Tuesday, February 03, 2009

ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း ၁၀

22
ကျနော့်အကြောင်းကို ရေးခဲ့တာ ဒီပို့စ်နဲ့ဆို ၁၀ခုမြောက်ပါပဲ။ ခုတော့ သူများအကြောင်းလျှောက်ဖွတာကို ကိုယ့်အကြောင်း ကိုယ်ရေးပါလို့ ၀ိုင်းချွန်နေတာနဲ့ပဲ ခုတော့ ၁၀ပုဒ်မြောက် ကျနော်ပြောပြချင်တဲ့ ကျနော့်အကြောင်း ၁၀ကိုရေးလိုက်ပါတယ်။ ဒီပို့စ်က အွန်လိုင်းကျုရှင်ရဲ့ သင်ခန်းစာ အမှတ်၃ပေါ့နော်။ သင်ခန်းစာ၁နဲ့ ၂မဖတ်ရသေးသူများ ၁ကဒီမှာ  ၂ကဒီမှာပါ။ ဖတ်ချင်တယ် ဆိုရင်ပေါ့ဗျာ။ ဆိုတော့ သင်ခန်းစာ ၃လေး စလိုက်ရအောင်ဗျာ။ မရေးခင်တခုလောက်တော့ ပြောချင်တယ်ဗျာ တချို့ စာတွေက အများသိပြီးသားနေမှာပါ ကြာလဲအတော်ကို ကြာပြီဗျ ဒီတော့ စာတချို့ဟာကျနော့်ကိုယ်ပိုင်
အတွေးမဟုတ်တာ ကိုကြိုဝန်ခံပါရစေဗျ ဘာလို့လဲဆိုတော့ တချို့က ကိုယ်လဲမရေးနိုင် သူများရေးတာလဲ မနာလို ရေးလဲမရေးတတ်ဘူး ဒီတော့ ဘေးထိုင်ဘုပြောပြီး အပြစ်လိုက်ရှာတတ်လို့ပါ။ ထားတော့ ဒီအကြောင်း နောက်အေးဆေးမှရေးမယ်ဗျာ တော်ကြာ သင်တန်းချိန်ကုန်သွားပြီး သင်တန်းသူ၊ သင်တန်းသားတွေ ဘာမှ မသင်လိုက်ရပဲနေမှာစိုးလို့ပါ။



ကျနော် သင်္ဘောပေါ်ရောက်ပြီး ၅လ၆လလောက်ကြာတော့ ဖစ်လစ်ပိုင်နိုင်ငံက သင်္ဘောသားအသစ်ရောက်
လာတယ်ဗျ ၃ယောက်လားမသိဘူး မမှတ်မိတော့ဘူးဗျ။ အဲဒီ၃ယောက်ထဲကတယောက်ကကျနော့်လိုပဲ ကတက်ချဉ်လေးပေါ့ (ကုန်းပတ်အရာရှိလောင်း) ဒါပေမဲ့ ကျနော်က သူ့ထက်၅လ၆လလောက်စောပြီး သင်္ဘောပေါ် ရောက်တော့ ကျနော်က ဆရာပေါ့ဗျာ။ ဟုတ်တယ်လေ သူ့ထက်ကျနော်က သင်္ဘောမှာ ဘယ်နေရာဘာရှိတယ် ဆိုတာ သိနေပြီပဲ ဥပမာပေါ့ သင်္ဘောဦးမှာ ကျောက်ချဖို့ ကျောက်ကြိုးရှိတယ်၊ သင်္ဘောနောက်မှာ သင်္ဘောသွား အောင်လုပ်တဲ့ ပန်ကာကြီးတွေရှိတယ်ဆိုတာပေါ့ဗျာ။ ဒီတော့ သူလဲ အသစ် ကိုယ်လဲအသစ် ဆိုတော့ သူတော်အချင်းချင်း သတင်းလွေ့လွေ့ပေါင်းမိကြတာပေါ့ဗျာ။ ကျနော်တို့နှစ်ယောက် ရဲ့ တယောက်နဲ့တယောက် ဘယ်လို ဆက်သွယ်စကားပြောလဲသိလား အများကတော့ ထင်မှာပဲ အင်္ဂလိပ်လိုပြောမှာပဲလို့ အဲဒါဆို တ၀က်ပဲမှန်တယ် အမှန်က ကျနော်တို့သုံးတာ အင်တာနေရှင်နယ် လန်းဂွေ့ဗျ ဒီလိုလေ အင်္ဂလိပ်လိုရော ခြေဟန်လက်ဟန်ရော သုံးတာကိုပြောတာပါ။ တနေ့တော့ နှစ်ယောက် အတူတူ အလုပ်လုပ်ရင်း သူမသိသေးတာတွေ ရှင်းပြရင်း ကိုယ်ပြောတာ သူနားမလည်၊ သူမေးတာ ကိုယ်နားမလည်နဲ့ ကျနော်လဲ စိတ်မရှည်တာနဲ့ ယူအာ အီးယားစိုးဖား လို့ပြောလိုက်တယ်။ ဟုတ်တယ်လေ ဒီလောက်နားဝေးမှတော့ အလုပ်က ဘယ်ပြီးမျာလဲဗျ။ ကျနော့်အထင် ဖားတွေက အာရှမှာ အင်္ဂလိပ်စာ အတော်ဆုံးလို့ထင်တယ်ဗျ အပြောအဆိုလေယူလေသိမ်းက အစအတော်ကိုကောင်း
ကြတယ်ဗျ ဒါက ကျနော်တွေ့ဖူးသလောက် ဖား(ဖစ်လစ်ပိုင်)အကုန်လုံးပေါ့နော်။
နောက်တခု ကတော့တနေ့ ဘိုဆင်(မြန်မာလိုဘယ်လိုဘာသာပြန်လဲမသိဘူး)က ခိုင်းတာနဲ့ အလုပ်လုပ်နေကြတာပေါ့ဗျာ။ အလုပ်လုပ်ရင်း အပေါ့သွားချင်လာတာနဲ့ ဘိုဆင့်ကို (ဘိုဆင် အိုင်ဝမ့်တူ ဂိုးပစ်စ်ဖလားဝါးစ် အိုကေ) ဘိုဆင်က ဘာပြောတာလဲလို့ ပြန်မေးတာပေါ့ ကျနော်ကလဲ ပစ်စ်ဖလားဝါး ပစ်စ်ဖလားဝါးဆိုပြီး ၂ခါတော် ပြန်ပြောပြတယ်ဗျ ဒါလဲ နားမလည်ဘူး ဒါနဲ့ ကျနော်လဲ ရိုင်းတယ်ထင်ချင်လဲ ထင်ပါစေတော့ ဆိုပြီး ခါးလေးကို ကော့ကော့ပြရင်း ပစ်စ်ဖလားဝါး၊ ပစ်စစ်ဖလားဝါလို့ ထပ်ပြီး ပြောတာပဲဗျ ဒါလဲ ဒီကောင်နားမလည်ဘူး ဒါနဲ့ အနားမှာရှိတဲ့ ရွှေက မနေနိုင်တာနဲ့ ၀င်းရှင်းပြတော့မှပဲသဘောပေါက်တယ် အဲဒီကြားထဲက၀င် ရှင်းပြတဲ့ရွှေကတော့ မင်းနဲ့ မလွယ်ဘူးကွာ မသိရင်လဲမေးပါကွာ စွတ်မပြောပါနဲ့ တို့မြန်မာတွေ သိက္ခာ အရမ်းတက် နေပါ့မယ်ကွာတဲ့၊ ဒါနဲ့ကျနော်လဲ ဟ...ကျနော်ပြောတာ ရှင်းရှင်းလေး ပစ်စ်ဆိုတာ သေး၊ ဖလားဝါဆိုတာပန်းတာ၊ ဒီတော့ သေးသွားပန်းမလို့ လို့ပြောတာလေ ဒါ ကျနော့်အမှားလားဗျ။ ဒီလိုနဲ့ ညရောက်တော့ ရှိတဲ့ရွှေတွေက ကျနော့်ကိုခေါ်ပြီး မင်းနဲ့ဒီနေ့ကစပြီး အင်္ဂလိပ်လိုပဲ ပြောမယ် ဒါမှမင်းလဲပြောတတ်မှာဆိုတော့ အိုကေပေါ့ ဒါပေမဲ့ မကြာပါဘူး ၁ရက်လား ၂ရက်လားပဲ ခံတယ် အားလုံးလက်လျှော့လိုက်တယ်။ လျှော့လဲ လျှော့ခြင်စရာပဲ ဒီလိုလေ ရွှေ ရွှေခြင်းတွေ့ရင် အိပြီးပြီလားတို့၊ ကျနော်သွားစလိမလို့တို့၊ အကိုအိပြီးရင် ကပ်ပတိန်ကကော(call)
နေတယ် ဂိုးလိုက်ဦးတို့၊ ဗဲရီးစိတ်ပျက်တယ်တို့၊ ဂွတ်ညတို့၊ ဂွတ်နံနက်ခင်းတို့၊ စီးယူမနက်ဖြန်တို့ မဟုတ်ကဟုတ်ကတွေ လျှောက်ပြောတော့ နောက်ပိုင်း အဲဒီရွှေတွေတောင် ယောင်ပြီး လိုက်ပြောမိတဲ့ အထိကိုရောက်ကရောပဲ။ ဒိထက်ဆိုးတဲ့ အဖြစ်ကတော့ဗျာ မပြောချင်ပါဘူး ဒါပေမဲ့လဲ မပြောမပြီး၊ မတီးမမြည်၊ မကင်မကျက်၊ ဆိုသလိုပြောရတော့မှာပဲဗျ။

အဖြစ်ကဒီလိုဗျ ကျနော်သင်္ဘောပေါ်မှာတာဝန်ထမ်းဆောင်ချိန်သက်တမ်းပြည့်တော့ ရွာပြန်
ရဖို့ အကြောင်းဖန်လာပါတယ်။ ပြန်ရတော့မယ်ဆိုတော့ ပျော်တာပေါ့နော ဒါပေမဲ့ သိပ်လဲ မပျော်ရဲသေးဘူး။
ဘာလို့လဲဆိုတော့ တယောက်ထဲပြန်ရရင် ရွာလည်မှာကြောက်လို့ပါပဲ(ဒီနေရာမှာ ပြောစရာရှိတယ်ဗျ ကျနော်
တို့သင်္ဘောသားတွေက ပြန်ရတဲ့နေရာက အတိအကျမရှိဘူးခင်ဗျ ဆိုလိုတာက သင်္ဘောရောက်နေတဲ့ နိုင်ငံကပဲ ပြန်ရတာပါ ဒီတော့ တခါတလေ လေယာဉ် ၄၊၅၊၁၀ဆင့်စီးရတာတွေ၊ လေဆိပ်မှာ လေယာဉ်စောင့်ရတာတွေ စသည်ဖြင့်ပေါ့ အတော့်ကိုမျက်စေ့လည်စရာပါ ဒီကြားထဲ ကုမဏ္ဏီက ပေခေါက်လိုက်ရင် ပိုဆိုးတော့တာပဲ။) ဆိုတော့ သိပ်မပျော်ရဲသေးဘူးဗျ။ ကံကောင်းချင်တော့ ကျနော်နဲ့ အတူ ရွှေတယောက်ပြန်ရမယ် ဆိုလို့ ၀မ်းသာ သွားပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သား စီးလာလိုက်တာ မှတ်မှတ်ရရ ၃ဆင့်ဆီးရပါတယ်။ ဒီလိုနဲ့ ဘန်ကောက် ရောက်တော့ ကျနော့်ရဲ့ ရွာအပြန်လက်မှတ်က ၀ိတ်တင်းလစ်စ်တဲ့၊ ကျနော်နဲ့ အတူပြန်လာတဲ့ ရွှေကျတော့ ကွန်
ဖန်းတဲ့ဗျ(အေးဂျင့် ဘယ်လို လုပ်ထည့်လိုက်လဲမပြောတတ်ဘူး) စဉ်းစားကြည့်ဗျာ ရွာပြန်ရောက်ဖို့ ဘာမှမလိုတော့မှ လာတစ်နေတယ်၊ စိတ်လဲ အတော် ညစ်သွားတယ်ဗျ။ ဟုတ်တယ်လေ အဖော်မရှိဘာမရှိ ပြီးတော့ ဘယ်အချိန် ထိစောင့်ရမှန်းလဲ မသိ ဖြစ်ပုံကလေဆိပ်ထဲ ငုတ်တုတ် ထိုင်နေရမဲ့ပုံဗျ။ ဒါနဲ့ ကျနော်လဲ ချက်အင်ကောင်တာက
ထိုင်းမလေးကို ငိုပြရတာပေါ့ဗျာ။ ဘယ်လိုငိုတယ်မှတ်တုန်း သိချင်မှာပေါ့ ဒါဆိုဆက်ဖတ်....

ကျေးဇူးပြုပြီး ငါ့အတွက်ကြိုးစားပေးပါ။ ငါအရမ်းအိမ်ပြန်ချင်လို့ပါ။ ၀ပ်သောက်စိ(without seat) ဆိုလဲရတယ်
ပြဿာနာမရှိဘူး။ အဲလိုပြောလိုက်တော့ ထိုင်းမလဲ ကြောင်ပြီးကျနော့်ကြည့်နေတာ ၅မိနစ်လောက်ကြာတယ်
သိလား အဟီးဟီး၊ အတူပြန်လာတဲ့ ရွှေဆို ကျနော့်နားရင်းရိုက်ပြီး ဟေ့ကောင်.. မင်းရူးနေလား ဒါလေယာဉ်ကွ လေယာဉ်၊ ဘတ်စ်ကားမဟုတ်ဘူး။ ဘယ်နဲ့ကွာ မင်လက်ထက်ကျမှ လေယာဉ်ကို ၀ပ်သောက်စိနဲ့ စီးမယ်တဲ့ ကြုံဖူးပေါင်ကွာ။ အံမယ်ဒါတောင် လေသံကမလျှော့ဘူးနော်" ဟ အကိုကလဲ ခရီးက သိပ်မဝေးပါဘူး ၄၅မိနစ်ပဲ ကြာမှာလေ ညောင်းရင်လဲ လေယာဉ်မယ်ထိုင်တဲ့ခုံသွားထိုင်မျာပေါ့ဗျ သူပါထိုင်ချင်တယ်ဆိုရင် ပေါင်ပေါ်ပေး ထိုင်လိုက်မယ် " လို့ပြောတော့ အတူပြန်လာတဲ့သူလဲ ဘာမှဆက်မပြောချင်တော့လို့နဲ့တူတယ် ရယ်နေပြီး သေချင်းဆိုးလေး ဒါမျိုးကျတော့ သိသားဟ တဲ့အဟီဟီ .........
ဒါနဲ့ ထိုင်မလေးလဲ သနားလို့လား၊ ရုပ်ကြည့်ပြီး ခိုက်သွားသလားတော့ မပြောတတ်ဘူး(အဟိ
ရတုန်းလေး အသားယူတာ) ၀ိတ်တင်းလစ်မှာ ကျနော့်ကို ဦးစားပေး အဆင့်ထားပေးတယ်ဗျ။ ကံက ကောင်းချင်တော့ အဆင်ပြေသွားပါတယ်။ အဲဒီတော့မှပဲ စိတ်ချ လက်ချဖြစ်ပြီး ပြည်တော်ပြန်ရပါတော့တယ်ဗျာ။ ဒါတောင် လေယာဉ်ပေါ်မှာ ရွာလေဆိပ်မဆင်းခင် ပန်းလိုက်ဝေတယ်ဗျ အဲဒါကို မနေနိုင်မထိုင်နိုင် သွားတောင်းသေးတယ်၊ အဲဒါ ထိုင်းမက ဘာပြောတယ်မှတ်လဲ ဒါက မိန်းကလေးပဲပေးတာတဲ့ ချွင်းချက်အနေနဲ့ ဂေးဆိုလဲရပါတယ် ပေးပါတယ် ဆိုပြီး လက်ထဲလာထည့်ပေးသွားတယ်ဗျ။ တောက်..... ဖြစ်ပုံများ နေရင်းထိုင်ရင်း အခြောက်ဖြစ်သွားတယ်
ဗျာ။ ကျနော့်ကိုက မနေတတ်မထိုင်တတ် ဟိုစပ်စပ်၊ ဒီစပ်စပ် ရုပ်ကြည့်တော့ ချက်ခြင်းပဲ ဘုန်းကြီးဝတ်တော့
မလိုလို၊ တောပဲထွက်တော့မလိုလို၊ ရုပ်တည်ကြီးနဲ့ အမှန်က မယားတရူး ရူးတာလိုလို၊ သောက်ရူးလိုလိုနဲ့ ဘာမှန်းကို မသိတာ အေးရော....................။

22 Response to ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း ၁၀

:P
8 February 2009 at 13:40

ဖတ်ပြီး ရယ်သွားပါတယ်။

Anonymous
8 February 2009 at 14:56

ဟိုင်း ..
ဂွတ် နံနက်ခင်းပါ ကို house

အဟီးး...။

အင်တာနေရှင်နယ်လ် စကားနဲ့ ပြော သွားတာတွေ အများကြီး ပဲ...။ နားလည်း ပါတယ်နော်...။ ကျွန်တော်ပြောတာကို သဘောတူရင်ထောက်ခံ ပေးပါ...။
body language နဲ့ ပြန်ဖြေလို့ ရ ပါတယ်...။

9 February 2009 at 12:53

ဆောင့်ကြောင့်ထိုင်ပြီး အော်ရယ်သွားပါတယ် အိမ်ရေ။။ ဟဟဟား
ရေးလိုက်ရင် ဟုတ်မဟုတ်တော့ မသိဘူး။ တော်ချက်ကကမ်းကုန်တယ်။ :P

Anonymous
9 February 2009 at 13:30

ရယ်ရပါတယ်... ဗြဲ... :p

Anonymous
9 February 2009 at 17:13

အိမ်ရေ..အရမ်းရီရတယ်...

K.
9 February 2009 at 22:58

မောင်တော်.... သေချင်တယ် ရှက်ကြောနဲ့ ချက်ကြောကိုမှားဖြတ်တာတော့သေချာတယ် သိလား
မ..ရ..တာ..ရူးနေတယ် ဟဟဟဟ

9 February 2009 at 23:14

ဝ က တော့ ဒင်း အကြောင်းကောင်းကောင်းသိတယ်ဟေ့။။
မဖွလည်း သိနေတယ်..ဟင်းဟင်း..။

10 February 2009 at 04:41

မိန်းမတွေကိုပဲ ပေးတဲ့ ပန်းကို သွားတောင်းတော့ တမျိုးထင်သွားတာပေါ့... ဒါနဲ့ ဘာလို့ ပန်းလိုချင်တာလဲ

10 February 2009 at 15:52

အကိုအိမ်ရဲ့အကြောင်းကတော့ ဟာသ ...
အင်တာနေရှင်နယ်လည်း အကိုအိမ်နဲ့ကျမှ ...
ရယ်သွားတယ်နော်း)

Anonymous
10 February 2009 at 17:54

ပေါက်ကရကတော့ အရမ်းရေးတတ်တယ် ကိုအိမ်ရေ...

11 February 2009 at 08:26

ထိုင်းမနဲ့တွေ့တဲ့အခန်းကို အရယ်ချင်ဆုံးပဲ။ :P :P :D :D :) :)

11 February 2009 at 15:57

အရမ်းရီရတယ်ကိုအိမ်ရေ နေရင်းထိုင်ရင်းအခြောက်ဖြစ်သွားရောလားဗျာ။ လာပြီးတော့ရီသွားတယ်ဗျာ အဆင်ပြေပျော်ရွှင်ပါစေဗျာ။

11 February 2009 at 16:19

A six
အဟား2
အခြောက်ဆိုတော့ကောင်းတာပေါ့
he: he:
ခံလိုက်ဦးပေါ့

12 February 2009 at 00:13

အားလုံး ရယ်သွားတော့ မကျန်တော့ဘူးပေါ့။
ဟိဟိ...နည်းနည်းတော့ လုရယ်လိုက်တယ်။
နောက်ကျတာ နာတယ်နော့...............

12 February 2009 at 07:55

မမအိမ်ရဲ့ရေးသားချက်ကအရမ်းရယ်ရပါတယ်ရှင့် စပါယ်ရှယ်ထိုင်ရယ်သွားပါတယ်

13 February 2009 at 21:29

ရီရချက်ကတော့ မပြောချင်တော့ပါဘူး။
ရေးတတ်ပါ့။ လွဲတဲ တလွဲတတ်ပါ့

Anonymous
14 February 2009 at 14:56

မိုက်ချက်ဗျာ
နှစ်သက်စွာနဲ့ ဖတ်သွားတယ်။
ရွှေနိုင်ငံပြန်ရောက်လာလို့ သေးသေးတာပေါ့ အဟီး .. ..

Anonymous
14 February 2009 at 16:33

အဟက်.. ရီသွားတယ်.. without seat ..
:P :P

15 February 2009 at 19:40

ငါ့အကိုဖြစ်လိုက်ရင် အဆန်းကြီးဘဲ။

16 February 2009 at 20:11

စီးယူမနက်ဖြန် ဂိုးပြီ..

18 February 2009 at 17:57

အကိုအိမ်တို့ တော်ချက်ကတော့နော်...
လန်ထွက်နေတာပဲ...
အခေါက်ခံရမယ်...
ဒန်ခွက်နဲ့...
မမ၀ါဝါကို ခေါက်ခိုင်းမှာနော်...
မီးမီးတော့ မခေါက်...
ငရဲကြီးမှာ ကြောက်ကြောက်... :D

Anonymous
19 February 2009 at 07:27

နောက်ဆုံးမှလာဖတ်ပြီးရယ်သွားတယ်။အဟားဟား။
တော်သေးတာပေါ့ထိုင်းမလေးနာလည်မှုမလွဲတာ။ အိမ်ကို(သူနေတဲ့အိမ်)ခေါ်သွားခိုင်းတယ်ထင်ရင်သေပြီဆရာ။

ဘာပန်းလိုချင်လဲအိမ်ရေ။သွားမတောင်းနဲ့ သူတို့ ဆီမှာ ဂေးလို့ ထင်နေမယ်း)

ဒီမှာအကုန်ရှိတယ် ဘာပန်းဖြစ်ဖြစ်။ ဘာလို့ လဲဆိုတော့ ဘုန်းကြီးကျောင်းနဲ့ နီးလို့ 
း)

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း