Friday, February 27, 2009

ချစ်တတ်တဲ့ အသည်းနှလုံးနှင့် ကျွန်တော်

38
ကျွန်တော်လဲ အသည်းကွဲဖူးပါသည်။ ဒီလိုပြောလို့ အတော့်ကိုအံ့သြသွားကြမှာပဲ။ ကျွန်တော်လဲ ခံစားတတ်တဲ့
အသည်းနှလုံးရှိတဲ့ လူသားတစ်ယောက်ပါပဲ။တကယ်ပါ ကျွန်တော့်မှာ ငယ်ငယ်ထဲကချစ်ခဲ့တဲ့
ငယ်ချစ်ဦးရှိခဲ့ဖူးပါတယ်။ချစ်ခဲ့ကြတာ ၁၀နှစ်ကျော်ကြာခဲ့တယ်ပြောရင်ပိုအံ့သြသွားကြမလားမသိဘူး။ တကယ်ပါပဲ ကျွန်တော် ၇တန်းကျောင်းသားဘ၀ထဲက သူနဲ့ချစ်ခဲ့တာပါ။


သူကကျွန်တော့်ထက် အသက်၅နှစ်ကြီးသလို ကျွန်တော့်အပေါ်မှာလဲ အရမ်းပဲ အနွံတာခံခဲ့သလို၊ ကျွန်တော် ဆိုးသမျှကိုလဲ အတော်ပဲ သည်းခံခွင့်လွှတ်ခဲ့သူပါ။ ကျွန်တော်ထက် အသက်၅နှစ်ကြီးပြီး၊ ကျွန်တော့်ထက် ပညာတော်ပေ၊ တတ်ပေမဲ့ ကျွန်တော့်အပေါ်ဘယ်တုန်းကမှ ဆရာမလုပ်ခဲ့ပါဘူး။ ကျွန်တော်သေဆိုသေ၊ ရှင်ဆိုရှင် လို့ပြောရ လောက်အောင်ကိုပဲ ကျွန်တော့်အပေါ်ချစ်ခဲ့ပါတယ်။ တကယ့်ကို ဘ၀အတွက် လက်တွဲဖော်တယောက်ပါပဲ။
အဲဒီလိုပါပဲ ကျွန်တော်လဲ သူ့အပေါ် အရိပ်တခုလို သူ့အနားအမြဲနေချင်သူပါ။ ဒါပေမဲ့ဗျာ...............
လောကကြီးမှာ ဘယ်အရာမှ မတည်မြဲပါဘူး။ အစဉ်အမြဲပြောင်းလဲတတ်တဲ့ လောကကြီးရဲ့နိယာမကြောင့်
ကျွန်တော်တို့နှစ်ယောက် အကြားမှာ မထင်မှတ်ပဲ ဝေးကွာသွားစေဖို့ ကံဇာတ်ဆရာရဲ့ လှည့်စားမှုကို အလူးအလဲခံစားလိုက်ရပါတယ်။ ကျွန်တော်တို့အဖြစ်ဟာ ဘယ်သူမှ သစ္စာမဖောက်ပါ
ပါပဲနဲ့ဝေးခဲ့ရတယ်ပြောရင် ပိုအံ့သြသွားမလား။ တကယ်ပါပဲဗျာ ယနေ့အချိန်ထိ သူလဲ အိမ်ထောင် မပြုသေးသလို ကျွန်တော်လဲ လူလွတ်တယောက်ပါပဲ။ သူလဲနောက်တယောက်မရှိသလို၊ ကျွန်တော့် ရင်ထဲမှာလဲ သူကလွဲပြီး အစားထိုးလို့ မရသေးပါဘူး။ အစားထိုးဖို့ ကြိုးစားတိုင်းလဲ ရင်ထဲကသူ့ကို ဆွဲမထုတ် ရက်ပြန်ဘူး။ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ ဘယ်သူ့ကြောင့်၊ ဘာကြောင့်ဆိုပြီး အပြစ် မပုံချခြင် တော့ပါဘူး။ ဒါပေမဲ့ မသိစိတ်က သူ့ကိုမျှော်လင့်မိနေတုန်းပါပဲ။ သူလဲကျွန်တော့်လိုပဲနေမှာပါဗျာ။ ဖြစ်နိုင်ရင်ပေါ့လေ ဘ၀ကိုတစ်ကနေ ပြန်စပြီး နောက်ထပ် ဒီလိုအဖြစ်ဆိုးမျိုး မကြုံရအောင် ကြိုးစားခြင်တယ်ဗျာ။



စာမျက်နှာ ၁၅ - လေးဖြူ

38 Response to ချစ်တတ်တဲ့ အသည်းနှလုံးနှင့် ကျွန်တော်

27 February 2009 at 21:30

ကြီးရင်မှီ ငယ်ရင်ချီတဲ့ အိမ်ကမှီချင်တယ်ပေါ့လေ
အဟေး...........

သူကကျွန်တော်သေဆို ရှင်တဲ့။ အဲလေ မှားလို့း)

27 February 2009 at 21:53

စပါ အစကပြန်စပေါ့ နောက်မကျသေးပါဘူး ။ ဒီတစ်ခါမြန်မာနိုင်ငံပြန်ရောက်ရင် ပြန်တိုင်ပင်ကြပေါ့
ချစ်သူတိုင်းပေါင်းစေချင်ပါတယ်း)

အတည်ပြောတာနော် အပေါ်ကကော်မန့် ကစတာ
း)

Anonymous
27 February 2009 at 22:02

ပြန်စလို့ရရင် ပြန်စချင်တယ် ဆိုတဲ့လူကလည်း အများသား.....
စဉ်းစားလွန်းတာလည်းမကောင်းဘူး....... သိလား...... :P

27 February 2009 at 22:03

သူကလည်းကိုယ့်ကိုချစ်နေသလို ကိုယ်ကလည်းသူ့ကိုချစ်နေတယ်ဆိုတော့ ပြန်ရင်ပြေလည်အောင်လုပ်ယူပါကိုအိမ် အချစ်စစ်နဲ့ နားလည်နိုင်မှုဆိုတာ တော်တော်လေးကို ရယူဖို့ခက်ခဲ့ပါတယ်ကိုအိမ်ရေ။ အဆင်ပြေပါစေဗျာ။

27 February 2009 at 22:07

ဒီတစ်ခါ မရယ်ရပဲနဲ့ ငိုသွားတယ် ဟီး ရွှတ်ဖတ် ..
သူများခံစားချက်နဲ့ ရေးတာကို လှောင်ရယ် တာမဟုတ်ပါဘူး..။

တစ်ကယ်ကို သနားသွားတာပါ..
ဒီလောက် မျက်နှာပြောင်တဲ့ သူတစ်ယောက်မှာလဲ ကျိတ်ပြီး ကျေကွဲ ခံစားမှုလေးတွေ ရှိနေတာကိုးးး..။

27 February 2009 at 22:21

အော် မောင်လေး တော်တော်လေးကိုခံစားရပါတယ်ကွာ
ချစ်သူတိုင်းပေါင်းစေချင်တယ်။ တစ်ကယ်ချစ်တယ်ဆိုရင်တစ်ကဘဲပြန်စစ ၁၀ ကဘဲပြန်စစ ပြန်စစေချင်တယ်။ ခံစားချက်ကိုယ်စီရှိတဲ့လောကသားတိုင်းမှာ အချစ်ရဲ့ ဝေဒနာတွေကိုလူတိုင်းခံစားကြ၇မြဲလေနော်။
စဉ်းစားစေချင်တယ်မောင်တော်။

Anonymous
28 February 2009 at 08:21

ပြန်ပြီးဆက်သွယ်ပေါ့။ အဆင်ပြေပါစေ။


(စကားမစပ် "တကယ်ပါ "တွေ ခဏခဏပါတယ်နော်။ လိမ်တာမဟုတ်မှန်း ယုံပါတယ်။ တကယ်ပါ ။ :P :D :))

Anonymous
28 February 2009 at 09:14

ပြန်စဖို့ အဆင်ပြေရင် ပြန်သာ စလိုက်ပါ ကိုအိမ် ရာ။ ကြိတ်ခံစားမနေနဲ့။ အများကြီးလဲ တွေးတာလဲ တခါတလေ သိပ်မကောင်းဝူးး။ ဆွေးနေတာ တွေ့တာနဲ့ ဝင်ပြီးဆရာ လုပ်သွားတာ။ ဟတ်ဟား.။ မကြုံချင်တာ မကြုံရအောင် အတတ်နိုင်ဆုံး ကြိုးစား ကြရမှာပါပဲ။

Anonymous
28 February 2009 at 09:33

ငယ်ချစ်ပုံပြင်လေးပေါ့ ၂ ယောက်စလုံးကလည်း လွတ်၂လပ်၂တွေပဲ နောက်တစ်ကြိမ်ကြိုးစားကြည့်ပါလားး) အချစ်ဆိုတာကတော့ အမြဲ နုပျိုလက်ဆတ်နေတတ်တာပဲ မအိုဟောင်းပါဘူး သီချင်းလေးသွားဆိုပြလိုက်

“ကျနော့်လို မ ကိုချစ်မယ့်သူ ဒီမ္ဘာမှာ ရှိမလား သိသလားအချစ်ရယ် ” အဲ့လိုလေး ကြွေလာလိမ့်မယ် အဆင်ပြေရင် တစ်ဝိုင်းတိုက်နော့် :P

28 February 2009 at 12:49

*** REWIND ***

28 February 2009 at 13:37

အဟမ်းးးးးးး (ကျွန်တော်လဲ အသည်းကွဲဖူးပါသည်။ ဒီလိုပြောလို့ အတော့်ကိုအံ့သြသွားကြမှာပဲ။ ကျွန်တော်လဲ ခံစားတတ်တဲ့
အသည်းနှလုံးရှိတဲ့ လူသားတစ်ယောက်ပါပဲ။တကယ်ပါ ကျွန်တော့်မှာ ငယ်ငယ်ထဲကချစ်ခဲ့တဲ့
ငယ်ချစ်ဦးရှိခဲ့ဖူးပါတယ်။ချစ်ခဲ့ကြတာ ၁၀နှစ်ကျော်ကြာခဲ့တယ်ပြောရင်
ပိုအံ့သြသွားကြမလားမသိဘူး) မအံ့သြပါဘူးရှင် ဒါပေမယ့် (၇)တန်းကတည်းကဆိုတော့ အမလေးးးးးး မလွယ်ပါလားအကိုအိမ်ရေ
အင်းးးးးးးး
ကြိုးစားပေါ့ဗျာနှစ်ယောက်လုံးကလူလွတ်တွေပဲ အဲ....ဒါနဲ့ ဘယ်တော့ပြန်မှာလဲ.း)

28 February 2009 at 13:37

ကိုအိမ် ငယ်ချစ်မမနဲ့ အဆင်ပြေပါစေ...

:P
28 February 2009 at 13:47

မဖြစ်နိုင်တဲ့ အကြောင်းကြောင်းတွေကြောင့်ဆိုပြီး
ချစ်နေသားနဲ့ ကွဲသွားသူတွေကို အသည်းယားတယ်...။
တစ်က ပြန်စပေါ့..... တရားနဲ့တော့ မဖြေတတ်ဘူး..။
နှစ်ဖက်ညီရင်တော့ အစွမ်းရှိသလောက်ကြိုးစားသင့်တယ်..။

:P
28 February 2009 at 13:47

ဒါဘဲ။

:P
28 February 2009 at 13:54

ကောင်မလေးဆီတောင် ဒီကောမန့် ပို့လိုက်ချင်သေး...။
ယောက်ျားလေး ဖြစ်သော အသင်မှ စတင်ကြိုးစား အားထုတ်ပါလေ...
ပြောရင်းစိတ်ပါလာပြီ..။

28 February 2009 at 15:08

အသည်းကွဲ post လေးပေါ့ဗျာ ခံစားသွားတယ်။

28 February 2009 at 15:18

သစ္စာဖောက်တာ မဟုတ်ပဲ ကျောခြင်းကပ်သွားတဲ့ အချစ်တွေ ရှိကြပါတယ်ဗျာ

28 February 2009 at 18:22

လုပ်ရှားတော့လေဗျာ..။တော်ကြာ ဆံပင်ဖြူ သွားတွေကျိုး ခါးတွေပါ ကိုင်းသွားအုံးမယ်..။နောက်တာမဟုတ်ဘူးနော်...။ စတာပါ..။ :-)

28 February 2009 at 22:34

တနေ့မှာအဆင်ပြေ ပြီး ပေါင်းဖက်နိုင်ပါစေဗျာ
တခါတလေတော့ မီးကွင်းကလွတ်ချင်ရင်
ဝိုင်းနေတဲ့မီးကို ခုန်ကျော်ဖို့လဲ လိုအပ်ပါတယ် နောင်တော်

1 March 2009 at 00:18

အဟင့်
ငိုတောင် ငို ချင်သွားတယ်
ကျွန်တော် တောင်လွမ်း သွား ပြီ တော် ပြီ အိပ် ယာထဲမှာ ပဲ သွားလွမ်းတော့ မယ်ဗျာ...။

1 March 2009 at 05:26

အကိုရေ..
ပြန်လည်ဆုံဆည်းကြမယ် အချစ်ရယ်
သီချင်းကို ဘယ်တော့ဆိုမှာလဲ..
မြန်မြန်လုပ်တော့လေ..

1 March 2009 at 11:07

အကိုရေ..စိတ်မကောင်းလိုက်တာ။တနေ့တော့ပြန်ပေါင်းရပါစေးလိုဆုတောင်းပေးပါတယ်

Anonymous
2 March 2009 at 03:32

ပိုင်ဆိုင်သူ ကိုယ်စီ မရှိကြသေးဘူး ဆိုရင် ဇာတ်လမ်းပြန်စဖို့ မခက်ပါဘူး... အဆင်ပြေပါစေနော်

2 March 2009 at 16:18

အဆင်ပြေပါစေ ကိုအိမ်ရေ

3 March 2009 at 15:24

သူလည်းလွတ်တယ်
ကိုယ်လည်း ရှင်းနေမှတော့ အဖြေရယ်
ဘာပြောကောင်းမတုန်း
အင်း အချိန်လေးများရှိတုန်း အိမ်ရေ ဖိုက်တင်းးးးး

6 March 2009 at 02:22

အဆင်ပြေပါစေဗျာ
တကယ်ဆုတောင်းပေးသွားပါတယ်

6 March 2009 at 22:50

ဒီလိုတည်တည်ကြီး ရေးတော့လည်း အကိုအိမ်က ...
အင်းးးးး
မျှော်လင့်နေတုန်းဖြစ်တဲ့ သူမနဲ့ ပြန်လည်ပေါင်းဖက်နိုင်ပါစေဗျာ

ခင်မင်စွာဖြင့်

7 March 2009 at 09:57

နောက်ဘ၀ထိ စောင့်စရာလိုမယ် မထင်ပါဘူး ..
မိန်းကလေးကြိုက်တော့ ဆိုက်ဆိုက်မျှော်တဲ့ ..
ကိုယ်ကမသွားသရွေ့တော့ သူလေး မျှော်နေရှာမှာပါ။
ဒီလိုဖြူစင်တဲ့အချစ်အတွက်
ပျော်ပျော်ရွှင်ရွှင်ကြီးကို ပေါင်းဖက်စေချင်ပါတယ် ..

အားပေးလျက်

7 March 2009 at 17:11

စာသားလေးတွေက မိုက်တယ်ဗျာ ....
မရောက်တာကြာပေမယ့် သတိရနေပါတယ် ခင်ဗျာ ။။
အစားထိုးတယ်ဆိုတာ ဘယ်အရာမှမကောင်းဘူးလို့ထင်ပါတယ်
မျှော်လင့်နေတဲ့ ရည်မှန်းချက်လေး ပြည့်ဝပါစေလို့ ဆုတောင်းပါတယ်
ခင်ဗျာ

9 March 2009 at 05:32

လွမ်းစရာ ဆွေးစရာတွေ ချည်းပါလားနော် ။ အဆင်ပြေပါစေဗျာ ။ အိမ်ထောင်ကျသွားရင်တော့လည်း အဟောသိကံ ပေါ့ ။ :P

9 March 2009 at 11:54

ဟင့်..သနားပါတယ်... မစ်စတာဟုမ်းလေးလဲ...
ရှုပ်ပါတယ်. ၂ ယောက်စလုံး ပြန်ဆုံပြီး..မြန်မြန်ညားပါစေ လို့ပဲဆုတောင်းခဲ့တယ်..

12 March 2009 at 22:58

အဆင်ပြေပါစေ။ ချစ်တဲ့ချစ်သူနှစ်ယောက် အချိန်တိုလေးအတွင်းမှာ အမြန်ဆုံး ပေါင်းစပ်နိုင်ကြပါစေ။ လို့ ဆိုတောင်းပေးပါတယ်

14 March 2009 at 18:29

ချစ်နေကြလျှက်နဲ့ မဝေးစေချင်ဘူး။ အမြန်ဆုံး သူ့ ကိုဆက်သွယ်ပြီး နှီးဖို့ ကို ကြိုးစားလိုက်ပါ။ အဆင်ပြေပါစေ။

မအယ်

13 April 2009 at 15:25

ဦးအိမ် ဒီလိုကြီးတော့ အဆုံးသတ်မသွားနဲ့လေ
သူလည်းတစ်ကယ်ချစ် ကိုယ်လည်းဂယ်ကြီးချစ်နေတာပဲဟာ
ပြန်ဆက်သွယ်ဗျာ.... မောင်နှမတွေအားလုံးက ဆုတောင်းပေးနေတယ်။

2 June 2009 at 06:15

ပျော်ရွှင်ပါစေ...ဟိ

2 June 2009 at 20:26

ကိုယ်အိမ်ရေ...ချစ်ရတဲ့မမနဲ့  လိုအင်ဆန္ဒ ပြည့်ဝပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ အချစ်စစ်မှန်ရင် အခက်အခဲတော့ရှိစမြဲပါဗျာ။ ဒါပေမယ့် ကိုယ့်နှလုံးသားရဲ့  ဒိုင်ယာ၇ီမှာသူရှိနေတာပဲ။ တစ်နေ့ တော့ဖြစ်လာလိမ့်မယ်နော်...:P။ ပျော်ရွှင်ပါစေဗျာ...ခင်မင်လျှက်..

Anonymous
4 June 2009 at 16:24

အပေါ်က လူတွေပြောသွားသလိုပါပဲ
အဆင်ပြေစေချင်ပါတယ် ..
အဆင်ပြေပါစေဗျို့ ..

မိုးခါး

21 August 2009 at 16:46

အဲဒီ ကံတရားက လှည့်စားသွားတဲ့လှည့်ကွက်ဆိုတာ ဘာလဲ ပြောပြ သိချင်တယ် ရွေ

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း