Thursday, October 15, 2009

အီး ဖော် အိမ်

17
မခရေညို နဲ့ ကိုသံလွင်ဟီးရိုး တို့က တက်ထားတယ်ဆိုလို့ ဘာများလဲ သွားကြည့်တာ... ပေါက်ပေါက်ရှာရှာ အင်္ဂလိပ်လို အီး စာလုံးပါတဲ့ အကြောင်း ရေးရမယ်တဲ့.... ။ ကဲ... ဟုတ်မဟုတ်တော့ မသိဘူး အတတ်နိုင်ဆုံးတော့ ရေးလိုက်ပါတယ်....။



ဝက်အစ်ယူရာနိမ်း ....... အိမ်
အေဖိုးလက်တာဝေါ့.... အိမ် ( အိ မ် )
အေဘွိုင်းနိမ်း ..... အိမ်
အေဂဲလ်နိမ်း .... မစ္စအိမ်
အန်အော့ကျုကေးရှင်း ... အိမ်မှာပဲနေတယ်။
စမ်းသင်းယူဝေဝဲလ် ..... အိမ့်အကျီပဲ အိမ်ဝတ်ပါတယ် သူများအကျီမဝတ်ပါ။
အေကာလာ ..... အိမ်က ဘယ်အရောင်မဆို ကြိုက်တယ်။
အေဖု .... အိမ်ကတော့ အစားမရွေးဘူး အီးနဲ့ အဆိပ်မဟုတ်ရင် ပြီးရော..။
စမ်းသင်းဖောင်းအင်ဘတ်ရွန်း .... အိမ့်ရေးချိုးခန်းမှာတော့ ဘာတွေ့ရမှာတုန်း.. ရေချိုးကန်ရယ်၊ မျက်နှာသစ် ဇလုံရယ်၊ အိမ်သာရယ်၊ အမှိုက်ပုံးရယ်၊ လျှော်ဖို့ထည့်ထားတဲ့ အဝတ်ခြင်းရယ်.. ဒါပဲရှိတာ ဘာမှလာမရှာနဲ့...။
အေပလေ့ ... အိမ် အခုနေတဲ့နေရာကတော့ မြေကြီးပေါ်မှာပါ။ တိတိကျကျဆိုရင်တော့ အိမ်မှာနေတာပါ။
အေရီဆင်ဖော်ဘီးရင်းလိတ် .... အိမ်နောက်ကျရင် အမြဲပြတဲ့ အကြောင်းပြချက်ကတော့ "ရထားဘီးပေါက်နေလို့ပါ" ဆိုတဲ့ အကြောင်းပြချက်ပါပဲ။
စမ်းသင်းယူလျှောက်... အိမ်ပြန်ချင်တယ်
အေမူးဗီးတိုင်တယ် .... အိမ်ငယ်ငယ်က ကြိုက်တဲ့ ရုပ်ရှင်ဆိုဆိုရင်တော့ အီးတီ ရုပ်ရှင်လေးပါ။
စမ်းသင်းယူဒရင့် .... အိမ်တို့ အမြဲသောက်တာကတော့ ရေပါပဲ။
အေမြူးဇစ်ဂရု ... အိမ်အကြိုက်ဆုံးက အိုင်းရင်းခရော့ ပါ။
အန်အန်းနီးမဲ ... အိမ်ချစ်တဲ့ တိရစ္ဆာန်ကတော့ အကုန်ပါပဲ၊ သူတို့ နေထိုင်ပုံ သွားလာပုံတွေ လေ့လာချင်တဲ့ ဝါသနာ ရှိတယ်။
အေစရိနိမ်း..... အိမ်နေတဲ့ လမ်းနာမည်လား မသိဘူး။
အေတိုက်အော်ဖ်ကား .... အိမ်ကြိုက်တဲ့ကားတွေကတော့ ဖယ်ရာရီ၊ အော်စတင်မာတင်၊ လင်ကွန်း၊ လိုတပ်၊ ပေါ်ရှယ်၊ ဂျဂွာ၊
အေတိုက်တယ်အော့အေဆောင်း ... အိမ်ကြိုက်တဲ့သီချင်းက အိမ် သီချင်းပါ။
အေဘတ် ....... အီး တနည်းအားဖြင့် မစင်... တနည်းအားဖြင့်ချေး.... တနည်အားဖြင့် ချီး ..။

17 Response to အီး ဖော် အိမ်

15 October 2009 at 19:35

ဘာမှလဲ ဆိုင်ဘူး ..မှားတယ်နော် ... တဂ်ထားတယ် ... လာဖတ်ပြီး ပြန်ရေးပေးပါ..အဟဲ

15 October 2009 at 21:01

တအိမ်လုံးလဲ E တွေချည်းပဲပေါ့ နော် ....
ကြိုက်တတ်ရင် လာယူအုံး .. ... ကိုယ့် အိမ်မှာလည်း ရှိသေးတယ် ကွဲ့ 

15 October 2009 at 21:38

ဖတ်တဲ့သူကို ခေါင်းမမူးမူးအောင် သက်သက်လုပ်တာပဲ...
အိမ်အကြောင်းကို အိမ်က အိမ်ထဲမှာပဲ အားလုံးရေးထားလို့ အိပ်မက်မမက်နိုင်တော့ဘဲ အီလည်လည်နဲ့ အမြန်ပြန်သွားပြီ

နေ့အိပ်မက်

15 October 2009 at 22:21

အီးဖော်အိမ် အိမ်ဖော်အီး။
ဟိဟိ
အိမ်ဖော်မလေးရဲ့ အီးလားမသိ။ :P

16 October 2009 at 05:26

အားးးးးးးးးးးး
အိမ့် အိမ်မှာ
အီးတွေလျှံနေတယ်။
အရမ်းညစ်ပတ်တာပဲ။
အရမ်းလဲ နံတယ်။ ဟွန်း
အိမ် ပြန်ဘီ။

16 October 2009 at 07:08

ဟုတ်ပါ့ အိမ့်အိမ်မှာအီးတွေများနေတယ်ဗျို့ ဖတ်ရတာ သိပ်မနိပ်ပါဘူး အီးများတော့ မကောင်းဘူးး)

လေးစားလျက်
တောင်ပေါ်သား

16 October 2009 at 07:17

အိပ်ယာကနိုးနိုးချင်းအီးအကြောင်းလာဖတ်သွားတယ်။
း)

အီးတွေကများလိုက်တာ။ ဘယ်လောက်တောင်စုဆောင်းထားလဲသိဘူးတော့။

16 October 2009 at 08:50

အိမ် တို့ကတော့ လူလည်ကျသွားပြီ
ဘာပဲဖြစ်ဖြစ်လေ ရေးလို့ကျေးဇူးတင်ပါတယ်

16 October 2009 at 10:59

E for Eain မိုက်တယ်... :P

16 October 2009 at 12:43

တိရိစ္ဆာန်တွေရဲ့နေပုံထိုင်ပုံ စားပုံသောက်ပုံ ကိုလေ့လာရတာ စိတ်ဝင်စားတာလား... အီးကို သုတေသနလုပ်ရတာစိတ်ဝင်စားတာလား :)

16 October 2009 at 12:58

အီးအိမ်ကြီးပါလား
နံတယ် ပြန်ပီ

16 October 2009 at 14:19

အီးဖော်အိမ်ပေါ့လေ...

အင်း... အီးတွေနဲ့ ပြည့်နက်နေပါလားဗျ...

အင်အင်းတွေလည်း ပါတယ်ပေါ့လေ....

အစ အဆုံးကို ဖတ်သွားတယ်ဗျာ... :P :P

16 October 2009 at 15:32

အီး စီးရီးခွေပါ ထုတ်လိုက်ပါလား :)
အိမ့်ကို အကြံပေးတာပါ

17 October 2009 at 14:08

အီးသံစဉ်ကိုတော့ နှစ်သက်သွားကြောင်းပါ ..
အီးခေတ်ကိုးနော့်...

17 October 2009 at 23:22

အီအီး

အီအီး

အိမ့်အတွက် အီးအီး

(ခင်များစိတ်ကူးအကောင်းဆုံးပဲ)

18 October 2009 at 20:28

အီးခေတ်မှာ အီးအနှစ်ကိုမရှာခဲ့လို့
အီးညှစ်ထုတ်ပေမယ့်
အီးထွက်ဖို့ မ၀ံ့ရဲခဲ့တာ
အီးကို လေ့လာသင်ယူဖို့
အီးဆရာဆီ သင်မှ ရတော့မယ် .. ဟဲဟဲ
(English) ပြောပါတယ် ..။

1 December 2009 at 12:43

ဟားဟား အီးက မကောင်းမှန်သိပေမယ့် ခုမှ ချစ်စရာကောင်းမှန်းသိတော့တယ်..မိုက်တယ်ကွာ ရေးထားတာ...အီ ...အိ ..အီးရေ(စတာ )။။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း