Tuesday, June 09, 2009

ဆရာသမားမွေးနေ့

12
ဟုတ်ကဲ့ ဒီနေ့ဟာ ဆိုရင်ဖြင့် ဘာနေ့လဲဆိုတော့ကာ.. အင်္ဂါနေ့... ၉.၆.၂၀၀၉ ပါ။ ဟဲ့.... ဒါတော့နင်ပြောမှလား ငါတို့လဲ သိတာပဲလို့ပြောကြမှာပဲ....။ ဟုတ်ပါတယ် လူတိုင်းသိပါတယ်... ဒါပေမဲ့ ကျနော်နဲ့ ကျနော့် ဘလော့နဲ့ပက်သက်ပြီး လမ်းကြောင်းပေါ်တင်ပေးတဲ့ ကျနော့်ဆရာပေါ့ဗျာ သူပဲ ဘလော့ဆိုတာဘာ၊ tag ဆိုတာ ဘာကိုပြောတာ၊ ဆိုဒ်ဘားမှာ ဘာတွေထည့်သင့်တယ်က အစ၊ ကိုယ်ရေးမဲ့အကြောင်းအရာကို တခုခုကို ဦးတည်ဖို့ ဆိုလိုတာက ရသရေးမလား၊ သုတရေးမလား၊ စသည်ဖြင့်ပေါ့ဗျာ...တခုခုကိုဦးတည်ဖို့ လမ်းကြောင်းချပေးအဆုံး အားလုံးကို ခရေစေ့တွင်းကျ သေချာရှင်းပြခဲ့သူကိုလင်းထက်ရဲ့ မွေးနေ့မို့လို့ပါ။


မြန်မာလူမျိုးများရဲ့ ထုံးတမ်းစဉ်လာနဲ့ အညီ ကျေးဇူးရှိသူကို ကျေးဇူးကန်းတာ ....အဲလေမှားလို့ပါ... ကျေးဇူးဆပ်တဲ့ အနေနဲ့ရော ကျနော့်ကို ဘလော့ပညာသင်ပေးသူဟာ ကိုလင်းထက် ဖြစ်ကြောင်း အသိပေးကြေငြာတဲ့ အနေနဲ့ပါ (ဒီလိုလေးမြှောက်ပေးထားမှ နောင်လိုတာရှိရင် လုပ်ခိုင်းလို့ ရမှာ.. ဟီးဟီးဟီး) အမှတ်တရလဲ ဖြစ်အောင် ရေးသားလိုက်ပါတယ်...။
သူ့အသက် ဘယ်လောက်ရှိပြီလဲ ဆိုတာတော့ ကျနော်မသိဘူး မသိတာလဲ မပြောနဲ့ သူနေတာ တနိုင်ငံ၊ ကိုယ်နေတာ တနိုင်င၊ံ လူခြင်းတွေ့ဖူးဖို့ဆိုတာဝေးရော ဝက်ကမ်နဲ့တောင် ချက်တင်း မလုပ်ဖူးကြပါဘူး၊ ဒါကလဲ
ကျနော်က ကောင်မလေးမဟုတ်တော့ စိတ်မဝင်စားသလို၊ သူကလဲ နင့်မျက်ကြည့်မဲ့ အစား ငါ့ကိုယ်ငါ သတ်သေမယ်လို့ ကြိုပြောထားလို့ပါ။ ပြောလဲ ပြောချင်စရာပါ၊ မတွေ့နဲ့ တွေ့တာနဲ့ တခုမဟုတ်တခု မေးရင်မေး၊
မမေးရင် တခုခုလုပ်ခိုင်းလို့ပါ။ ကျနော်မေးလို့ သူပြောပြရင်လဲ ဘယ်တော့မှ အဆင်ချောတယ် မရှိပါဘူး၊ အမြဲတိုင်ပါတ်ပါတယ်၊ ပါတ်တာလဲ မပြောနဲ့ သူပြောတာတွေ ကိုယ်တခုမှမသိဘူးလေ။ ဒီတော့နှစ်ယောက်သား
သူကပြောလိုက် ကိုယ်ကပြန်မေးလိုက်နဲ့ ကိစ္စတခု ဘယ်တော့မှပြီးပြတ်တယ် ဆိုတာ မရှိဘူး။ အမြဲလို တိုးလိုးတန်းလန်းတွေပါပဲ။ နောက်ဆုံးမှာ အဆုံးသတ်တာကတော့ မင်းတော့ကွာ အနားမှာ ရှိလို့ကတော့ ဆွဲထိုးမိမယ်၊ တော်ကွာတော် ဆက်ပြောနေရင် ဆဲမိမယ် ဆိုပြီး ဘာမှဆက်မပြောတော့ပါဘူး။
ကိုယ်ကလဲတယ်ညံ့သကိုးဗျ၊ အင်္ဂလိပ်စာလုံး A ကိုတောင် အကိုအဲဒါ ဘာကြီးလဲ နွားလှည်းဒေါက်လားဆိုပြီး မေးမှတော့ အပြောခံရတာတောင်နဲသေးတယ် ပြောရမှာပဲ......။
ထားပါတော့ ဆက်ရေးနေရင် ကိုယ်ညံ့တာလူသိကုန်မယ်.. (တော်သေးတာပေါ့နော် ကိုယ်ညံ့တာ လူသိမှာစိုးလို့ ဆက်မရေးတာပဲ ရေးများရေးရင်တော့ မလွယ်ဘူးပဲ)
Happy birthday ပါ ဆရာကိုလင်းထက်ရေ။ ရွာမှာပြန်ဆုံမှပဲ
ဆရာ့အကြိုက်လိုက်ပြုစုတော့မယ်ဗျာ ခုတော့ ဒီလောက်နဲ့ကျေနပ်မယ် ထင်ပါတယ်။
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေကြောင်း.............................. ဆုတောင်းပေးချင်ပေမဲ့ ကျနော်လိုကောင်ရဲ့ ပေးတဲ့ ဆု မပြည့်မှာသေချာတယ် ဒီတော့ ကိုယ့်ဟာကိုယ်ဆုတောင်းလိုက်တော့နော်........
ငှဲငှဲငှဲငှဲ..............................။


12 Response to ဆရာသမားမွေးနေ့

9 June 2009 at 04:42

Happy Birthday ပါ ချစ်ကိုကြီးရေ...။

9 June 2009 at 04:45

ရယ်နေရပါလား ဟတ်
နှစ်ယောက်လုံးဆိုးနေပါလား
ဒီကပဲဆုတောင်းပေးတော့မယ် ချစ်ကိုကြီး အများအကျိုး ဆောင်လို့ ကိုယ့်အကျိုးလဲ အောင်ပါစေ

9 June 2009 at 04:50

မွေးနေ့ကို အမှတ်တရ ရေးပေးတဲ့ အတွက်ကျေးဇူးပဲ ဆုကတော့ ကိုယ့်ဖာသာပဲ တောင်းသွားတော့တယ် A ဆိုတာ နွားလှည်းထောက်မဟုတ်ပဲ A ပါလားလို့ သိပါစေလို့ ငှဲ ငှဲ..

9 June 2009 at 05:10

ဟားဟား ဒီတစ်ခါတော့ သိသွားပြီ... ။။
့happy birthday ပါ ဦးရီးတော်ရေ..။

9 June 2009 at 06:35

ဟတ်ပီဘတ်ဒေးပါ ကိုလင်းထက်ရေ

နောက်တစ်ခါ အိမ်ကိုသင်တော့မယ်ဆို ဘေးနားမှာ တုတ်တစ်ချောင်းဆောင်ထား။ ပြောမရရင် ကွန်ပျူတာထဲကနေ တီးသာတီး
အဟဲ။
စတာ။ အတည်လို့ လဲပြောလို့ ရတယ်။

ကိုအိမ်ရေ ဟိုဘက်ကိုတော့ မြောက်ပေးလိုက်ပြီနော်။ ကိုအိမ်လဲ ရှောင်လင်ကွန်ဖူး(မရှောင်နိုင်ရင်ထိပ်ဖူးပေါ့) သိုင်းသင်ထားတော့နော်။
း)

9 June 2009 at 07:08

အင်း ကိုလင်းထက်ကျေးဇူးတွေ ကျမဘလောက်မှာလဲ အများကြီးရယ်..
အတော် လေးစားရတဲ့ အကိုကြီးမို့ လိုက်ဆုတောင်းနေမိတယ်..။ မွေးနေ့ဆုတောင်းတွေ အားလုံး ပြည့်စုံပါစေ ကိုလင်းထက်ရေ.....

9 June 2009 at 07:18

ဟတ်ပီဘတ်ဒေးပါ အကိုကြီး လင်းထက်ရေ.... တပည့်ကောင်းတွေ ရထားတယ်ပေါ့ အဟဲ

လေးစားလျက်
တောင်ပေါ်သား

Anonymous
9 June 2009 at 07:40

Happy Birthday! ကိုလင်းထက်။ အိမ် ပြောတာလဲ မှန်သလိုပဲဗျ။ ဆုကတော့ ကိုယ်လာချင်ရာ ကိုယ် တောင်းရမှာပဲ။ :D

9 June 2009 at 10:56

ရယ်နေရတယ်.... အစ်ကိုအိမ်ကတော့လေ....
အစ်ကိုကြီးလင်းထက် မွေးနေ့မှာပျော်ရွှင်ပါစေ.....
အကုန်လုံးလိုက်ဆုတောင်းပေးနေတာ...... :D

9 June 2009 at 12:48

ဟက်ဘီးဘတ်ဒေး ကိုအိမ့်ဆရာကြီး ကိုလင်းထက်ရေ....
ပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေ

9 June 2009 at 13:36

သူ့ကိုတပည့်တော်ရတာ ဟိုကတော့ မျက်ခုံးတော်၂လှုပ်မှာပဲ
ကောင်မလေး မဟုတ်လို့. မပြောချင်တဲ့ကိုအိမ်တော်၂ကောင်းတယ်

9 June 2009 at 22:24

ko lin htet

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း