Thursday, February 19, 2009

ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း၁၁

26
ကျနော်ပြောပြချင်တဲ့ ကျနော့်အကြောင်း၁၁(သို့်) ကျနော်နှင့် ချစ်ခဲ့သူများ အကြောင်းမရေးခင် အရင်ဆုံးပြော
ချင်တာကတော့ ခုတလောကျနော် ဘယ်ဘလော့ကိုမှ မလည်ဖြစ်ပါဘူး။ မလည်ဖြစ်တာကတော့ အလုပ်လဲ နဲနဲ ရှုပ်နေတာရော၊ ကွန်နက်ရှင်မကောင်းတာရောကြောင့် ဘယ်မှလဲ မလည်ဖြစ်သလို၊ ဘာစာမှလဲ မရေးဖြစ်ပါဘူး။ ခုတောင်မှ အသစ်၊အသစ်နဲ့ လာလာသတိပေး၊ ပြောနေကြလို့ ကွန်နက်ရှင် မကောင်းတဲ့ကြားကပဲ အားလုံးကို ပျော်ရွှင်စေခြင်၊ ဖတ်စေခြင်တဲ့ဆန္ဒနဲ့ ဒီပို့စ်လေးကိုရေးလိုက်ပါတယ်။ ကွန်နက်ရှင်မကောင်းတာကတော့ ကျနော် သုံးနေတာ သရီးဂျီကွန်နက်ရှင်ဆိုတော့ အတော့်ကိုညံ့ပါတယ် ခုတော့ တခြားတခုပြောင်းဖို့ လုပ်မယ်လို့ စဉ်းစား နေပါတယ်။ အဲဒါလေး ရတာနဲ့ အားလုံးဆီကို အလည်လာပြီး မဖတ်ရသေးတာတွေ အကုန်လာဖတ်ပါ့မယ်လို့ကတိပေးရင်း ........... .............. ............. .........။
ပြီးတော့ ကိုမောင်ဘီး တက်ထားတဲ့ အကြွေးလေးလဲ ဆပ်ရင်းေ၇းလိုက်ပါတယ်ခင်ဗျား။
ဒီအကြောင်းမရေးခင် ကျနော်နဲ့ ကြိုက်ခဲ့တဲ့ ကောင်မလေးတွေ နာမည်တော့ ထည့်မရေးတော့ဘူးဗျာ။ ဘာလို့လဲဆိုတော့ သိသွားရင်မေတ္တာ ၀ိုင်းပို့နေကြမှာစိုးလို့ရယ်၊ သူတို့သိက္ခာကျမှာစိုးလို့ရယ်ကြောင့် နာမည်ထည့်မရေးတော့ပါဘူး။ ကျနော်နဲ့ ကြိုက်ခဲ့တဲ့ကောင်မလေး ဘယ်နှစ်ယောက်ရှိလဲ သိခြင်မှာပေါ့၊ ပြောရမှာတော့ ခပ်ခက်ခက်ပဲဗျ ဘာလို့လဲဆိုတော့ ကျနော်ကိုယ်တိုင် မမှတ်မိတော့လို့ပါ။ အခုလိုပြောလို့ ကျနော်ဟာ လူရှုပ်လူပွေလို့ ထင်ကြမှာပဲ၊ ဒါဆိုရင်တော့ တော်တော်မှားပါတယ်၊ အကုန်မှားတယ်လို့ မပြောပါဘူး၊ ဒီလိုပါ ကျနော့်အကြောင်းလဲသိတဲ့ အတိုင်းပဲလေ အမြဲလွဲချော်နေပြီး အခွက်က ပြောင်းလွန်းတော့ ဘယ်မိန်းကလေးမှ ကျနော့်ဒဏ်မခံနိုင် ကြလို့ပါ။ ဒီစာဖတ်ကြည့်ရင် သဘောပေါက်သွားမှာပါ။ ကဲ.... စလိုက်ကြရအောင်.............................


ကျနော်နဲ့ ပထဦးဆုံးချစ်ကြိုက်ခဲ့တဲ့သူကတော့ ဒီပို့စ်ထဲမှာထည့်ရေးဖူးပါတယ်။ ဖတ်ခြင်ရင် အဲဒီမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။
ဒုတိယချစ်ခဲ့သူကတော့ ကျောင်းကပါပဲ။ ချစ်သူသက်တမ်းတစ်ပတ်ပဲ ကြာခဲ့တယ်ပြောရင်ယုံခြင်မှယုံကြမှာပါ။ တကယ်ပါပဲ မယုံမရှိပါနဲ့ ဘယ်လိုကနေ၊ ဘယ်လို ကြိုက်ခဲ့လဲ ဆိုတာတော့ စာရှည်မှာစိုးလို့မရေးတော့ဘူးဗျာ။ စိတ်ဝင်စားစရာလဲ သိပ်မရှိပါဘူး။ အကျဉ်းချုပ်လေး ပြောရရင်တော့ သူနဲ့ကျနော်က အတော့်ကိုခင်တာပါ။ ကျနော် အတန်းချိန် လစ်ရင်ပဲဖြစ်ဖြစ်၊ ကျောင်းပြေးရင်ပဲဖြစ်ဖြစ် သူကပဲ ကျနော့်အတွက်စာတွေ ဒိုင်ခံကူးပေး ရေးပေးတဲ့သူပါ။ ဒီလိုနဲ့တနေ့မှာသူ့ကိုကြိုက်နေတဲ့ကောင်က သူ့ကိုစာပေး ပေးဖို့ ကျနော့်အပူကပ်တာနဲ့ အဲဒီကောင်ကိုယ်
စား စာပေး ပေးတာကို ကောင်မလေးက ကျနော်ပေးတယ်ထင်ပြီး ပေးတဲ့စာတောင်မဖတ်ပဲကို တန်းပြီး နင့်ကိုလဲ ငါချစ်တယ်ဆိုပြီးလုပ်တာဗျ၊ ကြည့်ရတာ ဘယ်တုန်းကထဲက ကြိတ်ကြိုက်နေလဲတော့ မပြောတတ်ဘူး။ဒါနဲ့ ကျနော်လဲ ချော်လဲ ရောထိုင်လုပ်လိုက်ရတာပေါ့ဗျာ မလုပ်လို့လဲ မရတော့ဘူးလေ တော်ကြာ သူရှက်သွားမှာစိုးတာရော ကိုယ်ကလဲ သူ့ကို ကြိုက်ခြင်ခြင်နေတာဆိုတော့ဖြစ်သွားတယ်ပဲ ဆိုပါစို့။

ဒီလိုနဲ့ ကျောင်းပိတ်ရက် တရက်မှာသူငယ်ချင်းတွေနဲ့ ကန်တော်ကြီးသွားလည်တော့ သူလဲ ပါလာတယ်။ ဒါနဲ့နှစ်ယောက်သား လူကွယ်၊ သူကွယ်ခြုံကြားသွားထိုင်ကြတာပေါ့နော်။ စာဖတ်သူတော့ ထင်မှာပဲ ဒီကောင် ခြုံကြားထဲဘာသွားလုပ်တာလဲ၊တခုခုတော့ တခုခုပဲလို့ တခြားအတွဲတွေလဲ အဲလို တခုခုကြောင့် ခြုံကြား သွားကြတာပဲကိုဗျ ထင်တာ အပြစ် မဟုတ်ပါဘူး။ အဲလိုထင်ရင် လုံးဝကို မှားပါတယ် အမှန်က ကျနော် အော်သွားရှီးတာပါ။ နားမလည်ဘူးထင်တယ် ဒါဆိုဆက်ဖတ် အပြည့်အစုံသိလာလိမ့်မယ်။
တကယ်ပါဗျာ လုံးဝကို မထင်မှတ်တဲ့ အဖြစ်ပါ။ ထင်လဲ ထင်စရာမရှိဘူးလေဗျာ။ တူနှစ်ကိုယ်တိုင်းပြည်လေး တည်ဆောက်တော့မဲ့ အချိန်ရောက်မှ ဒါမျိုးဖြစ်တာ ကျနော့်ကိုက ပါးစပ်ဆော့တာပါ။ ဖြစ်ပုံကဒီလိုပါ........


ကန်တော်ကြီး ကမ်းစပ်ခြုံအကွယ်လေးနဲ့ ဘယ်လိုပြောရမလဲ ကမ်းစပ်ကိုမျက်နှာမူပြီး ကိုယ့်နောက်မှာက ခြုံရှိပါတယ် ကျနော်တို့ကို ကုန်းပေါ်ကကြည့်ရင် မမြင်ရပါဘူးရေထဲ ဆင်းကြည့်မှမြင်မှာပါ။ ဒီလောက်ဆို သိမှာပါဗျာ စာဖတ်သူတို့လဲ ချစ်သူတို့နဲ့ ရောက်ဖူးပါတယ် ဟဲဟဲ။ စထိုင်ကြတော့ ကျနော့်စတိုင် အတိုင်း ဘာမှမပြောပဲ ငုတ်တုတ်ထိုင်နေကြတာပေါ့ ဒီလိုနဲ့ နဲနဲကြာတော့ သူကစပြီး ကိုယ်လေးတခြမ်းစောင်းပြီး ကျနော့်ကိုယ်ပေါ်လာမှီပါတယ်။ ကျနော်လဲ အလိုက်သင့်လေး ဖက်လို့ပေါ့ဗျာ ဒါပေမဲ့သိပ်မကြာဘူး အနံ့က ထောင်းကနဲထလာတယ်၊ ရုတ်တရက်ဆိုတော့ ဘယ်ကမှန်းမသိဘူး ပြီးတော့ ဖက်ထားရတဲ့အခွင့်အရေးလေး လက်လွတ်သွားမှာစိုးလို့ အသာလေးပဲ အသက်အောင့်ပြီး ငြိမ်နေလိုက်တာပေါ့နော်။ ဒါပေမဲ့ ကျနော်သိလိုက်တယ် ဒါကအီးနံ့ ဒီနေရာမှာ သူနဲ့ကျနော်ပဲရှိတာ ကျနော်အီးမထုရင် သူထုတာပဲ ဒါပေမဲ့ မပြောတော့ပါဘူး သူရှက်မျာစိုးတာနဲ့အသာပဲငြိမ်နေလိုက်တာပေါ့။ သိပ်မကြာဘူး နောက်တလုံး ထပ်ထုပြန်သဗျ ဒီတခါအသံသဲ့သဲ့လေး ထွက်လာတယ် ပူတဲ့ ဒီကောင်ကလဲ ဒါမျိုးဆို နားသိပ်ပါးတာ။ အနံ့ကလဲဗျာ ဒညင်းသီး၊ဒူးရင်းသီး၊ မျှစ်ချဉ်၊မဆလာနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေဘယ်လောက်တောင် စားထားလဲ သိဘူး နံတာမှ ခေါင်းပါမူးလာတယ်။ ကံကဆိုးခြင်တော့ အဲဒီအချိန်ကျမှ လေကလဲ ငြိမ်နေလိုက်တာမှ သစ်ရွက်တောင် မလှုပ်ဖူးဗျို့။ ဒါနဲ့ နောက်ခြင်လာတာနဲ့ ပါးစပ်မဟပဲပြောလိုက်တာက မပူပါနဲ့ ညနေ ပြန်ပို့ပေးမယ်(ဟုတ်တယ်လေ နံကလဲနံသေးတော့ တော်ကြာ အဲဒီအနံ့တွေ ပါးစပ်ထဲဝင်လာရင် ဘယ်လိုလုပ်မလဲ) ဒီစကားကြားတော့ ကောင်မလေးက ရှက်ပြီး ကျနော့်ကျောကုန်းကို တဘုန်းဘုန်းနဲ့ သမတာပေါ့၊ သိပ်တော့ မနာဘူးပေါ့နော် ရှက်စနိုးနဲ့ထုတာကိုးဗျ ဘယ်နာမှာလဲ။ ဒါကိုပဲ ထပ်ပြီးနောက်ခြင်လာတာနဲ့ နင်ကလဲဟာ အီးထုခြင်တာများ ငါ့ကိုမှီပြီးထုရတယ် လို့ဟာ ကိုယ့်ဟာကိုယ် အသာလေး ဖင်ကြွပြီးထုလဲ ရသားနဲ့ဟာကို ငါ့မှာတော့ နင်အဖက်ခံခြင်တယ်ထင်လို့ဟာ(ဟုတ်ဘူးလားဗျာ အီးထုခြင်တာများ ကိုယ့်ဟာကိုယ် ဖင်တခြမ်းအသာလေးကြွပြီးထုလဲရသားနဲ့ဟာကို ခုတော့ ကျနော့်ကို မှီပြီးထုရတယ်လို့ လူကြားလို့မှမကောင်းဘူး) ဒီစကားကြားတော့ သူ့ခမျာမျက်နှာကြီးနီပြီး ဒီတခါတော့ တကယ်ကို ကျနော့်ကျောကို တဘုန်းဘုန်းနဲ့ကို သမတာများဗျာ နဂိုက နံလို့ အသက်အောင့်ထားရတဲ့အထဲ သူကထပ်ပြီး ကျောကုန်းကိုအသေထုတော့ အသက်တောင်ဘယ်က ရှုရမှန်းမသိအောင်ကို ဖြစ်ကရောပဲ။ ပြီးတော့ သူလဲထပြေးတော့တာပါပဲဗျာ ကျနော့်မှာသာခုနအသက်အောင့်ထားတာရော သူကျောကုန်းထု သွားတာရောကြောင့် ပါးစပ်ကြီး ဟစိ ဟစိနဲ့ အဲဒီတော့မှ သူ့အီးနံ့တွေ အလုံးအရင်းနဲ့ကို ပါးစပ်ထဲ ၀င်တော့တာပါပဲဗျာ။ နောက်တော့ သူငယ်ချင်းတွေ ရောက်လာပြီး ဟေ့ကောင်မင်း ကောင်မလေးကို ဘာလုပ်လိုက်လဲ ဟိုမှာပြန်သွားပြီ၊ မင်းဘာလုပ်လိုက်လဲ ဘာညာနဲ့ မေးတာမှအစုံပဲ။ ကျနော့်မှာ သူတို့မေးတာကို မဖြေရဲဘူး တော်ကြာ ကျောင်းမှာနာမည်ကြီးမှာလဲစိုးရသေး၊ ပြီးတော့ ကောင်မလေးအရမ်း
ရှက်သွားမှာလဲစိုးလို့ ဘာမှမပြောတော့ပါဘူး။

အမှန်တော့သူ့ခမျာ ချစ်သူနဲ့တွေ့ချိန် ဘယ်ထုခြင်ပါ့မလဲနော်။ဒါပေမဲ့ ကြိုက်မရှက်၊ ငိုက်မရှက်ဆိုသလိုပါပဲ လူဆိုတာကလဲ ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတာမဟုတ်လား၊ဒီတော့ ဘယ်အောင့်နိုင်ပါ့မလဲ။ သူကလဲ တချက်ခုတ်နှစ်ချက်ပြတ်သဘောနဲ့ ကျနော့်ကိုမှီရင်း ထုလိုက်တာ နေမှာပါ။ ပြီးတော့ ဒီအတိုင်း ထိုင်ရက်ထုရင် အသံထွက်မှာလေ ဒီတော့ဖင်လေးတခြမ်းကြွထုတော့ တော်ရုံနဲ့ အသံက မထွက်ဘူးလေဗျာ (မယုံထုကြည့်) ဒါပါပဲဗျာ ကျနော့်ကိုက ပါးစပ်အငြိမ်မနေ၊ လက်အငြိမ်မနေ အိမ်ကလူကြီး တွေတောင်ပြောကြတယ်။ ဘယ်လောက်ထိလဲဆို တနေ့ပေါ့ ဦးလေးက ဟေ့ကောင် မင်း၅မိနစ်လောက် ငြိမ်ငြိမ်လေးနေရင် မင်းကိုမုန့်ဖိုး၅ကျပ်ပေးမယ် လုံးဝမလှုပ်ရဘူးဆိုလို့ ငြိမ်နေတာပေါ့ ဒါပေမဲ့ အသံကထွက်ဖြစ်အောင် ထွက်သွားသေးတယ် ဘာသံမှတ်လဲ( ဘူ ) အဲဒါဦးလေးက မင်းဟာလေ လူမလှုပ်ရတော့ လေလှုပ်တယ်တဲ့ အဲသလိုကောင်ဗျ။ အဖေနဲ့အမေက လူသားစစ်စစ် မို့လို့ပါပဲ နို့မို့ဆို မျောက်လို့ထင်ကြမှာအမှန်ပဲ။

အဲဒီကောင်မလေးနဲ့ ချိန်းတွေတုန်းက အသာလေးသာငြိမ်နေလိုက်ရင် အဲဒီနေ့က ဘာပဲ ပြောပြော ပါးလေးတော့ နမ်းရမှာကြိမ်းသေတယ်၊ ခုတော့ဗျာ... ဘာမှမဘာရသေးပါပဲ နာမည်ကြီး ထမင်းငတ်ဖြစ်တာပဲ
အဖတ်တင်တော့တယ်ဗျာ။ ခုတော့ ပြန်စဉ်းစားတိုင်း ရင်နာတယ်၊ကျောလဲနာတယ် အနံ့လေးတောင် ပြန်သတိရမိသေးတယ်။

26 Response to ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း၁၁

Anonymous
19 February 2009 at 04:45

ဟုတ်ပါ့ ခမျာ ရှက်သွားမှာပေါ့.. ဒါနဲ့ နောက်တနေ့ ပြန်မချော့လိုက်ဘူးလား

Anonymous
19 February 2009 at 07:16

ဟားဟားဟား အားရအောင်အရင်ရယ်လိုက်ဦးမယ်။ နေပါဦးအေ့ ညီးကအနံ့ တောင် ဘာနံ့ ညာနံ့ ခွဲနေသေးတယ်။
း)

ရယ်လို့ တောင်မနိုင်ဘူး။
နောက်တစ်ခါချစ်သူနဲ့ ချိန်းတွေ့ ရင် ပါးစပ်ကို ကြွက်ညှပ်နဲ့ ညှပ်သွားနော်။
း)

Anonymous
19 February 2009 at 08:07

ရည်းစားတစ်ယောက်..တစ်ယောက် အဲလောက်အကြာကြီးတွဲတော့ ပျင်းနေမှာပဲနော်..ဟဟား

19 February 2009 at 09:39

ဖတ်သွားပြီးပြီ စောစောက။ အခု ထမင်းစားခါနီးမို့ ထပ်မဖတ်တော့ဘူး။
ကိုယ့်ကိုယ်ကို စွန်ကြောင်းကြွားမနေပါနဲ့ ကလေးရယ်။ ယခုလက်ရှိရော
ရှိရဲ့လား။ မြန်မြန်နော်..မြန်မြန်..အသက်လဲ ၃၀နားနီးနေပြီ မဟုတ်လား။
ထင်ရတာပဲ။ :P :P

Anonymous
19 February 2009 at 10:46

ကောင်မလေးကို လွှတ်လိုက် .. ..

(ပခုံးလေးကို သွားညစ်တာကိုး ဒါကြောင့် အထုခံနေရတာ
ကိုအိမ် အသားလေးတောင် ၀ါတာတာ လေး ဖြစ်သွားသလိုပဲ)

19 February 2009 at 10:51

သူပဲ ခြုံထဲသွားကဲပြီးတော့
ခံရတာတောင်နည်းသေး
ထပ်ထုတာခံရဖို့ မျှော်လင့်ပါတယ်(အဲမှားလို့)
နောက်ထပ်မျှော်လင့်ပါတယ် နော်ကတစ်ယောက်

19 February 2009 at 14:08

ဟားးးးးးးးးးးဟားးးးးးးးးးးးးး အားရအောင်ရီသွားတယ်နော်။ အနံတွေကိုတောင်မှာခွဲနေသေးတယ်နော်။ ရည်းစားတစ်ယောက်ကိုအဲ့လောက်အကြာကြီးတွဲခဲ့တော့ပျင်းစရာကြီးနေမှာပဲနော်။

19 February 2009 at 14:26

very good
once more!!!
u brought her to somewhere lay
hahah

kee ma thwi ya thay bu nay mhar...

19 February 2009 at 15:54

ဒီနေ့ တနေကုန်ရှုပ်နေတာ။ အခုတော့ ရယ်ဖြစ်သွားတယ်။
ရယ်ရတယ်ပဲ ပြောတော့မယ်။ ကောင်းတယ်လို့ရေးလိုက်ရင် ထင်ယောင်ထင်မှားတွေ ပါကုန်မယ်။း)

သုခမိန်(E-Journal)

19 February 2009 at 16:55

ဟား ၂ ကိုအိမ်ရေ အသက်ကကြီးတော့ ၁၁ နဲ့ ၁၀ ကိုရောသွားလို့ပါ ဆော၇ီးနော် . . . ခုလိုရယ်စရာ ဘ၀အတွေ့အကြုံကိုရေးပြတာကျေးဇူးပါ.

19 February 2009 at 21:55

အော် ကိုအိမ်ဖြစ်ပုံက ခြုံထဲသွားတာကိုး
ခြုံထဲမသွားရင် ဖြစ်ချင်မှ ဖြစ်မှာ ဟ ဟ

19 February 2009 at 22:57

အိမ်တို့များ ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းချည်းပဲကိုး...။ အင်းလေ.. ဗီဇဆိုတာလဲ ဖျောက်ရခက်သားလား။ နောက်တစ်ယောက်ကြရင်တော့ အခုလိုမဖြစ်စေနဲ့ပေါ့နော့။ အဆင်ပြေပါစေဗျာ။

19 February 2009 at 22:59

မယုံပါဘူးဗျာ
ခင်ဗျားလုပ်တာနေမှာပါ။ ။
ကောင်မလေးကိုလွှဲချတာဖြစ်မယ်
အမှန်က ခင်ဗျား..
အဲဒါနဲ့ကောင်မလေးက နံလို့ ထွက်ပြေးသွားတာ
ဟုတ်တယ်ဟုတ်..။

19 February 2009 at 23:52

ဟုတ်တယ်ဗျို့ ... ကို အိမ် ... အကို ပေါက် ရင်ပေါက်တယ် ပေါ့.. ဘာ လည်းဟို ကောင်မလေး ကဘလော့မဖတ်ပါဘူးဆို ပြီးတော့လွှဲ ချတာ လားဗျို ...။
ယုံဘူး.. ကို အိမ် ပေါက်တာနေမယ်... ဟီးး

20 February 2009 at 00:54

လှလှပြောတာလက်ခံတယ်ဗျို့ ကိုအိမ်ပဲဖြစ်ဖို့များတယ် သူများအပေါ်ပုံချတာနေမှာ..ဟွန်း
ဒါပေမယ့်..ရယ်ရတယ်ဗျာ..ဟားဟား

20 February 2009 at 01:09

အင်း ငါ့ညီတစ်ယောက် ဘယ်များပျောက်နေလဲ အောက့်မေ့ပါတယ် အင်တာနက်ကြောင့်ကိုး ပြန်ပေါ်လာတော့လဲ တင်လိုက်တဲ့ ပိုစ့်လေးက အနံ့လေး တစ်သင်းသင်းနဲ့ ဆိုတော့ အသက်လေး အောင့်ပြီး ဖတ်သွားတယ် ဟိ ဟိ..

20 February 2009 at 08:02

ဟ ဟ၊ ကိုအိမ်ကြီးကတော့ ဖြစ်လိုက်တိုင်း အသည်းအသန်တွေချည်းပဲ။ :P :P

20 February 2009 at 18:20

အဲဒါကြောင့်မို့လို့ ၀ နေတာကို ဟုတ်လား..။ လေ နဲ့ အနံ့ နဲ့ ပေါင်းပြီး ၀ နေတာကို ..ဟားဟား..။

:P
21 February 2009 at 18:19

ဟုတ်ရဲ့လားဟယ်....ကောင်မလေးက e ပေါက်တာ်..
ဟုတ်ရင်လည်း ငြိမ်နေလိုက်ပြီးရော.....

23 February 2009 at 01:35

အနံ့လေးတောင် ပြန်ရနေတယ်လား အကိုအိမ်းP
ဒါကြောင့်လည်း လူပျိုကြီးဖြစ်ပေါ့
နောက်တစ်ခါတော့ကံကောင်းစေသားဗျာ
တော်ကြာ နောက်တစ်ပို့စ်ထပ်ဖတ်ရရင် ဒီအူက ခံနိုင်မှာဟုတ်ဘူးရယ်
ရယ်ရတယ်ဗျး)

23 February 2009 at 21:17

hello...
i have arrived to your home coincidently.
nice and sweet home for us..
just invite to come and visit ahmayelattya.blogspot.com

24 February 2009 at 11:53

အူတက်အောင်လုပ်တတ်ပါပေ့ကိုယ့်ညီရယ်...

25 February 2009 at 20:04

ဟားဟား.... ရယ်နေရတယ် တစ်ကယ်ပဲ.......
အစ်ကိုကတော့ လုပ်တော့မယ်။ နောက်တော့ ပြတ်သွားရောပဲပေါ့......

28 February 2009 at 15:02

thank you ဗျ ကိုအိမ်ကြီး အသေရီရတဲ့ အခုတော့ဟာသ တချိန်တုန်းကဒုက္ခ ပါဗျာ။

2 June 2009 at 20:36

အမ်...သူလေးကျတော့လည်း တမျိုးပါလားဗျ..။ ဟုတ်တယ်နော် ညာတာပါတေးနဲ့ နမ်းခဲ့ရမှာ ကိုအိမ်တော်တယ်ဗျာ..အနံ့ တောင်မှတ်မိတယ်:D။

21 August 2009 at 16:56

ခင်ဗျားကြီးဗျာ ဂမှာ ကျုပ် အူတက်လို့သေတော့မယ် ဟွင်းးးး

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း