Monday, February 02, 2009

သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်

24
ဒီတခါလဲ ကျနော့်အကိုဝမ်းကွဲအကြောင်း ထပ်ဖွမယ်ဗျာ။ ပြောရရင် တော့ဗျာ အတော်လေးကို တိုက်ဆိုင် သွားတာပါပဲ ညမဖတ်ရဆိုတဲ့ ပို့စ်ထဲက အတိုင်း တကယ်ကို တိုက်တိုက် ဆိုင်ဆိုင် ပါပဲ အဲဒီထက် ပိုဆိုးနေမလားတောင် မသိဘူး ဘာလို့လဲဆိုတော့ ဒီတခါက လူပုံလယ်အရှက်ဗျမ်းဗျမ်းကွဲလို့ပါ။ ဒီအကြောင်းရေးမယ်စဉ်းမိတော့  ရယ်မိပါတယ် တကယ်ပါပဲ။ ဒီအဖြစ်အပျက်ကလဲ ကျနော်တို့ မိသားစု င်္သချိုင်းသွားကန်တော့တဲ့နှစ်ပေါ့ဗျာ။ င်္သချိုင်းကန်တော့တယ် ဆိုလို့ အတော်အံ့သြသွားလား ကျနော့် အဖေရဲ့အဖေက ပြည်ကြီး တရုတ်အစစ်ပါ သူက အင်္ဂလိပ်လက်ထက်မှာ အင်္ဂလိပ်တွေနဲ့ဂျပန်တွေကို စစ်ကူတိုက်ဖို့ တရုတ်ကလွှတ်လိုက်တဲ့ စစ်တပ်နဲ့ ပါလာတဲ့ စစ်သားတဦးပေါ့ဗျာ အဲဒီမှာ အဖေ့အမေ ကျနော့်အဘွား အညာသူနဲ့(ဟီ... ကျနော့်အဘွားလို့ ပြောလိုက်ရသားနဲ့ ရှည်ပြီးရှင်းပြ နေတာနဲ့ ရှုပ်ကုန်ပြီ) တွေ့ပြီး ချစ်ကြိုက်မိပြီး ဒီအပါးက မောင်ကြီးမခွာနိုင်ဖြစ်ပြီး တရုတ်တပ်တွေ ပြန်သွားတာတောင် အဖိုးကနေခဲ့ပါတယ်။ ဒါပေမဲ့ဗျာ ကျနော့်အဖေကျတော့ တရုတ်ရုပ်နဲ့ လုံးလုံးကို မတူတာဗျ လုံးဝ အညာသားရုပ် (ဟီ အဖေရေသူများ အကြောင်းပြောရင်း အဖေ့အကြောင်းပါ ပါသွားတယ် ခွင့်လွှတ်တော့
ဒီသား ဗရုတ်သုတ်ခကို) ဒါပေမဲ့ သူ့အကိုနှစ်ယောက်ကတော့ တကယ့်ကို တရုတ်ဒီဇိုင်းပဲ အဖေနဲ့ သူ့အမ နှစ်ယောက်ပဲ အညာသူ၊ အညာသား ပုံတွေထွက်တာဗျ။ ထားပါတော့ဗျာ ဒါနဲ့ပဲ လိုရင်းမရောက်တော့ဘူး။


ကျနော်တို့ င်္သချိုင်းသွားကန်တော့တဲ့ နှစ်က ဘာအတွက်လဲတော့ မသိဘူးဗျ အဖေ့အကို အိမ်နားမှာ ဇာတ်ပွဲ လုပ်ကြတယ်ဗျ။ ဒါပေမဲ့ အဲဒီပွဲက ဆိုင်းဝိုင်းနဲ့မင်းသမီးပဲငှားတာဗျ ကျန်တာက အရပ်ထဲရှိတဲ့သူတွေ ၀င်ကကြတာဗျ။ ထုံးစံအတိုင်းပေါ့ဗျာ အရပ်သားတွေပဲ ကမယ်ဆိုတော့ ဇာတ်တွေတိုက်ကြ တီးလုံးတိုက်ကြ မင်းသားသူလုပ်မယ် ငါလုပ်မယ်နဲ့ တနေ့တနေ့ ရှုပ်ရှက်ခက်နေတာပဲ။ ဒီလိုနဲ့ ဇာတ်မင်းသမီး ရောက်လာတော့ ကာလသားတွေ ၀ိုင်းဝိုင်းလည်ပေါ့ဗျာ ဟိုအိမ်ကထမင်းခေါ်ကျွေး ဒီအိမ်က ထမင်း ခေါ်ကျွေးနဲ့ မင်းသမီးခမျာ မနားရပါဘူး။ ဒီခြားထဲ ဟိုကာလသားက စကားမရှိ စကားလာပြောလိုက်၊ ဒီကာလသားက စကားလာပြောလိုက်နဲ့ နားကို မနားရပါဘူး။ ဒီအထဲ ကျနော့်အကို ၀မ်းကွဲက ထိပ်ဆုံးကပေါ့ဗျာ။ သူ့မှာ တနေ့တနေ့ အ၀တ်အစားကို ၃၊၄ခါလောက်လဲပြီး မင်းသမီးရှေ့ ဖြတ်လျှောက် ရတာနဲ့ စကားသွားပြောရတာနဲ့ င်္သချိုင်းသွားကန်တော့ဖို့တောင် သူ့အဖေကြိမ်း မောင်းခေါ်လို့ ပါလာတာ။ နောက်ပိုင်း အဲဒီ မင်းသမီးနဲ့ပဲ ညားသွားတယ်။ ခုတော့ ကလေး ဘယ်နှစ်ယောက်ရမှန်း
တောင်မသိတော့ပါဘူး (ဒါကစကားဖြတ်ပြောလိုက်တာပါ)


တနေ့ပေါ့ဗျာ မင်းသမီးက သူ့အဖော်၎ယောက်နဲ့ ရွာအပြင်ထွက်ပြီး တောတန်းနား ထွက်သွားပါတယ်။ သူလဲ
တနေ့တနေ့ စိတ်ညစ်လာလို့လားတော့ မသိဘူး လူအလစ်မှာ သူ့အဖော်တွေခေါ်ပြီး ရွာအပြင်ထွက်ပြီး အေး
ဆေးနေချင်လို့နဲ့တူပါတယ် ထွက်သွားပါတယ်။ ဒါကို အမြဲ မျက်စေ့ဒေါက်ထောက်ကြည့်နေတဲ့ အကိုဝမ်းကွဲက
သိသွားပါတယ်။ မင်းသမီး အဖော်ထဲကတယောက်ကလဲ သူ့လူဆိုတော့ သိတာလဲပါတာပေါ့နော်။ သိတော့ သူကရွာအပြင်ကစောင့်နေမယ်ပေါ့ဗျာ သဘောကတော့ တနေရာရာကပြန်လာလို့ တွေ့တဲ့ပုံစံ ဖမ်းပြီး စကားတွေအများကြီးပြောမယ်ပေါ့ဗျာ။ ဒီလိုနဲ့ ရွာပြင်ကို ထွက်သွားပါတယ်။ ဟို မင်းသမီး ကလဲ ဘယ်လိုဖြစ်လဲ မသိဘူးဗျ တော်ရုံနဲ့ မပေါ်လာဘူး။ တယောက်ယောက်ကများ အိမ်ခေါ်ပြီး ဧည့်ခံနေလား၊ ဒါမှမဟုတ် သူ့လူကပဲ ကျပ်လိုက်တာလား၊ လားပေါင်းများစွာနဲ့ စောင့်နေတာပေါ့။ သူလဲ စောင့်ရတာ မလွယ်ဘူးဗျ လူမြင်သွားရင် သူ့အကြံ သိသွားမှာစိုးလို့ ပုံးလဲပုံးနေရသေးတယ်ဗျ။ အဲဒီမှာ စောင့်ရင်း ရေအိုးစင်က ရေတွေ သောက်လိုက် ဇီးပင်က ဇီးသီးလေးခူးစားလိုက်နဲ့ ကြာတော့ ဆီးသွားချင်လာတာနဲ့ ချုံစပ်နားသွားပြီး ဆီးသွားတာပေါ့ ပြီးခါနီးကျတော့ ဘယ်အချိန်က ဘယ်လို အနားရောက်နေမှန်းမသိတဲ့ မင်းသမီးအုပ်စုနဲ့ ပက်ပင်းတိုးတော့တာပါပဲ။ အဲဒီမှာ မင်းသမီးကလဲ ဟယ်ကခနဲဖြစ်ပြီး ပါးစပ်ကလေးပိတ်လို့ အံ့သြတဲ့ပုံနဲ့ သေးလိုက်တာ ဆိုပြီးပြောရော။ ဒါနဲ့ အကိုဝမ်းကွဲလဲ ရှက်ပြီး ထွက်ပြေးတာပေါ့ဗျာ။ အမှန်က မင်းသမီးကို သူ့အဖော်က ဒီနားမှာဇီးပင်ရှိတယ် အသီးတွေက ချိုတယ်၊ ကြီးတယ်ဆိုလို့ လာခူးစားတာပါ အဲဒီမှာ မြင်လိုက်ရတာကဇီးသီးတွေက သေးနေတာကိုမင်းသမီးကတွေ့လို့ ဇီးသီးတွေ သေးတယ် ဆိုတာကို ပြောတာပါ။ ဒါကလဲ အကိုဝမ်းကွဲတိုက်ထားတဲ့ ဇာတ်ပါပဲ သူကအဖော်က ဒီကိုညာခေါ်လာမယ် ပြီးရင် သူကတနေရာရာက ပြန်လာသလိုနဲ့ အဲဒီမှာဆုံမယ် ဒီလိုနဲ့ စကားတွေပြောရင်း ရည်းစားစကား ပြောမယ်ပေါ့ဗျာ။ ဖြစ်ချင်တော့ အားလုံးအိုကေတယ် မအိုကေတာက သူပဲ ကိုယ်ကတဲ့ဇာတ် ကိုယ်မနိုင် တာပါ။ ဒါကို မသိတဲ့ အကိုဝမ်းကွဲခမျာ သူ့ဟာပြောတယ်ထင် သွားတော့တာပေါ့။


ဒီလိုနဲ့ အကိုဝမ်းကွဲခမျာ အိမ်ထဲက အိမ်ပြင်တောင် မထွက်တော့ပါဘူးဗျာ။ ဒါပေမဲ့ ဇာတ်ပွဲကတဲ့ နေ့ရောက်လာတော့လဲ ဇာတ်ပွဲက မကြည့်ပဲ မနေနိုင်ပြန်တာနဲ့ သွားကြည့်တာပေါ့ဗျာ။ ပထမတော့ မကြည့်ဘူး မကြည့်ဘူးနဲ့ သူ့စိတ်ကို တင်းထားပါသေးတယ်။ ဒါပေမဲ့ လော်စပီကာ ကနေမင်းသမီး
အသံကြားလာတော့ မသွားပဲလဲ မနေနိုင်ဘူး နောက်ဆုံးတော့ သွားကြည့်ပါတယ်။ ဖြစ်ချင်တော့ဗျာ မင်းသမီးကို ပရိတ်သတ်နဲ့ စမိတ်ဆက်ပေးနေတဲ့ အချိန်ပေါ့ဗျာ လူရွှင်တော်တွေကလဲ နောက်
ပြောင်ရင်းနဲ့ပေါ့ဗျာ။ အဲဒီမှာ မင်းသမီးက "ကျမမှာ ချစ်သူရှိတယ်ရှင့် သူကခုကျမကတဲ့ပွဲကို လာအားပေးနေ
တယ်ရှင့်" "လူရွှင်တော် - ဟုတ်ရဲ့လားဗျ လုပ်ပါဦးဗျာ မင်းသမီး ချစ်သူလေး မမြင်ဖူးလို့ပြပါဦး" ဆိုတော့
သိတဲ့အတိုင်းပဲလေ ဇာတ်ဆိုတော့ ဒီလိုပဲ ဆိုကနေကြတာပဲမဟုတ်လား။ မင်းသမီးက ပွဲကြည့်သူတွေထဲ လက်ညိုးလေး ထိုးတာပေါ့ဗျာ အံမာ ဒါကို အကိုဝမ်းကွဲကသူ့ထိုးတယ်ဆိုပြီး ကျိတ်ဝမ်းသာ နေတာဗျား။ ထင်လဲ ထင်ချင်စရာပါပဲ လက်ညိုးက သူရှိနေတဲ့ ဘက်ထိုးမိရက်သားဖြစ်နေတာပေါ့ဗျာ။အဲဒီမှာ မင်းသမီး က
"သူကလေ ဘယ်တော့မှ သူလာမယ်ဆိုတာ မပြောဘူးသိလား သူ့ဟာသူတိတ်တခိုးလေးလာကြည့်တာရှင့်"
"ဒီကမသိဘူးထင်နေသလား.. ဟင်း.. ဟင်း ..ဟင်း ဒါကြောင့်သူ့ကိုမြင်တာပြောလိုက်ချင်တယ်" ဒီစကားကြား
တော့ အကိုဝမ်းကွဲခမျာ ဘာမဆိုင်ညာမဆိုင် ခေါင်းကြီးသွားပါတယ် ဒါနဲ့ အသာလေးခေါင်းငုံ့နေတာပေါ့ဗျာ။
ဟိုကလဲ ထပ်ပြောသဗျ"မြင်တာကို ပြောပြရင် သဘောကျမှာလား၊ ဒေါပွမှာလားမောင်"ဆိုလုပ်ပြန်ရောဗျို့
အကိုဝမ်းကွဲလဲ ပိုခေါင်းငုံ့သွားတာပေါ့ ဟိုကလဲ ထပ်ပြောပြန်သဗျ" မြင်တာကိုပြောပြရင် သဘောကျမှာလား
ဒေါပွမှာလားမောင်ရေ ..မောင်ရေ" ဆိုတော့ အကိုဝမ်းကွဲ မျက်နှာကြီးနီလာသဗျ။ ဟိုကလဲ ထပ်ပြောပြန်တယ်ဗျ "မြင်တာကိုပြောပြရင် သဘောကျမှာလား ဒေါပွမှာလား မောင်ရေ မောင်ရေ" နောက်ဆုံးတော့ အကိုလဲ သည်းမခံနိုင်တော့ဘူး ထင်ပါရဲ့ " ဟေး ... ငါ့ငယ်ပါက သူ့ဟာသူ နဂို မွေးကထဲကသေးတာ ဘာဖြစ်လဲနင့်အပူပါလား အရပ်တကာသိအောင် ပြောချင်လဲ ပြောလိုက်" ဆိုပြီး ထအော်တော့တာပါပဲဗျာ။ အဲဒီမှာ မင်းသမီးလဲ ကြောင်ပြီး ဘာဆက်ပြောလို့ ပြောရမှန်းမသိအောင် ပါတောပိတ်သွားတော့ပါတယ်။ အဲဒီမှာ ပွဲခင်းလုံချုံရေးတွေ ရောက်လာပြီး အကိုဝမ်းကွဲကို ပွဲခင်ထဲက ဆွဲထုတ်ပြီး ပွဲခင်းထဲ သောင်းကျန်းမှုနဲ့ ထိပ်တုန်းနဲ့ တည အိပ်လိုက်ရပါတယ်။ ဒီလိုနဲ့ သူ့အဖေ ရောက်လာရင်း သူ့ကို အကြောင်းစုံမေးတယ်၊ ပြီးတော့ သူ့လူ မင်းသမီးအဖော်ကိုခေါ်ပြီးမေး
တော့မှပဲ ဇာတ်ရည်လည်တော့တယ်ဗျာ။သူ့လူကတောင် အဲဒီနေ့က အကိုဝမ်းကွဲဘာကြောင့် ထွက်ပြေးမှန်း
တောင် မသိလိုက်ပါဘူးတဲ့ သူဘာလုပ်နေလဲဆိုတာမသိလိုက်ပါဘူးတဲ့ သူတို့က ဆီးပင်ကိုပဲ လှမ်းကြည့်ရင်း
လမ်းလျှောက်လာတာဆိုတော့ သတိမထားမိပါဘူးတဲ့ ကဲ.... ကောင်းကြသေးရဲ့လား အရပ်ကတို့ နောက်ဆုံး
တော့မှပဲ အရှက်ကို ဗျမ်းဗျမ်းကွဲသွားပါတော့တယ်ဗျာ။

24 Response to သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်

2 February 2009 at 06:46

ဟား.. ဟား.. ဟား... ဟား... ဟား.. ဟီး.. ဟီး... ဟီး... ဟီး...
ခွီး..ခွီး ... ခွီး... ခစ်...ခစ်...ခစ်... ဟစ်... ဟစ်... ဟစ်...ဟိုး ... ဟိုး... ဟိုး.... ဟိုး... ဟိုး.... ငါအူတက်တော့မယ် ပြန်ပြီ

Anonymous
2 February 2009 at 06:49

ဖြစ်မှဖြစ်ရလေ... သူတို့ ရသွားကြတယ် ဟုတ်လား။ ဆန်းတဲ့ ဖူးစာနော်

2 February 2009 at 07:01

မောင်အိမ်.. မောင်အိမ်..ဒါမျိုးဆိုသိတ်ဖြစ်။ ဟဟ
သူတို့နှစ်ယောက်ရဲ့ဖူးစာလေးကလဲ ဆန်းသားပေပဲ။း)

2 February 2009 at 07:16

ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ......
ညီရေ... ညီ့အကြောင်းလည်းရေးအုံးလေ...
အချွန်နဲ့မ သွားတာပါ...

2 February 2009 at 07:41

အွန်.. အမ်... ဟင်...အာာာ
ဟတ်ဟတ် .... ဖြစ်တတ်ပါတယ် ........း)

2 February 2009 at 08:30

ှရှက်လိုဘာမှ မပြောသွားဘူး။

2 February 2009 at 08:42

အွန်........... ဟတ်ဟတ်.......... သူများအကြောင်းတွေတော့ရေးတယ်။ ကိုအိမ်အကြောင်းလေးလည်းရေးပါအုံးဗျာ။ အချွန်နဲ့မသွားတယ်ဗျာ......

2 February 2009 at 08:52

ဟား ဟား တော်တော်ရီရတယ် အကိုရေ

မှန်တာကိုပြောပြရင် သဘောကျမှာလား ဒေါပွမှာလားအကိုအိမ်ရေ ဟီးးးးးးးးး
ဒါနဲ့ စကားမစပ် အကိုအိမ်ကကောာာာာာာာာာ.......... ဟီးးးးးးးး
မျိုးရိုးလိုက်တတ်တယ်ထင်တယ်နော့် (မှတ်ထား နာ့ကိုတောင်ပေါ်ကျားလို့ ပြောတာ ဟွန်းးးးးးးး)
ဟား ဟား စတာနော် လို့............................
.............................................................
ပြောဘူး


လေးစားလျက်
တောင်ပေါ်သား

2 February 2009 at 09:00

သူများအကြောင်းတွေဘဲဖွနေ ကိုယ့်အကြောင်းကိုယ်ရေးဦးနော် ဒါဘဲ

2 February 2009 at 09:02

နောက်ဆို ဇီးသီးစားပြီး ၊ ဆီးဆက်မသွားမိဖို့ အထူးဂရုစိုက်ရ တော့မယ်ဗျ။ အဟတ်ဟား .. ..

Anonymous
2 February 2009 at 11:41

သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်.. အူလှိုက်သဲလှိုက် ရယ်မောရပါတယ် ကိုအိမ်။ အားပေးနေလျက်။ ( မောင်သစ်ဆင်း )

Anonymous
2 February 2009 at 11:46

yeah so funny. သူများအကြောင်းတွေဘဲဖွနေ ကိုယ့်အကြောင်းကိုယ်ရေးဦး မှန်တယ်/ ကိုယ့်အကြောင်းကိုယ်ရေးဦး

2 February 2009 at 13:49

~~~ သူနဲ့ကျမှ... ~~~ တိုက်တိုက်ဆိုင်ဆိုင် ~~~
~~~ သူနဲ့ကျမှ... ~~~ တိုက်တိုက်ဆိုင်ဆိုင် ~~~
~~~ တိုက်တိုက်... ~~~ ဆိုင်ဆိုင်... ~~~ :D

2 February 2009 at 16:22

လုပ်ပြန်ပြီ အကို ရာ။ ရီလိုက်ရတဲ့ ဇီးသီး ပုံပြင်။

Anonymous
2 February 2009 at 18:11

ဟဟ..
အကို အိမ်ကတော့ လုပ်ပြီ... ဒါနဲ့ စကားမစပ် အကို အိမ်ကရော...???

တစ်လွဲမတွေးနဲ့ နော် မိန်းမရပြီလားလို့ မေးတာ....:P

Anonymous
2 February 2009 at 22:20

ဟဟဟဟ အကိုအိမ် အရီလွန်လို့ အူနာဆေးရုံရောက်ရင် အကိုအိမ့်တာဝန်နော်
ကိုယ့်အကိုတောင်မချန်ပါလား ...

3 February 2009 at 07:38

သားတော်မောင် ဖိုးဂျယ်ပြောတာ မှန်တယ်
သူများကိုဘဲမဖွနဲ့ 

အိမ်အကြောင်းပြန်ဖွပေး
အားမနာကြေးနော်
း)

3 February 2009 at 13:30

အဖေကို အညာသားနဲ့တူတယ်လို့ ဘလော့မှာတင်တဲ့ သားကို
သေချာလာကြည့်သွားတယ်။

စပယ်ရှယ်ဝမ်းမသာနဲ့နော် ...
ကိုယ့်သားသမီးတွေအလှည့်ကျမှ ... (မတွေးဝံ့စရာ)

4 February 2009 at 14:33

သူနဲ့ကျမှတိုက်၂ဆိုင်၂ ပလပ်ပေါက်ကိုကိုင် (ဟားဟား )
ရယ်ရတယ် ကိုအိမ်.. ဆက်ပြီးရေးပါအုံး (အတုံးနဲ့အဲလေ ဟုတ်ပါဘူး အချွန်နဲ့မသွားတယ်)

Anonymous
4 February 2009 at 18:12

ဟားဟား.. တကယ်ကို တိုက်တိုက်ဆိုင်ဆိုင် ကြုံသွားတာကိုး... မင်းသမီးကလည်းနော်.... မြင်တာကိုပြောမယ်ဆိုတော့..ဟာဟ...
တော်တော် သေးလို့လား (ဇီးသီး) ဟိ....

4 February 2009 at 22:25

မယုံဘူး ကိုယ်တွေ့ ပဲ ဖြစ်ရမယ် ။ :P

Anonymous
7 February 2009 at 11:35

စာလာဖတ်သွားပါတယ်..လာရီသွားတယ်အိမ်ရေ့ ..
တိုက်ဆိုင်လိုက်တာများကွာ..ဖေဖေါ်ဝါရီ9ရက်..အဟဲ.
သီချင်းနော်.. :P

16 February 2009 at 20:01

အော် ဖြစ်မှ ဖြစ်ရလေ...:P

13 April 2009 at 15:35

ဦးအိမ်အကိုက ဦးအိမ်လိုပဲ လွဲတက်ပါပေ့ ဟိဟိဟိ

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း