Monday, September 21, 2009

အကြွားပြိုင်ပွဲ

41
တိတ်ဆိတ်နေတဲ့ ဘလော့လောကအတွက် ပြိုင်ပွဲလေး တခုလုပ်ပါ့မယ်။ ပြိုင်ပွဲက အကြွားပြိုင်ပွဲပါ။ ယုတ္တိရှိရှိနဲ့ လှလှပပ ကြွားနိင်တဲ့သူကို အမှန်တကယ် ဆုချီးမြှင့်ပါ့မယ်။
ဆုကြေးက ယူရိုငွေ ၁၀၀ ပါ။ဒီပြိုင်ပွဲကို ရုရှားမှကိုအလှတရား ၊ မြန်မာပြည်မှ ကိုအရုပ်ကလေး ၊ စင်္ကာပူမှ ကိုဂျူလိုင်ဒွင်း ၊ ဂျပန်မှ မဝါဝါခိုင်မင်း
ထိုင်ဝမ်မှ ကိုမြစ်ကျိုးအင်း နှင့် ကျနော်က ဒိုင်အဖြစ်ဆောင်ရွက်ပါမှာ ဖြစ်ပါတယ်။ ဆုရရှိတဲ့သူတွေကိုလည်း ဒိုင်လုပ်သူတွေရှိတဲ့ နိင်ငံမှ ရခဲ့လျင် ကျနော်က ဒိုင်တွေမှ တဆင့် ငွေပို့ပေးပါ့မယ်။ တခြားနိင်ငံက ရခဲ့လျှင်ကျနော်က တာဝန်ယူ ပို့ပေးပါ့မယ်။ ဆုအမျိုးအစားက တမျိုးပဲဖြစ်ပါတယ်။ အကောင်းဆုံး ကြွားနိင်တဲ့သူတစ်ဦးသာ ဆုရရှိမှာပါ။



ကျွန်တော် ဒီအကြွားပြိုင်ပွဲလေး လုပ်ချင်နေတာကြာပါပြီ။ လုပ်မယ်.. လုပ်မယ်နဲ့ မလုပ်ဖြစ်တာပါ။ အဓိက ကတော့ ဒီလိုပြိုင်ပွဲလုပ်ဖို့ အတွက် ဆုငွေ လိုအပ်နေတာပါ။ သိပ်များများ စားစားတော့ မဟုတ်ပါဘူး ယူရို၁၀၀ လောက်ပါပဲ။ ဒီငွေအမောင့် ရဖို့ ကျနော် တလကို ၁၀တန်သည်၊ ၂၀တန်သည် စသည်ဖြင့် စုဆောင်းခဲ့ပါတယ်။ အခု ၁၀၀ပြည့်ပြီဆိုတော့ ပြိုင်ပွဲလေး လုပ်လို့ ရပြီပေါ့..။ ပိုက်ဆံစုတာ ၇လတောင်ကြာတယ်ဗျ။ ဘာကြောင့်လဲ ဆိုတော့ စုလိုက် သုံးတဲ့အထဲပါလိုက်၊ စုလိုက် သုံးစရာ မရှိတော့လို့ ယူသုံးလိုက်နဲ့ သံသရာ လည်နေတာ ခုတော့ ရည်မှန်းချက်ပြည့်ပါပြီ။
ဒီပွဲလုပ်ရခြင်း အကြောင်းကတော့ ဘယ်သူမှ မလုပ်ဖူးသေးဘုး သေးတာက တကြောင်း... ဘလော့ဂါ မောင်နှမတွေ ကြားထဲ ထူးထူးခြားခြားနဲ့ အမှတ်တရလေး ဖြစ်သွားအောင်ပါ။နောက်တချက်က ကြွားဝါခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို လူတိုင်းသိရှိ ခံစားစေချင်တဲ့ စိတ်ကြောင့်ပါ။ နောက်တခုက အားလုံး ပျော်ပျော်ရွှင်ရွှင် နဲ့ ဒီပွဲလေးကို ပါဝင်ဆင်နွှဲ စေခြင်းဖြင့် ဆုငွေ ခံစား ရရှိစေချင်တဲ့ စိတ် ကြောင့်ပါပဲ။

(ဆုငွေအဖြစ်ယူရိုငွေ၁၀၀ တိတိပါ။ ခန့်မှန်းခြေအနေနဲ့ အမေရိကန်ဒေါ်လာ ၁၄၇.၀၅၊ ဂျပန်ယန်း ၁၃၄၁၇၊ ရုရှားရူဘီ၄၄၅၀၊ စကာင်္ပူဒေါ်လာ ၂၀၈.၀၃၊ ထိုင်းဘတ် ၄၉၅၆.၂၉၊
မြန်မာငွေကျပ် ၁သိန်းခွဲလောက် ရရှိမှာပါ။) ဒီပြိုင်ပွဲနှင့်ပါတ်သတ်သော စည်းကမ်းချက်များက အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ပြိုင်ပွဲကို ဘလော့ဂါများသာ ပါဝင်ဆင်နွှဲနိုင်ခွင့်ရှိပါသည်။

၃..။ အကြွားပြိုင်ဆိုင်ရာတွင် ယုတ္တိရှိသည်များကိုသာ ကြွားကြပါရန်၊ ယုတ္တိမရှိသည်များကိုထည့်သွင်း
စဉ်းစား မည်မဟုတ်ပါ။ ဥပမာ.. ကျား၁၀ကောင်နဲ့ ယှဉ်ပြိုင်သတ်တာလို ယုတ္တိမရှိသည်များကို လက်မခံပါ။

၎..။ ဘလော့ဂါတဦးကို တကြိမ်သာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ တကြိမ်ထက် ပိုခဲ့လျင် ပထမဦးဆုံး ကြွားထားတာကိုပဲ ထည့်သွင်း စဉ်းစားပါမယ်။

၅..။ ပြိုင်ပွဲ စတင် ကျင်းပသည့် နေ့မှစ၍ ၁၅ ရက် အတွင်းသာ လက်ခံ စဉ်းစားပါမည်။

၆...။ ဆုရရှိသူကို တဦးတည်းရွေးချယ်မှာ ဖြစ်ပါသောကြောင့် ဒုတိယ၊ တတိယမပါဝင်ပါ။ နှစ်သိမ့်ဆု အဖြစ် ယူရိုငွေ၂၀ချီးမြှင့်ပါမည်။ တဦးတည်းသာရွေးချယ်ပါမည်။

၇..။ ဒိုင်နှင့် ကိုယ်စားလှယ် လုပ်သူများပါ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ ကျနော်ကိုယ်တိုင်လဲ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမှာပါ။


ဂ...။ပါဝင်ယှဉ်ပြိုင်သူသည် မိမိရေးထားသော အကြွား ပို့စ်အား (အီးမေးလ်) သို့ ပေးပို့ပေးပါရန် (သို့မဟုတ်) ကွန်မန့်တွင် ရေးသားရန်၊။eainhome@gmail.com

၉.....။ပြိုင်ပွဲစတင်သည့်နေ့တွင် အကောင်းဆုံးကြွားနိင်သူအား ဘလော့ဂါများပါဝင်ပြီး မဲပေးခွင့်ရှိပါသည်။ တကြိမ်သာ မဲပေးခွင့်ရှိပါသည်။ ရရှိသောမဲအရေအတွက်နှင့် ဒိုင်လုပ်သူများရဲ့ ပေးသောအမှတ်ပေါ်မူတည်ပြီး ဆုရရှိသူကြေငြာပါမည်။

၁၀....။စာလုံးရေ ကျစ်ကျစ်လစ်လစ် နှင့် ကိုယ်ပိုင် စုစာများဖြစ်ရပါမည်။စာအုပ်စာပေထဲမှ မှီငြမ်းခြင်းများအား လက်ခံမည် မဟုတ်ပါ။
၁၁..။ မိမိကိုယ်ကို မဲပေးခွင့်မရှိပါ။


ကဲ... ပွဲလေး စလိုက်ကြရအောင်...လားဗျာ...။


41 Response to အကြွားပြိုင်ပွဲ

21 September 2009 at 19:24

မိုက်တယ်ဗျ
ဒီအစီစဉ်လေး ကြိုက်တယ်
ဒါပေမဲ့ ကျနော် ကြွားတတ်ဘူး
အားပေးမယ်နော်
ရလားတိုအိမ် ;)

21 September 2009 at 19:25

ပထမတစ်ခုက စာလုံးပေါင်းမှားသွားလို့ ဒလိ လုပ်လိုက်တာနော် ဆောဒီး :D

21 September 2009 at 19:30

ဟမ်းးး အိမ်တို့ကတော့ လုပ်ပြီ။
မေးလ်က အခုမှဖတ်ရတာ.အဲဒီအကောင့် မဖွင့်ဖြစ်လို့။
ဒိုင်လူကြီးလုပ်ပေးဆိုတော့လည်း လုပ်ပေးရတာပေါ့
ကွယ်။ဘာမှန်းတော့ နားမလည်သေးဘူး။း)
အလှတရားကို ဒိုင်ချုပ် ၊
ဇူလိုင်ဒရင်းကို ဒုတိယဒိုင်ချုပ်သာခန့်လိုက်.....
ပွဲပျက်ပြီမှတ်. အဟက်

21 September 2009 at 20:03

ယန်း ၁၃၀၀၀ တောင် ရမှာ.
ဘယ်သူမှ မပြိုင်သေးရင် တို့အရင်ပြိုင်မယ်ဗျို့။ :D

အင်း အဲ....
အဲလိုလုပ်ပါ။ စောစောက စည်းကမ်းချက်ဖတ်ပြီး ကြက်သီးထနေတာ.. ခုမှ ဆင်ဆာလွတ်တယ်.

21 September 2009 at 20:07

အစ်မ၀ါ ပြောတာ မှန်၏ .... ဖတ်ပြီး လန့်နေတာ..
ခုတော့ တော်သေး၏ ... အားလုံးပါဝင် ပျော်ရွှင်နိုင်ကြပါစေ ..။

21 September 2009 at 20:31

ဒီပြိုင်ပွဲလေးကောင်းပါတယ်။ အားပေးမယ်နော် :)

21 September 2009 at 20:46

တို့ကနေ့တိုင်းကြွားနေတာ............

21 September 2009 at 20:51

အိမ်ရဲ့ အကြွားပို့စ်ကို ပြိုင်ပွဲစပြီး ၅ ရက်အတွင်း တင်ပါ.မတင်နိုင်ရင် ဒိုင်အဖြစ်က ကိုယ့်ဖာသာကိုယ် အရင်ဆုံးနှုတ်ထွက်ပါ..ဒါပဲ..

21 September 2009 at 20:56

ဆောရီးဗျာ ကိုယ်ပိုင်လေယာဉ်ဘီးပေါက်နေလို့ နောက်ကျသွားတယ်။ ကဲမြှောက်ပေးတဲ့ လူကမြှောက်ပေးနေပြီ။ ပြိုင်ကြပါဗျို့။

ပြိုင်မဲ့လူမရှိရင်တော့ ဒိုင်စားမယ်။

:P
21 September 2009 at 21:00

ကပျာကယာ ဘလော့ဂ်တစ်ခု ထ ထောင်ရကောင်းမလား.......

21 September 2009 at 21:39

လုပ်စရာမရှိ အကြွားပြိုင်ပွဲတယ် ကဲ ကြွားတယ်ကွာ ကြွားတယ် ဟိုနေ့ကလေ ဟိုလို လုပ်လိုက်တာ ဟိုလို ဖြစ်သွားတာ ဟိုဟာလေးတွေ အများကြီး ရလိုက်ပေါ့း))


လေးစားလျက်
တောင်ပေါ်သား

21 September 2009 at 22:10

မီးလေးက ကြွားတတ်ဝူးရှင့်... အားပေးမယ်နော်...

21 September 2009 at 22:11

မီးလေးက ကြွားတတ်ဝူးရှင့်... အားပေးမယ်နော်...

.
21 September 2009 at 22:17

စိတ်ကူးလေးး အရမ်းကောင်းပါတယ် ဗျာ ..


အကုန်လုံးကို ပျော်ရွှင်စေချင်တဲ့ အကိုအိမ် လည်းအမြဲပျော်ရွှင်ပါစေဗျာ ....

:)

21 September 2009 at 22:28

ဟားဟား...
ဆုကြေးက တစ်ကယ့်စွဲမက်ဖွယ်ပါပဲ
ကြွားနည်း ကြွားဟန်တွေကိုတက်မြောက်ဖို့
မမကြွားကြွားတွေဆီမှာ
အနီးကပ်ရက်တိုသင်တန်းသွားတတ်လိုက်ဦး
မယ်...
ကျူရှင်အမြန်အလိုရှိသည်။
ဆုရပါက တစ်ဝက်ကိုခွဲပေးပါမည်... :)

21 September 2009 at 22:54

ပျော်စရာပွဲလေး တစ်ခု ကို
ကြည့်ချင်တရ်ဗျာ ကိုအိမ်ရာ
ပထမ ရတဲ့ ပို့ စ် နဲ့ 
နှစ်သိမ့်ဆု ရတဲ့ ပို့ စ် ၂ခုကို
ကို အိမ့်ဘလော့ဂ် မှာ
တင်ပေးလို့ ရလား
ဖတ်ချင်တယ်
ဘယ်လိုလေးတွေကြွားထားကြလဲလို့ 
စောင့်ဖတ်နေမယ် ဗျာ

ခင်တဲ့
ဝသန်မိုး

21 September 2009 at 23:47

အော် ကဲ ဘီလိုလုပ်ရမီတုံး အကြွားပြိုင်ပွဲကို ဝင် မပါနဲ့လို့ ကိုကို Rain က ပြောတယ် သိလား ဆုရသွားရင် တောင် အဲဒီပိုက်ဆံက သူ့ ဖိနပ်ဖိုးတောင် မရှိဘူးတဲ့ ကဲ အိမ်ရေ ဘယ်လိုလုပ်ရမလဲ ပြောဦးဟ ငါ ဝင် ပြိုင်ချင်တယ် ဟီးးးးးးးးးး

22 September 2009 at 00:41

ဟိဟိ ပျော်စရာကြီးနေမယ်နော်။

22 September 2009 at 03:56

ဟဟလုပ်ချလိုက်ပီအကိုအိမ်ကတော့..ဆုငွေကတော့မဆိုးဘူးဂျ...မကြွားတက်တာကခက်တယ်

22 September 2009 at 06:56

ပျော်စရာကြီးနော်။

22 September 2009 at 08:18

အစီအစဉ်လေးကကောင်းသော်လည်း
မကြွားတတ်သူအတွက်တော့ 
ခက်နေ၏ :)
ဒီတော့  ပွဲကြည့်ပရိတ်သတ်ပဲလုပ်တော့ မယ်နော်

ခင်မင်စွာဖြင့်

ပန်းခင်းလေး

22 September 2009 at 12:04

ဂယ်ဂျီးပေါ့။ ဆြာဂျီးတွေ ပြိုင်တဲ့ ပွဲ။ တားတား ပါတော့ဝူး။

22 September 2009 at 12:47

အင်း.....၀င် ပြိုင်ရင်ကောင်းမလား.... ဘယ်သူ့ ဆီမှာ သင်တန်းတတ်ရပါ့မလဲ.... ငှဲငှဲ...း))

22 September 2009 at 14:55

အိုး ဘလော့ဂါ အပေါင်းတို့ 
အကျွန်ုပ်လည်း ပါဝင် ပါ့မယ်

22 September 2009 at 16:59

ကြွားရချည်သေးရဲ့ :P

22 September 2009 at 17:47

ကိုလူထွေး ဒီပိုစ့်နဲ့ ပြိုင်ပွဲဝင်ပါတယ်...းD

http://koluuhtwe.blogspot.com/2009/09/tag-post.html

းဝ)

22 September 2009 at 19:14

ကဲပြိုင်တော့မယ် ဒိုင်လူကြီးတို့ရေ...မနက်ဖြန်သန်ဘက် မေးလ်ပို့လိုက်မည်ဗျ။ဟဟဟ

ပုံ
ကျော်ညိုသွေး
မြန်မာ့နာမည်ကြီး အနုပညာ ဆိုင်ရာ လျှမ်းလျှမ်းတောက်ဘလောဂ့်ဖြစ်သော
http://mrguiter.myanmarbloggers.info မှ။

22 September 2009 at 20:47

ဘုရားရေ

အိမ်တို့ ကတော့ လုပ်ချလိုက်ပြန်ပြီ။ အမျိုးမျိုးကို ထွင်နေတာဘဲ။

ဘယ်နားကစကြွားရမလဲ ပြန်သင်ပေး

22 September 2009 at 22:57

ကိုအိမ်ရေ အမှတ်မထင်ရောက်လာတာ ပြိုင်ပွဲလေးကိုစိတ်
ဝင်စားသွားပြီ အနော်လဲ ၀င်ပြိုင်ပြီနော် ရတယ်မလား
အကြောင်းပြန်ပါဦး.....

23 September 2009 at 03:08

ကိုအိမ်...


အကြွားပြိုင်ပွဲ ဝင်ဖို့ ခဏခဏ ဖိတ်ခေါ်လာတော့ အားနာတယ်ဗျာ... ကျနော် က မနက်ည အလုပ်လုပ်နေရတယ်လေ... လုပ်ငန်းကြီးတစ်ခုကိုထူထောင်ထားတယ်ဆိုတော့ကာ ဗျာ.. ခင်ဗျားလို အားအားယာားယား မရှိတာ အမှန်ဗျ... မိုးလင်းရင် ကော်ဖီသောက်ချိန်တောင်ရတာ မဟုတ်ဘူး ... ကျနော့်လက်မှတ်ယူဖို့ စောင့်နေကြတာဗျာ... ကျနော်လက်မှတ်ရမှ ဘဏ်ပြေးသူက ပြေး.. ငွေထုတ်သူက ထုတ်လေ.. အဲလေ.. ဒါတွေ ပြောဖို့အချိန်မရှိပါဘူးဗျာ.. ခင်ဗျားကို အားနာလို့ ပို့လေးဖတ်လိုက်တော့ ခင်ဗျားက အကြွားပြိုင်ပွဲကို တက်ကြွစွာ ပါဝင်ဆင်နွဲဖို့ ဖိတ်ခေါ်ထားတဲ့ပိုစ့်လေးဖြစ်နေပြန်တယ်.. ဖတ်ပြီးတော့ဗျာ... ခင်ဗျားကို အရမ်းသနားတယ်.. ဒီပိုစ့်လေးဖြစ်ဖို့ ယူရို တစ်ရာကို နေစု ညစုနဲ့ ခင်ဗျားဘဝလေးကို တော်တော်လေး သနားမိတယ်ဗျာ.. ခင်ဗျားဗျာ အချင်းချင်းပဲ.. ကိုဖိုးစိန် ကျနော့်ကို ငွေလေးမစပါ ဆိုရင် ကျနော် က အချိန်မရွေးပါဗျာ.. ဟုတ်ဖူးလား.. ကဲပါလေ... ထားပါ... ကျနော်ကိုကြွားခိုင်းတယ်ဆိုတော့ ကျနော် နိုင်ရင် ရမယ့်ပိုက်ဆံနဲ့ ကျနော့် ရှိတဲ့စည်းစိမ်တွေကို ကြွား၇တာ မတန်ဘူးဗျာ.. ရမှာက ယူရိုတစ်ရာဗျာ.. ကျနော့် ဘိုးဘွားမိဘ လက်ထက်က အိမ်ကြီးတစ်လုံးရှိတာ.. မိဘ လက်ထက်ပွားမှာ အိမ်က မောင်နှမသုံးယောက်ရှိတော့ ငါးလုံးဖြစ်လာတာ... အိမ်မှာဗျာ ဆယ်ဘီးကား ၉ စီးက အထက်အောက် ကုန်ကူးရင်းစီးပွားရှာနေတာ.. အဖေဘယ်သူ ကျနော်ဘယ်သူဆိုတာ မော်လမြိုင်တခွင် .. ရန်ကုန်တခွင်..အကုန်သိနေတော့ ဒီကိုပဲ ကြွားလုံးထုတ်ရင် ကျနော်သိက္ခာ ကျရာရောက်မှာပေါ့ဗျာ.. ရမှာက ယူရိုတစ်ရာလေ.. ကျနော်ပိုင်ဆိုင်သမျှ ငွေကြေးနဲ့နှိုင်းယှဉ်ရင် ဒီပိုက်ဆံလေးက မနက်လက်ဘက်ရည်ဖိုးတောင်မရှိဘူးဖြစ်နေတော့ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့ဆိုတာ ကျနော့်သိက္ခာ တရားအရ စဉ်းစားရမယ်... ဒါကြောင့် ကော့မန့် ရေးတာတောင်စဉ်းစားရတယ်.. ခုတစ်လော ကျနော်ကို ချမ်းသာသာကြောင့်လား... ကျနော့်နာမည် သုံးချင်နေလို့လားမသိဘူးဗျာ... ထုတ်ဝေသူတွေက ကျနော့်နောက်လိုက်နေတာ.. ကျနော်ရေးတဲ့စာတစ်ကြောင်းကိုပဲ သောင်းချီပေးနေကြတာလေ... အဲဒါကြောင့် ကျနော် စဉ်းစားချင့်ချိန်ပြီးရေးရတယ်လေ... မကောင်းဘူးလေ.. ထုတ်ဝေသူပေးတဲ့ ပိုက်ဆံက ဘယ်လောက်မှမဟုတ်ပါဘူး... ကျနော်ရေးတဲ့ စာတစ်ကြောင်းက စာဖတ်သူအတုယူမမှာစေချင်ဘူးလေ...ကဲပါလေ... ခုတော့ ညီအကိုလို ခင်မင်မှုအရ ခင်ဗျားရဲ့ တောင်းဆိုမှုတွေကို လိုက်လျှော လိုက်ပါတယ်.. နောက်ဆိုလိုတာရှိ ဖုန်းခေါ်လိုက်လေ... အကူအညီဆိုတာ ကျနော်အဖို့ အချိန်မရွေးပေးနိုင်ပါတယ်... ဒီလောက်ဆိုသဘောပေါက်ပါဗျာ... အော်.. နေပါအုံး... ကျနော် အရင်တုန်းက ပိုစ့်တစ်ခုကို ရေးဖူးတယ် အရမ်းပေါက်တယ်ဗျာ... အဲဒါအကိုအိမ် သိအောင်ဖတ်လိုက်ပါအုံးလေ... ကြွားတတ်တာမဟုတ်ပေမယ့် ကြွားခဲ့ဖူးတာလေးပါဗျာ... ခင်ဗျာအဆင်ပြေပါစေ...

http://phoesein.blogspot.com/2009/07/blog-post_20.html ဒီပိုစ့်လေးရေးဖူးပါတယ်..

ဒါကလဲ ထုတ်ဝေသူတွေ အငမ်းမရ လိုက်ပေမယ့် မရောင်းခဲ့ပါဘူး.. ဘလော့စာဖတ်သူတွေကိုစေတနာထားလိုက်တာပါ...

အကြွားပြိုင်ပွဲ ဝင်ဖို့ဆိုတာက ကျနော်မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းလေး ကြွားသွားပါတယ်နော်


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Anonymous
23 September 2009 at 14:52

ကိုဖိုးစိန်.. ကိုယ့်စကား ကိုယ်မှတ်ထားနော်... ဟဲဟဲဟဲ

25 September 2009 at 03:09

သူများကြွားတာကို လိုက်ဖတ်မယ်။ လောလောဆယ် ဒိုင်အရင်ကြွားပြပါ။ :)) ကောင်းလိုက်တဲ့ ပွဲလေး။ စိတ်ဝင်စားတယ်ဗျို့

JJ
25 September 2009 at 17:31

အစကတော့ သူ့ကို အပျော်သဘောအနေနဲ့ပဲ သဘောထားခဲ့တာပါ။ သူ့ဘက်က အရမ်းကြီးလေးနက်လာပြီး ကိုယ်မှကိုယ်။ ကိုယ်သာလျှင်သူ့ဘဝရဲ့ အရှင်သခင်၊ သူ့အသည်းနှလုံးရဲ့ ဧကရီ ဘုရင်မ၊ သူ့ရဲ့ကိုးကွယ်ရာ ဖြစ်လာရတော့ ကိုယ်ဘာတတ်နိုင်တော့မှာလဲကွယ်။ သူထားခဲ့သမျှ ရည်းစားတွေ၊ အပျော်တွဲခဲ့သမျှတွေကို အကုန် အဆက်အသွယ်ဖြတ်လိုက်တာကလည်း အပြောမဟုတ်၊ လက်တွေ့ဆိုတော့၊ ကိုယ်ကလည်း နဂိုကမှ ရုပ်အဆင်းလှသလို အသည်းဖြူအူစင်း၊ နှလုံးသားမာကျောတဲ့သူမဟုတ်လေတော့လည်း သနားမိတာတော့အမှန်ပါ။ ချစ်၊ မချစ်ကတော့ သေချာစဉ်းစားရအုန်းမယ်။ တဘဝလုံးအရေးမဟုတ်လား။ ဒယ်ဒီ၊ မာမီတို့ကတော့ သူ့ကို လုံးဝ အဖက်မလုပ်ဘူး။ သဘောလည်း လုံးဝ မတူဘူးလေ။ မတူလည်း မတူစရာကိုးလေ။ သူပေးတာတွေကို ကိုယ်လက်ခံနေတာ ကိုလည်းလုံးဝ မကြိုက်ဘူး။ တကယ်တော့ ကိုယ်ကလည်း တသက်လုံးသူများတကာကို အနိုင်ကျင့်လာတဲ့ သူ့ ကို ဒုက္ခ ပေးချင်လို့ပါ။

သွားစရာရှိရင် လေကြောင်း၊ ရေကြောင်း၊ မြေကြောင်း အရာရာကို အကောင်းဆုံးနေရာကနေ အဆင်သင့်။ ကမ္ဘာတပတ် ဘယ်နေရာသွားချင်တယ်ပဲပြောလိုက်။

စားစရာဆို ”မ” ဂျပ်(စ်)နိမ်း(မ)အစ် ဆိုပြီး ဘာမဆို၊ ဘယ်နေရာကမဆို သူကိုယ်တိုင်ရအောင်ယူပေး၊ ဝတ်ချင်တာမှန်သမျှ မရဘူးမရှိစေရ။ ဘာဘရန်း၊ ဘယ်ဒီဇိုင်နာ ပဲပြော။ နောက်နေ့အသင့်။ ဟိုတလောကတောင် စုဖုရားလတ် ဝတ်ခဲ့တဲ့ အင်္ကျီဝတ်ချင်တယ်လို့နောက်မိတာ နောက်နေ့ရောက်လာရောလေ။ ဧည့်ခန်းထဲကသဉ္ဖာလီလည်း ပြန်ထားလိုက်လို့ပြောရအုန်းမယ်။ မဟုတ်ရင် ကိုယ်ကစမ်းသပ်လိုက်၊ သူကယူလာပေးလိုက်နဲ့ ပြည်သူတွေကြည့်စရာ ဘာမှမကျန်ဘဲနေလိမ့်မယ်။

နေစရာအိမ်ဆိုလည်း သာကေတက ကိုယ့်အိမ်ကို မနေနဲ့တော့ဆိုပြီး မြန်မာပြည်အရပ်ရပ်က ရှိ ရှိသမျှမြို့ရွာတွေက ကောင်းပေ့ဆိုတဲ့နေရာတိုင်းမှာ အလှဆုံး၊ အဆန်းဆုံး၊ အခမ်းနားဆုံး အိမ်တွေကို အထိမ်းအမှတ်နေ့ ခေါင်းစဉ်တွေအမျိုးမျိုးတပ်ပြီး လက်ဆောင်ပေးရတာအမော။ ဒါပေမယ့် သိတယ်ဟုတ်၊ သူအလကားမတ်တင်းနဲ့ ရ ထားတဲ့ အဲဒါတွေ တခုမှကို မလိုချင်ဘူး၊ သူကိုယ်တိုင်ဆောက်ပေးတာပဲလိုချင်တယ်လို့ ပြောလိုက်တော့ ဖြစ်ရစေမယ်တဲ့လေ။ ပြီးတော့ နှစ် နှစ်လောက်ပျောက်သွားတယ်။

ကိုယ်လဲ ပြောပြီး၊ ပြီးပြီးပျောက်ပျောက် နေလာလိုက်တာ သာကေတက ကိုယ်တို့အိမ်မှာ အိမ်သာအသစ်ပြင်ဆောက်ဖို့ ရာနေတုန်း သူရောက်လာတယ်။ သူပျောက်နေတဲ့ နှစ် နှစ်အတွင်း ကိုယ့်ကိုစိတ်မချလို့ ထား ထားတဲ့ သူ့ ဘက်(စ်)မန်းတွေက သတင်းပေးလိုက်တာလေ။ ကိုယ်လဲ တော်တော်စိတ်ဆိုးသွားတယ်။ ဟုတ်တယ်လေ။ ကိုယ့်ဘာသသာကိုယ် လွတ်လွတ်လပ်လပ်မနေရဘူးပေါ့။ စဉ်းစားကြည့်ကြပါအုန်း။ ဒါနဲ့ကိုယ်လဲ သူ့ကို လုံးဝ ဂရုမစိုက်တော့ပဲ စာအုပ်ဖတ်နေလိုက်တယ်။ တော်တော်လေးကြာတော့ ခြံနောက်က တဒုန်းဒုန်း တဒိုင်းဒိုင်း အသံတွေကြားတာနဲ့ ကိုယ်လည်း ထွက်ကြည့်ရော

လားးးးးးးးးးးး လားးးးးးးးးးးးးး ကိုယ်တော်လေးရယ်လေ၊ ခေါ်ထားတဲ့ အလုပ်သမားတွေကိုမစောင့်ပဲ အိမ်သာကို သူကိုယ်တိုင်ဆောက်နေတာ တော်တော်တောင်ပြီးနေပါရောလား။ အမယ် ဒါတောင်လှမ်းပြောလိုက်သေးတယ်။ ကျွင်းတောင်တူးပြီးသားမိုလို့တဲ့။ ကိုယ်လည်း တော်တော်သနားသွားတယ်။ နေပူကြီးထဲမှာ ကိုယ်စိတ်ဆိုးသွားလို့ စိတ်ပြေပါစေတော့ဆိုပြီး လုပ်ပေးရှာတဲ့သူ့ကို ကိုယ်လေ တော်တော်လေးတော့ သနားသွားတယ်။ အလုပ်ပြီးလို့ သူအိမ်ပေါ်ပြန်တက်လာတော့ ပြောရှာတယ်။ တကယ်တော့ သူက ကိုယ့်အတွက် အရမ်းကြီးကျယ် ခမ်းနား တဲ့ အဆောက်အအုံ မျိုးကို ကိုယ်တိုင်ကိုယ်ကျ ဆောက်ပေးချင်လို့ ကမ္ဘာ့ အကောင်းဆုံး ကျောင်းမှာ သွားတက်နေတာပါတဲ့။ ကိုယ်လဲ အဲဒီတော့မှ သူ့ဖိုးဖိုး ကိုယ်တိုင်အိမ်ကိုလာပြီး ပေးသွားတဲ့ လက်ဆောင်တွေနဲ့ ကျေးဇူးတင်ကြောင်းသဝဏ်လွှာ အကြောင်းကို သဘောပေါက်တော့တယ်။ ကိုယ့်ကြောင်၊့ ကိုယ်သူ့ကိုလူရာသွင်းပြီးဆက်ဆံတာကြောင့် သူ့မြေး နဲနဲပါးပါး တော်လာလို့နေမှာပေါ့။ ကိုယ်နဲ့တောင်မတွေ့လိုက်ပါဘူး။ အိမ်ကကောင်မလေးကပဲ အိမ်မှာဘယ်သူမှမရှိတာနဲ့ခြံဝထွက်ပြီး ယူထားလိုက်တယ်လေ။ ဒယ်ဒီ၊ မာမီ တို့နဲ့သာတွေ့ရင် မောင်းထုတ်ခံရမှာ။

ကိုယ်လည်း ကိုယ့်အပေါ်ထားတဲ့ သူ့သဘောထားအမှန်တွေကို သိလာပြီ၊ ၂၀၁၀ လည်းနီးလာပြီ ဆိုတော့ မချစ်သော်လည်းအောင့်ကာနမ်း၊ သူ့ကို ကိုယ် လက်ခံလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်မိတယ်။ ကိုယ့်ကို အရမ်း ရူးသွပ် မြတ်နိုး တန်ဖိုးထား လေးစား အလေးထားတဲ့သူဆိုတော့ သူရွေးကောက်ပွဲမဝင်ဖို့ ကို ကိုယ်တားနိုင်လောက်ပါရဲ့လေ။ အမိမြန်မာပြည်ကြီးကို ကိုယ်တတ်နိုင်တဲ့ဖက်ကနေပြီး ရသလောက်လေးကယ်တင်ကြည့်တာပါ။

26 September 2009 at 01:54

အစ်ကို မရောက်တာကြာပေါ့ အကြွားပြိုင်ပွဲ ဝင်ပြီးကြွားရရင် ကြားရသူတွေ မနာလို ဖြစ်ကုန် မယ်ဗျ မကြွားတော့ပါဘူး ကမ်ပဏီ ကိစ္စ တွေကလည်း အများသား ဆိုတော့ ဟဲဟဲ ..... လေးစားလျှက်
ရန်ကုန်သား :))

26 September 2009 at 12:04

ပြောပြရင် ကြွားတယ်ထင်ဦးမယ်... အဟိ ပြောတော့ဘူး... :P

26 September 2009 at 20:40

ဒိုင်စားရမလားလို့ လာချောင်းသွားတယ်.း)

28 September 2009 at 19:58

ဟိုက်ရှားဘား
ငါ့အကိုတော့ လုပ်ပြီ။ အချင်းချင်းတွေ ကြွားခိုင်းနေပြန်ပြီ။ ယုတ္တိရှိရှိကြွားရမယ်ဆိုတော့ အပြစ်ပြောစရာ မှဲ့တစ်ပေါက်မရှိတဲ့ ကိုယ့်ရုပ်ကိုယ့်ရည်အကြောင်းပဲ ရေးရတော့မယ်ထင်ရဲ့။ ဒါမှမဟုတ် မျိုးနဲ့ရိုးနဲ့ ကျိကျိတက် (သွားကြိတ်တာမဟုတ်) ချမ်းသာနေမိတာလေးကို ရေးချလိုက်ရကောင်းမလား။ ညနေရုံးဆင်းတိုင်း ကားပေါ်မှာ ကောင်မလေးတွေက မျက်စဝိုင်းပစ်ကြတာ ရေးရကောင်းမလား။ မဖြစ်သေးပါဘူး၊
ချရေးနေရင်လည်း ယုံကြမှာမဟုတ်တဲ့အတူတူ
မရေးတော့ပါဘူးလေ။

:P

29 September 2009 at 02:26

အွန်လိုင်း အကြွားကျူရှင် တက်ချင်တယ် ဘယ်မှာ စာရင်းပေးရမလဲ

း-)

29 September 2009 at 14:50

ဟာသရယ်လို့ ရေးထားတာမဟုတ်ပေမယ့် ကြွားထားတဲ့အကြောင်းအရာမို့ အောက်ကပို့စ်နဲ့ပဲ ၀င်ပြိုင်တယ်။ ဒိုင်လူကြီးတွေ ခေါင်းစားအောင်ဝင်နှောင့်တာ :D

http://chanye-chanye.blogspot.com/2009/09/blog-post_28.html

30 September 2009 at 13:22

စိတ်ဝင်စားတယ်ဗျို့။ ဒီညမအိပ်ပဲ စဥ်းစားလိုက်ဦးမယ်။ ဘယ်လိုကြွားရမယ်ဆိုတာလေ။မကြွားတတ်တာအခက်ဗျ။

6 October 2009 at 18:39

ကြိုဆိုတယ်ဗျာ ဒီပြိုင်ပွဲလေးကို
အကောင်အထည်ဖော်ပေးတဲ့သူကိုလဲကျေးဇူးတင်ပါတယ်
လောလောဆယ်တော့ဘာမှစဉ်းစားလို့မရလို့ မပြိုင်တော့ပဲ ဝင်ဖတ်ပြီး မဲပေးသွားပါတယ်
ကျွန်တော်ကြိုက်တာကတော့ ( အဖြူရောင်ညီမလေး )ရေးတဲ့ ( "ကျွန်မရဲ့ သမုဒ္ဒရာအသည်းနှလုံး" ) ကို အကြိုက်ဆုံးပါ။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း