Monday, June 01, 2009

ကျနော်နှင့်ချစ်ခဲ့ကြသူများ

17
ကိုဂျယ်ကြီး tag ထားတဲ့ ဒုတိယမြောက်ပို့စ်လေးပါ။ အကြောင်းအရာက ဘာတဲ့... ချစ်ခဲ့ဖူးတဲ့ ရည်းစားများ အကြောင်းဆိုလား....။ ခက်တော့ခက်နေပြီ ကိုဂျယ်ကြီးကတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းခိုင်းပြန်ပါပြီလို့ ပြောရမလိုပဲဗျာ..။ ဒီကကောင်ကလဲ ကိုယ့်ပေါင် ကိုယ်လှန် ထောင်းကြေးဆို ဘယ်တုန်းကမှ အရှက်ရှိတာ မဟုတ်တော့ ရေးရဦးမှာပေါ့။ ဟုတ်တယ် ကိုယ့်အကြောင်းပဲ ကိုယ်မကောင်းရေးရဲတာ သူများအကြောင်းသွားရေးရင် အဆဲခံရမှာပေါ့ဗျ..ဟုတ်ဘူးလား။ ဒါပေမဲ့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပေမဲ့လဲ ကြည့်တော့ထောင်းရတာပေါ့နော..... ဥမကွဲသိုက်မပျက်လဲ နေချင်သေးတာကိုးဗျ..ဟီးဟီးဟီး......။


အမှန်ပြောရရင် ဘယ်နှစ်ယောက်မှန်းတောင် မမှတ်မိတော့ဘူး။ ခေတ်ဆန်ဆန်ပြောရရင်တော့ စော်ကြည်ဘဲ
ပေါ့ဗျာ... ရုပ်ကလဲ ကောင်မလေးတွေ တခါတွေ့တာနဲ့ သမင်လည်ပြန်လှည့်ကြည့်ရလောက်အောင် ချောတားကိုးဗျ။ ရုတ်တရက်ကြည့်ရင် လွင်မိုးလိုလို၊ အဝေးကကြည့်ရင် ဖြိုးငွေစိုးလိုလို၊ အမှတ်တမဲ့လှမ်းကြည့်
လိုက်ပြန်တော့လဲ နေတိုးလိုလို ဆိုတော့ ကောင်မလေးတွေ သမင်လည်ပြန်ကြည့်တာ မဆန်းပါဘူးနော်..။
ဒါကလဲ သေချာအောင် ပြန်ကြည့်တာပါ သေချာသိတော့မှ အော့နှလုံးနာတဲ့ရုပ်ကြီးတွေဖြစ်ဖြစ်သွားတာ အတော်
ဆိုးတယ်ဗျာ။ အမှန်တော့ ကျနော်ဟာ သေချာကြည့်မှ ဆံပင်အပေါ်ပိုင်းက ဖြိုးငွေစိုးနဲ့ဆင်သလိုလို၊ ခြေဖျားအောက်ပိုင်းကျတော့ နေတိုးနဲ့ သွားတူနေတာဗျ။(ဟိ.. ဒင်းမို့ ဒီစကားပြောထွက်တယ် လွင်မိုးတို့၊ဖြိုးငွေစိုး
တို့၊နေတိုးတို့ များကြားရင်တော့.. အင်း... တို့ရွှေပြည်တော်ကြီးမှာ မင်းသားတွေ ရှားကုန်တော့မှာပဲ) ဘာမှမကြည့်နဲ့ အွန်လိုင်းပေါ်မှာ အမြဲလိုပုံးနေတာပဲကြည့်လေ....... တချို့ကမေးကြတယ် ဘာကြောင့်ပုံးနေတာလဲ တဲ့မှန်တာပြောရရင် ကောင်မလေးတွေ ရည်းစားစကား လာလာပြောတတ်ကြလွန်းလို့ နောက်ပိုင်းစိတ်ရှုပ်လာတာနဲ့ အမြဲပုံးနေလိုက်တော့တယ်။ ဟုတ်တယ်လေ ကျနော်က ဒါတွေ စိတ်မဝင်စားဘူး။ (ဟီ... အကြောင်းသိသူတွေတော့ ဝိုင်းတွယ်မှာတော့ မြင်သေးတယ်.. တွယ်ရင်လဲ ပါးပါးလေးပဲတွယ်နော် တော်ကြာ သောက်ကျင့်တွေကို လူတွေသိကုန်မှ လုံးလုံးအဖတ်ဆယ်မရဖြစ်နေပါ့မယ်.... ဟိဟိ)
ကဲကဲ ... ကိုယ်ရည်သွေးနေတာနဲ့ပဲ လိုရင်းမရောက်တော့ဘူး။ ကျနော့်ပုံကိုမြင်ဖူးချင်တဲ့ကောင်မလေးများ မည်သူမဆို၊ (အိမ်ထောင်သည်မပါ) အီးမေးနဲ့ ဆက်သွယ်ပြီး ဓာတ်ပုံများ တောင်းယူကြည့်ရူနိုင်ပါတယ်။ မကြိုက်ဘူးဆိုရင်တောင်မှ ကိုယ့်အိမ်မှာ ကြွက်ခြောက်ဖို့ပဲဖြစ်ဖြစ်၊ သရဲမလာအောင်လို့ပဲ ဖြစ်ဖြစ် အဆောင်သဘောမျိုး သိမ်းဆည်းထားနိုင်ကြောင်း ပြောကြားရင်း........။
ကျနော်နဲ့ကြိုက်ခဲ့တဲ့ ကောင်မလေးတွေကတော့ ၁။ဒါလေးကတော့ ရည်းစားဦးလေးပေါ့ဗျာ...။ တကယ်လဲ အသည်းနင့်အောင် ချစ်ခဲ့ကြပြီး၊ လမ်းခွဲဖို့ အချိန်တန်လာတော့လဲ၊ ခွဲခွာခဲ့ကြတာပါ။
၂။ သူကျတော့ ရည်းစားသက်တမ်း ၂ရက်ပဲ ကြာခဲ့တာပါ။
၃။ဒီတယောက်ကတော့
အတန်းဖော်လေးပါ။ သူနဲ့လဲ တပါတ်လားပဲ ကြာခဲ့ပါတယ်။
ကိုဂျယ်ကြီးရေ ကျေနပ်ရဲ့လားဗျာ....။

17 Response to ကျနော်နှင့်ချစ်ခဲ့ကြသူများ

2 June 2009 at 03:35

နေတိုးနဲ့တူတယ်ဆိုပဲ...အဒူလေးလဲဟေ..းD

2 June 2009 at 09:12

နေတိုး လွင်မိုး ဖြိုးငွေစိုး တို့ထက် တို့ အကို က အဆတစ်ရာချောတယ်
ခုနှစ်မိုင်ကနေကြည့် ပို ချောတယ်
မမြင်ဖူးလို့ပါး)တော်တော်ကြာကြာ ချစ်ခဲ့တာပဲနော် အတုယူပါတယ်ဗျာ
ချစ်ခင်စွာဖြင့်
ဖိုးစိန်

2 June 2009 at 09:16

ဖတ်ပြီးတော့ ဝေါ့...အော့ တောင်ဖြစ်သွားတယ်
ကဲကိုကဲတယ် မှန်မကြည့်မိဘူးနဲ့တူတယ် ပြောလိုက်ရရင်နာတော့မယ် ဗြဲ :P

2 June 2009 at 10:34

သုံးယောက်ကြီးများတောင်ရှိတာကိုး။ :P :P

2 June 2009 at 10:45

လွင်မိုးတို့ နေတိုးတို့နဲ့တူတယ်ဆိုတော့ ဘူလေးလဲဟေ့ ဘူလေးလဲ

2 June 2009 at 12:54

အကိုအိမ်ရေ...
သေချာသထက် သေချာအောင် သုံးခါ ကြည့်သွားပါတယ်...
အဲလေ... ဖတ်သွားတယ် ပြောတာပါ...

2 June 2009 at 14:58

ဂျီတော့မှာ ပုံးနေပုံထောက်ရင်တော့ ပုံးနေပုံထောက်ရင်တော့...ဂျီပုံးများလား...ဟိ

Anonymous
2 June 2009 at 15:21

Really only 3 ! yon woooooooooooooo

2 June 2009 at 18:11

မဝေဖန်တော့ဘူးလို့ နေတာ ပါ... ဒါပေမယ့် စိတ်ထဲသံသယဖြစ်မိ လို့ ဝေဖန်တာ
ဘာမှတော့မဟုတ်ဘူး... သုံးယောက်တည်း ဆိုလို့ ပါ....။
အကိုအိမ်... မှန်တာ ကို ၀န်ခံပါ.. သုံးယောက်တည်းနဲ့တော့ မလုံလောက်သေးဘူးနော်.... ကျန်တာတွေဘယ်နားသွားပစ်ထားလည်း

2 June 2009 at 20:45

ကျန်တာတွေ တော့ အကုန်ဖတ်ပြီးသွားလို့  ဝေဖန်လို့ လည်းပြီးသွားပြီ။ နောက်ဆုံးမှာတော့ ကိုမောင်ငယ်ပြောလို့  လိုက်ထောက်ခံလိုက်ဦးမယ်..။ ကျန်တာတွေ ဘယ်နားသွားထားလဲဟင်။ ရှိသေးရင်လည်း ပစ်မထားနဲ့  ထုပ်တာရေးလိုက် အားရပါးရရီတာပေါ့ဗျာ.။ တော်ပီပြန်တော့မယ် ဒီကိုလာတာ သွားတွေ အအေးပတ်ကုန်ပြီ.. :D။ ပျော်ရွှင်ပါစေ...ခင်မင်လျှက်..

2 June 2009 at 21:08

ူတူပါတယ် မိုင်နှစ်ဆယ်က တိုင်ကွယ်ပြီး ကြည့် ချွတ်စွတ်ပဲ.....
:P

2 June 2009 at 21:35

နောက်သွားတာနော်..... သူငယ်ချင်းတွေနဲ့လည်း အဲဒီအတိုင်း စနေကြဆိုတော့...

3 June 2009 at 11:48

မယုံပေါင်. သုံးယောက်ထည်းဆိုတာကို။ ယောက်ျားလေးဆိုတာ မဆော့ဘူးဆိုရင်တောင် မျောက်လောက်တော့ ဆော့သေးတာဆိုတော့။ အဟီး

3 June 2009 at 14:30

နည်းတာပေါ့ရည်းစား (၃)ယောက် က ကိုအိမ့်အနေအထားနဲ့ဆို (မခဲ့ပြီ)

3 June 2009 at 19:50

ဒီနေ့မှ အလုပ်အားလို့ အိမ်တွေလည်ပြီး အကြွေးတွေ ဆပ်နေရတာ ကိုဂျီးရ။
မိုင်၂၀ တိုင်ကွယ်ပြီးကြည့်ရင် ကိုရီးယားမင်းသား ဆောင်ချုံကွေးနဲ့ ချွတ်စွတ်ပါ ကိုဂျီးစိန်ရ။ အဟိ။
ရည်းစားသက်တမ်းတွေကိုလဲ အားကျတယ်။ ဟီးဟီး။

3 June 2009 at 21:39

ဂျီတော့တွင်ပုံးရင်း ဂျီပုံးဟု နာမည် တွင်တော့မည့် အိမ် ရေ ကိုယ်ရေသွေးတာတွေ ဖတ်ပြီးရယ်သွားပါတယ် နောက်ဆုံးတော့လဲ အရင်ရေးထားတာတွေပဲ ပြန်ပြီးကြော်ညာဝင်တော့ လိုက်ပြန်ဖတ်သွားရတော့တာပဲ..။

6 June 2009 at 07:31

သြော် အိမ်ဆိုတာ SKB ကြီးကိုး... ၃ ယောက်ကြီးများတောင် ရှိခဲ့တယ် ဆိုတော့ ဂလု... (တံတွေး မြိုချသံ)

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း