Saturday, October 17, 2009

ကျားဆိုမှကျား ၂

27
တခါတလေ စဉ်းစားမိတယ်... ကျနော်တို့ ယောကျာင်္းတွေအကြောင်း အထူးသဖြင့် မြန်မာပြည်က ယောကျာင်္းလေးတွေ အကြောင်းပါ။ ဘာတွေစဉ်းစားမိသလဲဆိုတော့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး ကြင်ယာဖက်ရွေးတဲ့ အခါမှာ ကျနော်တို့ချည်းပဲ ခံရလို့ပါ။ ဘာတွေခံရသလဲလို့ သေချာတွေးကြည့်လိုက်တော့ .............


မိန်းကလေးတယောက်ကို ကြိုက်နေမိပြီ၊ ချစ်နေမိပြီ ဆိုပါတော့ အရင်ဆုံး သူ့နာမည်ကိုစုံစမ်း၊ ဘယ်မှာနေလဲ စုံစမ်း၊ ဘာလုပ်သလဲမေးမြန်း၊ ပြီးတော့ ကိုယ်ကသူ့ကို ချစ်နေမိပြီဆိုတာ သူသိအောင် နည်းမျိုးစုံသုံးပြီး သူမသိ သိအောင်လုပ်ရပြန်တယ်။

သူသိသွားတဲ့နောက်မှာ သူ့ကိုစာလိုက်ပေးတာတို့ ကြားလူနဲ့အောင်သွယ်ခိုင်းတာတို့ စကားလိုက်ပြောတာတို့၊ စသည်ဖြင့်ပေါ့ သူ့အချစ်ကိုရဖို့ လုပ်ရပြန်ပါတယ်။ အဲဒီနောက် ကံကောင်းထောက်မလို့ သူ့ဆီကချစ်တယ်ဆိုတဲ့ အဖြေလေး ရသွားတယ်ပဲ ဆိုပါစို့.... နောက်ဆက်တွဲတွေက သူကျောင်းဆင်း၊ ကျောင်းတက်၊ ရုံးဆင်း၊ ရုံးတက်ကို ဖယ်ရီလုပ်ပေးရတာနဲ့၊ သူချုပ်ချယ်သမျှ ဟိုဟာမလုပ်နဲ့၊ ဒီဟာမကိုင်နဲ့ ဆိုပြီး လုပ်တာခံရပြန်ရော၊ အခန့်မသင့်ရင် စိတ်ကောက်တာတို့ စိတ်ဆိုးတာတို့ကို ဒုက္ခခံပြီး လိုက်ချော့ရသေးသဗျ၊ တခါတလေ ဟိုဟာပူဆာ၊ ဒီဟာပူဆာနဲ့ ကိုယ့်ရဲ့ မရှိမဲ့ရှိမဲ့ ပိုက်ဆံလေးထဲက ဖဲ့ပြီး ဝယ်ပေးရပြန်ရော...။

ဒီလိုနဲ့ အချိန်တန်လို့ လက်ထပ်ပေါင်းသင်းတော့ရော ဘာထူးလဲ မင်္ဂလာပွဲအတွက် ကုန်ကျစရိတ်၊ နေဖို့ထိုင်ဖို့ အတွက် အိမ်ယာ၊ ရှေ့ဆက်ပြီး စားဖို့၊သောက်ဖို့အတွက် အလုပ်အကိုင်နဲ့ ငွေကြေး အတွက်ပူပန် ရပြန်ရော။ အဲဒီလိုနဲ့ အချိန်နဲနဲကြာလာတော့ တခါတလေ အိမ်ပြန်နောက်ကျရင် ဘယ်ကပြန်လာတာလဲ၊ ဘယ်သူနဲ့သွားတာလဲ၊ ဘာလုပ်နေတာလဲ၊ ဘာသွားလုပ်တာလဲ၊ ဘယ်သူတွေပါလဲ၊ စသဖြင့်မေးလိုက်တာလဲ အစုံပဲ၊ တကိုယ်လုံးကို ရှာဖွေရေးလုပ်တာလဲ နေရာအနှံ့။ ဒါတင်မပြီးသေးဘူး.. ကိုယ်ရှာသမျှကို သူ့ကိုအပ်ရသေးတယ်... အဲဒီထဲကမှ သူကနေပြီး ပြန်ပြီးတော့ ရော့ ဒီလဘယ်လောက်သုံးဆိုပြီးလုပ်တာ။ အံမာ တခါတလေ သူ့မိဘဆီကိုတောင် မသိမသာရော သိသိသာသာရော ပေးသေးတာနော...။
ကဲ... ဘာကောင်းလဲ.. ဘာမှမကောင်းတာတော့ အမှန်ပဲ.. သေချာတွေးကြည့် စပြီး ရည်းစားထားခဲ့ကထဲက သူ့အလိုလိုက် သူ့အကြိုက်ဆောင်နေခဲ့ရတာ၊ လက်ထပ်ယူပြီးတဲ့ အထိပဲ။

သူများနိုင်ငံတွေမှာဆိုရင်.. ဥပမာ။ ။အန္ဒိယနိုင်ငံက ပန်ချာပီလူမျိုးတွေဆိုရင် ယောကျာင်္းလေးနဲ့ မိန်းကလေး လက်ထပ်ပြီ ဆိုပါစို့ မင်္ဂလာပွဲကို မိန်းကလေးဘက်က အကုန်အကျခံပေးရသလို၊ သူတို့သမီးမျက်နှာ မငယ်ဖို့ အတွက် သမီးရှင်မိဘတွေကပဲ လက်ဝတ်လက်စားတွေကို ပေးပါတယ်။ လက်ထပ်ပြီး နောက်ပိုင်းကတော့ ယောကျာင်္းလေး တာဝန်ပေါ့ဗျာ.. ဘာဖြစ်ဖြစ်လေ မင်္ဂလာပွဲအတွက်လဲ အကုန်အကျခံပေးတယ်၊ လက်ဝတ်လက်စားလဲ ဆင်ပေးစရာ မလိုဘူးဆိုတော့ ကျနော်တို့ မြန်မာ ယောကျာင်္းလေးတွေထက်တော့ သာတယ်လို့ ပြောရမှာပေါ့။

အဲဒီလိုပဲ နီပေါနိုင်ငံလားမသိဘူး မိန်းကလေးရှင်ကနေပြီး ယောကျာင်္းလေးရှင်ကို တင်တောင်းရသတဲ့။ ယောကျာင်္းလေးရဲ့ ပညာနဲ့ အရည်အချင်းပေါ်မူတည်ပြီး တင်တောင်းတာလဲ အများကြီးတဲ့။ ကဲ.. ကြည့်စမ်း ဘယ်လောက် ကောင်းလဲ ..........။

နောက်တခုက သီရိင်္လကာနိုင်ငံ သူတို့ဆီမှာ လက်ထပ်ရင် မိန်းကလေးက အပျိုမစစ်ရင် နောက်နေ့မနက်ဘဲ သူ့ကို သူ့မိဘအိမ်ပြန်ပို့သတဲ့။ ဘယ်လိုမျိုးလဲဆိုတော့ လက်ထပ်ပြီးလို့ မင်္ဂလာညမှာ အိပ်ယာပေါ် ပိတ်ဖြူခင်း ပြီးအိပ်ရပါသတဲ့၊ နောက်တနေ့ မနက်ကျရင်တော့ ယောကျာင်္းလေးရှင်ရဲ့ အမေကိုယ်တိုင် အိပ်ခန်းထဲဝင်ပြီး အိပ်ယာခင်း ပိတ်ဖြူပေါ်မှာ သွေးစွန်းထင်မှု ရှိမရှိ၊ မိန်းကလေးကိုယ်က ထွက်တဲ့သွေးဟုတ်မဟုတ်ကို စစ်ဆေး ပါသတဲ့၊ မဟုတ်လို့ကတော့ အဲဒီမိန်းကလေးခမျာ သူ့မိဘအိမ်ကို အရှက်တကွဲ အကျိုးနည်းပြီး ပြန်ရပါတယ်တဲ့ .... ကဲ...... အဲဒီလို.....အဲဒီလို... ဗျို့

နောက်ရှိသေးတယ် ဘယ်နိုင်ငံတွေဆိုတာသိပေမဲ့ သူတို့ရဲ့ ဓလေ့ထုံးစံကို သေချာမပြောတတ်လို့ ဒီလောက်ပဲ ရေးလိုက်ပါတယ်။
ကဲ..... ရွှေနိုင်ငံမှာနေ၊ ရွှေနိုင်ငံမှာကြီးလာတဲ့ ဘော်ဘော်တို့ရေ ကျုပ်တို့ ယောကျာင်္းတွေက ရွှေမဖြစ်ပဲ ရွှံ့ဖြစ်နေတာလေးကို ပြောင်းပြန်လှန်လိုက်ကြရအောင်လားဗျာ...။ ဒီအတိုင်း ဆက်ခံနေရင် နောက်လာနောက်သားတွေ အတွက် ရင်လေးစရာပါပဲ။ နောက်လာနောက်သားက နောက်မှာထားပါဦး လောလောဆယ် ကျနော်တို့ အတွက်ပဲ အရင်ဆုံး လုပ်ကြရအောင်ဗျာ.... နော......။ သေချာတွေးကြည့်ရင် ကျနော်တို့သာတာ ဘာတခုမှ မရှိဘူးဗျ၊ အဲဒါကြောင့်နဲ့တူတယ် ရှေးလူကြီးတွေက ယောကျာင်္းတွေကို နွားနဲ့တောင် ခိုင်းနှိုင်းခဲ့တာ မဟုတ်လား....။
ကဲ... ဒီတော့ ဘာဆက်လုပ်မလဲ.... တခုခုတော့ လုပ်ဖို့လိုနေပြီနော်.... စဉ်းစား....စဉ်းစား....။

27 Response to ကျားဆိုမှကျား ၂

17 October 2009 at 13:33

အဲလိုဆိုလည်း အိန္ဒိယသွားနေလေ မိန်းမ အတောင်းခံချင်ရင်.. ဒါမှမဟုတ်လည်း တစ်သက်လုံးလူပျိုလုပ်တော့ ဒါဘဲ ရှိတယ်

17 October 2009 at 13:37

ဒါကတော့ လည်သလိုလုပ်စားကြတာပေါ့ဗျာ။ :P

17 October 2009 at 14:06

အနော်လည်း တစ်ခုခု မဖြစ်မချင်း
လူပိုကြီးလုပ်မလို့ စဉ်းစားထားတယ်

17 October 2009 at 14:15

ဂလိုဆိုလည်း အိန္ဒိယ နဲ့  နီပေါ ပဲ သွားနေ တော့လေ ..
ပြီးတော့ အမီနာစိန်မေလာတဂိုး နဲ့  လက်ချမီး တို့ ကို တင်တောင်းခိုင်းပေါ့ ။။ ခိုင်းလဲ ခိုင်း ..စားလဲစားး
ကျေ နပ် ပြီ လား ကိုကိုအိန် .... ဂိန် ..ဂိန်...

17 October 2009 at 14:16

အင်း ငါ့အကို လိုချင်နေပြီထင်တယ် သနားပါတယ်း)
ရှာပေးရမလားး) လုပ်ပါ အားမနာနဲ့ စိတ်ကြိုက် ဖြစ်စေရမယ် ပွဲစားလုပ်တယ်တော့ မဟုတ်ပါဘူး လိုအပ်ရင် ကူညီတတ်တာပါ။ ၅ပုံးလောက်တော့ ပေးပေါ့ အဟီးဟီး

လေးစားလျက်
တောင်ပေါ်သား

17 October 2009 at 16:48

ငဗီ ပြောသလိုလေး လုပ်ကြတာပေါ့ဗျာ
ဟဲ

17 October 2009 at 17:34

ဘာမှကိုမပြောချင်ဘူး လူပြိုဂျီးရေ လုပ်ချင်တာသာ လုပ်တော့

17 October 2009 at 18:09

ယောက်ျားလေးဖြစ်ရတာ နစ်နာတယ်ဆို.
ယိုးဒယားသွားပြီး မိန်းမ ဖြစ်အောင် ပြောင်းလိုက်ပေါ့..
ဒါပေမဲ့ လူတော့မသိစေနဲ့.. ပြီးမှ တိတ်တိတ်လေး ယောကျာ်းယူလိုက်. ဒါအကောင်းဆုံးပဲ.

17 October 2009 at 23:25

ငှက်ပျောတုံး ပို့ပေးမယ် စိတ်မပူနဲ့

17 October 2009 at 23:39

ဒီကိစ္စက သေသေချာချာ စဉ်းစားဘို့တော့ လိုတယ်။

အမျိုးသားတွေ စုစည်းပြီးတော့ ဒီကိစ္စကို အကျယ်တ၀င့်
ဆွေးနွေးသင့်တယ်။

ကိုယ့်ကိုကိုယ် တန်ဖိုးထားတဲ့ အနေနဲ့ သယ်ရင်းပဲ
ဦးဆောင်ပြီး နမူနာ လူပျိုကြီး လုပ်ပြပါ။

18 October 2009 at 09:08

အောင်မာ

ရန်တွေ့ မှာ ဘယ်ကစရမလဲ။
တော်တော်လည်တဲ့အိမ်။ဟွန့် ။ သူတို့ နစ်နာမှာ တော်တော်ကြောက်။

မိန်းကလေးတွေနစ်နာတာလဲ ထည့်မပြောဘူး။စိတ်ပုတ်တယ်။

ယောကျာင်္းယူလိုက်ရင် ယောကျာင်္းစားဘို့ ဖွယ်ဖွယ်ရာရာချက်ရတာ(အပျိုတုန်းက အိမ်မှာ ဘုရင် ယောကျာင်္းရမှ အခိုင်းစေ)ချက်ရပြုတ်ရလျှော်ရဖွတ်ရ ကလေးထိန်းရ လူမှုရေးကိစ္စတွေဖြေရင်းရ။
အများသား။

18 October 2009 at 13:29

ဒီလောက်ကြောက်နေရင်လည်း မိန်းမယူမနေနဲ့ တော့ အတောင်းခံချင်ရင် ကုလားပြည်ကို သွားပေါ့တော် :P

18 October 2009 at 17:22

ထက်ထက်ပြောတာ သဘောတူပါတယ်...

"မအိမ်" လို့ဖြစ်သွားရင်လည်း မဆိုးပါဘူး...

းဝ)

19 October 2009 at 07:29

အဲဒီလိုမျိုး အတောင်းခံချင်ရင် ကုလားပြည်သာ သွားနေလိုက်ပါလား ?

ဟွန်း

19 October 2009 at 15:53

ဒါကတော့ ယောကျာ်းလေးတွေ လုပ်သင့်လုပ်ထိုက်တယ်လေ တကယ်လို့မှ အဲ့ဒီလိုမဖြစ်ချင်ရင်တော့
(၁) အိန္ဒိယနိုင်ငံကိုသွား
(၂) လူပျိုကြီးလုပ်
အဲ့ဒီ ၂ချက်ပဲ လိုတယ်လေ။ ကဲ.....ကြိုက်တဲ့အချက်သာရွေးတော့ဗျို့

19 October 2009 at 17:41

စာလည်း ဖတ်ပြီးရော အမီနာကိုပဲ ပြေးပြီး ယူရတော့မလိုပဲနော်...

19 October 2009 at 17:48

အကုန်လုံးက အားပေးထားကြပြီ ဆိုတော့ ကြိုက်တဲ့ နည်းလမ်း ရွေးပေါ့ကွယ်..အော် ..ခေါင်းကိုက်နေတယ် ဆိုတာ လက်စသပ်တော့ သူ့ခမျာ ဒါတွေ စဉ်းစားနေရလို့ကိုး ..

19 October 2009 at 18:17

ဒါမှ ဒို့ကိုဂျီးကွ..အဲလိုဟာတွေ များများရှာရေးပေး။ နောင် ကျနော် ဝန်ကြီးချုပ်ဖြစ်ရင် အမျိုးသားရေးရာထောင်ပြီး အမျိုးသမီးတွေကို ဘေထည့်လိုက်မယ်..။ ဟေဟေ့။

19 October 2009 at 19:37

အောင်မာ...x-( ...။ သွားပါလား ကုလားပြည်ကို ဒါမှ မဟုတ် မအိမ် လုပ်လိုက်ပေါ့...။

19 October 2009 at 20:32

ဘယ်သူပြောတုံး မိန်းမတွေကသာတယ်လို့.. ထမင်းစားရင် ခူးပေးရတယ်.. အရိုးထွင်ပေးရတယ်.. အ၀တ်လျှော်ရင် ပုဆိုးနဲ့ထဘီခွဲလျှော်ရတယ်... အ၀တ်အစားတွေ မီးပူတိုက်ပေးရတယ်.. ဘာကောင်းလို့လဲ.. ဒါတွေလုပ်ပေးလို့ ကိုယ်ကသူ့လောက်အလုပ်မလုပ်ရဘူးလားဆိုတော့လည်း မဟုတ်ပြန်ဘူး... ပြီးရင် ကိုယ်ဝန်ဆောင်ရဦးမယ်.. ကလေးမွေးရဦးမယ်.. ကလေးထိန်းလည်း မိန်းမတွေပဲလုပ်ရတာ

နေ့အိပ်မက်

21 October 2009 at 10:00

ဦးဦးအိမ်ပြောမှပဲစဉ်းမိတော့တယ်။ တော်ပြီမိန်းမမယူတော့ဘူး သားသား ဖေဖေလိုမျိုး လူပျိုကြီးပဲလုပ်တော့မယ်

22 October 2009 at 08:42

ကျားဆိုမှကျား တဲ့ ဟုတ်ပ ကျွန်တော်တို့ယောကျာ်းလေး တွေနစ်နာနေတာဘယ်သူ အရေးယူပေးမှာလဲ ကဲအစ်ကို အိမ်ပဲခေါင်းဆောင်ပြီးတော့ အားနွဲ့သူယောကျာ်းလေးများ ကယ်တင် ဆောင်မ ကြည့်ရှု့ ထိန်းသိမ်း ကြီးကြပ်ရေး အဖွဲ့ ဖွဲ့ပြီး အဟဲဟဲဟဲဟဲ လူပြိုလေးများ လူပြိုကြီးများမဖြစ်ရေး တို့အရေး ဆိုပြီးး))

22 October 2009 at 09:48

အင်းး အိမ်ဖောင်းဖောင်းလေးတော့ လူပျိုသိုးကြီး လုပ်ဘို့စိတ်ကူးနေပြီထင်တယ်နော့် ဟဟဟ အင်းး ဖြစ်မယ့်လမ်းစတောင် မြင်နေရပြီနော့် ကဲစဉ်းစားမနေနဲ့တော့ အတုံးလိုက်ကြီးစားလိုက်တော့ ဟုတ်တယ်နော် စဉ်းစားမယ်ဆို ကြာနေသေးတယ် ကဲ မောင်းမင်း တောင်းတဲ့ဆုနဲ့ပြည့်စေဗျာ
လူပျိုကြီးဖြစ်ပါစေ ဥုံဘုတ်တလုပ်လုပ် ဥုံ ဘုတ်တလုပ်လုပ်


အဖြူရောင်ညီမလေး

22 October 2009 at 09:48

အင်းး အိမ်ဖောင်းဖောင်းလေးတော့ လူပျိုသိုးကြီး လုပ်ဘို့စိတ်ကူးနေပြီထင်တယ်နော့် ဟဟဟ အင်းး ဖြစ်မယ့်လမ်းစတောင် မြင်နေရပြီနော့် ကဲစဉ်းစားမနေနဲ့တော့ အတုံးလိုက်ကြီးစားလိုက်တော့ ဟုတ်တယ်နော် စဉ်းစားမယ်ဆို ကြာနေသေးတယ် ကဲ မောင်းမင်း တောင်းတဲ့ဆုနဲ့ပြည့်စေဗျာ
လူပျိုကြီးဖြစ်ပါစေ ဥုံဘုတ်တလုပ်လုပ် ဥုံ ဘုတ်တလုပ်လုပ်


အဖြူရောင်ညီမလေး

27 October 2009 at 16:17

လူပျိုကြီး ဖြစ်ပါစေ။ :) ဒီလောက်ပဲ ပြောသွားတော့မယ်. ဒါမှမဟုတ် ဒီက အသိ ကုလားမအသိတွေနဲ့ မိတ်ဆက်ပေးရမလား။ ပွဲခဈေးကြီးတယ်နော်။ ကြိုပြောတာ ။ကြိုပြောတာ။ အချင်းချင်းမို့ လျော့မယ် မထင်နဲ့

29 October 2009 at 23:17

ဟုတ်ပါ့ဗျာ ..... လင်ပန်းပေါ် ဥ ကျလည်း ဥပဲကွဲ ဥပေါ်လင်ပန်းကျလည်း ဥပဲကွဲ ဖြစ်နေတယ် .... ကျွန်တော် တို့ ယောကျာ်းတွေ နောင်လာနောက်သားတွေပါ နွား မဖြစ်၇လေ အောင် အစ်ကို ကြိး အိမ်ပဲ ဦးဆောင်ပါဦးဗျာ ....

2 April 2010 at 23:09

အယ် ...
ရွှေနိုင်ငံမှာ လည်း
မိန်းကလေးက တင်တောင်းရတာ ရှိပါတယ် ...
ဒါပေမယ့် မြိတ်သားဖြစ်ရမယ် နဲ့တူတယ် ..
အဲ့ဒါဆို မြိတ်မှာ
မိန်းကလေးတွေက တင်တောင်းရတာတဲ့ ..
ကြားဖူးတာပဲ ..

ဒါပေမယ့်
အဲ့လိုကြီး တွေးပါနဲ့အေ..
တစ်ယောက်နဲ့ တစ်ယောက်
တစ်ထပ်တည်း ကျနေဖို့ ပဲ လိုတာပါ .. :P

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း