Tuesday, April 21, 2009

သြော်.... မိန်းမ ၁

23
ခေါင်းစဉ်ကြည့်ပြီး အတော်စိတ်ဝင်စားသွားမှာပဲနော်။တကယ်လဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။မိန်းကလေးတွေဟာ
အရှက်ကြီးတယ်၊ သိက္ခာရှိတယ်၊မိန်းမတို့ အိမ်ဒရေ ရွှေပေးမရ၊ ခြေတလှမ်းကုဋေ တစ်သန်း၊ ဗိုင်းကောင်း ကျောက်ဖိ စသည်ဖြင့် ပြောကြသလို တော်လေး၀၀င်အဖြင့်လဲ တင်းစားတတ်ကြပါတယ်။ ဒါပေမဲ့ ကျနော်နဲ့ စကားပြောဖူးတဲ့သူအတော်များများက
တော့ တော်လေးဝ ၀င်မ၀င်တော့ မသိဘူး အတော့်ကိုပြောရဆိုရ လက်ပေါက်ကပ်ပြီး၊ တွေးလိုက်ရင်လဲတလွဲချည်း
ပါပဲ။ ကျနော်သိသမျှ မိန်းကလေးအကုန်လုံးကိုမဆိုလိုပါဘူး တချို့ကိုပြောတာပါ။
ဒါမှမဟုတ် ကျနော်ကပဲ စကားအပြောမတတ်တာလားဆိုတာ ပြောကြပါဦးဗျာ။ လိုရင်း၊ တိုရှင်းပဲ ရေးမယ်ဗျာ။ ဒီလိုပါ............


ကျနော်ကျောင်းတက်စဉ်က တိုင်းရင်းသူတယောက်ကို ရည်းစားစကားလိုက်ပြောဖူးပါတယ်။ ဘယ်တိုင်းရင်းသူ
ဆိုတာတော့ မပြောတော့ဘူးဗျာ။ ဘလော့ရေးနေကြတဲ့အထဲတိုင်းရင်းသူတွေပါနေတော့ တော်ကြာသူ့တိုင်းရင်း
သူအကြောင်းမကောင်းရေးတယ် ထင်မှာစိုးလို့ ဘယ်တိုင်းရင်းသူဆိုတာ ထည့်မရေးတော့ဘူးနော်။ တိုင်းရင်းသူတွေက အများအားဖြင့် ရိုးသားတယ်၊ အထူးသဖြင့် ဗမာစကားကို လိမ့်ပါတ်လည်အောင်မပြောတတ်
ဘူး၊ ဘယ်လိုပြောရမလဲ စကားကို တုတ်ထိုးအိုးပေါက်ပြောတတ်တာကို ဆိုလိုတာပါ တဖက်လူနားဝင်ချိုအောင်
မပြောတတ်တာပါ။အဲ...ဒါပေမဲ့ သူတို့စကားတတ်ရင်လဲ တော်ရုံမြန်မာတောင်လိုက်မမှီတာတော့ အမှန်ပဲ။
အောက်ကအဖြစ်လေးကြည့်ရင် သဘောပေါက်သွားမှာပါ။
တနေ့ပေါ့..................................................................
ကျောင်းက တိုင်းရင်းသူတယောက်ကို ကျောင်းအလွှတ်မှာ စကားလိုက်ပြောပါတယ်။သူငယ်ချင်းတွေမြှောက်ပေး
တာလဲပါတာပေါ့ဗျာ။ စကားလိုက်ပြောတာဒီလိုပါ.........
"စကားလေးနဲနဲလောက်ပြောခြင်လို့ပါ နှောက်ယှက်တယ်တော့ မထင်စေခြင်ပါဘူး။ ရင်ထဲမှာ မခံစားနိုင်တော့ လို့ပါ။ တို့မင်းကို အရမ်းစွဲလမ်းနေမိပြီကွာ။"
"ဘာ.... ဘာပြောတယ်.... ဆွဲရဲရင် ဆွဲရမ်းကြည့်စမ်း ထောက်ချွန်နဲ့ ဆောင့်ကိုထိုးပြစ်မှာ ဘာမှတ်လဲ"
"ဟုတ်ဘူးလေ တို့ပြောတာက စွဲလမ်းတာကိုပြောတာ ဟိုလေ.... ချစ်မိနေပြီလို့ပြောတာပါ။"
"ဘာလဲ.... နင်က ငါ့ဗိုက်ထဲ ကလေးထည့်ခြင်တာပေါ့လေ ဟုတ်လား"
"ဟင်..... အဟီ.. ဒီလိုဟုတ်ဘူးလေ... ဟုတ်တော့ဟုတ်တယ် ဒါကလဲ ခုမဟုတ်သေးဘူးလေ ဟိုလေ.. ဒါတွေက ချစ်တင်းအတူနှောပြီး၊ ချစ်မန်တိုင်စိုက်တော့ပြီးတော့မှ အေးဆေးကလေးမွေးမှာလေ ခုဟာက ကြိုတင်နားဖောက်ထားတဲ့သဘောပါ ဆိုလိုတာက သူများနောက်မပါခင် ကြိုတင်စရံရိုက်တာပါ"
"ဘာ...သေခြင်းဆိုး.... နင်မိုက်ရိုင်းတာလား"
"မိုက်ရိုင်းတဲ့စကားလဲ မပြောမိပါလား... သူပဲကလေးကိစ္စပြောလို့ပြန်ပြောတာလေ မိုက်ရိုင်းတာ တလုံးမှမပါပါဘူး တို့ပြောတာလဲရှင်းရှင်းလေး ကလေးကိစ္စက ချစ်တင်းအတူနှောပြီး၊ချစ်မန်တိုင်စိုက်ပြီးတော့မှ
အေးဆေးကလေးမွေးမယ်ပြောတာလေ ဘာမိုက်ရိုင်းတာပါလို့လဲ ဟင်....."
"အေးလေး.. အဲဒီ ချစ်တင်းနှောပြီး ချစ်မန်တိုင်စိုက်တဲ့ကိစ္စပဲပြောတာ သေခြင်းဆိုးရဲ့" လို့ပြောလဲပြောလွယ်အိတ်
နဲ့လဲ လိုက်ရိုက်တာ ၂ချက်တောင် ခေါင်းချည်းပဲထိတယ် လူလဲခေါင်းကိုမူးသွားတာပဲဗျာ။ ကျနော်လဲစဉ်းစားတယ် ငါဘာများ
မှားပြောမိလဲပေါ့... ကျနော်ဆိုလိုခြင်တာက ချစ်တင်းနှောမယ်ဆိုတာ ချစ်သူတွေအဖြစ်ဘ၀ကိုဖြတ်ကျော်မယ်၊
အချိန်တန်တော့ လက်ထပ်မယ်လို့ တိုက်ရိုက်မပြောပဲ ချစ်မာန်တိုင်စိုက်မယ်လို့ တင်စားတာ သူဘယ်လိုထင်သွားသလဲ ခုထိ အဖြေရှာမတွေ့သေးဘူးဗျာ။ကျနော်ပဲ တင်စားတာလွန်သွားတာလား၊ ဒါမှမဟုတ်
သူ့ဟာသူပဲအတွေးချော်သွားသလားမသိဘူး။ သိရင်လဲ ပြောကြပါဦး။ ကျနော့်မှာအတော်အုံးစား
နေပြီဗျာ ခုထိစဉ်းစားလို့ မရဘူး။

23 Response to သြော်.... မိန်းမ ၁

21 April 2009 at 18:34

နည်းတောင်နည်းသေးတယ် လွယ်အိပ်နဲ့ ရိုက်တာ...။
နှစ်ချက်တည်းမက ဘူး အချက်နှစ်ဆယ်လောက် ရိုက်သင့်တာ...။

ဘာလို့ လည်းသိချင်ရင် လာမေး... ဒီမှာမပြောချင်ဘူး...။ဘီယာဆိုင်ကျမှ ပြော ပြမယ်...။ :P
လူကို ကလည် မလိုလို နဲ့  အ တာ ကိုး...။ဒါမှမဟုတ် တမင်အ ချင်ယောင် ဆောင်တာဖြစ်မယ်...။

သိပ်ရှည်ရှည်ဝေးဝေးမပြောချင်ဘူး

ဒါဗြဲ ...။

21 April 2009 at 20:11

ဟားဟားဟား

သိပ်လဲမရယ်ရဲဘူး။ မိန်းမ ၁ပြီးရင်ခပ်လန့် လန့် ဘဲ။ လာတော့မယ်။
သိပ်ပြီးစကားမကြွယ်ရဘူးအေ့။ တိုင်းရင်းသူတွေနော်။ကံကောင်းလို့ လွယ်အိတ်နဲ့ ရိုက်တာ။ ပထမပြောသလို ထောက်ချွန်နဲ့ သာကစ်သွားရင် သေပြီဆရာ
း)

21 April 2009 at 20:13

ဟိုကရိုက်တာ ခေါင်းဘဲထိတယ်ဆိုတော့ အိမ်ကပုလို့ လား တိုင်းရင်းသူကအရပ်ရှည်လို့ လား

း)
အဟားဟား

22 April 2009 at 01:04

အကိုအိမ်က ခုထိမလွယ်သေးဘဲကို
၂ ချက်တဲ့
နည်းတယ် နောက်မှတိုင်းရင်းသူလေးကိုပြန်တွေ့ရင် မိတ်ဆက်ပေး
အကြွေးနဲ့ နာနာထပ်တီးလို့း)
ကိုယ့်အကိုဘက်က ပါတာပါ ဟီးးး

Anonymous
22 April 2009 at 02:16

ဖတ်လို့ အ၇မ်း ကောင်းတယ်...
သြော်.... မိန်းမ ၂ ကို မျှော်နေတယ်...

22 April 2009 at 09:47

အဟား အတော်ကို ရီရတယ် အကိုအိမ်ရေ... ဘာတဲ့ နင်က ငါ့ဗိုက်ထဲ ကလေးထည့်ချင်လို့လားတဲ့ ဟား ဟားဟား ကောင်းပါလေရော ကျနော်တို့ ရှမ်းပြည်ကတော့ မဟုတ်ပါဘူးနော့် ဟဲဟဲ


လေးစားလျက်
တောင်ပေါ်သား

22 April 2009 at 15:41

အင်း ခုမှဝင်လို့ရပါတယ် ရှင် ... အဲဒီတုန်းက များ၂ရိုက်ရမှာ အသိနောက်ကျလို့ ဟီး၂

Anonymous
22 April 2009 at 15:42

အပြောဆိုလေးက ညင်သာလိုက်တာနော်း) ကြက်သီးပါထတယ် ။

22 April 2009 at 23:32

အိမ် ကလည်း ခက်ပါ့ သူကမိန်းခလေးပီပီ အဲဒီလောက်ပွင့်လင်း
နေရင် ကိုယ်ကယောကျာင်္းလေးပဲဗျ လက်ကိုင်ပုဝါ အနားလေး
လိမ်ပြပြီး မခို့တယို့ လုပ်ပြလိုက်ပေါ့ဗျ
...ခင်မင်သောအားဖြင့်..........

23 April 2009 at 06:04

သြော် မိန်းမ မိန်းမ မရှိမကောင်း ရှိကောင်း၏ လှေအဆင်းမြင်းအတက်ဆိုသလို မိန်းမဆိုတာလဲ အဆင်းအတက်ခက် အဲ အဲ အပြောရအဆိုရခက် လက်ပေါက်ကပ် နားလည်ရခက်ပေသကိုး အစ်ကိုအိမ်ရေ နောက်တစ်ခါဆိုအဲ့လိုမပြောနဲ့ ပြောနည်း ကျွန်တော်သင်ပေးမယ် အဟိ ပြောပြီးရင်အသေချာဆုံးကတော့ ပြေးပေါက်သာ ရှားထား ဟားဟား....

23 April 2009 at 17:14

မပြောလိုက်ချင်ဘူး ဘယ်တိုင်းရင်းသူလဲဆိုတာသိတယ် ဟွန်းးးးး ၂ချက်ကနည်းတောင်နည်းသေးတယ် ကျုပ်ဆို ဒီထက်နာမယ်

23 April 2009 at 20:31

အဲဒါကြောင့်ပြောတာပေါ့.. အိမ်နဲ့ ပေါင်းမယ်ဆိုရင် ကြည့်ပေါင်းပါလို့.း)
အမှန်တွေပြောခဲ့တာပဲလေ.. အဟေးးး

23 April 2009 at 22:34

ဗိုက်ထဲကို ကလေး ထည့်ချင်တယ် ဆိုပဲ။ တမျိုးပဲနော်။ ကျိန်းသေ ကလေးရမယ်လို့ ဘယ်သူက ပြောလို့လဲ အဟား...

23 April 2009 at 23:45

တော်တော်ရီရတာပ?

24 April 2009 at 00:13

song layy ka taw taw layy kg tal . eain so t` song lay. Eain ko lar lal tar tha mee pyo taw taw pyaw par tal. myanmar lo yite tar bar tw phyit twer mhan ma ti woo.aww main ma ka l` taw taw ye ya tal naw. 'the mee pyo ' si lar lal ownn naw http://anglepyo.blogspot.com/

24 April 2009 at 10:47

ကလေးထည့်ချင်တဲ့ကိစ္စသူ ကြိုတွေးထားပုံပဲ
အဟဟ ကြားရင် လာရန်ထောင်နေဦးမယ်။
နာသာဆို တော်တော် တီးလိုက်မယ်
သူမမို့ ခံသာတယ် သဘောထား

25 April 2009 at 01:43

ကိုအိမ်ကတော့ မိန်းမတွေနဲ့  ပက်သက်ရင် အမြဲ အဆင်ချောနေတာပါပဲလား ။ :P
ဒီအတိုင်းဆိုလို့  ကတော့ ဒီတသက် မိန်းမရဦးမယ် ။ :D

25 April 2009 at 22:50

ဟီးးးးးး ရီရတယ်.... ဖြစ်ရမယ် အစ်ကိုအိမ်ကတော့......
ဟာဟ...

26 April 2009 at 12:46

ဟားဟာ... နောက်ဆို သတိထားတော့ နော့်ဦးအိန်....

ရယ်ရတယ်.. ဗြဲ.. :p

26 April 2009 at 15:42

ဒင်းကိုက အူကြောင်ကြောင်နိုင်လို့နေမှာပေါ့..။ ရည်းစားစကားပြောတာ ကောင်းကောင်းမပြောလို့နေမှာပေါ့..။ ကောင်မလေးနေရာမှာသာဆိုရင် လွယ်အိတ်နဲ့တင် မဟုတ်ဘူး အုတ်ခဲနဲ့ပါ လိုက်ထုမှာ.. သိရဲ့လား..။:-)
ကိုယ့်အစ်ကိုကြီး ဘက်က မခံမရပ်နိုင် ဖြစ်လွန်းလို့ပါဗျာ..။ အော် မိန်းမ မိန်းမ....။

27 April 2009 at 21:43

တစ်ယောက်က ဗိုက်ထဲကလေးထည့်ချင်လို့လားတဲ့
တစ်ယောက်က ချစ်တင်းနှောရင်တဲ့...
တော်သေးတယ် ဒီနှစ်ယောက်အဆင်မပြေသွားတာ...
ပြေများပြေသွားရင် ရှေ့ဆက်ဘယ်လို စကားဆက်ပြောကြမယ်မသိ .. ဟိဟိ

28 April 2009 at 07:54

မြန်မာရုပ်ရှင်ဇာတ်ကားတွေ မြန်မာစာတမ်းထိုးပြနေရသလိုပါပဲ။
မြန်မာအချင်းချင်း စကားပြောရင်တောင် မြန်မာစာလုံးသတ်ပုံကျမ်းကို လက်ကိုင်ထားရမလို ဖြစ်နေပြီ။ အဟဲ

ဆင်ဆင်ပြေပါစေ။

Anonymous
28 April 2009 at 08:29
This comment has been removed by the author.

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း