကိုကျောင်းအောက် ဆင်းကြည့်ခိုင်းတော့ ကိုရင်က
ဆရာတော့်ကို "ဟိုဦးဇင်းဦးဝိမလလား သူ့ကောင်မလေးနဲ့ထွက်သွားပြီ ဘုရား"တဲ့ ဆရာတော်ကြီးက ပထမတော့ ကျနော့်ကောင်မလေးကို ကားဂိတ်လိုက်ပို့တယ်ပဲထင်တာပေါ့။ ဒီလိုနဲ့ ပြန်မလာ၊ မလာနဲ့ ညနေစောင်းလာတော့ ဆရာတော်ကြီးလဲ စိတ်ပူလာပြီ ဒါနဲ့ သူကိုယ်တိုင်ပဲ ကျနော့်အိမ်ကို ဖုန်းလှမ်းဆက်ပြီး
အကြောင်းကြားရတော့တာပေါ့။ အိမ်ဖုန်းဆက်တော့ အိမ်ကလူတွေက ဆရာတော်ကြီး သိတယ်မှတ်လို့
ဆရာတော်ဆီ ဖုန်းမဆက်တာတဲ့ ဦးဇင်းဦးဝိမလကလဲ ဘာမှမပြောဘူးတဲ့ ဒီတော့ အိမ်ကလူတွေစိတ်ထဲမှာက
ဆရာတော်ကြီးသိတယ်ပဲထင်တာတဲ့။ အဲဒီတော့မှာ ဆရာတော်လဲ အပူလုံးကျပြီး စိတ်အေးသွားပါတော့တယ်။
ဆရာတော့်စိတ်ထဲထင်လိုက်တာက ကျနော့်ကို မိန်းမခိုးသွားပြီထင်နေတာတဲ့................. ကောင်းရောဗျာ...
အင်းလေ.... ထင်လဲထင်ခြင်စရာပဲ ထွက်သွားတာကလဲ ကောင်မလေးနဲ့ဆိုတော့ သူ့အမှားတော့ မဟုတ်ပါဘူး
ကျနော့်ကိုက မနေတတ်၊မထိုင်တတ်၊ လုပ်လိုက်ရင်လဲ တလွဲ၊ ဖြစ်လိုက်ရင်လဲတလွဲဆိုတော့ ထင်ခြင်စရာပါပဲဗျာ။ မှတ်မိသေးတယ် ပဇင်းခံခဲ့တဲ့ကျောင်းက ငါးထပ်ကြီး၊ လိပ်ပြာကန်မှာပါ အဲဒီထဲမှာ ဘုန်းကြီးကျောင်းတွေ အများကြီးပါပဲ၊ ကျနော်ပဇင်းခံခဲ့တဲ့ကျောင်းနာမည်တော့ မမှတ်မိတော့ဘူးဗျ။

11 Response to ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း၁၂

9 April 2009 at 18:35

:P :D :)

9 April 2009 at 19:18

ဟားဟားဟားဟား

မေတ္တာပို့ နည်းသေချာမှတ်သွားတယ်အိမ်ရေ

ဘာဘဲပြောပြောပါ ရေးပေးလို့ ကျေးဇူးပါ

9 April 2009 at 20:05

မ နောက်လိုက်ပြီး မ ဘက်ပါနေတယ်ပို့လေ..။ ဟားဟား...ဘုန်းကြီးရဲ့ ငါးလိပ်ကျောက်ကို ကြောက်တာနည်းနည်း ကောင်မလေး နောက်ကို လိုက်ချင်တာများများ ပါ..။ မသိရင်ခက်မယ်..။ အကြောင်းသိတွေနော်.. ဟင်းဟင်း..။

9 April 2009 at 21:50

မေတ္တာပို့နည်းလေးကြိုက်လို့ မိတ်တူကူးသွားလိုက်တယ်အကိုရေ...
နေကောင်းရဲ့ လားး..ပျောက်နေသလားလို့ 
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

10 April 2009 at 04:27

တို့ အကိုကြီးကတော့ လုပ်ပြီ...။
မရေးရင်မရေးဘူး ရေးရင်ပေါက်ကရ
ဟဟဟဟဟ

ဆိုးနေပါလားဘရာသာ ..

10 April 2009 at 12:39

ဆရာလေးကတော့ ရေးလိုက်ရင် ရီကို ရီနေရတယ်။
ပါ၇မီထင်တယ်။

နှစ်သစ်မှာ ပျော်၇ွှင်ပါစေဗျာ။

11 April 2009 at 16:30

read . :D :P :D

13 April 2009 at 15:10

ဂလိုမှ မဖြစ်ခဲ့ရင် တို့ရဲ့ ဦးအိမ်မဟုတ်ဘူး...
ဒီလိုလွဲတာမှ ဦးအိမ် စစ်စစ်...

16 April 2009 at 21:31

ဟားဟား
ဖြစ်ရလေ..... ဘုန်းကြီးဝတ်ကြီးနဲ့ မိန်းမခိုးတယ် ဖြစ်ရတယ်လို့....
အစ်ကိုကတော့လေ...

20 April 2009 at 15:46

ဟားဟားဟား... ဘုန်းကြီးရဲ့ ငလိတ်ကျောက်ကို အကြောင်းပြတာပါ...
မသိတာခက်မယ်... မိန်းမနောက်နဂိုထဲက လိုက်ချင်နေတာမဟုတ်လား.. ဟားဟာ.. :D :P :P

အဟေးအဟေး.... (ကိုရင်ညိန်းရယ်သံ)
:P :P

ကဲတခါတော့ ကိုအိမ်လိုမျိုးရယ်လိုက်ဦးမယ်... အဟစ်အဟစ်.... :P

(မသိရင် ဆိတ်လည်ပင်းညစ်သတ်နေသလား မှတ်ရတယ်.. :(
:P

28 May 2009 at 17:37

ကျနော့်ကိုက လုပ်လိုက်ရင်လဲ တလွဲ၊ ဖြစ်လိုက်ရင်လဲတလွဲဆိုတော့ ( ထောက်ခံပါတယ် ဟဲဟဲးP )
မေတ္တာပို့လိုက်ပုံကတော့ အဆန်းပဲ အကိုအိမ် ...
ခက်၏ ခက်၏
း)

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း