Friday, September 18, 2009

ကားမောင်း လိုင်စင်

15
ခုတလောတော့ မအားဘူးဗျာ.... လိုင်စင်ဖြေဖို့ စာကျက်နေရတယ်။ ကျောင်းလဲ သွားနေရတယ်။သွားသာ သွားနေရတာပါ သူတို့စကားနဲ့ သင်တဲ့ကျောင်းဆိုတော့ တလုံးမှကိုနားမလည်ဘူး။ အင်္ဂလိပ်လို သင်တဲ့ကျောင်းတော့ ရှိပါရဲ့ ကိုယ်နေတဲ့ နေရာနဲ့ အဝေးကြီးမှာဆိုတော့ သွားတက်ဖို့က မဖြစ်နိုင်ဘူး.... ဒါပေမဲ့ ကံကောင်းတာက ကိုယ်ကိုင်ထားတဲ့ စာအုပ်က အင်္ဂလိပ်လို ဆိုတော့ ဒီစာအုပ်ပဲ အားကိုးရတာပေါ့ဗျာ။ ဒီတော့ ရှိတဲ့ ကျောင်းပဲ နားလည်တာ၊ မလည်တာ အပထား နေ့တိုင်း ၂နာရီလောက်တော့ သွားအချိန်ဖြုန်းပြီး ကောင်းမလေးတွေ သွားငမ်းရတာ တခုတော့ အကျိုးရှိတယ်ပေါ့ဗျာ.. ဟီး။



ဒါနဲ့ မသိသေးသူများ သိသွားအောင် ဗဟုသုတပေါ့ ပြောပြမယ်..။ ဒီလိုဗျ သူတို့ကလဲ အချဉ်တော့မဟုတ်ဘူး လိုင်စင်လေးရဖို့ အတွက် အရင်ဆုံး ဘဏ်မှာ ပိုက်ဆံသွင်းရတယ်၊ ပြီးရင် မျက်စေ့စစ်ဆေးရတယ်၊ ပြီးတော့ ရုတ်တရက် သေနိုင်တဲ့ရောဂါ ရှိမရှိစစ်တယ်၊ နှလုံးရောဂါလိုမျိုးပေါ့ဗျာ။ ပြီးတော့ ရဲစခန်းမှာ သွားပြီး လက်မှတ်ထိုးရတယ်။ မြန်တာတော့ ဘာမြန်သလဲ မမေးနဲ့ ၁နာရီတောင် မကြာဘူး။ ဒါတွေပြီးစီးဖို့ လုပ်ရတဲ့ စာရွက်စာတမ်းကလဲ မနဲဘူးဗျ၊ ဘာတွေမှန်းတော့ မသိဘူး ရှုပ်နေတာပဲ...။ ရွာနဲ့များ ကွာပါ့...။

လိုင်စင်တခါဖြေဖို့ မေးမဲ့ မေးခွန်းက မေးခွန်းပေါင်း ၁၃၆၅ခု တိတိရှိတယ်။ အဲဒီထဲကမှ အခု၃၀ကို ရွေးပြီးမေးမှာ တခုမှားရင် လက်ခံတယ် တခုထက်ပိုရင်တော့ တစ်ကနေပြန်စပေါ့။ ဒီမေးခွန်းတွေ ဖြေနိုင်ဖို့ ကျောင်း သီးသန့်ရှိတယ်။ သူတို့က ဖြေပုံဖြေနည်းတွေ ရှင်းပြတာပေါ့နော်...။ ဒီလောက်ပါပဲ ကျနော်ကလဲ ဒါမျိုးဆို သိတယ် မဟုတ်လား မြန်မာ လူမျိုးဆိုတော့ အကျင့်လေးက ပါနေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့။ ဆရာတွေနဲ့ ပေါင်းပြီး မေးနိုင်တဲ့ မေးခွန်းလေး ဘာလေးများ ပြောမလားလို့ ဆရာတွေကို ကော်ဖီဝယ်တိုက်ဘာညာနဲ့ လုပ်ကြည့်တာ ရပါဘူးဗျာ။ ဖြေရမှာက ကွန်ပျူတာနဲ့ ဖြေရမှာတဲ့ မေးခွန်းတွေက သူမေးချင်တာတွေ မေးတာတဲ့၊ ဒါပေမဲ့ ဒီမေးခွန်းပေါင်း ၁၃၆၅ခုထဲကပဲမေးတာပါ။ ဒီတော့ ကိုယ့်အနေနဲ့ ကိုယ်နဲ့ အတူတူဖြေမဲ့သူ ဆီကလဲ ခိုးကြည့်ပြီး ဖြေဖို့ ဆိုတာလဲ မဖြစ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ တဦးနဲ့ တဦး မေးတာခြင်းက တူချင်မှတူတာ လုံးဝ တူတယ်ဆိုတာ မရှိဘူးတဲ့၊ တူနေလဲ တခုစ၊ နှစ်ခုစပဲဆိုတော့ သေပြီ ဆရာပေါ့။ ဘယ်လိုမှ ဘတ်မရဘူး ကော်ဖီဖိုးသာ ဆုံးသွားတယ် နောက်ဆုံးတော့ ကိုယ့်အား ကိုယ်ကိုးရတာပါပဲ။

ကျနော်ဒီမှာ သူတို့ လိုင်စင်မရှိပဲ ကားမောင်းလာတာ ၈နှစ်ရှိပြီ ဘာမှမသိဘူး။ ဘယ်ရဲမှလဲ မဖမ်းဘူး။ တခါတော့ အဖမ်းခံရဖူးတယ်။ ညဘက်ကြီးမှာ လမ်းပြောင်းပြန်မောင်းတာ မိသွားလို့ အဟီး....။ မိတော့ ကျနော့်မှာ ရှိတဲ့ ရွာက အင်တာနေရှင်နယ် လိုင်စင်ပြတော့ မရဘူးတဲ့။ မင်းဘယ်နိုင်ငံကလဲ၊ ဘာလဲနဲ့မေးတာ အစုံပဲ။ ကျနော်လဲ မြန်မာလို့ ပြောလဲ မသိဘူး၊ ဗားမားပြောလဲ နားမလည်ဘူး၊ သူတို့လူမျိုးတွေ အသိများတဲ့ ဘုမာ လို့ပြောလဲ မသိဘူး...နောက်ဆုံး ဘယ်လောက်ထိလဲဆို့ရင် ရဲက သူကျနော့်ကို ဘာကြောင့် ဖမ်းလဲဆိုတာ မေ့သွားပြီး သူ့ဆီမှာ ရှိတဲ့ မြေပုံနဲ့ ကျနော့်နိုင်ငံကို ပြခိုင်းလို့ မှောင်းကြီးမဲကြီးထဲ ပြရသေးတယ်။ ခက်နေတာက ချီးနား(သူတို့က ချိုင်းနားလို့ မခေါ်ပါဘူး ချီးနားလို့ ခေါ်ပါတယ်) ကိုသိတယ်၊ အန္ဒိယကို သိတယ်၊ ထိုင်းလဲကျတော့ သိတယ်.. ကောင်မလေးတွေ ပေါမှပေါတဲ့... ခွေးမသား.. ဒါကျတော့ မျက်လုံးကြီးကို ပြူးနေတာ... နားရင်းချည်းပဲ လှိမ့်ရိုက်ချင်တာ ရဲဖြစ်နေလို့ပေါ့...။ အဲဒီနိုင်ငံတွေ ကြားထဲက မြန်မာပြည်ကို မသိဘူးဆိုတော့ အတော်ဆန်းနေတယ်ဗျ။ သူကတောင် မေးနေသေးတယ် မင်းတို့ နိုင်ငံက သေးလို့လားတဲ့ မသေးဘူး မင်းတို့ထက် ကြီးတယ် မယုံမြေပုံမှာ ကြည့်ဆိုတော့ သူတောင် ပြူးသွားတယ်(မျက်လုံး) လူဦးရေ သန်း၄၀ကျော် ရှိတာဆိုတော့ မပြူးပဲ နေမလား သူတို့က ၁၂သန်း ကျော်လေးပဲ ရှိတာ ကိုယ်တွေက လူအုပ်နဲ့တောင် ဖိသတ်လို့ ရတယ်။ အဲဒီရဲနဲ့ ကိုယ်နဲ့ ဘယ်လောက်တောင် ခင်သွားလဲဆို ကော်ဖီ လိုက်သောက်ဖို့တောင် ခေါ်တာဗျား...။ အဲလို... ဖြစ်ပုံက....။

ဒါပေမဲ့ အခုက မဖြေလို့ မရတော့ဘူး တကယ်လိုလာပြီ ဆိုတော့ လုပ်ရတာပါ။ ပြောသာပြောရတာ စာကျက်ရတာနဲ့ တန်တယ်ပြောရမလားတော့ မသိဘူး။ ဖြေလို့ အောင်ရင် လိုင်စင် သက်တမ်းက နှစ်၃၀ ရတာ။ ဥရောပ တခွင် ဘယ်မှာမောင်းမောင်း အကျုံးဝင်တယ် ဆိုတော့ မဆိုးဘူးလို့ပြောရမှာပဲ။ ကဲ... အောက်က မေးပုံမေးနည်း ဖြေပုံဖြေနည်းတေလးတွေ ကြည့်သွားကြပါဦး။ ဗဟုသုတပေါ့ဗျာ.....။ တချို့ မေးခွန်းတွေက လူကို အရူးဖြစ်အောင် လုပ်ထားတဲ့ မေးခွန်းတွေဗျ။ တချို့မေးခွန်းဆို တခုထဲကိုပဲ မေးခွန်း သုံး၊လေးခု လှည့်ပါတ်မေးထားတာ။ စိတ်ပါရင် အခုပြထားတဲ့ ပုံကိုကြည့်ပြီး ဝင်ဖြေကြည့်ကြပါလား... အပျင်းပြေပေါ့......။ အဖြေမှာ အဝါကွက်လေး ဖြစ်နေတာကို ကြည့်ပြီး အဲဒါ အမှန်လို့ မယူဆနဲ့နော် မှန်တာလဲ ပါသလို မှားတာလဲ ပါတယ်။ အဲဒါ ကျနော် သက်သက် မျက်စေ့လည်အောင် လုပ်ထားတာပါ။

ညာဘက်ဘေးမှာ မြင်နေရတဲ့ အောက်ဆုံးက မျှားကတော့ မသိရင် ကျော်သွားလို့ရပါတယ် ဒုတိယကတော့ မှန်တယ်ထင်ရင် အဲဒီပေါ်မှာ ခလုတ်နှိပ်ရပါတယ်။ တတိယကတော့ အချိန်ပါ။ပေးထားတဲ့ အချိန်ပြည့်သွားရင် အနီရောင် အပြည့်ပေါ်ပါတယ်။



















15 Response to ကားမောင်း လိုင်စင်

18 September 2009 at 16:51

တစ် တစ် တစ်
ပထမဆုံး လိုင်စင်လာလျှောက်ပါတယ် ဘကြီးအိမ်။
တိန် တိန် တိန်....
ခု လိုင်စင်ရပြီပေါ့လေ။ ဘယ်တွေ ခြေရှည်ဦးမလဲ မသိပါဘူးးးးးးး ဟိဟိ

18 September 2009 at 17:03

တိုအိမ်
ဒုတိယအနေနဲ့ လိုင်စင်လာလျှောက်တယ်ဗျ ဥစားပေးတော့ အဲ့ ဦးစားပေးတော့ :D

18 September 2009 at 17:33

ကျေးဇူးတင်ပါတယ်နော် နောက်ကျရင်ဖြေရအောင်လို့ ဟီးဟီး

18 September 2009 at 19:30

တစ်ခုမှ ဖြေတတ်ဘူး ကိုဖြိုးရေ အသိဆို ကားမှ မမောင်းတတ်တာကိုး ဟိဟိ နောက်များမှပေါ့ဟယ်


ခင်မင်လျှက်
သမီးပျို

18 September 2009 at 23:23

ဟေ့အေး... တော်ပြီ...
စက်ဘီးတောင် ဖြောင့်အောင် မနင်းတတ်ဘူး... တစ်ခုခုနဲ့မှ မတိုက်ရရင် ဘယ်လိုရပ်အောင်လုပ်ရမှန်း မသိလို့....
ကားသာဆို သေချာတယ် ... ဒီတစ်သက် ထောင်ထဲကကို ထွက်ရမှာမဟုတ်ဘူး... :P

18 September 2009 at 23:47

ဝူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

(((((((((( ရွှီ )))))))))))))

ဝူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ဝုန်းးးး ဒိုင်းးးးးးးးးးးး ချလွင်..ချလွင်.......

(((( ဂွမ်း ))))

းဝ)

19 September 2009 at 01:28

လိုင်စင်လေးလဲ လုပ်၊ Insurance လေးလဲ လုပ်ပေါ့ ကိုအိမ်ရယ်။
တလွဲမတွေးနဲ့ဦးနော်၊ တခုခုဖြစ်တော့ တခုခုပြန်ရတာပေါ့။
ဟဲ

19 September 2009 at 02:58

သြော် လက်စသတ်တော့ ဘုမာက လာတာကိုး အိမ်ဆိုတာ မြင်ဖူးနေတာကြာပြီဖြစ်ပေမယ့် ဒီနေ့မှပဲ ရောက်ဖြစ်တော့တယ်။ အောင်သွားပြီဆိုရင်လည်း နည်းနည်းပါးပါးတော့ လိုက်စီးမှထင်တယ်အဟိ။
ခင်မင်လျှက်
ညီမလေး ပါးလုံး

19 September 2009 at 11:13

လာဖတ်သွားပါတယ် အိမ်ရေ.
မရောက်တာကြာပေါ့.အပျင်းကြီးနေတာ.း)
အင်း အိမ်ပြောမှပဲ ဒီမှာလည်းလေ..
ဘာလူမျိုးလဲ ၊ ဘယ်နိုင်ငံကလည်းမေးရင် မြန်မာလူမျိုး
မြန်မာ ၊ ဘားမား ဆို သိတ်မသိကြဘူးလေ။ ရှေ့လူကြီး
တွေကဆို ဘိရုမ ပြောမှသိကြတယ်။
ဂျပန်တွေက မြန်မာတွေကို အရင်က ဘိရုမလို့ ခေါ်ခဲ့ကြ
တာကိုး..
မြန်မာနိုင်ငံဆိုတာ စိတ်မ၀င်စားပဲ မသိတဲ့သူတွေလည်း
ရှိပါ့။မြန်မာ နိုင်ငံဆို ဘယ်နားကလည်း တရုပ်တွေ၊ထိုင်း
နိုင်ငံတွေ သူတို့တော်တော်သိကြပေမယ့် မြန်မာပြည်ကို
မသိကြတဲ့ ဂျပန်တွေလည်း ရှိနေပါရဲ့။
နားလိုက်တာ ကိုယ့်ကိုကိုယ်.း))

19 September 2009 at 11:14

အောက်ဆုံးစာကြောင်းက သနားလိုက်တာ လို့ ရေးတာနော်.း)

.
19 September 2009 at 22:38

ပီားးးးးးးးးးးးးးး . .မူးးတယ် မူးးတယ် ...

သိဝူးးးးးးးးးး ..............

19 September 2009 at 23:09

အောင်စာရင်းထွက်မထွက်လည်း မကြော်ငြာပါလား။
အောင်ရင်ကော်ဖီတိုက်ရမှာစိုးလို့ ထင်ရဲ့ ။
အဆင်ပြေပျော်ရွှင်ပါစေ။

21 September 2009 at 01:46

ဟုတ်တယ်ကိုဂျီးရ .. ကျနော်တို့ ဒိုင်းဘူမှာလဲ အဲ့အတိုင်းပဲ .. တစ်ထေရာထဲပဲ.. ကားဈေးက ဘာမှမရှိဘူးရယ် .. ဒေါ်လာ ၅၀၀၀ထောင်မပြည့်ဘူး .. အသစ်ဂျပ်ချွတ်နော်.. ခုမှ စက်ရုံကထုတ်တာ.. ရှယ် .. ဒါပေမယ့် လိုင်စင်က ရေလည်ဈေးကြီးတာမှ..ပြီးတော့ အတန်း ၄၀ တက်ရမယ် .. စာမေးပွဲကတော့ ကိုဂျီးပြောတဲ့အတိုင်းပဲ .. အဲ့အတန်း၄၀အတွက် ၁တန်းကို ယူအက်စ်ဒေါ်လာ ၁၅၀ ပါတဲ့ .. အတန်း၄၀ဆိုတော့ ဂိန်ပြီ .. စာမေးပွဲဝင်ကြေးက သပ်သပ်ပါတဲ့ .. နောက်ပြီး ကိုဂျီးပြောသလို ၁ခုမှားရင်ရသေးတယ် နောက်ထပ် ထပ်မှားရင်တော့ အစက ပြန်တက်တဲ့.. ဂိန်ပြီဆရာ .. ရွာပဲ ပြန်တော့မယ် .. ကားကြီးမပြီးတော့ .. ခိခိ .. =P

26 September 2009 at 22:02

တော်ပြီး ကားလိုချင်တော့ဘူး.... မြန်မာကိုပြောပြလို့မသိရင် နောက်ဆုံးအနိုင်ပိုင်းတဲ့အနေနဲ့ တတိယမြောက်ကုလအတွင်းရေးမှူးကိုသိလားလို့ သူ့နိုင်ငံလို့.. မသိဘူးဆိုရင် ပိန်းလိုက်တာလို့သာ ပြောပစ်လိုက်တော့ ဟုတ်တယ်..... တကယ်ပဲ

Anonymous
25 January 2010 at 10:25

a nice blog . I have experienced one time like this however not because of driving but because of one Taiwanese Professor . I said to him why don't you know that kind of a big country in Southeast Asia cause he knew Bhutan .

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း