Saturday, June 06, 2009

နှစ်ပေါင်း ၃၀

32
ကျနော့်မွေးနေ့မှာတခြားဘလော့ဂါတွေလို မွေးနေ့ကိတ်တွေ၊ စားစရာ၊သောက်စရာတွေနဲ့တော့ ဧည့်မခံတော့ဘူးဗျာ.. ဒါပေမဲ့ စာတပုဒ်နဲ့တော့ ဧည့်ခံလိုက်ပါ့မယ်.. ထူးခြားမှုရှိတဲ့ စာတပုဒ် မဟုတ်တောင် အပျင်းပြေပြီဆိုရင် ကျေနပ်ပါပြီ။ စာတွေစကားလုံးတွေ တောရောက်တောင်ရောက်ဖြစ်နေရင် နားလည်ပေးပါဗျာ။



လွန်လေပြီးသောနှစ်၃၀လောက်က လူ့လောကကြီးကို ဒုက္ခပေးဖို့ရောက်လာတဲ့လူတယောက်။ မွေးမွေးချင်း အူဝဲလို့ ပီပီသသကြီးအော်လိုက်ပေမဲ့ အူဝဲလို့ အမည်မတွင်ပဲ ရိုးကလေး(အိမ်ခေါ်နာမည်)လို့တွင်ခဲ့ပါသတဲ့.....။
ဒီနေ့ဘာနေ့လဲ...???? ဟုတ်ကဲ့ ဒီနေ့ဟာ ကျနော့်မွေးနေ့ပေါ့ဗျာ။ အသက်ဘယ်လောက်ရှိပြီလဲ ဆိုတော့ အတိအကျပြောရင်ရင် လူ့ဘ၀ကြီးမှာနေလာတာ နှစ်ပေါင်း၃၀ပြည့်တဲ့နေ့ပေါ့။ ဒီထက်သေချာသိချင်ရင်တော့ အပါတ်ပေါင်း ၁၅၆၅.၃၅၇၁၄၂၈၅၇၊ ရက်ပေါင်း ၁၀၉၅၇.၅၊ နာရီပေါင်း ၂၆၂၉၈၀၊ မိနစ်ပေါင်း ၁၅၇၇၈၈၀၀၊ စက္ကန့်ပေါင်း၉၄၆၇၂၈၀၀၀ ရှိပါပြီ။လူ့လောကကြီးထဲ နှစ်ပေါင်း ၃၀ပြည့်အောင်နေလာခဲ့ပြီဆိုတော့ ဘာတွေများ ကောင်းတာလုပ်ခဲ့လဲ လို့ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တာမှာ .... ဟုတ်ကဲ့.......
အမှန်အတိုင်းပြောပြရရင်တော့ မကောင်းတာနဲ့ အမှားတွေ များပါတယ်။ ဘာတွေမှားပြီး၊ ဘာတွေ မကောင်းခဲ့လဲဆိုတာတော့ ထူးထူးခြားခြားရယ်လို့ မရှိပါဘူး၊ သာမာန်သူလို၊ငါလို အမှားမျိုးတွေပါပဲ။ ဒါဆို ဘာကြောင့်များ ပြန်လည်စဉ်းစားနေသလဲ မေးရင်တော့ အနာဂါတ်အတွက် ကြိုတင်ပြင်ဆင်ရန်အတွက်ကြောင့်ပါ။ကိုယ်လျှောက်ခဲ့တဲ့ လမ်းဟာ ပန်းခင်းတဲ့လမ်းလဲ ဖြစ်ခဲ့သလို၊ ဆူးခင်းတဲ့လမ်းလဲ ဖြစ်ခဲ့ပါတယ်။ တခါတလေလဲပန်းခင်းလမ်းဖြစ်ရမဲ့ဟာ ကိုယ့်ရဲ့ အမှားကြောင့် ဆူးခင်းလမ်းဖြစ်သွားတာတွေ၊ အဲဒီလိုပဲ ကိုယ့်ရဲ့ လုပ်ဆောင်ချက်ကြောင့် ဆူးခင်းလမ်းကနေ၊ ပန်းခင်းလမ်း ဖြစ်သွားတာတွေလဲ မရေမတွက်နိုင်ပါဘူး။
နှစ်ပေါင်း၃၀တဲ့.. ဖြတ်သန်းခဲ့သမျှ ခွေးဝဲစားလည်ပြန်လှည့်ကြည့်မိတော့ ဘာမှမကြာသလိုထင်ရပေမဲ့.. နောက်ထပ်၁နှစ်၊၁လ၊၁ရက်၊၁နာရီ၊ ၁စက္ကန့် ရောက်ဖို့စောင့်စားရတာ ကြာသလိုခံစားမိတယ်။
++++++++++++++++++++++++++++++++++++
...................................................................တခါတလေတွေးမိတယ် လူတွေရဲ့
ဦးတည်ချက်ကဘယ်လဲ......။ ရည်မှန်းချက်ထားရှိတဲ့ ပန်းတိုင်ဆီကိုလား....။ အဲဒီပန်းတိုင်ရောက်ခဲ့ရင်ရော
ကျနော်တို့တွေ ပြီးဆုံးသွားပြီထင်ပါသလား.... မပြီးပါဘူး...။ ရည်မှန်းချက်တခုပြည့်တော့ နောက်တခုကိုထပ်မျှော်မှန်းကြပြန်ရော....ဒီလိုနဲ့ပဲ ဘ၀ကို မီးဇာကုန်ဆီခမ်းနဲ့ အပြီးသတ်သွားကြပြန်တယ်။
ဒါဟာဖြစ်သင့်ပါသလား.... ဟင့်အင်း လုံးဝမဖြစ်သင့်တဲ့အရာပါ။ ဒီလိုဆိုရင် ကျနော်တို့ ဘာလုပ်ကြမလဲ အများ
မိုးခါရေ သောက်သလိုလိုက်သောက်မလား..ဒါမှမဟုတ်သုံးလောကထွတ်ထားမြတ်စွာဘုရား လမ်းညွှန်ပြထားတဲ့
နိဗ္ဗာန်လမ်းကို အရောက်လှမ်းမလား.... ပုထုဇဉ်တွေဆိုတော့လဲ ခက်သားလားဗျာ အိမ်တလုံးပိုင်ဖို့အတွက်
အလုပ်ကိုနေ့မအားညမအား လုပ်ချင်လုပ်မယ်၊ ကားတစီးပိုင်ဖို့အတွက် မနားမနေအလုပ်ကြိုးစားချင်ကြိုးစားမယ်
ပုတီးစိပ်တရားထိုင်ဖို့ကျတော့ ခါးနာသလေး၊ခြင်ကိုက်သလေးနဲ့ အကြောင်းအမျိုးမျိုးပြပြီး နေ့ရွှေ့၊ညရွှေ့နဲ့လုပ်
ချင်ကြတယ်။ တကယ်ပုတီးစိပ်တရားထိုင်တော့ရော စိတ်ပါလားမေး... ၀တ္တရားကြီးတခုလိုပဲ ဆောင်ရွက်သွားကြ
တတ်ပြန်တယ်။ ဒီလိုနဲ့ပဲ သံသရာ စက်ဝိုင်းကြီးထဲမှာ တ၀ဲဝဲလည်ရင်း ရုံးမထွက်နိုင်ဖြစ်ကြရတယ်။
အခုတော့သံသရာစက်ဝိုင်းမှာ လှည့်ပါတ်ပြေးရင်း နှစ်ပေါင်း၃၀တောင် ရှိလာပါပကောလား..။ဘယ်တော့များမှ
ရုံးထွက်နိုင်မှာပါလိမ့်နော်..။ ဘာပဲပြောပြော သံသရာတကွေ့မှာ တွေ့ခဲ့၊ ခင်မင်ခဲ့ကြရတဲ့ ဘလော့ဂါ မောင်နှမ
တွေကိုတော့ မမြင်ဖူးပေမဲ့ သံယောဇဉ်တော့ ဖြစ်မိပါတယ်။ အဲဒီသံယောဇဉ်နဲ့ပဲ ဘလော့မရေးတော့ဘူးလို့ ဆုံးဖြတ်ခဲ့တာတောင် အဲဒီသံယောဇဉ်နဲ့ပဲ ပြန်ရေးဖြစ်ခဲ့တာပါ။
+++++++++++++++++++++++++++++++++++++
သြော် .... တကယ်တော့ လူတွေဟာ အသိခေါက်ခက် အဝင်နက်နေကြတာဗျ။ မကောင်းမှန်းသိတယ်၊ ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတာသိတယ်၊ အဲဒိသိသိကြီးနဲ့ကိုပဲ လုပ်နေကြတာခက်တယ်ဗျ။ ဒီစိတ်တွေကြောင့်လဲ ကိလေသာနွံထဲရုန်းမထွက်နိုင်ဖြစ်နေကြတယ်။ လူဆိုတာလဲ ခက်သားလားဗျာ မလုပ်နဲ့ဆိုတာ ပိုလုပ်ချင်တယ်၊ မကိုင်နဲ့ဆိုတာကို ပိုကိုင်ချင်ကြတယ်။
ဆိုတော့ကာ....... ကျနော်တို့ဘာလုပ်သင့်သလဲ....... သာမန်ပုထုစဉ်လူသားတွေဖြစ်ကြတဲ့ ကျနော်တို့ လုပ်စရာက တနည်းပဲရှိတယ်။ ဘာလဲဆိုတော့ စိတ်ကောင်းနှလုံးကောင်းထား၊ ရတနာသုံးပါးကိုကိုးကွယ်၊ကိုယ့်ဘက်ကဘာလုပ်လုပ် အကောင်းဆုံးဖြစ်အောင်လုပ်၊ ကိုယ်တတ်နိုင်သလောက်လေးကို မရှိဆင်းရဲသားတွေကို ပေးကမ်းစွံ့ကျဲတာဟာ အကောင်းဆုံးလို့ထင်တယ်ဗျ။
++++++++++++++++++++++++++++++++++++++++++++
(အောင်မလေးဟဲ့ ကိုယ်လိုချင်တဲ့နေရာရောက်ဖို့ကို အတော်လေးချုနေရတယ်)
ကျနော်အခုဆိုရင် အသက်၃၀ပြည့်ပြီ ဘယ်လိုပြောရမလဲ လူပျိုကြီး စာရင်းဝင်နေပြီပေါ့ဗျာ.. ခုဆိုပျိုရာကနေ ပြိုမဲ့ဘက်ရောက်လာပြီဗျ.. ဒီတော့ မပြိုခင် သမိုင်းပေးတာဝန်ကို ရဲရဲဝံ့ဝံ့ကြီး ထမ်းဆောင်သွားချင်သေးတယ်(ပြောပုံက အော့နှလုံးနာစရာကြီးနော် ရဲရဲဝံ့ဝံ့တဲ့) ဒါပေမဲ့ခက်နေတာက ပိုက်ဆံမရှိဘူးဗျ ဒီတော့ ဘလော့ဂါမောင်မနှတွေအနေနဲ့ သဒ္ဒါတတ်အားများများမဆို ပေးကမ်းလှုးဒါန်းကြပါလားဗျာ။ နောင်ဆိုကျနော် ဘလော့မရေးတော့ဘူးလေဗျာ မျက်စေ့ရှုပ်သက်သာတာပေါ့ဗျာ နို့မို့ဆို ရွှေလှေငွေလှေတွေကြားထဲ ငါးပိလှေမှောက်သလို ဖြစ်နေတယ် မဟုတ်လား။ နို့မဟုတ်လို့ကတော့ ပေါက်ကရလေးဆယ်တွေ လျှောက်ရေးနေမှာဗျ။
ပေးလိုက်နော် တယောက်ကို ဒေါ်လာ၁၀၀၀လောက်ဆိုရင်ကိုပဲ မိန်းမ၂ယောက်လောက်ကို အေးဆေးတင်ကြွေးထားလို့ရပြီဗျ..... မိန်းမလဲ သိပ်မလိုချင်ပါဘူး ၂ယောက်ထဲပါ သမိုင်းပေးတာဝန်ကို အတိုးရော၊ အရင်းပါဆပ်ချင်လို့ ၂ယောက်ပဲတော်ပြီ သိပ်များလဲ မကောင်းဘူး မဟုတ်လား.....ဟီးဟီးဟီး

ကျနော့်ဆရာကြီးကိုလင်းထက်ကလဲသူ့ဘလော့မှာ မွေးနေ့ဆုတောင်းလေး ရေးပေးထားပါတယ် ခင်ဗျား။
ဒီပုံလေးကတော့ ဒွင်းပို့ပေးတဲ့ မွေးနေ့ အမှတ်တရ ပုံလေးပါ။



ဒီပုံလေးကတော့ပုလဲ(ခေါ်)မြတ်သွယ်က အမှတ်တရ ပေးပို့တဲ့ပုံလေးပါ။

မွေးနေ့မှာ လာရောက် အားပေး ဖတ်ရူသူအားလုံး ကျန်းမာ ချမ်းသာကြပါစေဗျာ (လာမဖတ်သူမပါ)

32 Response to နှစ်ပေါင်း ၃၀

6 June 2009 at 03:21

ကိုအိမ်ရေ
ဟက်ပီးဘတ်ဒေးနော်

6 June 2009 at 03:24

ယနေ့ယခု မွေးနေ့မှသည် နှစ် ၁၀၀တိုင်အောင်
မပူမပင် မကြောက်မကြ မတောင်းတရပဲ လိုအင်ဆန္ဒများ တစ်လုံးတစ်ဝကြီးပြည့်စုံပါစေ
ချစ်တဲ့သူနဲ့ မခွဲမခွာပဲ ကျမ်းမာချမ်းသာသော ဘဝကို ပျော်ရွှင်စွာ ခံစားနိုင်ပါစေ
စာများကို အစဉ်မပြတ်ရေးသားနိုင်ပါစေ
လိုအင်ဆန္ဒများ ပြည့်စုံပြီး အသက်ရှည်အနာမဲ့ပါစေ
ချစ်ညီဖိုးစိန်ဆုတောင်းပေးသွားတယ်နော်
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

6 June 2009 at 03:30

ပျော်ရွှင်ဖွယ် မွေးနေ့မှစ၍ လူပြို ကြီး ဘဝမှ အမြန်ကျွတ်လွတ်ပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်..။

6 June 2009 at 05:39

Happy Birthday ပါအစ်ကိုရေ..။ ကိုလင်းထက်ကြီးဆီမှာလည်း ဆုတောင်းပေးခဲ့ပါတယ်..။ ဒီမှာပါ ထပ်လာအော်ပါတယ် :P

Anonymous
6 June 2009 at 05:44

Happy Birthday ပါ ကိုအိမ်
ပျော်ရွှင်သေားမွေးနေ့ ပွဲလေးဖြစ်ပါစေ
ဆန္ဒဟူသမျှပြည့်စုံပါစေ

ခင်တဲ့
မြူး

Anonymous
6 June 2009 at 05:58

HAPPY BIRTHDAY TO U.
HAPPY BIRTHDAY TO U.
HAPPY BIRTHDAY DEAR EAIN.
HAPPY BIRTHDAY TO U.

Wishing u all the best in ur future life. :D

6 June 2009 at 08:45

ပျော်ရွှင်စရာ အသက် ၃၀ ပြည့် မွေးနေ့ ဖြစ်ပါစေ ကိုအိမ်ကြီး ။
တောင်းတဲ့ဆုနဲ့  ပြည့်စေဗျား။ လူပျိုကြီးဘ၀ကနေ အမြန်ကျွတ်ပါစေလို့ ပြောတာ ။ :D

6 June 2009 at 09:16

Happy Birthday အိမ်

6 June 2009 at 09:16

သမိုင်းပေးတာဝန်ကိုရဲရဲဝန့်ဝန့်ထမ်းဆောင်ချင်တယ်ဆိုရင် အဆစ်ကလေးပါထည့်ပေးလိုက်ရမလား။

6 June 2009 at 09:41

ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ။
မိန်းမတစ်ယောက်မြန်မြန်ရပါစေ။ :P

လောဘမကြီးနဲ့နော် ကိုအိမ်ကြီး။ :)

6 June 2009 at 09:48

Happy Birthday ကိုအိမ်ရေ.......... အမိုင်းပေးတာဝန်ကိုရဲရဲဝင့်ဝင့်ကြီး ထမ်းဆောင်နိုင်ပါစေနော်။.......... တောင်းတဲ့ဆုနဲ့ပြည့်ပါစေဗျာ လူပျိုကြီးဘဝမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေဗျာ။

6 June 2009 at 11:46

၃၀ပဲရှိသေးတာလား ၃၅နှစ်ထင်နေတာ အဟီးးးးးးးးးး
စတာပါနော် အတည် ခွိခွိ
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေကိုအိမ်ရေ အကောင်းဆုံးဆုတောင်းပေးမယ်ဗျာ
မိန်းမမြန်မြန်ရပါစေချင့် ဒီလိုဆုမျိုးလိုချင်နေတယ်ဆိုတော့ အံကိုက်ပဲပေါ့နော် ဗြဲး)

6 June 2009 at 12:13

ဟတ်ပီဘတ်ဒေးပါ အိမ်ရေ
မွေးနေ့ မှာ ပျော်ရွှင်ပါစေ။ မိန်းမချောချောလေး မြန်မြန်ရပါစေ။ လိုချင်နေတဲ့ အိမ်လေးတစ်လုံး ဆောက်နိုင်ပါစေရှင်။။

မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ.................

6 June 2009 at 17:14

Happy birthday ပါရှင်.....
လိုအင်ဆန္ဒတွေ အမြန်ဆုံးပြည့်နိုင်ပါစေ......

6 June 2009 at 20:18

၃၀ ဘဲရှိသေးတာလား ထင်တာ ၄၀ လောက်ထင်နေတာ...
ဘာဘဲဖြစ်ဖြစ်လေ ပျော်၇ွင်ပါစေ နောက် ပြီး ချစ်တဲ့သူနဲ့ အမြန်ပေါင်းသင်းနိုင်ပါစေ. လိုရာဆန္ဒတွေပြည့်ဝပါစေလို့နော်....
မမေ...အာဘွားတွေပေးလိုက်တယ်နော်.......အဟ

6 June 2009 at 20:35

အကိုအိမ်
မွေးနေ့မှာစပြီးပျော်ရွှင်ဖွယ်ဘဝလေးပိုင်ဆိုင်ပါစေဗျာ
ခင်မင်လျှက်

6 June 2009 at 20:39

HAPPY BIRTHDAY ပါကိုအိမ်ရေ....

ယနေ့မွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင် ချစ်သောဇနီးသားသမီးမြေးမြစ်များစွာတိုင်
မခွဲမခွာ မပူမပင် မကြောင့်မကြပဲ အေးချမ်းစွာ နေနိုင်သွားပါစေ............
နောင်နှစ်တွေမှာလဲ ပျော်ရွှင်စွာ ဆက်လက်ဆင်နွဲနိုင်ပါစေ..

ခင်တဲ့
မက်မက်

6 June 2009 at 21:46
This comment has been removed by the author.
6 June 2009 at 21:51

ပြောလိုက်ရင် ဟုတ်မလိုနဲ့ ဟာသနဲ့နောက်ပိတ်တယ်
မိတ်ဆွေကောင်းများနဲ့ ဘ၀ခရီး သံသရာခရီး သွားနိုင်စေသော်ဝ်

ဒေါ်ကွန်ပြောသလိုပဲ
သမိုင်းပေးတာဝန်ကို အဆစ်ကလေးနဲ့ထမ်းဆောင်နိုင်စေဗျား...
:D

6 June 2009 at 22:35

happy birthday ပါ အကိုရေ။
မိန်းမယူမနေပါနဲ့ဗျာ။ အကိုသာ ဘုန်းကြီးဝတ်ရင် ဝဝခန့်ခန့်ကြီးနေမှာဗျ။ လုပ်ပါဗျာ၊ ရဟန်းဒါယကာခံပါ့မယ်။ ဆွမ်းကွမ်းလဲ ထောက်ပါ့မယ်။ ဘယ့်နှယ့်လဲ။

6 June 2009 at 23:14

အကိုရေ အလည်လာတောင် နောက်ကျသွားတယ်။ ပျော်ရွှင်စရာမွေးနေ့လေးပါ။ နောင်နှစ်ပေါင်းများစွာ အစစအရာရာ အဆင်ပြေ ချောမွေ့နေပါစေ။ မိန်းမလဲ မြန်မြန်ရပါစေလို့.. ချစ်သော မိသားစုနဲ့လဲ အမြန်ဆုံး နီးစပ်ပြီး နေနိုင်ပါစေ


လေးစားလျက်
တောင်ပေါ်သား

Anonymous
7 June 2009 at 01:53

ဟောဗျ ပျောက်နေလို့ မွေးနေ့ပွဲကျင်းပသွားတာ သိလိုက်ဘူး ။ ဆောတီးဆောတီး :P
ခုလာမိလို့တော်သေး နို့မို့ သူ့ဆုတောင်းထဲပါမှာမဟုတ်ဘူး ။
ဘာပဲဖြစ်ဖြစ် ကိုအိမ်တစ်ယောက် လောကကောင်းကျိုးသယ်ပိုးနိုင်သူဖြစ်ပါစေ။ ပေါက်တတ်ကရ လေးတွေလဲ များများရေးနိုင်ပါစေ :P

7 June 2009 at 02:44

၁၂ မကျော်ခင်လာဖတ်သွားလို့ တော်သေးတာပေါ့
မဟုတ်ရင် အကိုအိမ် ဆုတောင်းပေးတဲ့သူတွေထဲ အနော်မပါဘဲနေတော့မလို့
ဟီးးး

ကိုယ့်အကိုကြီး ယနေ့မှ ပိုလို့ကျန်းမာ၊ စိတ်ချမ်းသာပါစေနော်
ကုသိုလ်တွေ များများ ရရှိနိုင်ပါစေ
မင်္ဂလာ မွေ့နေ့ရက်မြတ်လေးပါ အကိုအိမ်

ခင်မင်စွာဖြင့်
ညီမလေး :D

7 June 2009 at 17:53

ဟက်ပီးဘတ်ဒေးလာပြောတယ်.. နောက်ကျသွားတယ်.....
သံယောဇဉ်သီချင်းလည်းဆိုသွားတယ်..ဟာဟ

7 June 2009 at 17:56

happy birthday !!!!

7 June 2009 at 20:22

အောင်မြင်သော နှစ်တွေ ဖြစ်ပါစေ။ လိုအင်ဆန္ဒတွေ အမြန်ဆုံး ပြည့်ပါစေ။ မိန်းမက ၂ယောက်တောင်လား။ မယူခင် ယူထားပြီးသား အကိုကြီးတွေ မေးကြည့်လိုက်ပါဦး။

8 June 2009 at 00:25

ဟာ
ဦးဦးအိမ်
၃၀လားဗျ။ ဟုတ်ရောဟုတ်ရဲ့လား။ နှစ်၂၀လောက်များ လျှော့ပြောထားသလားနော်။ အချင်းချင်းတွေဆိုတော့လဲ သိနေတယ်လေ။ မူရင်းအသက်ကို။ အဟိဟိ။
မွေးနေ့မှာ ကဲနိုင်ပါစေဗျာ။ အဟီးဟီး

8 June 2009 at 20:36

ပြည့်သွားဘီလား သုံးဆယ်။ မထင်ရဘူး။ နှစ်ဆယ်ကျော်လေးလိုဘဲ။ ဘယ်လောက်ဘဲကျော်ကျော်ပေါ့ တကယ်တမ်း နှစ် နှစ်ဆယ်လောက်ကျော်လည်း နှစ်ဆယ်ကျော်လို့ပြောလိုရတာဘဲ။ ဘာဘဲဖြစ်ဖြစ် ပျော်ရွင်ပါစေ။ ဆန္နနဲ့ ဘဝ တစ်ထပ်တည်းကျပါစေ။

9 June 2009 at 05:14

ပထမက တော့ သြော် အိမ် တစ်ယောက်တော့ မွေးနေ့မှာ တရားတွေရနေပြီပေါ့ဆိုပြီ ပီတိတွေဖြစ်နေတာ... ပို့စ်နောက်ဆုံးမှ ဒင်းက မိန်းမ ၂ ယောက်တောင် ယူချင်သေးတယ်ဆိုတော့ .. ဒီတဏှာမီးက တော်တော်ကျွမ်းနေပါလား ဆိုတာ သိလိုက်ရပေပကော့... ချစ်ကိုကြီး အိမ်ရေ..။
Happy Birthday.....!!!
ဆုတောင်းကတော့ ဦးရီးတော်ကို အိမ်ပြောသလို ကိုယ့်ဘာသာဘဲ ဆုတောင်းလိုက်တော့နော်...။
အလာနောက်ကျပေမယ့် အခါတော့ မနှောင်းသွားပါဘူးနော်..။ :D :D :D

Anonymous
9 June 2009 at 07:54

ကောင်းသော နှစ်ဖြစ်ပါစေ ကိုအိမ်..။ နောက်ကျပြီ ဆိုပေမယ့် ဆုတောင်းပေးပါတယ်။ မိန်းမ ၂ ယောက်တော့ မရသေးဘူး မဟုတ်လား။ ကျနော်လဲ သေချာ စဉ်းစားဦး ပြောခဲ့တယ်ဗျာ။ :D

14 June 2009 at 15:19

ဟောတော့ သုံးဆယ်ပြည့်မွေးနေ့မှာ ကောမန့်သုံးဆယ်ကွက်တိဖြစ်နေပြီ.. ဘာဖြစ်လဲ.. ဖယောင်းတိုင်တောင် တစ်တိုင်ပိုထွန်းရသေးတာပဲဟာ..... နေ့အိပ်မက်လည်း ဆုတောင်းပေးသွားမယ်နော်.. HAPPY BIRTHDAY မွေးနေ့ရော.. မွေးနေ့မဟုတ်တဲ့နေ့တွေရော.. နေ့တိုင်းနေ့တိုင်း လုပ်ချင်တာတွေလုပ်ရပြီး ဖြစ်ချင်တာတွေအကုန်ဖြစ်နိုင်ပါစေ

23 June 2009 at 02:22

ံHappy Birthday!
အကိုရေ မွေးနေ့ ကိုတော်တော် ကျော်မှ ရောက်လာတဲ့အတွက်ခွင့်လွှတ်ပါဗျာ...
တိတိ ကျကျ ပြောရင် စက္ကန့် ပေါင်း 1282400 မီးနစ်ပေါင်း 34560 နာရီပေါင်း 416 နာရီနဲ့  16 ရက်လောက် နောက် ကျပြီးမှရောက် လာတဲ့အတွက် လည်း ခွင့် လွှတ်ပါလို့ ...
စာမေးပွဲ ဖြေနေလို့ လေ.. ဒီနေ့ စာမေးပွဲ ပြီးပြီး ချင်း အိမ်လိုက်လည်နေတာ.. ခင်မင်ရတဲ့အကိုကြီးတစ်ယောက် ရဲ့မွေးနေ့ ဆိုတော့ အမှတ်တရလေး တစ်ခုခု လက်ဆောင်ပေးချင်လို့  ပါ...။
Life is a race! တဲ့
ဘ၀ဆိုတာ ပြိုင်ပွဲ ဆိုရင်
ပါဝင် ယှဉ်ပြိုင် အောင်နိုင်သူ ဖြစ် ပါစေဗျာ....။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း