Thursday, June 11, 2009

ကျနော့် သူငယ်ချင်း အကြောင်း

16
ကျနော့်မှာ အရင်းနှီးဆုံးသူငယ်ချင်းနှစ်ယောက်ရှိခဲ့ပါတယ်။ကျောင်းနေဖက်သူငယ်ချင်းတွေပါ၊ ကျနော်နဲ့ အတွဲလဲညီတယ်၊ ဘယ်လောက်ထိလဲဆိုရင် ကျနော့်အိမ်မှာ လိုက်နေပြီး ကျောင်းတက်တဲ့ အထိပါပဲ။ အမှန်က သူတို့အိမ်က ကျောင်းနဲ့ပိုနီးပါတယ်၊ ကျနော့်အိမ်နဲ့က နာရီဝက်ကြာ ကားစီးသွားရလောက်အောင် ဝေးပါတယ်။ ပြီးတော့ သူတို့ မိသားစုတွေကလဲ ကျောင်းစရိတ်မတတ်နိုင်လို့ ကျနော့်အိမ်မှာ လိုက်နေတာလဲ မဟုတ်ပါဘူး။
အမှန်က ကျနော်တယောက်ထဲ ကျောင်သွားကျောင်းပြန် လုပ်နေရတာ ပျင်းလာလို့ သူတို့ကို အိမ်ခေါ်ထားလိုက်တာပါ။ အမေကတောင် ကြားထဲက သူတို့ အတွက်မုန့်ဖိုးပေး၊ အဝတ်အစားလျှော်ပေးနဲ့ သူတို့ အိမ်ကတောင် သူတို့ကို အလိုရှိရင် ကျောင်းလာပြီး ခေါ်ရတဲ့ အထိပါပဲ။ယုတ်စွအဆုံး ရေချိုးခန်း ရေဝင်ချိုးတာတောင် ၃ယောက် အတူတူချိုးကြတဲ့ အထိကို တယောက်ကို တယောက် ချစ်ကြပါတယ်၊ ကိုယ့်ရှိတဲ့ ညီအကိုတွေတောင် ဒီလောက် သံယောဇဉ် မဖြစ်ပါဘူး။ ပြီးတော့ ကျနော်လုပ်ချင်တာဆို နှစ်ခါမပြောရဘူး သဘောတူပြီးသား၊ ဒီလိုပဲသူတို့လုပ်ချင်တာဆို ကျနော့်ကိုနှစ်ခါမပြောရဘူး၊ သဘောတူပြီးသား ဆိုတော့ သုံးယောက်ပေါင်းမိတာမထူးဆန်းဘူးပေါ့။ ထူးဆန်းနေတာက သုံးကောင်စလုံးက သောက်တလွဲကောင်တွေဆိုပါတော့။ အော်... သူတို့နာမည်တွေကတော့ ကျော်နန္ဒ၊ သန်းဦး ပါ။ ဒီနှစ်ကောင်ထဲက ကျော်နန္ဒ အကြောင်း ပြောပြမယ်။

ဒီလိုပါ ကျနော်တို့ ၁၀တန်းနှစ်လောက်မှာ ဒီကောင်စရည်းစားထားတယ်။ ကောင်မလေးကိုလဲ အတော်ကိုချစ်ပါ
တယ်။အတော်လဲ အနွံတာခံပါတယ်။ ကောင်မလေးကိုရည်းစားစကားလိုက်ပြောတုန်းကဆိုရင် ကောင်မလေး
အကိုတွေက ဒီကောင့်ကို လိုက်ရိုက်ရတာနဲ့ ထိုးရတာနဲ့ ကျနော်တို့ ၃ယောက်မှာ ခံလိုက်ရပြီဆိုမမေးနဲ့ ဒီကောင်ပဲ။ ပုံစံကလဲ ပိန်ပိန်ပါးပါး အသားဖြူဖြူ၊ အခြောက်လိုလိုဆိုတော့
ခံရတာနေမှာ။ အဆိုးထဲက အကောင်းပြောရမလားတော့မသိဘူး သူဒုက္ခခံလိုက်တဲ့ ကောင်မလေးရဲ့ အဖြေကို
ပြန်ရခဲ့ပါတယ်။ ကြုံတုန်းလေး ကြားဖူးတာပြောချင်တယ် မိန်းမတွေ သနားရင် ၇၅ ရာခိုင်းနှုန်းသေချာတယ်
ဆိုတာ ဟုတ်မယ်ဗျ ကျနော့် သူငယ်ချင်း သက်သေပဲလေ။
အဲဒီတုန်းကများ သူ့ခမျာပျော်နေလိုက်တာ၊ ကျန်တဲ့ ကျနော်တို့နှစ်ယောက်မှာ သူကြွေးတာစား
ပြီး သူပြောသမျှ နားထောင်ရတာ၊ စားရတာနဲ့ နားထောင်ရတာ မကာမိအောင် ပွားချက်က လန်ထွက်နေတာပါပဲ ပါးစပ်က အမြုပ်ထွက်မတတ်ပါပဲ။ ကျနော်တို့နှစ်ယောက်ကလဲ သူကြွေးတာလဲစားနေ၊ ကိုယ်သူငယ်ချင်းလဲ ဖြစ်တော့ မြှောက်ပေးတာပေါ့ အံမယ် ကျေးဇူးရှင်က သွားကြီးဖြီးပြီး ပါးစပ်ပြဲနေတာများ နားရွက်တတ်ချိတ်မတတ်ပဲ။
......................................................................................................................
ဒါပေမဲ့ သူတို့ သမီးရည်းစား ဖူးစာမဆုံကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ ရည်းစားဖြစ်ပြီး ၄လလောက်မှာ
ထင်တာပဲ သေချာမမှတ်မိတော့ဘူး။ဆေးမှားတိုက်မိတဲ့ အတွက်ကောင်းမလေးဆိုတာ ဒီကောင့်ကိုဆို တွေ့ရာင်္သချိုင်းဓါးမဆိုင်း သတ်မယ်လို့ ကြိမ်းဝါးတဲ့အထိပါပဲ။ ဒါကလဲကောင်မလေးမလွန်ပါဘူး ဒီကောင်ကိုက ကျနော့်သူငယ်ချင်းလို့ မပြောရအောင် သောက်တလွဲကောင် မို့ပါ။
ဖြစ်ပုံက ဒီလိုပါ.......................................................
၁၀တန်းဆိုတာ သိတဲ့အတိုင်းပဲ ကျောင်းတက်၊ ကျုရှင်သွား ဘာညာနဲ့ အတော့်ကို ခေါင်းစားရတဲ့ အချိန်ပါ၊ ဒီအချိန်က ကိုယ့်ဘ၀အတွက် အဆုံးအဖြတ်ပေးတဲ့ အချိန်မို့ပါ။ ဆေးဘက် ၀ါသနာပါရင်ပဲဖြစ်ဖြစ်၊ အင်ဂျင်နီယာပဲဖြစ်ဖြစ်၊ တခုခုကိုပေါ့ တက်ရောက်ခြင်ရင် ဒီ၁၀တန်းက အမှတ်နဲ့ ဆက်လက်ပြီး ကိုယ်ဝါသနာပါရာ ကိုတက်ေ၇ာက်နိုင်လို့ပါ။ ဒါတွေသိပြီးသားပါ မပြောတော့ဘူးဗျာ.။
ကျနော်မှတ်မိတာ မိုးတွင်းမှာပါ ကောင်မလေး အတော့်ကို အပြင်းဖျားပြီး ဆေးရုံတောင် တင်လိုက်ရပါတယ်။
တုပ်ကွေဆိုလား၊ တိုက်ဖွိုက်ဆိုလား မမှတ်မိတော့ဘူး။ ဒီလိုဖြစ်တော့ ဒီကောင့်မှာ မျောက် မီးခဲကိုင်မိသလို ဖြစ်
နေတာပေါ့ဗျာ ဆေးရုံလဲ သွားချင်၊ ကောင်မလေးအကိုတွေလဲ ကြောက်ရ၊ မိဘတွေ သိမှာလဲ စိုးရိမ်နဲ့ ဖြစ်နေတာသူ့ခမျာ သနားစရာရုပ်ကလေးနဲ့ကိုဖြစ်လို့။ ဒီလိုနဲ့ တရက်ကျတော့ ကောင်မလေး သူငယ်ချင်းတယောက်ကကူညီမယ်ဆိုလို့ အဆင်ပြေသွားပါတယ်။ ကောင်မလေးသူငယ်ချင်းက ညဘက် ဆေးရုံမှာလာစောင့်ပေးတဲ့ ရက်ပေါ့နော်။ အဲဒီနေ့ညနေမှာ ဒီကောင် ဆေးရုံသွားတယ်၊ ရောက်တော့ ကောင်မလေးသူငယ်ချင်းက ရှောင်ပေးတဲ့သဘောလဲဖြစ်၊ သူလဲ ထမင်းဆင်းစားရင်း သူ့ရည်းစားနဲ့ သွားတွေ့ရင်း ဒီကောင့်ကို ထားခဲ့ပါတယ်။
သူ့ကောင်မလေးကလဲ အဲဒီအချိန်ကျမှ အဖျားပြန်တက်လာပါတယ်။ ဒီကောင့်မှာ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ
ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ပါရော၊ ဒါနဲ့ဘေးနားမှာ ရှိနေတဲ့ တခြားလူနာစောင့်တယောက်က ဒီကောင့်ကို
နပ်စ်မ ဆီသွားပြော သူတို့ လိုတာ လာလုပ်ပေးမယ် လို့ အကြံပေးလို့ ဒီကောင်လဲ နပ်စ်မတွေဆီ ပြေးရတာပေါ့
အဲဒီရောက်တော့နပ်စ်မကြီးတယောက်က "ဘယ်သူလဲ ဘယ်ကုတင်ကလဲ"မေးပြီး စာရွက်တရွက်မှာ သွားဒီဆေး
သွားဝယ်ပြီးထည့်လိုက် ကောင်းသွားမယ်"ဆိုပြီး ပြီးစလွယ် ပြောလိုက်ပါတယ်။ ပြီးတော့ "ဘယ်မှာလဲ လူနာစောင့်ဘာလို့လူနာစောင့်မလာတာလဲ" ဘာညာနဲ့ဟောက်စားလုပ်တာပေါ့။
ဒီကောင်ကလဲ ဆေးရုံဆေးခန်းရုံးပြင်ကန္ဒားတွေဘာတွေ မရောက်ဘူးတော့ ရေလောင်းရမယ်ဆိုတာ သဘောမပေါက်ဘူးပေါ့။
ဒီတော့လဲ ဟိုနပ်စ်မကြီးကလဲ ပြီးစလွယ်ပဲ ပြောပြီး စာရွက်မှာရေးပေးလိုက်တာပေါ့။ ဒါနဲ့ဒီကောင်
အူကြောင်ကြောင်နဲ့ သူ့မုန့်ဖိုးထဲက ပိုက်ဆံနဲ့ ဆေးဆိုင်ပြေးပြီး ဆေးဝယ်ရတာပေါ့။ ၀ယ်ပြီးပြန်တော့လဲ ဟိုနပ်စ်
မကြီးဆီ ပြန်မသွားရဲဘူး။အဟောက်ထပ်ခံရမှာစိုးလို့ပါ။ ဒါနဲ့မထူးဘူး သူကိုယ်တိုင်ပဲ တိုက်မယ် ဆိုပြီး ကောင်မလေးကိုထူမပြီး အစားလေး နဲနဲကျွေးပြီး သေချာဆေးတွေ ဘာတွေ တိုက်တာပေါ့။ အားလုံးပြီးစီးလို့ နောက်နာရီဝက်လဲ မထူးခြား၊ ၄၅မိနစ်လဲ မထူးတာနဲ့ တခုခုလိုပြီဆိုတာသေချာနေပြီလေ ဒီတော့ ဒီကောင်လဲ အဟောက်ခံလဲ ခံရပါစေ မတတ်နိုင်ဘူးဆိုပြီး နောက်တခေါက် နပ်စ်မတွေ နားနေရာဆီ ထပ်သွားပါတယ်။ ဟိုရောက်တော့ မသက်သာဘူးလို့ ပြောပြတော့ ဟိုနပ်စ်မကြီးက "ငါဝယ်ခိုင်းတဲ့ဆေး ၀ယ်ပြီးပြီလား၊ ၀ယ်ပြီးပြီးချင်းဘာလို့ ငါ့လာမခေါ်တာလဲ" ဘာညာနဲ့ထပ်ဟောက်ပြန်တာပေါ့ ဒါနဲ့ဒီကောင်ကလဲ ကြောက်ကြောက်နဲ့ "လာခေါ်ရမှာ အားနာလို့ ကျနော့်ဟာ ကျနော်ပဲ ဆေးတိုက်လိုက်ပါတယ်"လို့ ပြောလိုက်ရော နပ်စ်မကြီးက "ဘာဖြစ်တယ် ဆေးတိုက်လိုက်တယ် ဟုတ်လား ကိုယ်ကျိုးတော့ နည်းကုန်တော့မှာပဲ အဲဒီဆေးက စအိုထဲထည့်တဲ့ဟာ ဟဲ့
အဖျားတက်နေတာ အမြန်ကျအောင် စအိုထဲထည့်ပေးရတာ နင့်နှယ်ဟယ် မသိရင်လဲ လာမေးပါတော့လား
ခုဘာဖြစ်နေလဲ.."။"ဘာမှမဖြစ်ဘူး ဆရာမ၊ အဲဒါ မထူးခြားလို့ လာမေးတာ" အဲဒီလိုလဲ ပြောရော နပ်စ်မကြီးက ချက်ခြင်း ထလိုက်လာပြီး ဒီကောင့်ကိုပဲ ဆေးထပ်ဝယ်ခိုင်းပြီး သူကတော့ လူနာဆီသွားတာပေါ့။ ဒီကောင် ဆေးဝယ်ပြန်လာတော့ သူ့ကောင်မလေး ကုတင်ကို လိုက်ကာတွေ ကာထားတာတွေ့တော့ သူလဲ အထဲ မ၀င်ရဲလို့ အပြင်ကနေ နပ်စ်မကြီးကိုခေါ်ပြီးဆေးပေးလိုက်ရတာပေါ့။ နပ်စ်မကြီးကတော့ ဒီကောင့်ကို လိုက်ကာ
ကြားကနေ တကြိမ်းထဲ ကြိမ်းနေတော့တာပေါ့၊ အဲဒီမှာ လူနာစောင့် ကောင်မလေးသူငယ်ချင်းလဲ ပြန်လာရော ကိုယ့်ဆရာ တချိုးထဲ ဆေးရုံပေါ်က ပြေးဆင်းလာပါသတဲ့။ နောက်ပိုင်း ဒီကောင့်ကောင်မလေးပြန်နေကောင်းလာတော့ ဒီကောင့်ကို သတ်မယ်ချည်းလုပ်နေတာဗျ။ပြောလိုက်တာလဲ အစုံပဲ"ဒီလောက်တောင် အသုံးမကျရလား.. ဟင်... ဒီလောက်ကြီးပြီး ထိပ်ချွန်နေတာ ပါးစပ်ထဲ ထည့်ရမယ်လို့ ဒင်းကိုဘယ်သူပြောလဲ၊ မသိလဲ နပ်စ်မတွေ ရှိတာပဲ မေးပါတော့လား၊ ခုတော့ ငါ့မှာ သူများတွေ စအိုထဲ ထည့်တာ၊ငါ့မှာတော့ ပါးစပ်နဲ့ သောက်လိုက်ရတယ်၊ ကြားလို့မှကောင်းကြသေးရဲ့လား... ဟင်.... ဒီကောင်ကိုတွေ့လို့ကတော့ တွေ့တဲ့နေရာမှာ ရိုက်သတ်မယ်၊ ခဲတွေ့ ခဲနဲ့ လိုက်ထုမယ်"နဲ့ ကြိမ်းလိုက်မောင်းလိုက်တာများ၊
ဘေးကနားထောင်နေတဲ့သူတွေတောင် ကြက်သီးထကြရပါသတဲ့။
ဒီကောင့်ခမျာလဲ တလလောက်က ကောင်မလေးနဲ့ မတွေ့အောင် အတော့်ကို ရှောင်နေလိုက်ရပါတယ်။ သူ့ခမျာ
ပြောတော့ပြောရှာသား ထင်တော့ထင်သား.. ဒီလောက် ထိပ်ချွန်ပြီး ရှည်မျောမျောနဲ့ဟာမျိုး မတွေ့ဖူးဘူး၊ ဆေးဝါးအသစ်ထင်တယ်၊ အံမယ်.......ထိပ်လေးကလဲ ချွန်လို့ ကြည့်ရတာ ဆေးလုံးကြီးတော့ မြိုချရတာ လွယ်အောင် ထိပ်ချွန်ပေးထားတာနေမှာ ဆိုပြီးတော့..တဲ့.အဲဒီဆေးတိုက်တုန်းက နင်နေလို့ ကျောသပ် ရင်သပ် လုပ်ပြီး ရေကျက်အေးတွေ နင်းတိုက်ခဲ့တာ ပြန်သတိရသတဲ့....ပြီးတော့ ငါကိုကညံ့တာပါ ဆိုပြီး
ကြိတ်မနိုင်၊ ခဲမရ တောက်တခေါက်ခေါက်နဲ့ သူ့ခမျာ အချစ်စစ်နဲ့ လွဲခဲ့ရပါရောလားဗျာ။



16 Response to ကျနော့် သူငယ်ချင်း အကြောင်း

11 June 2009 at 05:33

ဖစ်မှ ဖစ်ရပလေ အိမ်နဲ့အတွဲညီပါပေ့ကွာ...။

Anonymous
11 June 2009 at 07:34

နပ်စ် အသုံးမကျတာပါ....ကောင်းလေးမှာ အပြစ်မ၇ှိပါဘူးးးး

11 June 2009 at 07:48

:) ကိုအိမ်သူငယ်ချင်းပဲ ဒီလောက်တော့ ရှိမှာပေါ့။ ကောင်မလေးကို မေးရမယ် ဘာအရသာရှိလဲလို့ အဟီးးးးး သနားပါတယ် ကောင်လေးကတော့ အလကားနေရင် ကွဲသွားတယ် (အသဲ) အဓိက လာဏ်စားချင်တဲ့ နပ်စ်မှာ အပြစ်ရှိတယ်ဗျ


လေးစားလျက်
တောင်ပေါ်သား

11 June 2009 at 07:56

ဖြစ် တတ် နိုင် ပါ ပေတယ်အိမ်ရာ..
မင်းနဲ့ပေါင်းတော့လည်း ဒီလောက်တော့ ဖြစ်မှာပေါ့...

11 June 2009 at 09:38

တခုမေးချင်လို့။ မိန်းကလေးဆောင်မှာ ယောကျာ်းလေး လာစောင့်လို့ရလို့လားဗျာ။ ကျွန်တော့်တုန်းကတော့ ရဘူးဗျ။ (ကြုံသလိုလေး ကြွားသွားသည်)
:P

11 June 2009 at 10:09

သြော် ဓာတ်တူရာ နာမ်စုဆိုတာဟုတ်တယ်နော်...
ကိုအိမ်သူငယ်ချင်းဖြစ်မှာတော့ ဒီလောက်တော့ရှိမှာပေါ့လေးး
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

11 June 2009 at 11:12

ကိုအိမ်သူငယ်ချင်းတွေပဲ ဒီလောက်တော့ရှိမှာပေါ့ ဟီး

11 June 2009 at 13:48

ဟာဟ ဖြစ်မှဖြစ်ရလေ.... ဖူးစာမပါလို့လွဲရတယ်ပဲ မှတ်လိုက်တော့ပေါ့လေ... :)

11 June 2009 at 16:49

သူများတွေပြောသလိုပေါ့ ကိုအိမ်သူငယ်ချင်းဖြစ်နေမှတော့ ဒီလောက်တော့ရှိမှာပေါ့နော် ပေါ်ပေါ်ပြောသလို ဘာအရသာရှိလဲလို့မေးချင်တယ် ဟီးးးးးးးး

12 June 2009 at 13:01

အော် . သူလည်း ချစ်တာကိုး .. ကျောတောင် သပ်ပေးသေးတာ တွေ့ဘူးလား .. ဟိ

13 June 2009 at 19:07

အမယ် သူများအတွဲ ကွဲတာကိုပဲ ရေးမနေနဲ့... ကိုယ့်အတွဲ ကွဲတာကိုလဲ နဲနဲပါးပါးရေးဦး... ကွဲမှာပေါ့ ဒီလောက် စပ်စလူးစိန် မောင်အိမ်ဖြစ်နေတာကိုး... ဟွန်းးး...

ဒါပေမယ့် ဟိုသူငယ်ချင်း ကတော့..အဟိးးး အဲဒါ အူးအူးအိန်နဲ့ ပေါင်းလို့ဖြစ်မယ်.... သိလား... အဲဒိအစ်မ စိတ်ဆိုးလဲ ဆိုးချင်စရာကို.... :P

13 June 2009 at 22:49

ဟီးဟီး..သူကို့ လည်းအပြစ်ကပြောလို့ မရဘူးလေဗျာ..သူမှမသိတာ ရေမလောင်းလို့  ဟောက်လိုက်တဲ့ နပ်စ်မကြီးကိုပဲ အပြစ်ပြောရမှာပေါ့..သေချာမရှင်းပြတော့ တလွဲတွေဖြစ်ကုန်တာပေါ့ဗျာ..ဟီးဟီး..။ ဘာပဲပြောပြော ဘ၀မှာ အမှတ်တရလေးတစ်ခုတော့ ရသွားတာပေါ့ ဟုတ်ဘူးလား....ဟားဟား...။
အားပေးခင်မင်လျှက်.......။

14 June 2009 at 15:17

ဖြစ်ရမယ်....

15 June 2009 at 18:37

ကို အိမ်သယ်ရင်းဆိုတော့ ကိုအိမ်လိုပဲ လွဲလွဲလေးပေါ့ဗျ..ကျောတောင်သပ် ရေပါတိုက်လိုက်တယ်တဲ့လားဗျာ...

သူများ တွေရဲ့ ချစ်ချစ်တွေ ဘာတွေ အကြောင်းရေးတယ် ..ကို အိမ်ကြီးနဲ့ ချစ်ချစ် ရဲ့ အလွဲလေး ဖတ်ချင်ပါတယ်ဗျာ

20 June 2009 at 21:08

တော်သေးတာပေါ့နော် ပါးစပ်ထဲကကိုဘဲ ထည့်လို့ပေါ့ ဟီးဟီး....။

23 June 2009 at 02:31

အကို့ ဘော်ဘော်ဆိုတော့ အကို့ လောက်တော် တာပေါ့နော်....။

ဒါနဲ့ အကိုရော ဘယ်တော့ စွံ မှာလည်း :P

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း