Thursday, October 08, 2009

ဆုရရှိသူများ

23
အခုဆိုရင်.. မဲပေးခွင့်ရှိတဲ့ ရက်ပြည့်သွားပါပြီ။ ဒီတော့ ဆုရမဲ့သူကို ကြေငြာပေးရ ပါတော့မယ်။ ဒီအစီအစဉ်မှာ မဲအရေအတွက် စုစုပေါင်းဘယ်လောက်ရတယ်ဆိုတာ၊ ဘယ်သူတွေ မဲဘယ်လောက်ရတယ် ဆိုတာကို ကြေငြာပေးဖို့ မဝါဝါခိုင်မင်းကို စင်မြင့်ပေါ်သို့ကြွရောက်ပါရန်.. လေးစားစွာနဲ့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ..။ (ဖြောင်း.. ဖြောင်း.. ဖြောင်း )



ရွှေပွဲလာ ဧည့်ပရိတ်သတ်ကြီးများ အားလုံးပဲ မင်္ဂလာပါရှင်...။ ဒီပွဲမှာ အခုလို ကြေငြာ ခွင့်ရတာ အထူးပဲ HAPPY ဖြစ်မိပါတယ်။ ဆက်လက်ပြီး အခု ဒီအကြွားပြိုင်ပွဲမှာ ရရှိတဲ့ စုစုပေါင်းမဲအရေအတွက်ကတော့... ၂၅ မဲနဲ့ တဝက်တိတိ ဖြစ်ပါတယ်။ ထိုမဲအရေအတွက်များထဲက တဦးခြင်းစီ ရရှိတဲ့ မဲအရေအတွက်ကတော့..... ကိုဖိုးစိန် ကမဲအရေအတွက် ၇ မဲတိတိရရှိသွားပါတယ်.. ရှင်... ပရိတ်သတ် လက်ခုတ်သံများ (ရွှီ...ဖြောင်း..ဖြောင်း..ဖြောင်း...)
ဆက်လက်ပြီးတော့ ကြေငြာရမယ်ဆိုရင်ဖြင့် ကိုကျော်ညိုသွေး ရရှိတဲ့ မဲအရေအတွက်ကတော့ ၁၁မဲ တိတိ ရရှိ သွားပါတယ်ရှင်... (ဝေး...ဖြောင်း..ဖြောင်း..ဖြောင်း...)
နောက်ထပ်တယောက်ကတော့ jeujue ဖြစ်ပါတယ်။ သူကတော့ မဲအရေအတွက် ၆မဲတိတိရရှိ သွားပါတယ်။ (ဟေး.. ဖြောင်း..ဖြောင်း..ဖြောင်း )
နောက်ထပ်တဦးကတော့ အဖြူရောင်ညီမလေး ပါ။ သူကတော့ ဆုမဲပေါင်း ၁၁မဲ ရရှိသွားတယ်.. ရှင်.. (ဝေး.. ဟေးဟေး..)
အခုနောက်ဆုံး အနေနဲ့ ကြေငြာပေးမဲ့ တယောက်တော့.. ယခုပွဲကို ဘလော့ဂါ မောင်နှမတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပါဝင် ဆင်နွှဲကြရအောင် စပွန်ဆာပေးခဲ့တဲ့ ဘာလော့ဂါတွေကြား.. ရှာမှရှား အသပြာမမက် ဟာသဖက်ပြီး ပြဿာနာ စာရေးပြီး ရှာနေတဲ့ မောင်မောင်အိမ်ပါပဲ ဖြစ်ပါတယ်ရှင်... (ဝေး... ဟေး .. ဟေး .. )
မောင်လေးမောင်မောင်အိမ် ရရှိသွားတဲ့ မဲ အရေအတွက်ကတော့... ၁၃မဲနဲ့ တဝက်ပါရှင်..... ဘာကြောင့်လဲ ဆိုတော့ မခရေညိုက ထူးထူးခြားခြား အပြည့်မပေးဘဲ တဝက်ပဲ ပေးသွားပါသောကြောင့် သူ့ခမျာ အပြည့်မရ ရှာခဲ့ရတာပါရှင်...။ .. ဆက်လက်ပြီး မောင်လေးဂျူလိုင်ဒွင်းကနေပြီး ပြောကြားပါလိမ့်မယ်...။ အားလုံးကို အရီးစိတ်တို ကိုစိုင်း အမ... စားပြီးရင် နားထား ပါရှင်။

ဂျူလိုင်ဒွင်း ။ ။မဝါခင်ဗျာ ဘယ်အရီးက ကိုစိုင်းအမကို စိတ်တိုနေတာပါလဲ ခင်ဗျာ.... ပြီးတော့ ဘယ်သူ့ကို စားပြီးရင် နားခိုင်းနေတာလဲ ခင်ဗျ...။
မဝါဝါခိုင်မင်း ။ ။ မဟုတ်ပါဘူး ဂျူလိုင်ရေ... အဲဒါ အမက ဂျပန်လို ကျေးဇူးတင်ပါတယ် လို့ပြော လိုက်တာပါကွယ်။ စားပြီးရင်နားထားဆိုတာက နှုတ်ဆက်လိုက်ပါတယ် လို့ပြောတာပါကွယ်။
ဟုတ်ကဲ့ ခင်ဗျာ.. အခုလို မသိမသာ ဝင်ကြွား.. အဲလေ.. ကိုယ်မသိတဲ့ စကားတွေ သိရတော့ မဝါကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ...။ ဆက်လက်ပြီးတော့ ဆုရသူကို ကြေငြာပေးရပါတော့မယ်။ ဆုမကြေငြာ ခင်မှာ ဘယ်သူမှ မသိပဲ ပြိုင်ပွဲ စည်းကမ်း လေးတခု ပြောင်းလဲ လိုက်ပါတယ် အဲဒါကတော့ ယခုပွဲမှာ ကျနော်တို့ ဒိုင်တွေရဲ့ သဘောတူညီချက်အရ နှစ်သိမ့်ဆုကို ၃ဆုတိုးလိုက်ပါတယ် ခင်ဗျာ။ ဒါကလဲ ကိုအိမ်ရဲ့ စေတနာတွေ ရေစီးကမ်း ပြိုသလို ဖြစ်လာလို့ပါ ကျနော်တို့လဲ ဝိုင်းတားကြပါသေးတယ်.. သူအကုန်အကျတွေ များနေမှာ စိုးလို့ပါ။ ဒါပေမဲ့ သူကလဲ ပေးပါရစေ၊ ပေးပါရစေနဲ့ တဂျီဂျီ နားပူ၊ နားဆာလာလာ လုပ်လွန်းတာနဲ့ပဲ ဒိုင်လူကြီးများမှာ စိတ်သဘော အလွန်တရာမှ ကောင်းလွန်းလှသော ကိုအိမ်ရဲ့ စေတနာတွေကို စော်ကားသလို ဖြစ်မှာစိုး တာနဲ့ပဲ သူအရမ်းပေးချင်တဲ့ နှစ်သိမ့်ဆု ၃ဆုကို လက်ခံလိုက်ရတာပါ။ ဒီသတင်းကို အတိအလင်း မကြေငြာတာကလဲ သူကတဘက် ကျနော်တို့ ကျန်တဲ့ ဒိုင်တွေက တဘက် အခြေတင် စကားပြောနေရလို့ပါ ခင်ဗျ။ ဒါကလဲ ခုနပြောခဲ့သလို ကျနော်တို့ အရမ်း ချစ်ခင်၊ တွယ်တာ၊ မြတ်နိုး၊ လေးစား၊ ဂုဏ်ယူ၊ အတုယူစရာ ကောင်းလှတဲ့ ကိုအိမ် အကုန်အကျတွေ များနေမှာ စိုးရိမ်စိတ်နဲ့ သူ့ကို ဝိုင်းဝန်းတာဆီး ကြတာပါ။ ဒါပေမဲ့ ကျနော်တို့ဟာ သူ့ရဲ့ ဘလော့ဂါတွေ အပေါ်ထားတဲ့ စေတနာ၊ မေတ္တာတွေကို ဘယ်လိုမှ မကျော် လွှားနိုင်ခဲ့ပါဘူး။ ဒီလိုပြောလိုက်လို့ ကျန်တဲ့ ကျနော်တို့ ဒိုင်များအပေါ်လဲ ဘလော့ဂါများ စိတ်မကွက် ကြပါရန် ကျနော် ဒီနေရာကနေ မေတ္တာ ရပ်ခံအပ်ပါတယ် ခင်ဗျာ။

ဆက်လက်ပြီး ဆုရသူ များကို ကြေငြာပါတော့ ခင်ဗျာ.....။
ဟုတ်ကဲ့ ပထမဆုကြီးကို ထိုက်ထိုက်တန်တန်နဲ့ ပြိုင်ဘက် မရှိ ရရှိသွားသူကတော့.... ...... ..... ...... ......

.... ပဟေဠိလေး ဖွက်ပြီး ကြေငြာရရင်တော့ လူသားအားလုံး အတွက် မရှိမဖြစ် အလိုအပ်ဆုံးအရာ၊ လူသားတိုင်း အိပ်စက် နားခိုရန်နှင့် လုံခြုံမှု၊ နွေးထွေးမှုတွေ ပေးတဲ့ သူပါပဲ ခင်ဗျား.....။

နှစ်သိမ့်ဆု၃ဆုထဲက ၂ဆုကိုတော့ သူမသာ၊ ကိုယ်အသုဘ ဖြစ်နေတဲ့ ကိုကျော်ညိုသွေးနဲ့ အဖြူရောင် ညီမလေးတို့ပဲ ဖြစ်ပါတယ်.... ခင်ဗျား......။

ကျန်ရှိတဲ့ ၁ဆုကိုတော့ ဇာတ်မင်းသားလေး မောင်ဖိုးစိန်ကနေပြီး ရရှိသွားပါတယ်.... ခင်ဗျား......။

နောက်ဆုံးအနေနဲ့ ဆုများကို ထုတ်ယူမည့်သူများဟာ မိမိ ဘယ်နိုင်ငံမှာနေတယ် ဆိုတာကို ဒိုင်များကို မေးပို့၍၄င်း၊ ဘလော့မှာ လာရောက် အသိပေး၍သော် ၄င်းပြောကြား နိုင်ပါတယ် ခင်ဗျား...။ ထိုသို့ အကြောင်း ကြားတာကို သိရှိသည်နှင့် တပြိုင်နက် ၂ရက်၊ ၃ရက် အတွင်း ဆုများကို ထုတ်ယူရရှိနိုင်ဖို့ ကျနော်တို့ ဒိုင်များမှ ကြိုးစားပေးပို့ သွားမှာ ဖြစ်ပါတယ် ဆိုတဲ့ အကြောင်း ပြေားကြားရင်း....... ။
အားလုံး ပျော်ရွှင်ကြပါစေ ခင်ဗျား......။

ဆက်လက်ပြီးတော့ ပထမဆုကို ထိုက်ထိုက်တန်တန်နဲ့ ဆုရရှိသွားတဲ့ ကိုအိမ် ကိုအမှတ်တရ စကားလေး ပြောကြားပေးပါရန် ပြောကြားအပ်ပါတယ် ခင်ဗျာ.....။

့ အဟမ်း.... အဟမ်း... ပေါ့နော်... ဒီလို မိန့်ခွန်း မချွေခင် ချောင်းဟန့်တာ အကျင့်လို ဖြစ်နေတော့ အခု ကျနော်လဲ ချောင်းမဟန့်ချင်ပဲ ဟန့်လိုက်ပါတယ်။ ဟုတ်ကဲ့.. ပထမဦးစွာ ဒီပြိုင်ပွဲကို အမကထပြုခဲ့တဲ့ ကျနော့်ကိုယ် ကျနော် ပြန်ပြီး ကျေးဇူး အထူးတင်ပါကြောင်း ပြောကြားလိုပါတယ်။ ဒီပြိုင်ပွဲမှာ အနိုင်ရရှိလိမ့်မယ်လို့ အိပ်မက်ထဲမှာရော ... စိတ်ကူးထဲမှာရော.. .. ... ရှိခဲ့ပါတယ်။ ဒါကလဲ ပြောမယ်ဆိုရင် ယခုတလောမှာ ဘလော့ဂါတွေ ဟိုအရင်တုန်းကလို ပွဲဆူတာတွေ၊ တဦးဆီ တဦး အသွားအလာ စိပ်နေတာတွေ၊ မရှိတော့ သလောက် ဖြစ်လို့ ဒီပွဲကို စီစဉ်လိုက်တာပါ။ ဒါကလဲ ပြောမယ်ဆိုရင် တချို့လဲ ငါ့ဝမ်း ပူဆာမနေသာ ဆိုသလို၊ တဝမ်း တခါး အတွက် လှုပ်ရှား ရုန်းကန်နေရတော့ ဒီ ဘလော့ဘက်ကို မလှည့်နိုင်ကြပါဘူး။ တချို့လဲ ပညာရေးက အရေးကြီးလာတဲ့ အချိန်ဖြစ်လာတွေလဲ ရှိသလို၊ တချို့ကျတော့လဲ တရွာမပြောင်း သူကောင်း မဖြစ်လို့ပဲ ဆိုရမလား၊ သေချင်တဲ့ကျား တောပြောင်းတယ်ပဲ ဆိုဆို၊ အဲဒီလို အပြောင်း အလဲ တွေကြောင့် ဘလော့နဲ့ ဝေးကွာသွားကြတာတွေလဲ ရှိပါတယ်။ ဆိုတော့ကာ အရင်လို မဟုတ်တာတော့ သေချာ နေပါတယ်။ ဒီတော့ ကျနော်လဲ ပွဲဆူပါစေဆိုတဲ့ စေတနာနဲ့ ဒီပွဲလေးကို ကျင်းပလိုက်ရခြင်း ဖြစ်ပါတယ်။
နောက်တချက်ကတော့... လူဆိုတာက မိမိရဲ့ ကိုယ်ရည်၊ ကိုယ်သွေးကို မသိမသာရော ၊သိသိ သာသာပါ ကြွားဝါတတ်တာကို သွားသတိထားမိပါတယ်။ ဒီတော့ ဒီလိုအကျင့်ရှိတဲ့ လူတွေကို လမ်းဖွင့် ပေးတဲ့ သဘောနဲ့ ပိုပြီး ပွင့်ပွင့် လင်းလင်း နဲ့ကြွားစေချင်တာကြောင့် ဒီပွဲလေးကို လုပ်တာပါ။ အဲဒီမှာ ဘာကို သွားတွေ့လဲ ဆိုတော့ အခုလို လမ်းဖွင့်ပေးလိုက်တော့ လူတိုင်းက ပြိုင်လဲ ပြိုင်ချင်၊ တွန့်လဲ တွန့်နေကြတာ သွားတွေ့မိပါတယ်။ ဘာကြောင့် တွန့်နေကြသလဲ ဆိုတာ ကာယကံရှင်တွေ ကိုယ်တိုင်ပဲ သိကြမှာမို့ ကျနော့် အနေနဲ့ ဘာမှ ဝေဖန်ချက် မပေးတော့ပါဘူး။ အဲဒီထဲမှာမှ ထူးထူး ခြားခြား အရှက် မရှိ... အဲလေ... မတွန့် မတိုပဲ ပွင့်ပွင့် လင်းလင်းနဲ့ အားကြိုးမာန်တက် ဝင်ပြိုင်ကြတဲ့ ကိုလူထွေး၊ ကိုချမ်းရဲ၊မီးလေး၊ ကိုကျော်ညိုသွေး၊ အဖြူရောင် ညီမလေး၊ jeujue၊ ကိုဖိုးစိန် တို့ကိုလဲ ကျနော့်အနေနဲ့ အထူးတလည်ကို ကျေးဖူးတင်ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင် အတွေး အရေးတွေကလဲ အလွန်ပဲ ကောင်းမွန်းလှပါတယ်။
နောက်တချက်က ကြွားဝါခြင်းရဲ့ အကျိုးဆက်က ဘာလဲ ဆိုတာကို သိချင်တာပါ။ ဟုတ်ကဲ့ အခုဆိုရင် သူများတွေတော့ မသိပါဘူး ကျနော်ကတော့ ကြွားဝါခြင်းရဲ့ အကျိုးဆက်ကြောင့် မိမိပေးတဲ့ ပထမဆုကို မိမိပဲ ပြန်လည်ရရှိ သွားပါတယ် လို့ ပြောကြားရင်း.. ဒီတင်ပဲ နိဂုံးချုပ်လိုက်ပါရစေ။

23 Response to ဆုရရှိသူများ

8 October 2009 at 14:21

ကောင်းပတော် ဒိုင်လူကြီးတွေကို လာဘ်ထိုးထားတာတော့ မဟုတ်ပါဘူးနော် ကိုအိမ် ခုလိုကိုယ်တိုင်လုပ် ကိုယ်တိုင်ပြိုင် ကိုယ်တိုင်ဆုရတဲ့ ကိုအိမ်ကို လေးစားပါတယ်လို့ ခပ်ကြွား၂လေးပြောပါရစေ :P

8 October 2009 at 14:21

ကောင်းပတော် ဒိုင်လူကြီးတွေကို လာဘ်ထိုးထားတာတော့ မဟုတ်ပါဘူးနော် ကိုအိမ် ခုလိုကိုယ်တိုင်လုပ် ကိုယ်တိုင်ပြိုင် ကိုယ်တိုင်ဆုရတဲ့ ကိုအိမ်ကို လေးစားပါတယ်လို့ ခပ်ကြွား၂လေးပြောပါရစေ :P

8 October 2009 at 14:40

အဖြူရောင်ညီမလေးက မြန်မာနိုင်ငံကရှင့် ဘယ်လိုများ ဆုငွေထုတ်ယူလို့ရမလဲ ဆိုတာပြောကြားပေးပါ....

8 October 2009 at 14:43

ကိုအိမ်တို့များ တရာလိုက်တာနော် ဟွန်း သူပဲ ဒိုင်လုပ် သူပဲ ဆုရ ဟွန်း စိတ်ပုတ်.....:(

8 October 2009 at 15:03

ကဲပါလေ ကိုအိမ်စီမံရာပေါ့ ကိုအိမ်က ဒီပွဲမှာ ဆုအများဆုံးရတယ်ဆိုတော့ ချစ်ညီလေး ညီမလေးတွေကို မုန့်လေးဘာလေး ၀ယ်ကျွေးဘို့ အစီးစဉ်လေးများ မရှိဘူးလား ရှင့် ဘလော့ဂါမောင်နှမများ ထောက်ခံကြပါသလားရှင့် ထောက်ခံတယ်ဆို ဒီတစ်ခါလည်း မဲအရေအတွက်နဲ့ ဆုံးဖြတ်ကြတာပေါ့ရှင့် ကိုအိမ်ကို မုန့်ဝယ်ကျွေးခိုင်းမလို့ ထောက်ခံပါသလားရှင့်....(ဖြောင်း....ဖြောင်း ...ဖြောင်း) ထောက်ခံပါတယ် ....အခုလို တစ်ခဲနက် အားပေးသံများကို ကြားရပါတယ်ရှင်

8 October 2009 at 15:03

ကဲပါလေ ကိုအိမ်စီမံရာပေါ့ ကိုအိမ်က ဒီပွဲမှာ ဆုအများဆုံးရတယ်ဆိုတော့ ချစ်ညီလေး ညီမလေးတွေကို မုန့်လေးဘာလေး ၀ယ်ကျွေးဘို့ အစီးစဉ်လေးများ မရှိဘူးလား ရှင့် ဘလော့ဂါမောင်နှမများ ထောက်ခံကြပါသလားရှင့် ထောက်ခံတယ်ဆို ဒီတစ်ခါလည်း မဲအရေအတွက်နဲ့ ဆုံးဖြတ်ကြတာပေါ့ရှင့် ကိုအိမ်ကို မုန့်ဝယ်ကျွေးခိုင်းမလို့ ထောက်ခံပါသလားရှင့်....(ဖြောင်း....ဖြောင်း ...ဖြောင်း) ထောက်ခံပါတယ် ....အခုလို တစ်ခဲနက် အားပေးသံများကို ကြားရပါတယ်ရှင်

8 October 2009 at 15:08

ဒီတစ်ခါအတည်ပြုတယ်ဆိုရင်တော့ ထောက်ခံပါတယ်ရှင်ဆိုတာကို သုံးကြိမ်တိုင်တိုင် အော်ပေးကြပါ....။ ထောက်ခံပါတယ် ထောက်ခံပါတယ် ထောက်ခံပါတယ်.........ဘလော့ဂါမောင်နှမများကို ကျွန်မ အဖြူရောင်ညီမလေးမှာ ကျေးဇူးတင်ရှိပါတယ်ရှင့်..:P

8 October 2009 at 15:26

ပြိုင်ပွဲမသိလိုက်တာနာတယ်ဗျာ သိလိုက်လို.ကတော.
ဟင်းဘာပြောကောင်းမလည်း ၀က်ဝက် ကွဲဘဲ အဟတ်
ကျွန်တော်ဝင်ပြိုင်ရင် ကျန်တဲ့လူတွေ မဲဥ မကွဲဘဲဖြစ်သွား
အုံးမယ် ........ ဟီးးးးးးးး လင်.လေးပါယူသွားတယ်ခင်ဗျ
Z အဘောက်မရှိလို. ဒီကဘဲပြောသွားပါတယ်ခင်ဗျ ...

8 October 2009 at 15:55

ကိုအိမ်ကို မုန့်ဝယ်ကျွေးခိုင်းမလို့ဆိုတာကို ထောက်ခံပါတယ် ထောက်ခံပါတယ် ထောက်ခံပါတယ်
ကဲ...ကိုအိမ်ရေ

8 October 2009 at 16:42
This comment has been removed by the author.
8 October 2009 at 16:44

အင်း ကိုအိမ်ပထမဆုရတယ်ဆိုတော့ တခုခုတော့မှားနေသလိုပဲ (ဒိုင်နဲ့တခုခုလုပ်ထားပြီထင်တယ်။) ဘာပဲပြောပြော လေ ကိုအိမ် အတွက် လှိုက်လှိုက်လဲလဲ ဝမ်းသာပါတယ် ကိုအိမ်ကို မုန့်ဝယ်ကျွေးခိုင်းမလို့ဆိုတာကို
ထောက်ခံပါတယ်
ထောက်ခံပါတယ်
ထောက်ခံပါတယ်
ထောက်ခံပါတယ် x 16

8 October 2009 at 16:47

အားလုံး ပျော်စရာလေးပါ .. ၀မ်းသာပါတယ် ..။
ဆုရသူတွေကို ပေးဖို့ရာ .. ကိုအိမ် စီစဉ်ထားတာလေး မေးလ်ပို့လိုက်ဗျာ .. နော့ ..။
အပြင်သွာစရာ ရှိလို့ လစ်ပြီ ..။

8 October 2009 at 17:08

ဂုတ်ယူပါတယ် ...အဲ ..ဂုဏ်ယူပါတယ် ကိုအိမ်ရေ ...( ဖြောင်းဖြောင်း ဖြောင်းးး ရွှီးး ရွှီးး )

ဒီလောက် မဲလေးပဲ ရတာ အံ့ သြတယ်တော့ ။
ဂျိုကုတ်ဘူးကြီးတွေလို ဘာလို့ ၉၉.၉၉ % မရ လိုက်တာလဲ လို့  စဉ်းစားနေတာ...
နောက်တကြိမ် ကျင်းပမဲ့ အကြွား ပြိုင်ပွဲကျရင် ၁၂၀ % ရအောင် ကြိုးစားပါလို့  အကြံပြု ပါတယ် ...

လောလောဆယ်မတော့ အားပေးချီးမြှင့်ကြတဲ့ ရွှေပွဲလာ ပရိတ်ဿတ်များကို အကျွေးအမွေး နဲ့  ပြည့်စုံအောင် `ဧည့်ခံ ပါ ဗျိုးးးးး

8 October 2009 at 17:15

အဟားးးးးးးးးးအစားသောက်ရှိမလား လာပါတယ်။
မရှိလို့ပြန်သွားပါပြီနော်။
cONGRATULATION ပါနော်။။ အဟဲ....

8 October 2009 at 17:31

ကဲကဲ ဦးဦး အိမ် ဘယ်နှယ်ရှိစ ပျောက်ချက်သားကောင်းနေတာတုန်း တစ်ခုခု အကျွေးအမွေးလေးဘာလေး လုပ်ဦးလေ တောင်းဆိုတဲ့သူတွေလည်း တောင်းဆိုလို့ ထောက်ခံတဲ့သူတွေလည်း ထောက်ခံလို့ အစီအမံလေး သိချင်တယ်နော်..... ဒီကဆုကြေားဘယ်မှာထုတ်ရမှာလည်း ပေးထားနော် ဟွန်း သူက ယူရို100 တောင်ရထားတာ စာရွက်မှာ ဆုကြေားဆိုပြီ လူလည်ကြဘို့တော့မစဉ်းစားနဲ့နော် ဒီတစ်ခါ အလွှတ်မပေးတော့ဘူး :P :P :D :D

8 October 2009 at 17:49

အစကတည်းက သိနေလို့ ဘာဆုမှ မလိုချင်ကြောင်း

ပြိုင်ပွဲမဝင်လိုကြောင်း

မကြွားတတ်ကြောင်းကို လူသိရှင်ကြား ဘလော့ပေါ်တင်ထားတာပါ


ဒါကိုမှ ဆုလာပေးတယ်ဆိုတော့လဲ မလိုချင်ပါဘူးလေ


ဒါကြောင့် ရရစားစား ကိုအိမ်ကိုပဲလွဲပေးလိုက်ပါတယ်

တော်ကြာ သူခမျာ စားမဝင်အိပ်မပျော်ဖြစ်နေရှာမယ်လေ


အားလုံးပဲ ကိုအိမ်ကို ပေးလိုက်ကြပါခင်ဗျာ

မသေဖူးပေမယ့် သစ်ဈေးကြီးတာ သိနေလေတော့

သေချင်ယောင်မဆောင်တော့ဘူးကွယ်


နော်

အကိုအိမ်

ကျေးဇူးတင်ပါတယ်


လက်ခမောင်းခတ်သွားတယ်

အဲလေ

လက်ခုတ်တီးသွားတယ်


ချစ်ခင်စွာဖြင့်

ဖိုးစိန်

8 October 2009 at 17:53

တော်သေးတာပေါ့ လွန်ခဲ့တဲ့ ၃ ရက်လောက်ထဲက ဒိုင် အဖြစ်က နှုတ်ထွက်ကြောင်း ပြောထားလို့။။။။

ကောင်းပါတယ် ကောင်းပါတယ် ။
ကြံ့ဖွံ့ထဲ ၀င်ရင် ကြီးပွါးမှာသေချာတယ်။

8 October 2009 at 22:51

မရဘူးလေ..ကိုယ်က ဗေဒင်ဆရာပဲဟာပဲ ဟာကို..အစတည်းက အင်ထုထားတဲ့ ဇာတ်ကြီးဆိုတာ ကြိုမြင်နေတော့ ဘယ်ဝင်ပြိုင်ပါ့မလဲ။ ဆုရသွားရင်လဲ ဒီဖွက်ကလိဒင်္ဂါးတွေကို မာဆတ်နဲ့ ကာရာအိုကေမှာ ပလုံသွားမှာမို့လို့ ဝင်မပြိုင်ဘဲ အရူးကွက်နင်းနေလိုက်တာ။ ဒါမျိုးတော့ ဒို့က မုဒိတာ မပွားနိုင်ပေါင်။ ကိုယ်လဲမရဘဲနဲ့။ လူဆိုးးးး။

9 October 2009 at 02:15

စပွန်ဆာပေးတဲ့လူကို ပိုင်အောင်ပေါင်းထားတယ် ဟုတ်လား... ရပါတယ် အဲ့ဒီ ယူရို တစ်ရာက ကြွားထားတာတဲ့ အဂယ်ရမှာလဲ ဟုတ်ပဲနဲ့... ကရော် ကရော် :P

9 October 2009 at 08:51

သူ့ကိုမဲမပေးပါဘူးဆိုမှ အဲလူကြီးက ရသွားသေးတယ်။
ဂယ်ပဲ။ မုန်းချင်စရာကြီး။ :)

11 October 2009 at 17:57

ကိုစွမ်းအားရှင်အိမ်ကို ဝိုင်းတီးပေးလိုက်ကြပါဗျာ... (လက်ခုပ် လက်ခုပ်... )

းD

11 October 2009 at 22:40

ရွှေပွဲလာ ဧည့်ပရိတ်သတ်များကို ပထမဆု ယူရို ၁၀၀ရသွားတဲ့ ကိုယ်အိမ်က မုန့်ဝယ်ကျွေးပါမယ်တဲ့... ဝေးးးးးးဟေးးးးးးးးးးးးးးးး
(ဖြောင်း....ဖြောင်း....ဖြောင်း....)

17 October 2009 at 14:09

ခေတ်စကားနဲ့ပြောရရင်
မရလို့ပါ ရရင် လုပ်ပေးပါမယ် .. အိုကေနော်

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း