Monday, May 11, 2009

သြော်....မိန်းမ ၃

13
မြန်မာစကား အတော်ရှုပ်တယ်ဗျ ၂လုံးထဲနဲ့ အတော်စဉ်းစားရကြပ်တယ် တကယ်ပြောတာ ဟုတ်၊မဟုတ်အောက်ကစာသာ ဆက်ဖတ်ကြည့်(ဆက်ဖတ်ကို ဖတ်ရင်သေချာဖတ်ပါ တော်ကြာ အိမ်တို့မိုက်ရိုင်း
တယ်ထင်မှားစိုးလို့ပါနော်)
ဒီတခါတော့ ကျနော်ရဲ့ညီလို၊ သူငယ်ချင်းလိုခင်မင်ခဲ့ရတဲ့ ကောင်လေးရဲ့ ကောင်မလေးအကြောင်းပြောပြမယ်။


ဒီလိုဗျ ... ကောင်လေးက ဒီမှာအဆင်မပြေတော့ ဟိုကိုထွက်သွားပါတယ်။ ကောင်းလေးကတရွာမပြောင်းသူကောင်း မဖြစ်ဆိုတဲ့ စကားပုံနဲ့ အညီပါပဲ ဟိုရောက်တော့ အတော်လေးကိုပြေလည် လန်းဆန်း သွားပါတယ်။ဒါလဲသူ့ရဲ့ကုသိုလ်ကံလို့ပဲပြောရမလားတော့ မသိဘူး အဆင်ပြေ
တာမှရေမီးအစုံဗျ(ဒါကတင်စားပြောတာပါ ပြောချင်တာက ဟိုမှာလဲအလုပ်အကိုင်၊နေဖို့ထိုင်ဖို့ အဆင်ပြေတဲ့အပြင်ရည်းစားပါရလိုက်တာပါ) ဖြစ်ခြင်တော့ ကောင်လေးဒီကထွက်သွားတော့ သူ့ရဲ့စာရွက်စာတမ်းတချို့ ကျန်နေခဲ့ပါတယ်။ ဒါကလဲ ကောင်လေးမသွားခင်တော့ ပြောသွားပါတယ် သူဟိုမှာအဆင်ပြေပြီးအေးဆေးကျတော့မှပို့
ပါဆိုတာနဲ့ ကိုယ်လဲအေးဆေး သူ့ပစ္စည်းတွေ သိမ်းပေးထားတာပေါ့နော။ဒီလိုနဲ့ သူအဆင်ပြေတော့ ပို့ပေးဖို့ပြော
ပါတယ် ကံကဆိုးခြင်တော့ လိပ်စာပဲမှားတာလား ဘာလားတော့မသိဘူးကျနော့်ဆီပြန်ရောက်လာတယ်။ ဒီကြား
ထဲသူနဲ့ကလဲအဆက်အသွယ်ကပြတ်သွားတယ် သူလဲအလုပ်ရှုပ်၊ ကိုယ်လဲကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ မေ့နေ
တာပေါ့ဗျာ။ တနေ့တော့ အွန်လိုင်းပေါ်တွေ့တာနဲ့ စကားစမြည်ပြောတော့ အောင်မယ် ကိုယ့်ကောင်က ရေမီးအစုံဖြစ်နေပြီဆိုပဲ.....။ ဒါနဲ့ စကားဆက်ပြောကြရင်း သူကျန်ခဲ့တာ ပို့ပေးဖို့ပြောတာပေါ့ဗျာ ကျနော်ကလဲ
သေချာမေးတယ် ပို့လို့ဖြစ်ပါ့မလားလို့ ဘာလို့လဲဆိုတော့ ကျနော်ပို့ပေးမဲ့အထဲမှာ ကောင်မလေးမမြင်သင့်တဲ့
ဓာတ်ပုံတချို့ပါလို့ပါ။ တမျိုးတမည် မထင်ကြပါနဲ့ ကောင်လေးရဲ့ တချိန်တုန်းက တယူသောသောက် ပေါ့ဗျာ။ စကားဝှက်နဲ့ ရေးလိုက်တယ် နားလည်မယ် ထင်ပါတယ်။
ကျနော်လဲသေချာအောင်မေးမြန်းနေတုန်း ကောင်မလေးက ၀င်ပြောပါတယ်။ ပြောပုံက
ဒီလိုပါ...............................
"ဒီမှာရှင့် အကို့ဆီမှာရှိတဲ့ ကောင်လေးရဲ့ ပစ္စည်းတွေအကုန်ပို့ပေးပါ ကျမလိုခြင်တယ်"
"ကျနော်ကောင်လေးနဲ့ ပြောပါရစေ"
"ကျမကောင်လေးကို အကျဉ်းချလိုက်ပြီ"
"ဗျာ.... ဘယ်အကျဉ်းထဲလဲ.... ဟင်"
"ရှင် ...မမိုက်ရိုင်းပါနဲ့ စကားအကောင်းပြောပါ"
"ဗျာ... ကျနော် ဘာများပြောမိလို့လဲဗျာ"
"ထားတော့.... အခုကျမသူ့ပစ္စည်းတွေ အကုန်လိုခြင်တယ် ပို့ပေးပါ"
"ဟ... သူ့ပစ္စည်းသူ့ဆီမှာပဲရှိတာလေ ကျနော်မှဖြုတ်မယူထားတာ ကျနော့်ဆီဘယ်နဲ့လာတောင်းနေတာလဲဗျ"
"စကားပြောရင် မမိုက်ရိုင်းပါနဲ့"
ကျနော်ဆိုလိုချင်တာက ကောင်လေးပိုင်ဆိုင်တဲ့ နာရီ၊ လက်စွပ်၊ ဆွဲကြိုးကို ပြောချင်တာပါ၊ ဒါကို သူကဘာထင် သွားလဲတော့ မသိဘူးဗျ။
"ဟောဗျာ.... ကျနော်ဘာမိုက်ရိုင်းလို့လဲဗျာ ကိုယ့်ဟာကိုယ် အတွေးလွန်နေတာကျတော့ ထည့်မပြောဘူး။ အားတိုင်း ဒါပဲတွေးနေတယ်နဲ့တူတယ် အတွေးအခေါ်တွေ နဲနဲမြှင့်ပါဦးဗျာ အမကြီးလုပ်မှပဲ ကျနော်တောင် စာမရိုက်ရဲသလောက်ကိုဖြစ်နေပြီ"
"တောင်းပန်ပါတယ် ကျမမှားသွားရင် ကောင်လေးကျန်ခဲ့တဲ့ စာရွက်စာတမ်းတွေကို ဖြစ်နိုင်ရင် အမြန်ဆုံးပို့ပေးပါ ကျေးဇူးတင်ပါတယ်"
"စိတ်ချပါ ကျနော်အတတ်နိုင်ဆုံး အမြန်ရောက်အောင် ပို့ပေးပါ့မယ်"
ကဲ..... အဲဒါသာကြည့် မိန်းကလေးတွေ ပြောတော့မကြိုက်ဘူး။ ပြောတော့ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ကိုယ်
တိုင်အတွေးတွေလွဲနေတာကျတော့ ထည့်မပြောဘူး။ ခက်ဘူးလားဗျာ...................။
အကုန်လုံးကိုမပြောပါဘူး တချို့တလေကိုပြောတာပါ။ နောက်ရှိသေးတယ် မီးမီးငယ်(ထည်ဝါချို) ဆိုတဲ့တယောက်နဲ့ အိပ်မက်ရူးခေါ်မလား၊ အရူးအိပ်မက်ခေါ်မလား ဘာလဲတာ့မသိဘူး အင်္ဂလိပ်လိုတော့ ခရေစီဒွင်း သူတို့အကြောင်းနောက်မှရေးမယ်။ ခုတော့ဒီလောက်ပါပဲ ကဲ.......စဉ်းစားပေးပါဦး ကျနော်လွန်
လား၊ သူလွန်လား ဆိုတာ...................။

13 Response to သြော်....မိန်းမ ၃

11 May 2009 at 06:34

ဟက် ဟက် နာတိဒလိုပဲ အဲဒီပြဿနာဖြစ်တယ်ဆိုတဲ့ ကောင်မလေးကို ဟိ ဟိ .။

11 May 2009 at 14:29

လူပျိုကြီး မကျေနပ်ချက်တွေများနေပါလားဗျ
စိတ်ထိန်းလေ
စိတ်ထိန်း
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

11 May 2009 at 14:47

ကောင်လေးက ဟိုကိုသွားတယ်ဆိုတာ ဘယ်ကိုသွားတာလဲဟင်... မရှင်းမရှင်းနဲ့... မြန်မာစကားကို ရှင်းရှင်းလင်းလင်းပြောနော်... တော်နေ.. ပြောရင် မိန်းကလေးတွေပဲ လွန်တယ်ဖြစ်မယ်... ဟင်းဟင်းးးးးးး
:P
DREAM

ပြောပြန်ရင် ဒရင်းဆိုပီး နရင်းလာတီးမှ ဟုတ်ပေ့ဖြစ်နေမယ်... ဟတ်ဟတ်...တော်ပြီ သွားတော့မယ်.. တာ့တာ... :P

အူးအူးအိန် ကျပ်ကျပ်တဒိ ထားပါ.. ဒါဖဲ... နောက်နေ့ အွန်လိုင်းချာမတ်နာ မှာဦးအိန် အကျောင်းဒွေ ပေါ်တွားမယ်... ဘာမတ်ရဲ... ဟင်းဟင်းဟင်းးးး တိဒယ်နော်... တိဒယ်... :P

မက်မက်

11 May 2009 at 14:51

ဟာဟ........
အဲဒီတော့ ပို့ပေးလိုက်ရောပေါ့... ဟုတ်လား

Anonymous
12 May 2009 at 10:22

အဓိပ္ပာယ်နှစ်ခွထွက်စေတဲ့စကားတွေ မပြောနဲ့ပေါ့ ကိုအိမ်ရယ်။

ဒါဆို အဆင်ပြေသွားမှာပါ။

12 May 2009 at 11:00

အိမ်တို့ကတော့ ပေါက်ကရတွေ ရေးမဆုံးပေါင်..တောသုံးထောင်ထဲကပါပဲ.
ဆက်လုပ်... ကြာရင် ... ပေါက်လိမ့်မယ်... ခဲနဲ့... အဲ ဟုတ်ပါဘူး....
လူပျိုကြီးထီပေါက်မယ်လို့ပြောတာပါ... :D

12 May 2009 at 11:49

ဟွန်းမန့်မရတာ က ကော်နက်ရှင်က ဘာဖြစ်၂သွားမှန်းမသိလို့ ကိုအိမ်ရေ . ကောင်မလေးက ရိုး၂လေးပါနော် ကိုအိမ်ကြီးနောက်လိုက်တော့ သူလည်း ဘာပြောလို့ပြောရမှန်းမသိတာနေမယ် ကလေးတွေကို သိပ်မကြပ်ပါနဲ့. . :P

13 May 2009 at 07:38

အိမ်ရေ

ဖတ်ဘူးပါတယ်မှတ်တယ်။ညီးကျုပ်ကို အရင်ပေးဖတ်ထားတဲ့ဟာဘဲကို။

ဟေ့ယောင်
ကျုပ်အကြောင်း မလာနဲ့ ဦး။ရှက်ရှက်
း)

13 May 2009 at 08:05

ကိုအိမ်တို့က ရေးလိုက်ရင်ရှယ်ပဲ။ ဟို မမနှစ်ယောက်တော့ ခုလောက်ဆို ခေါင်းကျိန်းနေပိ။ သူတို့အကြေင်းမြန်မြန်ရေးဗျို့ ဖတ်ချင်လို့ပါ....

13 May 2009 at 20:44

ခွိခွိခွိ..ရီရတယ်.. မောင်အိမ်တို့ ကတော့
ဖြစ်လိုက်ရင်ဒါမျိုးကြီးပဲ..ဟွန်း.. :P

14 May 2009 at 10:35

ကိုအိမ်ကလဲ စကားကိုရှင်း၂လင်း၂ပြောမှပေါ့ စကားပြောရင်ကပ်သပ်ပြီးပြောတတ်တာလဲလွန်ပါ့
မိန်းကလေးမကောင်းကြောင်းပဲရေးနေတယ် အဲ့ဒါကြောင့်မို့ ခုထိလူပြိုကြီးဖြစ်နေတာ ဟွန်းးးးးး

16 May 2009 at 15:04

ဂလိုတွေကြောင့် လူပြိုကြီးဖြစ်နေသည်ဟု သတ်မှတ်သည်

28 May 2009 at 17:47

ဘာမှပြောတော့ဘူး
ရယ်သွားတယ်
ကြုံမှ ကြုံတတ်ပေ့ အကိုအိမ်း)

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း