Monday, October 05, 2009

မဲပေးကြမယ်

24
ပြိုင်ပွဲဝင်တဲ့ ရက်ပြည့်သွားပြီဆိုတော့ မဲပေးရမဲ့ရက်က ရောက်ရှိုလို့လာပါပြီ။ ပါဝင်ယှဉ်ပြိုင် သူများကတော့ ကိုလူထွေး၊ ကိုဖိုးစိန်၊ ကိုချမ်းရဲ၊ ကိုကျော်ညိုသွေး၊ အဖြူရောင်ညီမလေး၊ jeujue ၊ မီးလေးနဲ့ ကျနော်ပဲ ဖြစ်ပါတယ်။ ထိုအထဲမှ ကိုလူထွေး၊ကိုချမ်းရဲ နဲ့ မီးလေးတို့ဟာ စည်းကမ်းနှင့် မကိုက်ညီပါသောကြောင့် စာများ ကောင်းမွန် ပါသော်လည်း စိတ်မကောင်းစွာနဲ့ ပယ်ချလိုက်ရပါတယ်။ ကျန်တဲ့သူများကတော့ အောက်ပါ အတိုင်း ဝင်ရောက် ယှဉ်ပြိုင်သွားပါတယ်။ မဲများပေးကြပါ။ မဲပေးမဲ့ရက်က ၂ရက် သတ်မှတ်ထားပါတယ်။ ထိုအတောအတွင်းမှ မဲများသာ ထည့်သွင်း စဉ်းစားပေးမှာပါ။ ကျန်တဲ့အပိုင်းကတော့ ဒိုင်တွေ ညိုနှိုင်းဆွေးနွေးပြီး ဆုရမဲ့သူကို ကြေငြာပေးပါမယ်။



ကိုဖိုးစိန်က အခုလို ဝင်ရောက် ယှဉ်ပြိုင်သွားပါတယ်..။
အကြွားပြိုင်ပွဲ ဝင်ဖို့ ခဏခဏ ဖိတ်ခေါ်လာတော့ အားနာတယ်ဗျာ... ကျနော် က မနက်ည အလုပ်လုပ်နေရတယ်လေ... လုပ်ငန်းကြီးတစ်ခုကိုထူထောင်ထားတယ်ဆိုတော့ကာ ဗျာ.. ခင်ဗျားလို အားအားယာားယား မရှိတာ အမှန်ဗျ... မိုးလင်းရင် ကော်ဖီသောက်ချိန်တောင်ရတာ မဟုတ်ဘူး ... ကျနော့်လက်မှတ်ယူဖို့ စောင့်နေကြတာဗျာ... ကျနော်လက်မှတ်ရမှ ဘဏ်ပြေးသူက ပြေး.. ငွေထုတ်သူက ထုတ်လေ.. အဲလေ.. ဒါတွေ ပြောဖို့အချိန်မရှိပါဘူးဗျာ.. ခင်ဗျားကို အားနာလို့ ပို့လေးဖတ်လိုက်တော့ ခင်ဗျားက အကြွားပြိုင်ပွဲကို တက်ကြွစွာ ပါဝင်ဆင်နွဲဖို့ ဖိတ်ခေါ်ထားတဲ့ပိုစ့်လေးဖြစ်နေပြန်တယ်.. ဖတ်ပြီးတော့ဗျာ... ခင်ဗျားကို အရမ်းသနားတယ်.. ဒီပိုစ့်လေးဖြစ်ဖို့ ယူရို တစ်ရာကို နေစု ညစုနဲ့ ခင်ဗျားဘဝလေးကို တော်တော်လေး သနားမိတယ်ဗျာ.. ခင်ဗျားဗျာ အချင်းချင်းပဲ.. ကိုဖိုးစိန် ကျနော့်ကို ငွေလေးမစပါ ဆိုရင် ကျနော် က အချိန်မရွေးပါဗျာ.. ဟုတ်ဖူးလား.. ကဲပါလေ... ထားပါ... ကျနော်ကိုကြွားခိုင်းတယ်ဆိုတော့ ကျနော် နိုင်ရင် ရမယ့်ပိုက်ဆံနဲ့ ကျနော့် ရှိတဲ့စည်းစိမ်တွေကို ကြွား၇တာ မတန်ဘူးဗျာ.. ရမှာက ယူရိုတစ်ရာဗျာ.. ကျနော့် ဘိုးဘွားမိဘ လက်ထက်က အိမ်ကြီးတစ်လုံးရှိတာ.. မိဘ လက်ထက်ပွားမှာ အိမ်က မောင်နှမသုံးယောက်ရှိတော့ ငါးလုံးဖြစ်လာတာ... အိမ်မှာဗျာ ဆယ်ဘီးကား ၉ စီးက အထက်အောက် ကုန်ကူးရင်းစီးပွားရှာနေတာ.. အဖေဘယ်သူ ကျနော်ဘယ်သူဆိုတာ မော်လမြိုင်တခွင် .. ရန်ကုန်တခွင်..အကုန်သိနေတော့ ဒီကိုပဲ ကြွားလုံးထုတ်ရင် ကျနော်သိက္ခာ ကျရာရောက်မှာပေါ့ဗျာ.. ရမှာက ယူရိုတစ်ရာလေ.. ကျနော်ပိုင်ဆိုင်သမျှ ငွေကြေးနဲ့နှိုင်းယှဉ်ရင် ဒီပိုက်ဆံလေးက မနက်လက်ဘက်ရည်ဖိုးတောင်မရှိဘူးဖြစ်နေတော့ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့ဆိုတာ ကျနော့်သိက္ခာ တရားအရ စဉ်းစားရမယ်... ဒါကြောင့် ကော့မန့် ရေးတာတောင်စဉ်းစားရတယ်.. ခုတစ်လော ကျနော်ကို ချမ်းသာသာကြောင့်လား... ကျနော့်နာမည် သုံးချင်နေလို့လားမသိဘူးဗျာ... ထုတ်ဝေသူတွေက ကျနော့်နောက်လိုက်နေတာ.. ကျနော်ရေးတဲ့စာတစ်ကြောင်းကိုပဲ သောင်းချီပေးနေကြတာလေ... အဲဒါကြောင့် ကျနော် စဉ်းစားချင့်ချိန်ပြီးရေးရတယ်လေ... မကောင်းဘူးလေ.. ထုတ်ဝေသူပေးတဲ့ ပိုက်ဆံက ဘယ်လောက်မှမဟုတ်ပါဘူး... ကျနော်ရေးတဲ့ စာတစ်ကြောင်းက စာဖတ်သူအတုယူမမှာစေချင်ဘူးလေ...ကဲပါလေ... ခုတော့ ညီအကိုလို ခင်မင်မှုအရ ခင်ဗျားရဲ့ တောင်းဆိုမှုတွေကို လိုက်လျှော လိုက်ပါတယ်.. နောက်ဆိုလိုတာရှိ ဖုန်းခေါ်လိုက်လေ... အကူအညီဆိုတာ ကျနော်အဖို့ အချိန်မရွေးပေးနိုင်ပါတယ်... ဒီလောက်ဆိုသဘောပေါက်ပါဗျာ... အော်.. နေပါအုံး... ကျနော် အရင်တုန်းက ပိုစ့်တစ်ခုကို ရေးဖူးတယ် အရမ်းပေါက်တယ်ဗျာ... အဲဒါအကိုအိမ် သိအောင်ဖတ်လိုက်ပါအုံးလေ... ကြွားတတ်တာမဟုတ်ပေမယ့် ကြွားခဲ့ဖူးတာလေးပါဗျာ... ခင်ဗျာအဆင်ပြေပါစေ... ဒီပိုစ့်လေး ရေးဖူးပါတယ်..
ဒါကလဲ ထုတ်ဝေသူတွေ အငမ်းမရ လိုက်ပေမယ့် မရောင်းခဲ့ပါဘူး.. ဘလော့စာဖတ်သူတွေကိုစေတနာထားလိုက်တာပါ...
အကြွားပြိုင်ပွဲ ဝင်ဖို့ဆိုတာက ကျနော်မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းလေး ကြွားသွားပါတယ်နော်
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

jeujue ကလဲ အခုလို ဝင်ပြိုင်သွားပါတယ်။ သူ့ရဲ့ ဘလော့ကို ဝင်မရတော့ ဘလော့ဂါ ဟုတ်မဟုတ်က ဝေခွဲမရ ဖြစ်နေပါတယ်။
အစကတော့ သူ့ကို အပျော်သဘောအနေနဲ့ပဲ သဘောထားခဲ့တာပါ။ သူ့ဘက်က အရမ်းကြီးလေးနက်လာပြီး ကိုယ်မှကိုယ်။ ကိုယ်သာလျှင်သူ့ဘဝရဲ့ အရှင်သခင်၊ သူ့အသည်းနှလုံးရဲ့ ဧကရီ ဘုရင်မ၊ သူ့ရဲ့ကိုးကွယ်ရာ ဖြစ်လာရတော့ ကိုယ်ဘာတတ်နိုင်တော့မှာလဲကွယ်။ သူထားခဲ့သမျှ ရည်းစားတွေ၊ အပျော်တွဲခဲ့သမျှတွေကို အကုန် အဆက်အသွယ်ဖြတ်လိုက်တာကလည်း အပြောမဟုတ်၊ လက်တွေ့ဆိုတော့၊ ကိုယ်ကလည်း နဂိုကမှ ရုပ်အဆင်းလှသလို အသည်းဖြူအူစင်း၊ နှလုံးသားမာကျောတဲ့သူမဟုတ်လေတော့လည်း သနားမိတာတော့အမှန်ပါ။ ချစ်၊ မချစ်ကတော့ သေချာစဉ်းစားရအုန်းမယ်။ တဘဝလုံးအရေးမဟုတ်လား။ ဒယ်ဒီ၊ မာမီတို့ကတော့ သူ့ကို လုံးဝ အဖက်မလုပ်ဘူး။ သဘောလည်း လုံးဝ မတူဘူးလေ။ မတူလည်း မတူစရာကိုးလေ။ သူပေးတာတွေကို ကိုယ်လက်ခံနေတာ ကိုလည်းလုံးဝ မကြိုက်ဘူး။ တကယ်တော့ ကိုယ်ကလည်း တသက်လုံးသူများတကာကို အနိုင်ကျင့်လာတဲ့ သူ့ ကို ဒုက္ခ ပေးချင်လို့ပါ။

သွားစရာရှိရင် လေကြောင်း၊ ရေကြောင်း၊ မြေကြောင်း အရာရာကို အကောင်းဆုံးနေရာကနေ အဆင်သင့်။ ကမ္ဘာတပတ် ဘယ်နေရာသွားချင်တယ်ပဲပြောလိုက်။

စားစရာဆို ”မ” ဂျပ်(စ်)နိမ်း(မ)အစ် ဆိုပြီး ဘာမဆို၊ ဘယ်နေရာကမဆို သူကိုယ်တိုင်ရအောင်ယူပေး၊ ဝတ်ချင်တာမှန်သမျှ မရဘူးမရှိစေရ။ ဘာဘရန်း၊ ဘယ်ဒီဇိုင်နာ ပဲပြော။ နောက်နေ့အသင့်။ ဟိုတလောကတောင် စုဖုရားလတ် ဝတ်ခဲ့တဲ့ အင်္ကျီဝတ်ချင်တယ်လို့နောက်မိတာ နောက်နေ့ရောက်လာရောလေ။ ဧည့်ခန်းထဲကသဉ္ဖာလီလည်း ပြန်ထားလိုက်လို့ပြောရအုန်းမယ်။ မဟုတ်ရင် ကိုယ်ကစမ်းသပ်လိုက်၊ သူကယူလာပေးလိုက်နဲ့ ပြည်သူတွေကြည့်စရာ ဘာမှမကျန်ဘဲနေလိမ့်မယ်။

နေစရာအိမ်ဆိုလည်း သာကေတက ကိုယ့်အိမ်ကို မနေနဲ့တော့ဆိုပြီး မြန်မာပြည်အရပ်ရပ်က ရှိ ရှိသမျှမြို့ရွာတွေက ကောင်းပေ့ဆိုတဲ့နေရာတိုင်းမှာ အလှဆုံး၊ အဆန်းဆုံး၊ အခမ်းနားဆုံး အိမ်တွေကို အထိမ်းအမှတ်နေ့ ခေါင်းစဉ်တွေအမျိုးမျိုးတပ်ပြီး လက်ဆောင်ပေးရတာအမော။ ဒါပေမယ့် သိတယ်ဟုတ်၊ သူအလကားမတ်တင်းနဲ့ ရ ထားတဲ့ အဲဒါတွေ တခုမှကို မလိုချင်ဘူး၊ သူကိုယ်တိုင်ဆောက်ပေးတာပဲလိုချင်တယ်လို့ ပြောလိုက်တော့ ဖြစ်ရစေမယ်တဲ့လေ။ ပြီးတော့ နှစ် နှစ်လောက်ပျောက်သွားတယ်။

ကိုယ်လဲ ပြောပြီး၊ ပြီးပြီးပျောက်ပျောက် နေလာလိုက်တာ သာကေတက ကိုယ်တို့အိမ်မှာ အိမ်သာအသစ်ပြင်ဆောက်ဖို့ ရာနေတုန်း သူရောက်လာတယ်။ သူပျောက်နေတဲ့ နှစ် နှစ်အတွင်း ကိုယ့်ကိုစိတ်မချလို့ ထား ထားတဲ့ သူ့ ဘက်(စ်)မန်းတွေက သတင်းပေးလိုက်တာလေ။ ကိုယ်လဲ တော်တော်စိတ်ဆိုးသွားတယ်။ ဟုတ်တယ်လေ။ ကိုယ့်ဘာသသာကိုယ် လွတ်လွတ်လပ်လပ်မနေရဘူးပေါ့။ စဉ်းစားကြည့်ကြပါအုန်း။ ဒါနဲ့ကိုယ်လဲ သူ့ကို လုံးဝ ဂရုမစိုက်တော့ပဲ စာအုပ်ဖတ်နေလိုက်တယ်။ တော်တော်လေးကြာတော့ ခြံနောက်က တဒုန်းဒုန်း တဒိုင်းဒိုင်း အသံတွေကြားတာနဲ့ ကိုယ်လည်း ထွက်ကြည့်ရော

လားးးးးးးးးးးး လားးးးးးးးးးးးးး ကိုယ်တော်လေးရယ်လေ၊ ခေါ်ထားတဲ့ အလုပ်သမားတွေကိုမစောင့်ပဲ အိမ်သာကို သူကိုယ်တိုင်ဆောက်နေတာ တော်တော်တောင်ပြီးနေပါရောလား။ အမယ် ဒါတောင်လှမ်းပြောလိုက်သေးတယ်။ ကျွင်းတောင်တူးပြီးသားမိုလို့တဲ့။ ကိုယ်လည်း တော်တော်သနားသွားတယ်။ နေပူကြီးထဲမှာ ကိုယ်စိတ်ဆိုးသွားလို့ စိတ်ပြေပါစေတော့ဆိုပြီး လုပ်ပေးရှာတဲ့သူ့ကို ကိုယ်လေ တော်တော်လေးတော့ သနားသွားတယ်။ အလုပ်ပြီးလို့ သူအိမ်ပေါ်ပြန်တက်လာတော့ ပြောရှာတယ်။ တကယ်တော့ သူက ကိုယ့်အတွက် အရမ်းကြီးကျယ် ခမ်းနား တဲ့ အဆောက်အအုံ မျိုးကို ကိုယ်တိုင်ကိုယ်ကျ ဆောက်ပေးချင်လို့ ကမ္ဘာ့ အကောင်းဆုံး ကျောင်းမှာ သွားတက်နေတာပါတဲ့။ ကိုယ်လဲ အဲဒီတော့မှ သူ့ဖိုးဖိုး ကိုယ်တိုင်အိမ်ကိုလာပြီး ပေးသွားတဲ့ လက်ဆောင်တွေနဲ့ ကျေးဇူးတင်ကြောင်းသဝဏ်လွှာ အကြောင်းကို သဘောပေါက်တော့တယ်။ ကိုယ့်ကြောင်၊့ ကိုယ်သူ့ကိုလူရာသွင်းပြီးဆက်ဆံတာကြောင့် သူ့မြေး နဲနဲပါးပါး တော်လာလို့နေမှာပေါ့။ ကိုယ်နဲ့တောင်မတွေ့လိုက်ပါဘူး။ အိမ်ကကောင်မလေးကပဲ အိမ်မှာဘယ်သူမှမရှိတာနဲ့ခြံဝထွက်ပြီး ယူထားလိုက်တယ်လေ။ ဒယ်ဒီ၊ မာမီ တို့နဲ့သာတွေ့ရင် မောင်းထုတ်ခံရမှာ။

ကိုယ်လည်း ကိုယ့်အပေါ်ထားတဲ့ သူ့သဘောထားအမှန်တွေကို သိလာပြီ၊ ၂၀၁၀ လည်းနီးလာပြီ ဆိုတော့ မချစ်သော်လည်းအောင့်ကာနမ်း၊ သူ့ကို ကိုယ် လက်ခံလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်မိတယ်။ ကိုယ့်ကို အရမ်း ရူးသွပ် မြတ်နိုး တန်ဖိုးထား လေးစား အလေးထားတဲ့သူဆိုတော့ သူရွေးကောက်ပွဲမဝင်ဖို့ ကို ကိုယ်တားနိုင်လောက်ပါရဲ့လေ။ အမိမြန်မာပြည်ကြီးကို ကိုယ်တတ်နိုင်တဲ့ဖက်ကနေပြီး ရသလောက်လေးကယ်တင်ကြည့်တာပါ။

ကိုကျော်ညိုသွေးကလဲ အခုလို ဝင်ပြိုင်သွားပါတယ်။
“ကိုယ့်အကြောင်းကိုယ်ကြွား ရုရှားရောက်ရောက်”

အိမ်ကိုပြန်ရောက်မှပဲ သက်ပြင်းကိုချနိုင်တော့တယ်ဗျာ။ ထမင်းချိုင့်ကို ချ ပက်လက်ကိုလန်ရော။ အလုပ်ကဆင်းတာနဲ့ ကားဂိတ်ကိုသွားကာ ကားဂိတ်ကိုရောက်တာနဲ့ ကျပ်ညပ်သပ်နေသည့် ကားကိုတွယ်စီးရပြန်သည်။ ငယ်ငယ်ကတည်းက ကြမ်းကြမ်းတမ်းတမ်းသိပ်လုပ်ဖူးတာက မဟုတ် လူက နုနုနယ်နယ်ဆိုတာကြောင့် လည်း ဒီလိုဝရုန်းသုန်းကားနေရာမျိုးမှာ အလုပ်လုပ်ရတာ စိတ်ပျက်လွန်းလှသည်။ ဒီလို ဒေသမှာတော့ ဘယ်လိုမှကို သန့်သန့်လေး နေဖို့က မဖြစ်။ ကားတွေက ဒလကြမ်းမောင်း၊ လမ်းတွေက မကောင်းတော့ ဖုန်တွေက အလိမ်းလိမ်း၊ မျက်နှာတွေလည်း ညစ် လူလည်းညစ်၊ အလုပ်က ယူနီဖောင်း အပြာနုလေးမှာတောင် ဖုန်တွေက ကပ်ငြိလို့ စိတ်ပျက်စရာ။
ဒါကြောင့်လည်း အ၀တ်အစားဝယ်မယ်ဆို အရောင်ရင့်တွေသာ အ၀ယ်များ သည်။ ဟိုတစ်လောက အမေရိကက သူငယ်ချင်းတစ်ယောက်က ပြန်လာမယ်ဆိုတော့ သူ့ကိုတွေ့ရပြီးပျော်နေတုန်း။ သူက နင့်အတွက် ဘာဝယ်လာရမလဲဆိုတော့ အားနာတာနဲ့ “သိဘူးဟာ ၀ယ်ချင်တာဝယ်ခဲ့” လို့ပြောလိုက်တယ်။ ဒါနဲ့သူကလည်း “ စဉ်းစားထား ဒါပေမယ့် လက်ပ်တော့ပ်တော့မ၀ယ်ခိုင်းနဲ့ဟာ အဲ့ဒါက ဈေးကမကြီးဘူး ဒါပေမယ့် သယ်ရတာ ကသီလို့” လို့ ပြောတာနဲ့ အမှတ်တရဖြစ်အောင် “ ရက်ပ်ပါ တီရှပ်ပြောင်တစ်ထည်လောက်သာယူခဲ့ပါ ” လို့ မှာလိုက်တယ်။ နောက်နေ့ကျတော့ သူမေလ်းပို့လာတယ်။ “ငါ လကုန်ရင် ရောက်မယ်တဲ့ ရောက်ရောက်ချင်း နင့်ဆီလာခဲ့မယ်” လို့ ပြောသေးတယ်။ လကုန်တဲ့နေ့လည်းကျရော ကျနော့်အလုပ်ကိုသူရောက်လာတယ်။ လေယာဉ်က ဆင်းဆင်းချင်း ကျွန်တော့်ဆီလာတာလေ ကျွန်တော်သိပ်အံသြပြီး သိပ်ပျော်သွားတယ်။ ကျွန်တော့်ကိုဒီလောက်ခင်မှန်း ထင်တောင်မထင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်နဲ့သူက အွန်လိုင်းမှာ ဘလောဂ့်ရေးရင်းနဲ့ခင်တာလေ။ ငယ်ပေါင်းကြီးဖော်တွေလည်းဟုတ်ဘူးဗျ။ ဒီလည်းရောက်ရော ကျွန်တော့်အတွက် ၀ယ်လာတဲ့ ရှပ်အင်္ကျီကို ကျွန်တော့်ကိုပေးတယ်။ ပျော်လိုက်တာ။ အင်္ကျီထက် သူငယ်ချင်းရဲ့ ကိုယ့်ကိုအသိအမှတ်ပြုမှု့ကို ကျွန်တော်ပီတိဖြစ်တာလေ။ အင်္ကျီကိုထုတ်ကြည့်တော့ အင်္ကျီက အဖြူရောင်ဆွတ်ဆွတ်ဖြစ်နေတယ်လေ။ အတော်လေးတော့ လှတယ်ဗျ။ ဒါပေမယ့်လေ ဒီမှာက အပြင်သွားရင်တော့ရင်တောင် ပေမှာစိုးလို့ ဟိုစွန်းဒီစွန်းဖြစ်မှာစိုးလို့ အဖြူကိုသိပ်ဝတ်ဖြစ်တာကမဟုတ်လေ။ အင်္ကျီအသားက အိပြီး။ ဆိုဒ်ကလည်းကြီးပြီးပွတယ်။ ကျွန်တော့်ခန္ဓာကိုယ် က ထွားတော့ အင်္ကျီလေးနဲ့ဟပ်နေတာပဲ။ သိပ်မ၀တ်ဖြစ်ပေမယ့်။ ဟိုတလောကပဲ 2009 Blogger Gathering ရှိတုန်းက ၀တ်သွားဖြစ်သေးတယ်။ အဲ့တုန်းက ဓါတ်ပုံတွေရိုက်ကြနဲ့ ပုံတွေထွက်လာတော့ အမိုက်စားဗျ သူပေးထားတဲ့ အင်္ကျီနဲ့ ကိုယ်နဲ့ လိုက်လို့ပဲဖြစ်မယ် ချောမောခန့်ငြား နေတာများ Photo Model လုပ်လို့တောင်ရတယ်။
ကိုယ့်မွေးမေ ကျေးဇူးရယ် သူငယ်ချင်းကျေးဇူးရယ် ပေါင်းပြီး လန်းဆန်းပြီး ကြွရွနေပုံများမပြောပါနဲ့တော့။ အဲ့ဒိသူငယ်ချင်းနဲ့က အွန်လိုင်းပေါ်မှာ ခင်တာဖြစ်ပေမယ့် တစ်ကယ့်မောင်နှမတွေလို၊ ငယ်ပေါင်းကြီးဖေါ်တွေလိုပဲ အရမ်းကိုပွင့်လင်းရင်းနှီးကြတယ်။။ တစ်ကယ့်မောင်နှမတွေလိုပါပဲ။ အဲ့ဒိလိုပဲနောက်ထပ် သူငယ်ချင်းညီမလေးတစ်ယောက် လည်းရှိသေးတယ်။ သူကတော့ သနားစရာပါပဲ သနားစရာပေမယ့် သိပ်ခင်လွန်းလို့ သ့ကိုတွေ့ရင် ကျွန်တော်က ဆူလိုက်ဆဲလိုက်။ သူ့အစ်မလိုဖြစ်နေတဲ့ အင်္ကျီဝယ်ပေးတဲ့ သူငယ်ချင်းကို ပြန်တိုင်လိုက်နဲ့လည်နေတာပါပဲ့။ အဲ့ဒိညီမလေးဆို ၀ှီးချဲလေးရယ်၊ ဂစ်တာလေးရယ်၊ သူ့လက်ပ်တော့ပ်လေးရယ်နဲ့ အဖော်ပြုရင်း ဘ၀ကို အားမလျှော့ပဲ ကြိုးစားနေတဲ့သူလေ။ သူ့အသက်နှစ်ဆယ်ပြည့်မွေးနေ့လုပ်တဲ့နေ့တုန်းကဆို ကျွန်တော်က ကျွန်တော့်အလုပ်မှာ သိပ်အလုပ်များနေတဲ့ တစ်နေ့ပေါ့။ အမေရိကက အင်္ကျီဝယ်ပေးတဲ့ သူငယ်ချင်းက ပြောတယ် “ ဟဲ့ နင့်ညီမက နင်နဲ့စကားပြောချင်လို့တဲ့” အဲ့လိုပြောတော့ ကျွန်တော်ကလည်းပြာပြာသလဲပဲ “ ဟုတ်လား အေးအဲ့ဒါဆို ငါဖုန်းခေါ်မယ်လေ ဘယ်နံပါတ်ကိုခေါ်ရမလဲ ” လို့ပြောတော့ သူငယ်ချင်းက “နင်ဘာနဲ့ခေါ်မှာလဲ ပီဖင်းဂိုးနဲ့လား” တဲ့ ကျွန်တော့်မှာ ပီဖင်းဂိုးအကောင့်မှမရှိတာလေ။ “ ဟုတ်ဘူးဟ ရိုးရိုးဖုန်းက ခေါ်မှာ ပီဖင်းဂိုး မရှိဘူး” ပြောတော့ “ ဟာ အဲ့ဒါဆိုနင်ပိုက်ဆံအများကြီးကုန်နေမှာပေါ့ နင့်ညီမကိုပဲခေါ်ခိုင်းလိုက်မယ် ဖုန်းနံပါတ်ပြောလိုက် ခေါ်ရမယ့်နာမည်ပါ ပြောပြ ” ဆိုတာနဲ့ ကျွန်တော့်နာမည်နဲ့ ဖုန်းနံပါတ်ကို ပေးလိုက်တယ်။ ခဏနေတော့ ဖုန်းလာတယ် “ ကို……. နဲ့ပြောချင်လို့ပါရှင်” ဆိုပြီးကလေးသံလေးနဲ့ အသံလေးကြားရော “ညီမလေး လား ” ဆိုပြီးကျွန်တော်သူနဲ့စကားအများကြီးပြောဖြစ်တယ်။ အဲ့ဒိတုန်းက သူနေမကောင်းတော့ အားမငယ်ဖို့ အကိုတွေအမတွေက ညီမလေးကို ချစ်ကြကြောင်း နေကောင်းဖို့ ဆုတောင်းပေးနေကြောင်း ပြောပြီးအားပေးဖြစ်တယ်။ တစ်ဖက်ကနေ “ ဟုတ်ကဲ့ ဟုတ်ကဲ့” နဲ့ ယဉ်ကျေးသိမ်မွေ့စွာပြန်ပြောတတ်တဲ့ အဲ့ဒိညီမလေးအသံကြောင့် ကျွန်တော်ပီတိဖြစ်ရတယ်။ သူက စာသိပ်တော်တာလေ။ အမေရိကက သူငယ်ချင်းပြန်မလာခင်တရက် Gtalk မှာသူနဲ့စကားစပ်မိတုန်း “ဟဲ့ နင့်ညီမအကြောင်းပြောရဦမယ်” ဆိုပြီး အဲ့ဒိညီမလေးအကြောင်းပြောတာစုံလို့ပါပဲ။ အဲ့ဒိညီမလေးက အိုဘားမား တက်ခဲ့တဲ့ ဟားဗတ်စ်တက္ကသိုလ်မှာ ပညာတော်သင်ဆု ရဆိုပဲဗျ။ သိပ်တော်တဲ့ ကျွန်တော့်သူငယ်ချင်းညီမလေးပါလား။ ပြီးတော့ ဟားဗတ်စ်တက္ကသိုလ်မှာ ပညာသင်ဆုရတာ မြန်မာမိန်းကလေးထဲက သူပထမဆုံးပဲလေ။ အဲဒိ့လိုသိပ်တော်တဲ့သူက ကျွန်တော့်ကို မောင်နှမသဖွယ် ခင်မင်တာကိုကျွန်တော် ဂုဏ်ယူမိတယ်ဗျာ။
အင်္ကျီဝယ်လာတဲ့သူငယ်ချင်းဆိုရင် န်ြလာခါနီးသူနဲ့ကျွန်တော် Gtalk ဖုန်းနဲ့စကားပြောနေတုန်း လက်ကိုင်ဖုန်းလာလို့ဆိုပြီး ထပြောတော့မှ သူ့အသံကိုကြားမိတယ်။ အင်္ဂလိပ်စကားပြောတာများ ဘရစ်တနီစပီးယား စကားပြောတဲ့လေသံအတိုင်းပဲဗျာ။ သိပ်မွှတ်တာပါပဲကလား။ ထပ်ကာ ထပ်ကာတောင်နားထောင်ချင်မိတယ်။
သူတို့အကြောင်းတွေသိရတော့ ကိုယ့်အဖြစ်ကို ကိုယ်တွေးပြီး မချိဘူး။ ငယ်ငယ်က အန္ဒိယမှာသာ ဆက်နေရရင် အခုဆို နေရူးတက္ကသိုလ်တွေဘာတွေက ကျောင်းတွေဘာတွေပြီးလို့။ ကျွန်တော့်ရုပ်ရည်နဲ့ဆို ဘောလီးဝုဒ်မှာ သရုပ်ဆောင်ဖြစ်ချင်ဖြစ်နေမှာလေ။ အန္ဒိယမှာမွေးပြီးမှ ကံမကောင်းချင်တော့ ဒီကိုပြန်ရောက်လာခဲ့တာ။ အန္ဒိယမှာမွေးခဲ့လို့လားတော့ မသိဘူးဗျာ ကျွန်တော်က ကုလားဆင်ချောဖြစ်နေခဲ့တာလေ။ နှာခေါင်းပေါ်တယ်။ မျက်လုံးမျက်ခုံးကလည်းထင်ရှားတယ်ဆိုတော့လေ။ ငယ်ငယ်တုန်းက တော့ ဒီလောက်မဟုတ်ပါဘူး။ အသက်ကလေးနည်းနည်းကြီးလာတော့မှ ရုပ်ကပီပြင်ထင်ရှားခန့်ငြားလာတော့တာ။ ဘလောဂ့်ဂါတွေထဲမှာဆို ခင်တဲ့ဘလောဂ့်ဂါတွေက ကုလားမင်းသားဆိုပြီး စစ နေကြလေရဲ့။ အစ်မကြီး မ၀ါဝါခိုင်မင်းတို့ ဘလောဂ့်ဂါမောင်မျိုးတို့ဆိုရင် အမီတာဂစ်တာဆိုပြီး စီဘောက်စ်မှာ လာလာရေးကြသေးတယ်။ ကိုယ့်မောင်လေးကို ချောတာကို အသိအမှတ်ပြုတယ်ထင်ပါရဲ့။ ကျန်းမာပါစေ..။
အရပ်ကရှည်ရုပ်ကလည်းသန့် မျက်လုံးမျက်ခုံးကလည်း ကောင်းဆိုတော့ မိန်းကလေးတွေအများစုက သိပ်အရေးပေးတာကလည်း ခံရတယ်။ အဆုံးစွန်ပြောရရင် မုန့်ဝယ်စားရင်တောင် အမျိုးသမီးရောင်းတဲ့ ဈေးသည်ဆို သူများနဲ့မတူအောင် ကျွန်တော့်မုန့်ပွဲကို ပြင်ပေးတတ်ကြတာ။ အလုပ်မှာလည်းဒီလိုပဲ မိန်းကလေးတွေကအများကြီးလေ။ ယောင်္ကျားလေးက နည်းနည်းလေး။ ဖြစ်ချင်တော့ water cooler က ကျွန်တော်တို့အထပ်မှာပဲထားတာ။ ကောင်မလေးတွေများတစ်နေ့တစ်နေ့ ရေလာခပ်ရတာအမော။ ရေအေးအေးသောက်ချင်တာ အကြောင်းပြပြီး။ အပေါ်ကိုတက်တက်လာရတာ။ ကျွန်တော့်ကွန်ပြူတာနား လာကြည့်လို့ကြည့်၊ မသိလို့ ဟိုဟာဒီဟာ မေးသလိုမျိုးလုပ်လိုလုပ်။ ဂိမ်းဆော့တာကိုကြည့်သလိုလိုလုပ်လိုလုပ်၊ ကြာတော့လူက စိတ်ညစ်လာရော ။စိတ်အချဉ်ပေါက်တာနဲ့ ကဗျာတစ်ပုဒ်ထရေးမိတယ်။ ကဗျာက တစ်ကယ့် အဖြစ်မှန်က များများ စိတ်ကူးယဉ်တာက နောက်ဆုံးအပိုဒ်လေးပဲရှိတာ။ ကဗျာနာမည်က ငါ့မှာလေတဲ့…
“ငါ့မှာလေ”

တော်ကီကလေးတွေက အတော်မွှတ်လို့
ဂေါ်လီဆော်ကလေးတွေက လွှတ်သေးသကို
ဇွတ်ကလေးကို တွတ်တီတာနဲ့
ပလွတ်ရွှတ် အီတာပဲကွယ်။
ဒီကအသည်းရယ် နုတယ်အမှတ်
သူ့အရွယ် တတ်သလောက်လေးနဲ့
ဖြတ်လျှောက်ကလေးလည်း ပါသေးတယ်။
ခါသေးတယ် အသာလေးလှုပ်
ငါအတွေးထဲ ရှုပ်စေမလားလို့
ကြာကလေးနဲ့ အဟုတ်ထပ်ကာ
လုပ်ရပ်က နှာသံလေးဖေါ်လို့
အော်...တို့ကို လာကြံသေးတယ်။

ငါပြန်ပြေးမယ် ကြောက်လို့
ဖောက်ဖို့ မလွယ်တဲ့ သစ္စာနဲ့
ချစ်တာက သူ့တစ်ယောက်တည်း
တုမလောက်ပဲကွာ
လျှောက်မြဲသာဆက်ကာ လျှောက်မယ်
အသက်သာပျောက်မယ် မခြောက်တဲ့ ရင်မှာ အခါခါပေါ်
သာနာပျော်အသံလေးတွေနဲ့ အတန်လေးအသားကျပြီမို့
အနားကမခွာချင်
ငါသာလျှင် သူ့အတွက်
ယခုအသက် ဒီကမ္ဘာမှာ မဖြည်သာမေတ္တာ ကြိုးတွေက
ရိုးမြေကျ သစ္စာ။

ကျော်ညိုသွေး
အဲ့ဒိကဗျာကို ဘလောဂ့်ပေါ်တင်လိုက်သေးတယ်။ အဲ့ဒိကဗျာ သရုပ်ဖော်ပုံက ကျွန်တော့်ပုံလေ ဒါတောင် ပုံကို Photoshop နဲ့ ပြန်ပြင်ထားရသေးတယ်။ ဘာလို့လဲတော့မပြောတော့ပါဘူး။ အဲ့ဒိပုံကိုကြည့်ချင်ရင်တော့ ဒီလင့်ခ့် http://mrguiter.myanmarbloggers.info/2008/10/blog-post_22.html ကို သွားလိုက်ပေါ့နော် ။ အဲ့ဒိ့ငါ့ကိုလေ ဆိုတဲ့ ကဗျာတင်တုန်းကဆို အတော်လေးအားပေးကြတယ်ဗျ။ ကွန်မန့်ကတော့ လေးငါးခြောက်ခုရယ်ပါ။ ဒါပေမယ့် လေးငါးခြောက်ခုရယ်သာဆိုတယ်။ လာပြီးကွန်မန့်ပေးတဲ့ သူတွေက တစ်ကယ့် လူသိရှင်ကြား နာမည်ကြီး ဘလောဂ့်ဂါတွေလေ။ ကိုအလှတရားတို့၊ ကိုအချစ်မဲ့ဂစ်တာတို့၊ ကိုသီဟန်ညိမ်းတို့၊ မသက်ဇင်တို့ စသည်ဖြင့်လေ။ အရင်းနှီးဆုံး သူငယ်ချင်းတွေဆို ကွန်မန့်ကိုမပေးတော့ဘူး။ ဂျီတော့ခ့်မှာ လာပြီးပြောကြတာ၊ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး၊ “ ဟဲ့ မသာကောင် နင်က မိန်းမတွေကို မတူသလို မတန်သလိုနဲ့” ဆိုပြီးလာပြောတာလဲ ရှိသေးတယ်။ တစ်ချို့ သူငယ်ချင်းညီမလေးတွေဆို “ လုပ်ပေါ့လေ ရေးပေါ့လေ အကိုက ရေးနိုင်တဲ့အင်အားရှိတာပဲ” တဲ့လေ။ အားပေးကြတာ။ ကျန်းမာပါစေ။
ရုပ်အခြေအနေက ဒီလောက်ရှိတာတောင် မှ ဘာလို့သရုပ်ဆောင်မလုပ်တာလဲဆိုရင် ကျွန်တော် ၀ါသနာမပါလို့ဗျ။ ၀ါသနာသာ မပါတာ ဒရာမာကား ကောင်းကောင်းတော့ သရုပ်ဆောင်လို့ရတယ်။ဖြစ်တယ်။ ကျွန်တော်တစ်ကယ်ဝါသနာပါတာက ကဗျာဗျ။ တစ်ခြားအက်ဆေးတွေ၊ ဆောင်းပါးတွေ၊ ၀ထ္ထုတိုတွေတော့ ကြုံရင်ကြုံသလိုရေးပါတယ် များသောအားဖြင့် ကဗျာတွေရေးတာများတယ်ဗျ။ နဂိုကတည်းက ကဗျာ Talent ကလည်းရှိတာကိုး။ ဘလောဂ့်ရေးစကတင်တဲ့ “ဗစ်တိုးရီးယားကဗျာ” တုန်းကဆို အစ်မကြီးမ၀ါဝါခိုင်မင်းက “တစ်ကယ့် ကဗျာဆရာကြီးတစ်ယောက်လိုပဲ” လိုပဲလို့ အားပေးဖူးတယ်။ ငါ့အစ်မ ကျန်းမာပါစေ…း) ။ အဲ့လို Talent ရှိလို့လဲ ဘယ်လိုအကြောင်းအရာဖြစ်ဖြစ်။ ကဗျာအသွင်ပြောင်းလိုက်ဖို့က အသာလေးရယ်။ ကျောင်းတက်တုန်းကဆို သူငယ်ချင်ျးွှေ အတွက် ရည်းစားကိုပေးဖို့ ကဗျာတွေကျွန်တော်ချည်းရေးကချည်းရေးပေးခဲ့ရတာလေ။ သူငယ်ချင်း တစ်ယောက်အသည်းကွဲတုန်းကဆို သူက ကဗျာတစ်ပုဒ်ရေးပေးဆိုလို့ လျှောက်လွှာစာရွက်နဲ့ ညဖက် ထိုင်ရေးလိုက်တာ ခဏလေးနဲ့ တင်ပြီးသွားရော။ အဲ့ဒိသူငယ်ချင်းမှာ ကြိုက်လွန်းလို့ မျက်ရည်များတောင်လည်ရှာတယ်။ ကောင်းလွန်းလို့တဲ့လေ။ ဒီလိုပဲ အချစ်ကဗျာ အနုအရွလေး တွေရေးပေးနေရတာ ခဏခဏပါပဲ။ သူငယ်ချင်းတွေကဆို အဲ့လိုကဗျာအရေးကောင်းတဲ့ ကျွန်တော့်ကို ရာဘင်ဒြာနသ်တဂိုး ၀င်စားတယ်လို့တောင် ပြောချင်ချင်ရယ်။ ဟုတ်ချင်လည်းဟုတ်နေမှာပေါ့လေ။ ဘာလို့လဲဆိုတော့ ကျွန်တော်က အန္ဒိယ အထုံပါတားကိုးဗျနော။
အင်း…ကဗျာတင်ပဲလားဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ ကျွန်တော်က ဂစ်တာတီးတာလည်းဝါသနာပါပြီး။ သီချင်းဆိုရတာလည်း ကြိုက်တယ်လေ။ ပြီးတော့ သီချင်းရေးရတာလည်းနည်းနည်းစိတ်ဝင်စားတယ်။ အသံကတော့ အခုမြန်မာပြည်မှာ ဒိတ်ဒိတ်ကြဲဖြစ်နေတဲ့ ကိုလေးဖြူလောက်တော့ အသံပါဝါကဘယ်ကောင်းမလဲ။ ကိုဟန်ထွန်းအသံလောက်ပဲမှီတာပေါ့ဗျာ။ တစ်ခါတစ်လေတော့လည်း သီချင်းလေးတွေရေးဖြစ်ပါတယ်။ နဂိုကတည်းက ကဗျာသမားဆိုတော့ စာသားအလှအပတွေက အထွက်သားပဲ။ အဲ့လောက်အရေးအဆို ကိုယ့်ဘက်က ရနေပေမယ့် အဆိုတော်လုပ်ဖို့ကတော့လည်း မဖြစ်ပြန်ဘူးလေ။ သိတဲ့အတိုင်းပဲ သီချင်းလောကက တစ်ကောင်တက် တစ်ကောင်ဆင်းလေ… ကိုယ်ဆိုချင်တာက ပေါ့ပ်သီချင်းချိုချိုလေးတွေ။ ခေတ်စားတဲ့ဟာတွေက Hip Hop, Rock, Punk ဆိုတာတွေလေ။ ကိုယ်ကလည်းပရိတ်သတ်အကြိုက်လိုက်လုပ်ချင်တဲ့ ပေါ်ပင်ကောင်မဟုတ်တော့လည်း စိတ်မပါလှဘူး။ သီချင်းလောကကြီးကလည်းပျက်စီးနေတာမဟုတ်လား။ အဆိုတော်တွေတောင်တိုင်ပတ်နေတာ။ ကိုယ့်ဘာသာကိုယ် ကုမ္ပဏီအလုပ်လေးလုပ်တာမှဟုတ်ဦးမယ်။ ဒါကြောင့်လည်းအခုအလုပ်မှာမြဲနေတာပေါ့။ တစ်ကယ်သီချင်းဆိုတာမဟုတ်ပဲနဲ့ သီချင်းညည်းတာနဲ့တင် မျက်နှာပွင့်တာကလည်းရှိခဲ့သေးတယ်ဗျ။
တစ်ခါက ကျွန်တော် အလုပ်ပါးနေတဲ့ အချိန် ကျွန်တော်တို့ စူပါမားကက် က ရှပ်အထည်ကောင်တာက ကောင်လေးက ကျွန်တော်သုံးတဲ့ ကွန်ပြူတာနား လာကြည့်နေတဲ့အချိန်၊ ကျွန်တော်လည်းပျင်းပျင်းရှိတာနဲ့ သီချင်းညည်းနေတာကနေ စိတ်ပါလာပြီး အဲ့ဒိကောင်လေးကလည်း အတူတူဆိုပါတယ်။ ဆိုလို့ကောင်းတာကနေစိတ်ပါလာပြီး နည်းနည်းလွတ်သွားသလိုဖြစ်ပြီး အမူအယာတွေ ပါလာတော့ အသံနည်းနည်းကျယ်လာတယ်ထင်ပါရဲ့ အဲ့ဒိရှပ်ကောင်တာက ကောင်မလေးက ကြည့်ပြီးပြုံးတော့ ကျွန်တော်တို့ နှစ်ယောက်လည်း သီချင်းဆိုတာ ရပ်သွားရော။ ရှက်သလိုလိုတော့ရှိသား။
နောက်နေ့တွေကျတော့ အလုပ်များတဲပနေ့တွေပေါ့။ တစ်နေ့မှာ အွန်လိုင်းမှာခင်တဲ့ နယ်ကသူငယ်ချင်းတစ်ယောက်က ရန်ကုန်ကိုလာမယ်လို့ ဂျီတော့ခ့်မှာပြောတယ်။ ရန်ကုန်ရောက်ရင်ဖုန်းခေါ်မယ်တဲ့။ သူ့ကို ကျွန်တော်မမြင်ဖူးဘူး၊ ဓါတ်ပုံတောင်မမြင်ဖူးဘူး အွန်လိုင်းမှာဆို သူက ကျွန်တော့်ကိုဖုန်းဆက်ရင် ဦးလေးကြီး လို့ အမြဲတမ်းခေါ်တယ်။ နောက်နှစ်ရက်လောက်လည်းကြာရော မနက်ခင်းမှာ ကျွန်တော့်ဆီဖုန်းလာပါလေရော။ ဖုန်းကိုင်တော့ “ ဦးလေးကြီး မင်္ဂလာပါ” ဆိုတော့ “ သြော် ချောစုလား ပြော အခုဘယ်ကဆက်နေတာလဲ” ဆိုတော့
“ဒီနားကပဲ”
“နင်ငါ့ဆီလာမယ်ဆို ”
“ ဟင့်အင်း မလာချင်သေးဘူး အဆင်မပြေသေးလို့”
“ဟင် ဘာလို့လဲဟာ နင်ကလည်း”
“ လာလို့မဖြစ်သေးလို့ ပေါ့ ဦးလေးကြီးရာ အခုသတိရလို့ဖုန်းဆက်တာ ဒါပဲနော်” ဆိုပြီး ခပ်တိုတိုပြောပြီး ဖုန်းချသွားတယ်လေ။ နောက်ရက်တွေကျတော့လည်း သူဖုန်းဆက်တော့ ကျွန်တော်စကားပြောရင်းနဲ့ တစ်ခြားသူငယ်ချင်းတွေအကြောင်းမေးတော့ အူလည်လည်ဖြစ်နေတယ်။ နောက်တော့မှ သူက ချောစုမဟုတ်တဲ့အကြောင်းပြောရော။ ဒါနဲ “ မင်းဘယ်သူလဲ ” မေးတော့ “ဦးလေးကြီးကိုစိတ်ဝင်စားနေတဲ့သူပေါ့ ဟိ” လို့ဆိုပြီးဖုန်းချသွားရော။ ကျွန်တော်စဉ်းစားတယ် ကျွန်တော့်ကို သူငယ်ချင်းတွေကဖုန်းဆက်လေ့မရှိဘူး။ အွန်လိုင်းသူငယ်ချင်းဆိုရင်တောင် ကျွန်တော့်အလုပ်ဖုန်းကိုသိတာ လက်သုံးချောင်းမပြည့်ဘူးရယ်။ ဒါနဲ့ ကျွန်တော့်အလုပ်က လူပဲဖြစ်မယ်ဆိုပြီး အလုပ်အတူတူလုပ်တဲ့ အစ်မကြီး ကို ဒီအကြောင်းပြောပြပြီး စုံစမ်းဖို့တိုင်ပင်တယ်။ နောက်နေ့ ဖုန်းလည်းလာရော ကောင်မလေးကို ကျွန်တော်က စကားတွေဖောင်ဖွဲ့ပြီးပြောနေလိုက်တယ်။ အဲ့ဒိအမကြီးကတော့ အလုပ်တစ်ခုလုံးက အင်တာကွန်းတွေကိုလိုက်ချောင်းတာပေါ့လေ။ လက်စသတ်တော့မှ ကျွန်တော့်ဆီဖုန်းဆက်တဲ့ကောင်မလေးက ကျွန်တော်သီချင်းဆိုတာကိုကြည့်ပြီးပြုံးတဲ့ ကောင်မလေးဖြစ်နေတာပေါ့။ ရက်တွေကြာလာရော သူ့ကိုကျွန်တော်ဖုန်းထဲမှာမေးတယ် “ ညည်းငါ့ကိုဘာလို့ ဖုန်းဆက်တာလဲ” ဆိုတော့ “ စိတ်ဝင်စားလို့ပေါ့” တဲ့။
“ ဘာလို့ စိတ်ဝင်စားတာလဲ” လို့မေးတော့ “ ဦးလေးကြီးကလည်း ဦးလေးကြီးကို ချစ်လို့စိတ်ဝင်စားတာပေါ့ ” ဆိုပြီး အသံတိမ်တိမ်လေးနဲ့ ပြောတယ်။ ကျွန်တော့်မှာ ဘာပြန်ပြောရမှန်းကိုမသိပါဘူးဗျာ။ သူဘယ်သူဆိုတာ ကျွန်တော်သိနေပြီဆိုတာ သူသိသွားတဲ့တစ်နေ့မှာ သူကကျွန်တော့်ကိုမေးတယ် “ ဦးလေးကြီးကလည်း သမီးကို ဘယ်လိုသဘောထားသလဲ” တဲ့ ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ ညည်းကိုငါမကြိုက်ဘူး လို့ပြောရင် သူသိပ်ခံစားသွားရမှာပေါ့။ သိမ်ငယ်စိတ်ဝင်သွားမှာပေါ့။ ဒါနဲ့ ကျွန်တော်လည်း အဆင်ပြေအောင် သူလည်း ၀မ်းမနည်းအောင် “ညည်းကိုငါအသိအမှတ်ပြုတာပေါ့ ငါ့ကိုချစ်တယ်ဆိုတော့ ငါပျော်တာပေါ့” လို့ပြန်ပြောမိတယ်။
“ တစ်ကယ်လား” ဆိုပြီးသူပျော်သွားတယ်ထင်ပါရဲ့ ဒါပဲနော် ဆိုပြီးရယ်ပြီး ဖုန်းချသွားလေရဲ့။ အခုတော့ အဲ့ဒိကောင်မလေး T.B ရောဂါဖြစ်လို့ ခြောက်လလောက်ဆေးသောက်ရမယ်ဆိုပြီး အလုပ်ထွက်သွားလေရဲ့။ ဒါတောင် မနေ့တစ်နေ့က ဖုန်းဆက်သေးတယ်။
“သတိမရဘူးလား” တဲ့လေ ကျွန်တော်ကလည်း “ ရတာပေါ့ဟာ တစ်ခါတစ်လေ သတိရပါတယ် ” လို့ လေးဖြူသီချင်းလိုလုပ်ပြောတော့ တဟားဟားနဲ့ သဘောကျပြီးရယ်တယ်။ ကျွန်တော်လည်းသိချင်တာနဲ့ “ ညည်းဘာလို့ ကိုယ့်ကို ချစ်တာလဲ” လို့မေးတော့
“ သီချင်းဆိုတဲ့ ပုံစံလေးကို တွေ့ပြီး သဘောကျလို့ စွဲလမ်းမိသွားရာကနေ ချစ်မိသွားတာ” ဆိုပါကလားအရပ်ကတို့။
အဲ့လိုပြောလို့ ကျနော့်မှာ ရည်းစားတွေအများကြီးမထင်ပါနဲ့ တစ်ယောက်မှမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ကရုပ်တည်ကြီးနဲ့နေတာကိုး။ တော်ရုံတန်ရုံမိန်းမဆိုသိပ်အရောဝင်ချင်တာမဟုတ်ဘူး။ ငယ်ငယ်တည်းက တစ်ယောက်တည်းနေတာကြောင့် ခပ်တည်တည်ဖြစ်နေတာလည်းပါမှာပေါ့ ။ ကွန်ပြူတာသင်တန်းတက်တုန်းကဆို ကျွန်တော့် ဆရာမက ကျွန်တော့်ကို “ နင့်ရုပ်က ပွေမယ့်ရုပ်” လို့ပြောဖူးတယ်။ သူငယ်ချင်းကောင်မလေးတွေကလည်း အဲ့လိုပြောဖူးတယ်။ သူတို့ကဆိုကျွန်တော့်ကို အနည်းဆုံးရည်းစား ခြောက်ယောက်လောက်ရှိမယ်ထင်ကြတာ။ အလုပ်မှာလည်း ဒီလိုပဲ ခွင့်ယူပြီဆို မန်နေဂျာတွေကအစ ကက်ရှာကောင်မလေးတွေအဆုံး “ဘယ်ကိုသွားမှာလဲ လမ်းကြောင်းလား၊ ကောင်မလေးနဲ့လား” ဆိုပြီး လိုက်လိုက်မေးတယ်ဗျာ။ ရည်းစားမရှိဘူးပြောလည်းမရဘူး။
အသစ်ဝင်လာတဲ့ ကက်ရှာကောင်မလေးတစ်ယောက်ဆို ကျွန်တော့်ကိုစိတ်ဝင်စားနေတာကလား။ ကျွန်တော့်ကိုကြည့်ရင်တစ်မျိုးပဲ။ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဟုတ်လားမဟုတ်လားတော့ ဘယ်အတိအကျပြောလို့ရမလဲနော။ တစ်နေ့နေတော့ ကျွန်တော်ထမင်းစားခန်းထဲကို ထမင်းစားစောစောသွားတဲ့အချိန်မှာ အဲ့ဒိကောင်မလေး ဘေးနားကနေရာလွတ်လို့ ထိုင်မလို့ လုပ်တော့ “ ကိုကြီး သမီးကို နာရီချွတ်ပေးစမ်းပါ” လို့ပြောတယ် သူနာရီကိုဘာလို့ချွတ်လဲတော့မသိဘူး ညာဘက်လက်မှာပတ်ထားတဲ့ နာရီအသေးလေးကို ကျွန်တော်ကလည်းအားနာတာနဲ့ ချွတ်ပေးလိုက်တယ်။ပြီးတော့ ကိုယ့်ဘာသာကိုယ် ထမင်းစားနေလိုက်တယ်။ ဒီအထိ ကျွန်တော်သူ့ကိုစိတ်ထဲမရှိသေးဘူး။ နောက်တော့ ကျွန်တော် အောက်ထပ်ဆင်းရင်ပဲဖြစ်ဖြစ်။ အပေါ့သွားတာပဲဖြစ်ဖြစ် သူတို့ကက်ရှာနားကို ဖြတ်သွားရတယ်။ ဖြတ်သွားတိုင် သူ့ပါးစပ်က “ လူပျိုကြီးပဲလုပ်တော့မှာလား ရုပ်တည်ကြီးနဲ့ မုန့်တီသောက်နေမှာလား” ပြောတာကိုကြားမိတယ်။ တစ်ခါတစ်လေကျရင်လည်း “လူပျိုကြီးတစ်ကယ်လုပ်မှာလား ပြောစမ်းပါ” ဆိုပြီး သီချင်းညည်းတာကို ကြားမိတယ်။ တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် ကျွန်တော်ဖြတ်သွားတိုင်း ဒီလို အပြောမျိုး သီချင်းမျိုးဆိုတာတော့ တိုက်ဆိုင်မှု့မဟုတ်ဘူးလို့ထင်တာပဲ။ အခုတော့လည်းသူလည်း အလုပ်ထွက်သွားပါပြီ။ ဒါတောင် အင်တာနက်သုံးတာ ပြောပြပေးပါဆိုပြီး ဆိုင်ကိုလာလို့သင်ပေးရသေးတယ်။ အွန်လိုင်းမှာတော့ တစ်ခါတစ်လေ တွေ့မိတယ်။ Update New အနေနဲ့ ပြောရရင် မနေ့က ကျွန်တော်ခွင့်ယူတယ်ဗျ။ အဲ့ဒိတုန်းက ကျွန်တော့်ကိုလာမေးသေးတယ်လို့ ဆိုင်ကအစ်မကြီးက ပြန်ပြောပြတယ်။ အောင်မငီးးးးဗျာ။
အဖြူရောင် ညီမလေူးကလဲ "ကျွန်မရဲ့ သမုဒ္ဒရာအသည်းနှလုံး"ဆိုတဲ့ ခေါင်းစဉ်နဲ့ အခုလို ဝင်ရောက်ယှဉ်ပြိုင် သွားပါတယ်။
ဒီအကြောင်းကို အစပျိုးပြီး ပြန်ပြောရမယ်ဆိုရင်တော့ ကျွန်မရဲ့ အဖိုး
ဦးစိန်ချစ်က စလာတာပဲရှင့် …။ ကျွန်မတို့ မျိုးရိုးဟာ အစဉ်အဆက်
စိန်တွေနဲ့ ချမ်းသာလာ ကြတာပဲရှင့်..။ ကျွန်မကိုယ် ကျွန်မတောင်
ဘယ်လောက်အတိုင်းအတာထိ ချမ်းသာတယ်ဆိုတာ မပြောပြနိုင်ဘူးရှင့်……။ ဒီလို
ဆွေစဉ်မျိုးတဲ့ ကျွန်မမှာ “သမုဒ္ဒရာရဲ့အသည်းနှလုံး” လို့အမည်တွင်တဲ့
စိန်တစ်လုံးရှိတယ်ရှင့်….။ ကျွန်မ ဒီလိုပြောလို့
ရှင့်တို့ယုံချင်မှယုံမယ်လေ ဒါပေမယ့် ကျွန်မပြောတာက အမှန်တရာပဲ…..။
တစ်ခုတော့ရှိတယ်ရှင့် ရှင်တို့ဒီအကြောင်းသိပြီးရင်တော
့ ကျွန်မမှာ
“သုမုဒ္ဒရာရဲ့အသည်းနှလုံး” ရှိနေတယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောကြပါနဲ့နော်….။
ကျွန်မအတွက် အသက်အန္တာရာယ် စိုးရိမ်ရလို့ရှင့်……။ ရှင်တို့အားလုံး
“TITANIC” ရုပ်ရှင် ဇာတ်ကားကြီးကို ကြည့်ဘူးတယ်မှတ်လား …..။
အဲ့ဒီထဲမှာပါတဲ့ ဆွဲကြိုး နဲ့ လောကပ်သီး အပြာရောင်လေးကို ရှင်တို့
သိမှာပေါ့။ အခုချိန်မှာ
“သမုဒ္ဒရာရဲ့အသည်းနှလုံး” ကျွန်မလက်ထဲမှာ ရှိနေတယ်ဆို
ရှင်တို့ယုံမှာတောင်မဟုတ်ဘူးလေ….။ “TITANIC” ဇာတ်ကားရဲ့ အဆုံးသတ်မှာ
“ROSE” ဟာ
စိန်ကို ပင်လည်ထဲ ပစ်ချလိုက်တာလည်း အားလုံးအသိပဲ မဟုတ်လား ….။ အမှန်က
အဲ့ဒီလို မဟုတ်ဘူးရှင့် “ROSE”ကလည်း အဲ့ဒီလိုမလုပ်ခဲ့ဘူးလေ….။ ဒါဟာ
လှည့်ကွက်တစ်ခုပဲရှင့် …..။ အဲ့ဒီအချိန်… အင်း
ဘယ်အချိန်လောက်ဖြစ်မလည်းဆိုတော့ “TITANIC” သင်္ဘောမှောက်ပြီး
လေးနှစ်လောက်အကြာမှာပေါ့…..။ သင်္ဘောမှောက်တဲ့အချိန်က (1912) ဆိုတော့
(1916) လောက်ဖြစ်မယ်ထင်တယ်…။ ကျွန်မအဖိုးဟာ မထင်မှတ်ပါပဲ အင်္ဂလန်မြို့
ရဲ့တစ်နေရာမှာ “ROSE” ဆိုတဲ့အမျိုးသမီးနဲ့ ဆုံတွေ့ခဲ့တယ်…..။
အဲ့ဒီအချိန်တုန်းက ကျွန်မအဖိုးဟာ နိုင်ငံတစ်ကာလှည့်ပြီး ထူးဆန်းပြီး
နာမည်ကြီး စိန်တော်တော်များများကို ၀ယ်စုနေတဲ့
စိန်ကုန်သည်ကြီးပေါ့ရှင်….။ “ROSE” ဆီကနေ၅၆ကာရက်တိတိရှိတဲ့
“သမုဒ္ဒရာရဲ့အသည်းနှလုံး” ကိုဝယ်ယူခဲ့တယ်…..။ ဒါပေမယ့် အဖိုးဟာ
သူဝယ်သွားတယ်
ဆိုတာကို ဘယ်သူ့ကိုမှ မပြောဘို့အတွက် သဘောတူညီမှုရှိခဲ့တယ်…..။ ဒီလိုနဲ့
မြန်မာနိုင်ငံ ပြန်ရောက်တော့ ကျွန်မအဖိုးဟာ အဖွား ဒေါ်စိန်စု နဲ့
အကြောင်းပါခဲ့တယ်…..။ အဖိုးနဲ့အဖွားကနေ ဖွားမြင်လာတဲ့ သားရတနာလေး အဖေ့ကို
“သမုဒ္ဒရာရဲ့အသည်းနှလုံး” ကိုအစွဲပြုပြီး မောင်စိန်တစ်လုံးလို့
အမည်ပေးခဲ့တယ်…..။ ဒီလိုနဲ့ အဖိုးဟာ အဖေရဲ့ အသက်တစ်နှစ်ပြည့်တိုင်းမှာ
စိန်တစ်လုံးစီ လက်ဆောင်ပေးခဲ့တယ်….။ အဖေ အသက်(၂၀) ပြည့်တဲ့အချိန်မှာ
“သမုဒ္ဒရာရဲ့အသည်းနှလုံး” ကိုလက်ဆောင်ပေးခဲ့တယ်…….။ ဒိလိုနဲ့အဖေလည်း အမေ
ဒေါ်စိန်ပန်းခိုင် နဲ့ အကြောင်းပါပြီး ကျွန်မ ကိုမွေးခဲ့တယ်….။ အဖိုးက
ကျွန်မနာမည်ကို စိန်တစ်ပွင့်လို့ ပေးခဲ့တယ်…….။ ကျွန်မလည်း
အဖေ့နည်းလည်းကောင်းပဲ အသက်တစ်နှစ်ပြည့်တိုင်းမှာ စိန်တစ်လုံးစီ
လက်ဆောင်ရခဲ့တယ်….။ အခုဆို ကျွန်မ အသက်(၂၀) ပြည့်ပြီးသွားပြီရှင့် …..။
အခုဆို “သမုဒ္ဒရဲ့အသည်းနှလုံး” ဟာ ကျွန်မလက်ထဲကို ရောက်နေပြီရှင့်…….။
ဒီစိန်ရဲ့ တန်ဖိုးဟာ အခုဆို ဟုပ်စိန် ထက်တောင် အများကြီး
တန်ဖိုးရှိနေပြီရှင့် …..။ ဒီတော့ ကျွန်မ ဘယ်လောက်ထိချမ်းသာနေတယ်ဆိုတာ
ကြွားပြောစရာတောင်မလိုတော့ဘူးနော်……။


ကိုလူထွေးကလဲ ဒီပို့စ်နဲ့ ပြိုင်ပွဲဝင်ပါတယ်......။ စည်းကမ်းနှင့် မကိုက်ညီပါသောကြောင့် ဆုရရှိနိုင်ပါလျှက်နှင့် စိတ်မကောင်းစွာ ပယ်ခဲ့ရပါတယ်။ ဆိုကြမယ်၊ ပျော်ကြမယ် အစီအစဉ်ထဲကလို ပြောရမယ် ဆိုရင်ဖြင့် ကောင်းပါတယ်ခင်ဗျာ နောင်ကိုလဲ ဒီထက် ကောင်းမွန်သော စာများ ရေးသားနိုင်ပါစေခင်ဗျာ...။



ကိုချမ်းရဲကလဲ အခုလိုပါပဲ ခင်ဗျ။ သူ့ကိုလဲ ကိုလူထွေးကို ပြောခဲ့သလိုပါပဲ စာများ ကောင်းပါလျက်နှင့် စိတ်မကောင်းစွာ ပယ်ချလိုက်ရပါတယ် ခင်ဗျာ...။
ဟာသရယ်လို့ ရေးထားတာမဟုတ်ပေမယ့် ကြွားထားတဲ့အကြောင်းအရာမို့ အောက်ကပို့စ်နဲ့ပဲ ၀င်ပြိုင်တယ်။ ဒိုင်လူကြီးတွေ ခေါင်းစားအောင်ဝင်နှောင့်တာ :D ဒီမှာပါ

ယခုနောက်ဆုံး အလှည့်ကျသူကတော့ ကျနော်ပါ ခင်ဗျ။ ဘာနဲ့ဝင်ပြိုင်မလဲဆိုတော့ကာ.............................................................................................
...................................... ဟုတ်ကဲ့... ဒီပြိုင်ပွဲဖြစ်အောင် စပွန်ဆာ ပေးတဲ့ ကျွန်တော် အိမ်ဆိုတဲ့ ကောင်ဟာ ဆုငွေယူရို၁၀၀ ပေးမယ်ဆိုတာဟာ အမှန်တော့ ကြွားထားတာသာ ဖြစ်ပါကြောင်း................... အခုလောလောဆယ် ဒီလကုန်ထိ စားဖို့တောင် ပိုက်ဆံ မလောက်တော့လို့ ခွက်ဆွဲပြီး လမ်းထွက်တောင်းစားရ ကောင်းမလားတောင် စဉ်းစားနေရပါကြောင်း... အဟီးဟီး......။

အာလုံးကိုယ်စား ဆိုကြမယ် ပျော်ကြမယ် ထဲကလိုဆုတောင်းပေးလိုက်ပါတယ်... အကောင်းဆုကို ရကြပါစေဗျာ။



24 Response to မဲပေးကြမယ်

Anonymous
5 October 2009 at 18:48

ကျနော်ကတော့ လောလောဆယ် ကျနော့်ကို မဲပေးတာ ၁၅ယောက် ရှိနေပါပြီ အောက်က ပြိုင်ပွဲဝင်ခြင်း ပို့နဲ့ပါ.. အဟီးဟီး

5 October 2009 at 19:05

နာမယ် မောင်အိမ်...

.
5 October 2009 at 21:39

ပာ ပာားးးးးးးးး ကောင်းရောဗျာာာာ ...... :D

5 October 2009 at 23:12

အင်း ကျော်ညိုသွေး ရေးတာ ကောင်းတယ် vote လုပ်ရင် သူ့ကိုကြိုက်လို့ဆိုပြီး လာဦးမယ် ဒီတော့ ဘယ်သူ့ကို မဲပေးရပါ့မလဲ နော် အင်းးးးး စဉ်းစားရကျပ်ကြီးပဲ ကဲ ကဲ ဘယ်သူ့ကိုမှ မဲမပေးတော့ဘူး ပြန်တော့မယ် တာ့တာ ဘိုင်

5 October 2009 at 23:21

ဖိုးစိန်ဗျိုးးးးးးးးး
လက်ဖက်ရည် တိုက်ခိုင်းဦးမှထင်တယ်... :)

5 October 2009 at 23:27

အိမ်ကလွဲရင် အားလုံးကို တမဲစီပေးပါတယ်...

းဝ)

6 October 2009 at 03:06

အသည်းကြားက မဲတပြားကိုထဲ့ မလို့ လာတာပါပဲ...
ဒါပေမဲ့  မဲပြားက မဲပုံးထက်ကို ၂ ဆ ပိုကြီးနေတာ ဘယ်လိုမှ ထဲ့လို့ မဆန့်ဘူး ဖြစ်နေတယ် ......
ဒီတော့ မဲပြားကို ချဲကစားရင် တွက်ဖို့  အကြမ်းစာရွက်လုပ်ဖို့ ပြန်ယူသွားပါတယ် ကွယ်........

တွက်ပြီး ချက်ပြီးလို့  ချဲထီပေါက်ရင် အလှူပြန်လာလုပ်ပေးမယ်နော် ........
အိုဘားမားစီးတဲ့  စီးတော်ယာဉ်တစီး လာလှူမယ်.....သိလား..... ဒိုင်အတွက် မပါ ....

Anonymous
6 October 2009 at 06:14

အိမ်စုတ် ၊အိမ်နာ ၊ အိမ်ပြတ် ၊ အိမ်.......

လူတွေကို အရူးလုပ်နေတယ် ။

6 October 2009 at 07:13

ကဲ ကဲ အကုန်လုံးကိုမဲ ၁ မဲစီပေးပါတယ် ။ ကိုအိမ်ကိုတော့ တဝက်မဲပဲပေးပါတယ် ( 1/2) မဲ။

6 October 2009 at 08:09

ကိုလူထွေးလိုပါပဲ။ အိမ်က လွဲရင် အားလုံး ၁ မှတ်စီပေးပါတယ်။ :P :P

6 October 2009 at 09:35

အိမ်က လွဲရင် အားလုံးတစ်မှတ်
မင်းဘယ်ပြေးမလဲမောင်အိမ်...ဒန်ဒန်

6 October 2009 at 11:58

ကျွန်တော်ကတော့ ရှင်းရှင်းလေးပဲပြောချင်ပါတယ် ..
အဖြူရောင်ညီမလေးကို ကြိုက်တယ်..
တစ်မျိုးမထင်နဲ့နော် ..
စာကိုပြောတာနော် ..PP

6 October 2009 at 12:48

အားလုံးရေးထားတာကောင်းပါတယ် အားလုံး တစ်မဲစီပဲ..

tz
6 October 2009 at 22:47

:)
ဆင်ပြောင်ကြီး အမြီးကျမှ တစ်သလိုပဲ
မောင်အိမ့်အကြွားပို့စ်က ထိထိမိမိနဲ့ အရှည်ဆုံးပဲ :D

ပို့စ်အားလုံးကောင်းပါ၏။
Cheers!

7 October 2009 at 00:20

ကိုကြီးဂစ်တာ (ကိုကျော်ညိုသွေး) မဲပေးပါတယ်။
တကယ့်အဖြစ်ပျက်ကို အကောင်းဆုံးနဲ့ ဖြစ်အောင် အနုပညာရသနဲ့ အကြွားပြိုင်ပွဲကို ပီပြင် အောင် ရေးသားနိုင်တဲ့အတွက် ပါ
ဒုတိယ အနေနဲ့ ကိုကြီးဖိုးစိန်ကို ပေးပါတယ် :P

7 October 2009 at 07:37

အဖြူရောင်ညီမလေးကိုမဲပေးပါတယ်ရှင်

Anonymous
7 October 2009 at 07:47

ညီမလေး အဖြူရောင်ကို မဲပေးသွားတယ်ဗျ . . . .

7 October 2009 at 08:32

ကိုအိမ်အစုတ်ပလုတ် ဟွန်း ဒီက တစ်ကယ်မှတ်လို့ ကြွားလိုက်ရတာ တော်သေးတာပေါ့ စိန်အလုံး နှစ်ဆယ်စလုံး မကြွားလိုက်မိတာ ဒီမှာ ဒီလောက်ကွားထားတာ လူတွေ အခု ဖြူလေး နောက်ကို လိုက်နေကြလို့ ဘော်ဒီဂါတ် တွေနဲ့သွားနေရတယ် သူများမှာ ဘယ်လောက် ဒုတ်ခတွေ ရောက်တယ်မှတ်လည်း ဟွန်း နောက်ဆို မပြိုင်ဘူးမှတ် .....:(

7 October 2009 at 11:41

အော်ပြီးသွားပြီးလား..ကွန်နတ်ရှင်ခုမှကောင်းလို့ မဲလာပေးတာ ။
ရောက်မှတော့ မထူးပါဘူး အဖြူရောင်ညီမလေး ကို မဲပေးတယ် ဗျို့..။
ညီမလေးရေ ...ကိုအိမ် ကို မပြောနဲ့ နော် ..
ငါတို့ မောင်နှမ ဆိုတာကို သူမသိစေနဲ့ဟ နော်။ မပြောနဲ့ တော်ကြာ ကိုယ်လူ အချင်းချင်း ပေးတယ် ပြောဦးမယ်။

ခင်မင်မှုဖြင့်
အားလုံးကိုပျော်စေချင်တဲ့...

7 October 2009 at 15:39

ကဲ တကုးတက လာပြီး ဝေဖန် မြှောက်ပင့် အချွန်နဲ့ မပြီ အဖြူရောင်ညီမလေးရေ ရော့အင့် အမှတ်ပြည့် ကျန်ရှိသောပြိုင်ပွဲဝင်များထံမှ တမှတ်စီ နှတ်သည် ဟီးးး

7 October 2009 at 16:05

ဝင်ရောက်အားပေးလို့ အပြီးမှာ..............
အဖြူရောင်ဆိုတဲ့ ဘေဘီလေး ကို..........
ရော့ အင့် ဆိုပြီး မဲပေးလိုက်တယ်နော်..

7 October 2009 at 21:10

ကိုအိမ်ရေ...လာလည်သွားတယ်ဗျို့ ..။ လ္ဘက်ရည်မဟုတ်ရင်ဘီယာတိုက်ဗျာ....ဟီးဟီး..။ ကိုအိမ်နဲ့ မောင်နှမတွေအိမ်ကို မရောက်သလို အွန်လိုင်းလည်း မရောက်ဖြစ်လို့ ပါဗျာ.။ ဒီနေ့ တော့ အမှတ်မထင် အွန်းလွန်းရောက်ရင်း "မဲပေးကြမယ်"ဆို့ လို့  စိတ်ဝင်စားပြီး အကုန်လှန်ဖတ်သွားတယ်တယ်ဗျာ..။ အားလုံးမိုက်ကြပါတယ်..။ အားလုံးကို တစ်မဲဆီပေးခဲ့တယ်ဗျာ..။ ဒီအစီအစဉ်ကို ကြွားချင်လို့ တမင်ဖန်တီးတာ တိုတိုလေးနဲ့  အားလုံးပျော်စရာဖြစ်အောင် လုပ်ပေးတဲ့သူ ကိုအိမ်ကိုလည်း မဲပေးခဲ့တယ်ဗျို့ .........။ အားလုံးပျော်ရွှင်နိုင်ကြပါစေ...ခင်မင်လျှက်...

***ဆည်ဆာသံစဉ်***

Anonymous
7 October 2009 at 23:25

မဲပေးရမဲ့ ၂ရက် ည့ည့်သွားပြီ ဖြစ်တဲ့ အတွက် နောက်ထပ်လာမည့် မဲများ အကြူံးမဝင်တော့ပါဘူး ခင်ဗျာ
ကျေးဇူးတင်ပါတယ်။

8 October 2009 at 07:55

ဆုလာယူပါတယ်။ အဟဲ

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း