Friday, October 02, 2009

ပြိုင်ပွဲဝင်ခြင်း

16
ဟုတ်ကဲ့.. အခုဆိုရင် ပြိုင်ပွဲဝင်ဖို့အလှည့်ကျသူကတော့ ကျနော်ပါပဲ။ အတော်များများကလဲ သိပ်သိချင်နေကြတယ် ဒိုင်ကဘာတွေများဝင်ပြိုင်မလဲဆိုတာ...။ ကျနော်ကလဲ ကိုယ်ဦးဆောင်တဲ့ ပြိုင်ပွဲမှာ တခြားသူတွေကို ဦးစားပေးတဲ့သဘောနဲ့ရော ကိုယ်တိုင်ကလဲ ဒိုင်ဖြစ်နေတော့ အရင်ဦးဆုံး ဝင်ပြိုင်လို့ မကောင်းဘူးမဟုတ်လား... ... ဒါကြောင့် ဝင်မပြိုင်သေးဘဲ အသာလေး ငြိမ်နေရတာပေါ့ဗျာ..။ ခုတော့ ဝင်မပြိုင်လို့က မဖြစ်တော့ဘူး ပြိုင်ပွဲပိတ်ဖို့က သိပ်မလိုတော့ဘူးဆိုတော့ ဝင်ပြိုင်မှ ဖြစ်တော့မယ်.......။



ဘာနဲ့ဝင်ပြိုင်မလဲဆိုတော့ကာ.............................................................................................
...................................... ဟုတ်ကဲ့... ဒီပြိုင်ပွဲဖြစ်အောင် စပွန်ဆာ ပေးတဲ့ ကျွန်တော် အိမ်ဆိုတဲ့ ကောင်ဟာ ဆုငွေယူရို၁၀၀ ပေးမယ်ဆိုတာဟာ အမှန်တော့ ကြွားထားတာသာ ဖြစ်ပါကြောင်း................... အခုလောလောဆယ် ဒီလကုန်ထိ စားဖို့တောင် ပိုက်ဆံ မလောက်တော့လို့ ခွက်ဆွဲပြီး လမ်းထွက်တောင်းစားရ ကောင်းမလားတောင် စဉ်းစားနေရပါကြောင်း... အဟီးဟီး......။
ဒါ... ပြိုင်ပွဲဝင်တာနော်.... နောက်ဆုံးနေ့ ကျမှ ဒိုင်တွေ အားလုံး ပေါင်းပြီး ဆုံးဖြတ်ချက်ချမှာပါ.. .. ငှဲငှဲငှဲ... ....။

16 Response to ပြိုင်ပွဲဝင်ခြင်း

2 October 2009 at 23:38

ဟာ ဟ
သိပြီးသား ကိုအိမ်တို့များ လှည့်ပတ်ပြီး ရေးသွားတာ.. အဲ့ဆုကြီး ကိုအိမ်ပဲ ယူလိုက်တော့ သိလား...
အမှတ်ပြည့် ပေးသွားတယ်...
:D

3 October 2009 at 06:22

လကုန်နေပြီလေ ခွက်ဆွဲတုန်းလား။
ဟားဟားဟား

ဒီလိုဆိုတော့လဲ ဒိုင်ကို သနားသောအားဖြင့် ဆုငွေတွေအကန်ုလုံးယူလိုက်တော့နော်။

ခွက်မဆွဲနဲ့ တော့ ။ ခွက်ဆွဲပြီးလိုက်အလှူခံနေရင် ဒီထက်ပိုပြီးထည့်နေရမယ်။

း)

3 October 2009 at 08:06

တိန်.... တော်တေးတယ်....
စက္ကူပေါ်တော့ ယူရို ၁၀၀ လို့ ရေးပြီးပေးနဲ့နော်...

3 October 2009 at 08:21

သနားပါတယ်း) သေချာတယ် ဒါဆို ဆုမရတော့ဘူး အကိုအိမ်ကတော့ အဟေးဟေးး နာရမယ်ထင်တာပဲ ဆုကတော့



လေးစားလျက်
တောင်ပေါ်သား

3 October 2009 at 09:03

တော်သေး ....
တော်တော်နောက်တဲ့လူပဲဗျ ...

3 October 2009 at 09:24

အကြွားပြိုင်ပွဲ မှာ ပထမ ဆုကတော့
ကိုအိမ် ရမှာသေခြာပေါက်ပဲ။ တော်သေးတယ်အချိန်မှီသိရလို့။
နို့မို့ဆိုရင် ဆုမရှိပဲ ပြိုင်ပွဲဝင်မိတော့မလို့
(စောစောစီးစီး သိလိုက်ရတာကံကောင်းလို့ .............)

3 October 2009 at 16:14

ခွက်ဆွဲပြီး တအိမ်တက်ဆင်း တောင်းနေရတာ အချိန်ကြာပါတယ်....ဖုန်စုပ်စက် vacuum နဲ့ သာ စုပ်ယူလိုက်ပါတော့ ကွယ်....

3 October 2009 at 16:58

ဘာသဘောတုန်းးးး အဲဒါဘာသဘောတုန်း

အူကြောင်ကြောင်မလုပ်နဲ့နော် ဒိုင်တွေမျက်နာပျက်အောင် မလုပ်နဲ့ ဒါပဲ။

3 October 2009 at 19:34

တကယ်ပြိုင်ပွဲလုပ်မယ်ဆိုပြီး စောင့်မျှော်ဖတ်မလို့လုပ်တုန်း မနောက်ပါနဲ့ ကိုအိမ်ရေ....:)))

4 October 2009 at 00:10

အဲဒီလောက်ကြီး ကြွားလိုက်တော့ လွင့်တောင်သွားတယ် :)

4 October 2009 at 09:15

သူကဖြင့်လုပ်လိုက်မှဖြင့် မျက်လဲဆန်ပြာ တော်သေး ၀င်မပြိုင်မိသေးလို့အဟီး အမှန်တော့ ကြွားစရာမရှိလို့ ငြိမ်နေတာ ဒါလည်းကြွားတာပဲ နော့း)

4 October 2009 at 21:25

သူ့ကြွားလုံးနဲ့ပဲ သူ့ဆုကို သူ့ပြန်ပေးရတော့မလိုလို.... ဟာဟ.. ကောင်း၏။

4 October 2009 at 22:45

အင်.... ထင်တော့ ထင်သား ...
သူ့အိမ် ငါးအိမ် အကြောင်းရေးတာ ဖတ်ပြီးကတည်းက အကြွားပို့စ်ကို သံသယဖြစ်လို့ နေခဲ့တာ ..
ဒိုင်အဖြစ်တောင် ပါနေရတော့ အတည်ထင်နေတာ ..။
လုပ်ပြီ .. အစကတည်းကမှ ဒိုင်မလုပ်ချင်ပါဘူးဆို ..
ခုတော့ တေပြီဆရာ .. တော်သေးတယ် .. ဒိုင်ဖြစ်ပြီး အကြွားပို့စ်တင်မိရင် ကိုယ့်ကိုယ်ကို ရှက်မှာ သေချာတယ် .. ဟွင်းဟွင်း .. ကိုမြစ်ကျိုးရေ .. ကယ်ပါဦးဂျ ..
သားကို ၀ိုင်းထုတော့မယ် ....

5 October 2009 at 16:15

တော်သေးတာပေါ့နော် စားဖို့လေးကျန်သေးလို့ လကုန်ပြီးပြီဆိုတော့ လစာတော့ထွက်လောက်ပြီပေါ့နော်။ အဆင်ပြေပါစေခင်ဗျာကိုအိမ်ရေ။

5 October 2009 at 16:31

တော်သေးတာပေါ့ ဒေါ်အေးသာကျော့ရယ်။
မပြိုင်ဖြစ်တာ တော်တော်ကံကောင်း။ :)

5 October 2009 at 23:28

ဒိုင်က ၀င်ပြိုင်ခွင့်မရှိဘူးလေ။း))
ဟဟ ခွက်တော့မဆွဲပါနဲ့  ဘလော့အိမ်တကာလှည့် တောင်းရင်ရပါတယ်။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း