Thursday, September 10, 2009

ကျနော် စစ်သား

14
ခုတေလာ မအားဘူးဗျာ စစ်တိုက်ဖို့ အကူအညီလိုတယ် ဆိုလို့ သွားပြီး တိုက်ပေးနေရတယ်။ ကိုယ်ကလဲ စစ်တိုက်ဖို့ဆို ထမင်းမေ့၊ဟင်းမေ့ကို တိုက်တာ တခါတလေ ညလုံးပေါက်.. တခါတလေ တနေကုန် စစ်တိုက်တယ်။ လက်ထဲ သေနတ်ရောက်တာနဲ့ မျောက်လက် သေနတ်အပ်လိုက်သလိုပဲ ပစ်လိုက်တာမှ တဒိုင်းဒိုင်း၊ တဒုန်းဒုန်းနဲ့ကိုချတာ။ ပစ်ပေမဲ့ တွေ့ကရာ ပစ်လို့တော့ မရဘူးပေါ့ တော်ကြာ ကိုယ့်လူကိုယ် ပစ်မိမှာလဲ စိုးရသေးတယ် မဟုတ်လား။ အရမ်းစိတ်ပါလာရင်..နေရရော ညရောတိုက်တာ။ ရန်သူမှန်သမျှ တယောက်မှ အရှင်မထားဘူး။ ပစ်ရင်လဲ အတတ်နိုင်ဆုံး ခေါင်းချည်းပဲ ရွေးပစ်တာ တခါထဲ ပွဲသိမ်း..နို့မို့ဆို သူခံစားနေရမှာ စိုးလို့လေ... ။ အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးဆိုတော့ ကျနော် လူသတ်တာ အပစ်တော့ မဟုတ်ပါဘူးနော်......။




အခု ဝင်ပြီးစစ်တိုက်ပေးနေတဲ့ ဂိမ်းခွေပေါ့ဗျာ... call of duty (world at war) တဲ့။ ဒီဂိမ်းဆော့ချင်နေတာ ကြာပြီ စပေါ်ပေါ်ချင်းဆိုတော့ ဈေးကြီးလို့ မဝယ်သေးဘူး။ အင်တာနက်မှာ လိုက်ရှာတော့လဲ တွေ့တော့ တွေ့ပါရဲ့ ဘယ်လို install လုပ်ရမှန်း မသိလို့ မထူးဘူးဆိုပြီး ဝယ်လိုက်တာ... ဟီ... ဝါသနာပါရင် ဆော့ကြည့် ကောင်းမှကောင်းဗျား...။ ကျနော်တော့ ရေလည်သဘောကျတယ်။ စစ်တိုက်တဲ့ အခါမှာ ဂျာမာန်တွေ၊ ဂျပန်တွေကို ဟိုကောင်တွေလို့ စိတ်ထဲထားပြီး တိုက်တာ မိန်မှမိန်ဗျာ။ တကယ်သွားလုပ်လို့ မရတော့လဲ စိတ်ကူးပေါ့နော်..အဟီး...။
နောက်တရက်၊နှစ်ရက်လောက်နေရင်တော့ အားပါပြီ... အဲဒီအခါကျမှ လိုက်လည်တော့မယ်နော်... ခုတော့ စစ်တိုက်လိုက်ဦးမယ်.... ။ ပြန်လာရင် အောင်သပြေနဲ့ ကြိုနော်... အောင်ပန်းနဲ့ အတူ ပြန်လာမယ်..။


14 Response to ကျနော် စစ်သား

11 September 2009 at 07:02

အော် ဒင်းက အခုတော့ ဂိမ်းဆော့လို့ကောင်းမှန်း သိသွားပြီကိုး..။:D

11 September 2009 at 07:24

ဟယ်ဟုတ်လား ဘယ်မှာဝယ်ရလို့လဲ?
အမသားအကြီးကောင် က game ဆိုသိပ်ကစားတာ အထူးသဖြင့် စစ်တိုက်တဲ့ဟာတွေပေါ့

Anonymous
11 September 2009 at 08:31

အယ် ဒီလူကြီးသူ့တစ်ယောက်တည်း စိတ်ရှိလက်ရှိ နွှဲနေတယ်ပေါ့ ဘယ်ရမလဲ ကျွန်တော်လည်းလာခဲ့မယ်ဗျို့ ခေါ်မှာလားဟင် တိုက်ချင်လွန်းလို့ပါ...

11 September 2009 at 13:02

ဂိမ်းတော့ဆော့တတ်ဘူး ကိုအိမ်ရေ

11 September 2009 at 13:45

ကျနော်ကတော့ ဓားနဲ့ ခုတ်တယ်၊ လှံနဲ့ ထိုးတယ်။ အဲဒါပဲကြိုက်တယ် သေနတ်နဲ့မကြိုက်ဘူး။ :)

11 September 2009 at 21:48

ကျုပ်တော့ မကစားအားဘူး တော်တို့လို အားမနေဘူးလေ ဘလော့ဂ်လိုက်ဖတ်ရတယ်လေ ဟိဟိ

11 September 2009 at 22:09

ကိုအိမ်ရေ ဂိမ်းဆော့တတ်ဘူးရယ် သင်ပေးအုံးနော်။

.
11 September 2009 at 22:25

အပဲာ . .. ကျွန်တော်လည်း ဆော့မယ် ဆော့မယ် နဲ့ အခုထိ မဆော့ရသေးဘူးးး.............
အားရပါးရဆော့ ပီားး အားပေးတယ်
ကျွန်တော့်အတွက်ပါ ပိုဆော့ ထားလိုက် :)

11 September 2009 at 23:14

သြော် ဟုတ်ကဲ့ ဟုတ်ကဲ့ ပစ်ပါ ပစ်ပါ... ရှင်တို့ခေတ်ကိုး...
အခုလို မအားမလပ်တဲ့ကြားက တကူးတက ပို့စ်လေးတင်ပေးတဲ့ အတွက် အထူးစပါယ်ရှယ် ကျေးဇူးတင်ပါကြောင်း....

11 September 2009 at 23:47

ဂိမ်းထှာ နှစ်ခါတောင်ရှိပြီ။ ခု Veteran နဲ့ဆော့နေတယ်။
အိမ်း ဂွတ်ထ ဂွတ်ထ

12 September 2009 at 00:19

စစ်တိုက်ရင်း ပိုစ့်တင်လိုက်တာလား ရဲဘော် :P

18 September 2009 at 16:55

ဟဟားးးးးးး ဖြတ်မရတဲ့အထဲမှာ ဂိမ်းမက်တဲ့ အကျင့်လဲရှိတယ်။
ခုတော့ ဖြတ်ထားတယ်။ မအားလို့ ။ ဟိဟိ

25 September 2009 at 03:11

ဘယ်လိုလဲ ကိုအိမ်...အောင်ပွဲရပလား. ဒီမှာ စံပယ်ကုံးနဲ့ အောင်သပြေကိုင်ထားတယ် :)

11 November 2010 at 20:52

စစ်သားဘ၀ဆိုတာ မလွှယ်ပါဘူးရုန်းကန်ရတာ

အဲဒါကြောင့်ကောင်းတဲ့မျက်စိနဲ့ကြည့်ပေးကြပါ

သူတို့လည်း ဒီရာထူးးဒိနေရာကိုရဖို့ ဖိနှိပ်မှူအောက်မှာ

ခံပြီတော့ ရခဲ့တာပါ

ညီမကတော့ စစ်သားတွေအတွက် အားပေးနေမယ်နော်

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း