Sunday, September 06, 2009

သွားလည်နေကျ blog ၅ခု

22
ဝက်မလေး အဲလေ... ဝက်ဝံလေး tag ထားတာပါ။ ဘာတဲ့ သွားလည်နေကျ blog ၅ခုတဲ့..။ ခက်တော့..ခက်နေပြီဗျာ.. ကျနော်သွားလည်တာ နဲမှမနဲပဲ... အဲဒီထဲက ရွေးပေးရမယ်ဆိုတော့ ဒါသက်သက် ချွန်တွန်းလုပ်တဲ့ tag ပဲ။ ဟုတ်တယ်လေ.. တယောက်နဲ့တယောက် မျက်နာ နာစရာတွေ ဖြစ်ကုန်မှာပေါ့ဗျာ.. ဟုတ်ဘူးလား..။ ဒါပေမဲ့ အမေးရှိတော့လဲ အဖြေရှိရမှာပေါ့နော်။ ဒီတော့ ရှေ့မျက်နှာနောက်ထားပြီးရေးလိုက်တယ်ဗျာ..။ သာတယ်၊နာတယ်တော့ မထင်စေချင်ပါဘူး။ ပဟေဠိဖွက်တဲ့သဘောလဲ ဖြစ်အောင် blogger နာမည်တွေ ထည့်မရေးတော့ဘူးဗျာ။ လင့်လေးတွေပဲ ချိတ်ပေးထားလိုက်မယ်ဗျာ... ဒီတော့ ကျနော်လဲ မျက်နှာပူရ သက်သာ သွားသလို လာလည်တဲ့ blogger များလည်း ငါ့ဆီများလား၊ သူ့ဆီကိုများလားနဲ့ သို့လော...သို့လော ဖြစ်ပြီး ရင်ခုန်စွာနဲ့ လင့်လေးကို နှိပ်ကြည့်ကြမှာပါ။ ထိုကံကောင်းသူ ၅ယောက်ကို ကျနော် အစီအစဉ်လေး တခု လုပ်ထားပါတယ်.။ အဲဒါကတော့...................................................................



အဲဒီမှာ မိမိပါပြီ ဆိုပါတော့ အဲဒီလူတွေကို ကျနော် အပြင်မှာတွေ့ခဲ့ရင် ဝမ်းတေဘယ်လ် ကျွေးပါမယ်။ အမှန်အကန်ကျွေးမှာပါ။ အရွေးခံရသူများဟာ စားဖို့ နေရာလေးပါ တခါထဲ စဉ်းစားထားကြဖို့ မှာထားပါရစေ။ ကျနော်မလိမ်ပါဘူး ဒီဘလော့ကို သက်သေထားပြီး သစ္စာဆိုရဲပါတယ်... ကျနော် အမြဲသွားလည်ဖြစ်တဲ့ blogger ၅ယောက်ကို အပြင်မှာတွေ့အောင်ချိန်းပြီး အမှန်အကန် မလိမ်မညာဘဲ သူတို့စားချင်တဲ့ဆိုင်မှာ လိုက်ကျွေးမယ်ဆိုတာ ဂတိပေးပါတယ်။ သြော်.... ဒါနဲ့ ကျနော်ရွေးခဲ့တဲ့ ၅ယောက်ကို တပြိုင်ထဲ တွေ့ဖို့တော့ မလွယ်ဘူးထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ... တယောက်ခြင်းစီတွေ့တော့လဲ တယောက်ခြင်းစီလိုက်ကျွေးပါမယ်။

ကျနော့်ရဲ့ နေ့တိုင်းအလုပ်ကတော့ ဘလော့လည်တာလဲ ပါတယ်။ မနက်မိုးလင်းလို့ အိပ်ယာထတာနဲ့ ဘာမှမလုပ်ခင် စက်ကိုရင်ဖွင့်တာ ပြီးမှ ကိုယ်လုပ်စရာရှိတာ လုပ်တာဗျ။ လုပ်စရာရှိတာ လုပ်ပြီးမှ ဂျီမေးဖွင့် ဘာမေးတွေ ဝင်လဲစစ်၊ စိတ်မဝင်စားရင်ဖျက်၊ စိတ်ဝင်စားရင် သိမ်းထား၊ ဒါမှမဟုတ်တခါထဲ ဖတ်ပါတယ်။ ပြီးတော့မှ အိမ်ကိုသွား.... အိမ်ရောက်တော့မှ ဘယ်သူလာလဲ ကြည့်ပါတယ်။ ကြည့်ပြီးတော့မှ...... နံနက်ချိန်ခါ ဆိုတော့ဗျာ တေးသံသာ နားဆင်ပြီး နေ့တနေ့ရဲ့ အစကို စချင်တာနဲ့ အဲဒီ တေးသံလေးကို တင်ထားတဲ့ ဟောဒီ blog လေးကို သွားပါတယ်။ သူ့ဆီရောက်တော့ ပို့စ်အသစ်ရှိရင် ဖတ်တယ် မရှိလဲ ဟိုကြည့်၊ ဒီကြည့် လုပ်ပါတယ်။ တေးသံလဲဆုံးပြီ ကိုယ်လဲ ကြည့်လို့ဝပြီဆိုမှ သူ့ဆီကထွက်ပါတယ်။

အဲဒါပြီးတော့ ဘယ်အချိန် ကြည့်လိုက်၊ ကြည့်လိုက် စိတ်အေးချမ်းသာမှု ပေးတဲ့ လူဆီ အရောက် ချီတက်ပါတယ်... သူကတော့.... ဟောဒီ မှာပါ။ သူ့ဆီမှာ အချိန်ဖြုန်းလို့ဝတော့မှ ကိုယ့်အလုပ်ကိုယ် နဲနဲပါးပါး ပြေးလုပ် လိုက်ပါသေးတယ်။ ဟုတ်တယ်လေ အလုပ်က ပိုအရေးကြီးတယ် မဟုတ်လား တော်ကြာ အလုပ်ပြုတ်သွားမှ ငတ်နေမယ်ဗျ။

အလုပ်လုပ်ရတာလဲ စိတ်မဖြောင့်ပါဘူးဗျာ... စိတ်က နောက်တယောက်ဆီ ရောက်နေပြန်ရောလား...။ သူကလဲ နေ့တိုင်း ပုံမှန်မလာရင် စိတ်ကောက်တတ်သေးတယ်ဗျ။ ဘာလို့ မလာတာလဲ ဆိုပြီး စကားနာက ထိုးသေးတယ်။ ဒီတော့ အလုပ်သာလုပ်နေရတာ စိတ်က သူ့ဆီမှာ.... သူစိတ်မဆိုးပါစေနဲ့ ဆိုပြီး ရင်ထဲမှာ ကျိတ်ပြီး ဆုတောင်းရတာလဲ အမောပဲ..။ အလုပ်ခဏနားတော့ ဘာရမလဲ စက်ဆီတန်းပြေးပြီး... သူ့ဆီအမြန်ချီတက်တာပေါ့ဗျာ။ အဲဒီ သူကတော့ ဟောဒီတယောက်ပေါ့ဗျာ။

ဟောဒီတယောက်ကျတောတမျိုးဗျ..။ သူကျတော့ဗျာ ကျနော်က တရေးတယူနဲ့နေ့တိုင်းသူ့ဆီ သွားတာတောင် သူကတော့ အဖက်ကို မလုပ်ဘူး။ ကျနော့်မှာတော့ သူစိတ်ဆိုးမှာစိုးလို့ တနေ့တခါတော့ မှန်မှန်လေး သွားနေရပါတယ်။ ဘယ်လောက် အသည်းနားဖို့ကောင်းလဲ စဉ်းစားကြည့်ကြပါ။

အဲဒီလို စိတ်ညစ်စရာတွေနဲ့ ပျော်ရွှင်နေတဲ့ ကျနော်ဟာ နောက်ဆုံးတော့... ကျနော့်နဲ့ အရင်းနှီးဆုံးလဲဖြစ်၊ ကျနော် တန်ဖိုးအထားဆုံး၊ ကျနော် မေ့မရဆုံး၊ ကျနော့်ရဲ့ ပထမဦးဆုံးဖြစ်တဲ့.... သူ့ဆီမှာပဲစိတ်ညစ်တာတွေ ဖြေဖျောက်ဖို့ချီတက် သွားပါတယ်။

သူ့ဆီမှာနေလို့ဝတော့မှ တခြား...တခြားသော blogger များဆီ ဆက်လက်ပြီး ချီတက်ရင်း ဖတ်စရာရှိတာ ဖတ်၊ ကွန်မန့်ပေးသင့်တာလေးတွေကို ကွန်မန့်ပေး(ရောက်ရင်တော့ ပေးဖြစ်တာ များပါတယ်။ အလည်လာပြီး စီဘောက်မှာ အော်သွားတဲ့သူတွေ တွေ့တယ်နော်.. ဟီး) ရယ်စရာတွေ့ရင် ရယ်လိုက်၊စိတ်ညစ်စရာ တွေ့ရင် စိတ်ညစ်လိုက်၊ ပျော်ရွှင်စရာ တွေ့ရင် ပျော်လိုက်နဲ့ ကျနော့်ရဲ့ တနေ့တာ blog လျှောက်လည်ခြင်း ပြီးဆုံးသွားပါတော့တယ်............. ခင်ဗျား။

22 Response to သွားလည်နေကျ blog ၅ခု

6 September 2009 at 22:38

အဟင့် တူ ဘလော့နဲ့ ဖေ့ဘွတ်း(

တော်ဖီ စိတ်ဆိုးဒယ်

6 September 2009 at 23:29

စိတ်ကူးတော့ကောင်းသားဗျ
ခက်တာက စက်က လေးနေတော့ သယ်ရင်းညွှန်းတဲ့ ဘလော့တွေ ဆီ လိုက်ကြည့်ရမှာ ခက်တာပဲ။

6 September 2009 at 23:37

face book မှာ ခင်များ ရုပ်ကြီးတွေ့ခဲ့တယ် ဖြီးနေတာပဲ

7 September 2009 at 01:15

ဟေးးး လူဂျီးး ခင်ဗျား သက်သက်ညစ်တာပဲ ခင်ဗျား ဘလော့ဂ်တွေကတော့ ထားပါ မျက်နှာစာအုပ်(facebook) က ဘလော့မှ မဟုတ်တာကို မရဘူး ဂျာ ခင်ဗျား သက်သက်ရစ်တာ မရဘူး ပြန်ရေး ဟွင်းးးးးးး

အိမ် လူဂျီးရေ ခင်ဗျား အိုင်ဒီယာလေး ကောင်းတယ် ဂျာ လေးစားပါတယ် ဟဲ ဟဲ ဂယ်ကြောတာ ဟဟဟဟ များက ကိုမြစ်ကျိုးအင်းလိုတော့ နှိပ်စရာမလိုဘူး လင့်လေး ထောက်လိုက်တာနဲ့ အောင်မှာ ပေါ်နေတာဆိုတော့ ခင်ဗျား ဘာဆိုလိုမှန်းသိတယ် ဟဲဟဲ ဒါနဲ့ မသွားဖြစ်ပါဘူး နောက် ကိုမြစ်ကျိုးအင်းက မျက်နှာစာအုပ်မှာ ခင်ဗျား ပုံတင်ထားတယ်ဆိုတာနဲ့ သိချင်လို့သွားကြည့်တာ ဖြီးနေတာပဲ ဟဟဟဟဟဟဟဟဟ တကယ်တူတယ် ဟိဟိ

ခင်ဗျားလေ အားကြီး အိုင်ဒီယာကောင်းတယ် သိလား ဒါကြောင့် ဂျစ်နေရတာဗျိုးးးးး ဟဟဟဟ (အယ် ဂျစ်တယ်ဆိုလို့ လူပြိုကြီး ရင်ခုန်သွားဦးမယ်နော် ကျုပ်ပြောတာ ရိုးရိုးနော် ဟွင်းးးးးး)


ကျေးဇူးးးး ရေးပေးတာ ဘိုင် တာ့တာ

7 September 2009 at 03:27

အောင်မလေး

ပေါက်တူးမျိုး

လိပ်မျိုး


ကိုယ်ဘက်ကိုယ်ယက်တဲ့အမျိုး။။။။


သူဘလော့ကိုပဲ ဦးစားပေးလွန်းပါတယ်...


တော်ပြီးး

နောက်ဆို လာမလည်တော့ဘူး...


ဒါဖဲ

ချစ်ခင်စွာဖြင့်

ဖိုးစိန်

7 September 2009 at 05:30

ဟီးး

ရီစရာတွေရေးတဲ့ အိမ် ဖတ်တဲ့ဘလော့တွေ ဘာများပါလိမ့်လို့..ဟီးး

ကျမကြည့်မိ အပြစ်ရှိ။ ဟားဟား

ပထမတခုနှိပ်ပီးထဲက ..
သိလိုက်ပါတယ်..။ ဟားဟား
ကောင်းလိုက်တဲ့ အိုင်ဒီယာ

7 September 2009 at 05:56

သေတာဘဲကွယ်။ လင့်တွေကိုဝှက်ထားပြီး လူကိုသွားခိုင်းတယ်။ ပြီးတော့ သူ့ လင့်တွေတော့။
အဟင့်

သြော်
ဒီလောက်တောင် ရေးနိုင်တယ်နော်။ ပါရမီရှင်ကြီးဘဲ။
ဘာဘဲပြောပြော အကုန်ဖတ်ခဲ့တယ်။
း)

7 September 2009 at 09:06

အင်းးးးး ၅ ခုတောင် ဟိုအိမ်ကတဆင့် ဒီအိမ်ကိုလာတယ် ဒိအိမ်ကနေ ဟိုးးးအိမ်ကို ကူးရဦးမယ်း) တော်တော် တတ်နိုင်တဲ့ လူပဲး)


လေးစားလျက်
တောင်ပေါ်သား

7 September 2009 at 09:53

သွားကြည့်မိတဲ့ ကျွန်တော်မျိုးမ ကြီးသေသင့်ပါတယ်
အရမ်းကောင်းတဲ့စိတ်ကူးပဲ

7 September 2009 at 10:49

ဘာပဲပြောပြော ကိုယ့်ဘလော့ကို ကိုယ်တော့ သွားလည်နေကျပဲလေ ကိုဖိုးစိန်ပြောသလိုမျိုးပေါ့ သဘောတူပါတယ် :)

7 September 2009 at 22:42

ME too...
ကိုယ့်ဖာသာ ကိုယ်ရေး
ကိုယ့်ဖာသာ ကိုယ်ဖတ်
အိမ်း
ဂွတ်ထ ဂွတ်ထ

8 September 2009 at 09:16

မိုက်တယ်ဝေးးးး

8 September 2009 at 13:16

hahaha...
mhat ka yaw...ako eain nat kya ma tag la' hti tot tar pae ;kwekwe;

8 September 2009 at 13:43

လိုက်တော့ မနှိပ်ကြည့်မိဘူး။ လင့်ခ်တွေ မြင်လိုက်တာနဲ့ လိပ်မျိုး တရားခံကို မြင်နေတယ်။ အဲဒီတော့ နှုတ်ခမ်းထောင့်လေး အသာအယာလေး ကွေးအောင် ပြုံးပြပြီး ခပ်တည်တည်နဲ့ ပြန်သွားလိုက်တယ်။ အဟား...

Anonymous
9 September 2009 at 07:51

အဟား တယ်နောက်တဲ့လူ လူဇိုးး အိုင်ဒီယာကတော့ကောင်ပါ့ ကိုယ်လည်းအထောင်းခံလွတ် ၀က်မလေး အဲ..အဲ ၀က်ဝံလေးလည်း စိတ်ချမ်းသာပေါ့..

Anonymous
9 September 2009 at 07:52

အဟား တယ်နောက်တဲ့လူ လူဇိုးး အိုင်ဒီယာကတော့ကောင်ပါ့ ကိုယ်လည်းအထောင်းခံလွတ် ၀က်မလေး အဲ..အဲ ၀က်ဝံလေးလည်း စိတ်ချမ်းသာပေါ့..

10 September 2009 at 19:44

ဟွန်းနော်.. ဟိုမှာသွား...
အဲ့တယောက်ကိုကြည့်ဆိုပြီး..
သွားသွားကြည့်ခိုင်းတာ..
ခက်တာကကွန်ကလေးနေလို့ ဘာမှကိုကြည့်
လို့ မရခဲ့ဘူး..အားရင်ကွန်ကိုလာ"မ"ပေးဦးနော်..
ဟိ..

11 September 2009 at 19:06

လူလည်ကျတာလား .. အဲ .. မှားလို့ 
အိမ်လည်ကျထားတာလားဗျို့  :)

ညီမလေး

ပန်းခင်း

11 September 2009 at 19:30

အိမ်တစ်အိမ်နားအရောက်
ခြေခေါက်လဲမလိုဖြစ်လို့
အိမ်တစ်အိမ်ကို လှမ်းအကြည့်
သူ့ခြေမျက်စိမှာ ချာချာလည်
နောက်တစ်အိမ်ဆက်သွား
ပြတင်းပေါက်မှာ ခြေရာများ
ဒီလိုနဲ့ ခရီးဆက်
အိမ်တစ်အိမ်မှာ အပျင်းတက်
နောက်တစ်အိမ် ဆက်အကူး
အိမ်များစွာ အလူးလူး ....
အာ .. တော်ပြီ ကဗျာတောင် မစပ်ချင်တော့ဘူး
သူ့အိမ်အကြောင်းကို .. ဟင်း
စိတ်ဆိုးတယ် .. ၀မ်းတေဘယ်ဆိုလို့
ဘယ်သူများလဲလို့ .. ကိုယ့်ဖာသာ ပြန်စားပြီး အ၀လွန်နေဦးမယ် ..

ခင်မင်စွာ
idulize (အရုပ်ကလေး)

16 September 2009 at 12:12

သေလိုက်ပါတော့ဗျာ ပထမတစ်ခုနှိပ်လိုက်တာ အိမ်ပဲ ပြန်ရောက်နေလို့ တစ်ခုခုတော့မှားနေပြီထင်တာ...။ ဟင်းးးးဗျာ....ဘာနှိပ်နှိပ် သူ့အိမ်ပဲ ကော်နက်ရှင်က ကောင်းပါဘူးဆိုမှ...လူရှိုးကြီး.....:P :P

25 September 2009 at 03:12

လူလည်ကြီးပါဗျို့

3 October 2009 at 07:49

တော်တော်နောက်တဲ့ လူကြီး......... အကောင်းမှတ်လို့ ကျော်လိုက်ခွလိုက်နဲ့ကြည့်လိုက်တာ............ အလုပ်ကိုရှုပ်သွားတာပဲ...........

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း