Thursday, April 30, 2009

သင်္ဘောသား ဘ၀ ၂

16
သင်္ဘောသားဘ၀ တွေကတကယ်စဉ်းစားကြည့်ရင် သနားစရာလဲကောင်းသလို၊ ရိုက်ခြင်စရာလဲကောင်းတယ်။ သိတော်မူကြတဲ့အတိုင်းပဲလေ သင်္ဘောသားတွေလဲ မတစ်ထောင်သားတွေပဲဆိုတော့ ကောင်းတဲ့သူလဲရှိသလို၊ မကောင်းတဲ့သူလဲရှိပါတယ်။ ဒီလိုပဲ အူကြောင်ကြောင်နိုင်တဲ့သူလဲရှိသလို၊လူရည်လည်တဲ့သူလဲ ဒုနဲ့ဒေးပါ။
အဲ... တချို့ကျတော့လဲ သင်္ဘောသားဖြစ်ဖို့ အရင်းအနှီးကြီးကြီးမားမားပေးဆပ်လိုက်ရတာ ရှိသလို၊ လွယ်လွယ်ကူကူနဲ့ သင်္ဘောသားဘ၀ရောက်လာတဲ့သူလဲ ရှိကြပါတယ်။
တချို့ကျတော့လဲ ကမ်းကုန်လို့ ရေထဲရောက်လာတဲ့သူတွေလဲ ပါလာတတ်သေးသဗျ။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ မြန်မာပြည်ရဲ့ ဘယ်အရပ်မှာပဲနေနေ သံပြားနင်းပြီ ဆိုတာနဲ့
(သင်္ဘောပေါ် စတက်တာကို တင်စားပြောလိုက်တာပါ) ရွှေအတော်များများက ညီအကိုတွေလို တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်၊ တိုင်တိုင်ပင်ပင်နဲ့ စည်းလုံးတတ်ကြ
ပါတယ်။ ဒါကလဲအတော့်ကိုရှားတယ်လို့ ပြောရမလားတော့ မသိဘူး။ ကျနော်သံပြားနင်းခဲ့တဲ့ သက်တမ်းနဲ့ တွေ့ဖူးသမျှ သင်္ဘောသားတွေ မှာတော့ စည်းလုံးမှုသိပ်မရှိကြပါဘူး။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ မရှိလို့ ပေါင်းနေရတဲ့ သဘောမျိုး အတော်များများ တွေ့ခဲ့ရလို့ပါ။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်အလွန်ကြပ်တတ်တဲ့ အကျင့်ကလဲ
ရှိသေးတယ်ဗျ။ အလုပ်နဲ့ ပတ်သက်ရင်ပဲ ဖြစ်ဖြစ်၊ ရွာမှာကျန်ခဲ့တဲ့ ဇနီး၊ ရည်းစား တွေအကြောင်းကြပ်တာပဲဖြစ်ဖြစ်၊ စသည်ဖြင့်ပေါ့။
တစ်ယောက်နဲ့တစ်ယောက်ကလဲ ခွင်ကြုံရင်၊ ကြုံသလို ချွန်လိုက်၊ ကျပ်လိုက်၊ မြှောက်ပေးလိုက်၊ ရိုက်ချလိုက်၊ ဖောက်ခွဲလိုက်၊ရိုက်ခွဲလိုက်နဲ့ တကယ့်ကိုအစုံပါပဲ။တော်ရုံလူဆို ရှုးသွားနိုင်တယ်ဗျ။ ဒီအထဲက ကျနော်ကိုယ်တိုင် အကြပ်ခံခဲ့ရတာလေး ပြောပြခြင်တယ်ဗျာ။ ပြောပြရရင်တော့
ကျနော်အကျပ်ခံခဲ့ရတာတွေက အတော့်ကိုများတယ်
ဗျ သံပြားနင်းခါစ လူသစ်လေးဆိုတော့ ဘာမှမသိဘူးလေ၊ ဒီတော့ ကိုယ့်ထက်အရင်ရောက်နေတဲ့ သူတွေကို ဆရာတင်ရတာပေါ့နော။ ဒီအထဲက ဒီနေ့အထိမေ့မရသေးတဲ့ ပြဿာနာတခုရှိတယ်ဗျ၊ ဒီဟာလေးတခုလောက်ပဲ ပြောမယ်ဗျာ....


ဒီလိုဗျ ကျနော် သင်္ဘောပေါ်ရောက်လို့ ၆လကျော်လာတော့
အိမ်ပြန်ခြင်တဲ့ စိတ်ကအရမ်းများနေပြီ ငယ်ကလဲငယ်သေး၊ ပြီးတော့ ရွာမှာရှိတုန်းက စိတ်ထဲထင်နေတာက နိုင်ငံခြား ရောက်တာနဲ့ ဒေါ်လာတွေကို ဘာမှမလုပ်ရပဲ ရမယ်လို့ထင်ထားတာကိုးဗျ၊ ဒါကလဲ လူတိုင်းဖြစ်ဖူး၊ ခံစားဖူးမှာပါ။ ခံစားရတာခြင်းမတူပေမဲ့ နိုင်ငံခြားရောက်တာနဲ့ ပိုက်ဆံတွေ အများကြီးရမယ်လို့ မျှော်လင့်ထားကြ
တာလူတိုင်းပါ။ ပြန်ဖို့အတွက်လဲ သူကြီးကို မပြောရဲဘူး။ မပြောရဲတာကလဲ ကိုယ်နဲ့သိပ်မခင်တာကြောင့်ပါ။ မခင်တာလဲ မပြောနဲ့လေ ကျနော်နဲ့ သူနဲ့က အလုပ်နဲ့ ပတ်သက်ပြီး ဆက်စက်မှု
သိပ်မှမရှိတာ ဒီတော့ ပြန်မယ်ပြောဖို့ နဲနဲတော့ ရှိန်တာပေါ့နော။ တနေ့တော့ ရွှေတွေကို တိုင်ပင်တော့ ဒီကုမဏ္ဏီနဲ့ ဒီသူကြီးတွေရဲ့ထုံးစံက စာချုပ်မပြည့်ပဲပြန်ရင် လေယာဉ်လက်မှတ်
ကိုယ့်ဟာကိုယ်ပေးရမယ်၊ လျော်ကြေးလဲပေးရမယ် ဘာညာနဲ့ဝိုင်းပြောတာပေါ့ ဒီတော့ ကျနော်လဲ လန့်သွားတာပေါ့ဗျာ။ အဲဒီတုန်းကကိုယ့်ရတဲ့လခက ဒေါ်လာ၄၀၀လားပဲ ရတာ
လေယာဉ်လက်မှတ်ဖိုးရော၊ လျော်ကြေးပါပေးရမယ်ဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ။ ဒါနဲ့ရွှေတွေက တခြားနည်းလမ်းတော့ ပြောပြတယ် အဲဒါက ကိုယ့်အမျိုးထဲက သေပြီးသား
လူတစ်ယောက်ယောက်ကို ထပ်သေခိုင်းပြီး ကုမဏ္ဏီကို ကျနော့်ကို အမြန်ပြန်လာခိုင်းတဲ့ကြေးနန်းပို့ခိုင်းဖို့ ပြောတာပေါ့၊ ခက်နေတာကဒီကုမဏ္ဏီက အဖေ၊အမေ၊ ညီအကိုမောင်နှမနဲ့
အဖိုးအဖွားပဲ လက်ခံသတဲ့။ ခက်နေတာက ကိုယ့်မှာက သူတို့လက်ခံတဲ့ သူအားလုံးက သက်ရှိထင်ရှားရှိကြတုန်းဆိုတော့ အတော့်ကိုစဉ်းစားရကျပ်သွားတာပေါ့။ ဟုတ်တယ်လေ
သေပြီးသားလူကို နောက်တခါ ထပ်သေခိုင်းတာ ကွိုင်မဟုတ်ပေမဲ့ သက်ရှိထင်ရှားကြီးကို သေခိုင်းရမှာဆိုတော့ အိမ်ကလူတွေကလဲ လက်ခံမှာမှ မဟုတ်တာဆိုတော့ (အခန့်မသင့်ရင်
အဆဲပါခံရနိုင်တယ်လေ) ဟုတ်ဘူးလားဗျာ...။ ဒီလိုနဲ့ ရွှေတစ်ယောက်က "ဒီလိုလုပ်ပါလား မင်းမိဘတွေ တောထွက်ပြီးတရားအားထုတ်တော့မှာမို့ အမွေခွဲဖို့ အမြန်ပြန်လာပါဆိုရင်ရော
ဆိုပြီး အကြံပေးတာပေါ့ဗျာ ဒါနဲ့ ကျန်တဲ့သူတွေက ဟုတ်တယ် အဲဒါကောင်းတယ် ဘာညာနဲ့ ၀ိုင်းမြှောက်ပေးတာပေါ့ ကိုယ်တိုင်ကလဲ ဒီအကြံကို သဘောကျသွားတာပေါ့ဗျာ။
ဒီလိုနဲ့ တနေ့ ကမ်းကပ်လို့ ဖုန်းကဒ်ပြေးဝယ်ပြီး၊ အိမ်ကိုအကျိုးအကြောင်းလှမ်းပြောပြတာပေါ့၊ အိမ်ကလူတွေကလဲ တော်ရိ၊ရော်ရိ ပြောတယ် အင်းတဲ့၊ ရှင်းရှင်းပြောရရင် အိမ်ကလူတွေ
ကလဲ ကျနော့်ကို ပြန်မလာစေခြင်ဘူး၊ အထုပ်ရှုပ်လေးပြန်လာမယ်ဆိုတော့ နဲနဲတော့ တွန့်နေကြတာပေါ့နော။ ဒါကိုကျနော်ကလဲ မရိပ်မိလိုက်ဘူးဗျ သူတို့က အင်းလို့ပြောတော့ကျနော်ကတော့ အိုကေပြီဆိုပြီး ပျော်နေတာပေါ့ဗျာ ဒီလိုနဲ့ တစ်ရက်၊နှစ်ရက်လောက်ကြာတော့ စိတ်ထဲထင်လိုက်တာက
အိမ်ကလူတွေတော့ ကြေးနန်းပို့ပြီးလောက်ပြီဆိုပြီး သူကြီးဆီ တက်ပြောရော ဆိုပါစို့၊
"သူကြီး ငါအိမ်ပြန်ရမယ် အရေးကြီးတဲ့ ကိစ္စရှိလို့ အဲဒါ ကျေးဇူးပြုပြီး စီစဉ်ပေးပါ။"
"ဘာဖြစ်လို့လဲ ဘာတွေ အရေးကြီးလို့လဲ" အဲဒီလိုပြောတော့ ကျနော်သိလိုက်တယ် အိမ်ကပို့တဲ့ ကြေးနန်းမလာ
သေးဘူးဆိုတာ ဒါနဲ့ပဲ မထူးဘူးဆိုပြီး ဆက်ပြောရတော့တာပေါ့ ခက်နေတာက တောထွက်ပြီးတရားရှာတာကို
ဘယ်လိုပြောရမှန်းမသိတာနဲ့ ဘယ်လိုရှင်းပြရမလဲဆိုတာ အတော့်ကိုစဉ်းစားရတယ်ဗျ ဒါနဲ့ ကိုယ်သိသလိုပဲ ဟောဒီလိုရှင်းပြလိုက်ပါတော့တယ် " my parent is going to jungle that's why i need to go home"
"for what. are they going to hunting?" ဒီလိုပြောတော့ ကျနော့်မှာ ဘာဆက်ပြောရမှန်းတောင် မသိတော့
ဘူးဗျာ။ ကျနော်ဆိုလိုခြင်တာက တောထွက် တရားရှာကိုပြောခြင်တာ၊ ဒါကို သူထင်သွားတာက အမဲလိုက်ဖို့လား တဲ့။ အံမယ် သူကြီးက ဆက်ပြောသေးတာနော် "ဟ ငါလဲ အမဲလိုက်တာ ၀ါသနာပါတယ်"တဲ့
အမှန်က ကျနော်မစဉ်းစားတာပါ။ လူမျိုးခြားလဲဖြစ်ပြန်၊ ဘာသာခြားလဲဖြစ်နေတဲ့သူကို တောထွက်တော့မှာ သွား
ပြောတော့ ကိုယ်ပဲ အရှုးဖြစ်မယ်ဆိုတာ သတိမထားမိလိုက်တာပါ။ ပြီးတော့ ကိုယ်တိုင်ကလဲ အင်္ဂလိပ်စကား
ကို လိမ့်ပတ်လည်အောင် မပြောတတ်တော့ ပိုရှုပ်ကုန်တာပါပဲ။ ဒီအချက်ကို သိထားတဲ့ ရွှေတွေက ကျနော့်ကို
အချွန်နဲ့ မလိုက်တာပါ။ အဲဒီတုန်းက ကျနော်လဲ ဘာဆက်ပြောရမှန်းမသိတာနဲ့ စကားရော၊ ဖောရောနဲ့ ပြန်လှည့်
လာခဲ့ရတယ်ဗျာ။ အဲဒီတုန်းကတော့ ကိုယ့်ကို ကိုယ်လဲ ဒေါသဖြစ်၊ ကြပ်ပေးတဲ့ ရွှေတွေကိုလဲ ဒေါသဖြစ်ပေါ့နော
ဘာပဲဖြစ်ဖြစ်ပါ သူတို့ အခုလို အကြပ်ကောင်းခဲ့လို့ ခုဆိုရင် အဲဒီအကြပ်ခံခဲ့ရတဲ့ ကျေးဇူးနဲ့ ကျနော် ဘ၀ကိုရင်ဆိုင်ရဲလာတယ်၊ ကိုယ့်အားကိုယ်ကိုးခြင်တဲ့ စိတ်ဖြစ်လာတယ်၊ လာသမျှလောကဓံတရာရဲ့ အကောင်း
အဆိုးမှန်သမျှကို ရဲရဲရင့်ရင့်နဲ့ဖြတ်ကျော်ရဲလာတယ်။ မခံခြင်စိတ်တခုထဲနဲ့ ကြိုးစားလိုက်တာ ခုဆိုရင် အလုပ်က
လဲကောင်း၊ လစာကလဲကောင်း(ဘယ်လောက်ဆိုတာတော့ မပြောတော့ဘူး၊ တော်ကြာရွာပြန်ရင် အခွန်အများ
ကြီးဆောင်ရမှာစိုးလို့... အဟီး) ဘယ်လောက်ထိလဲဆိုရင် လက်ရှိအလုပ်က စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၊စိတ်
မပင်ပန်း၊ လူလဲ မပင်ပန်းပဲနဲ့အေးရာအေးကြောင်းကိုဖြစ်လို့။
တခုတော့ ပြောခြင်တယ်ဗျာ မခံခြင်စိတ်ကို ထားတဲ့နေရာမှာ နေရာမှန်ဖို့တော့ လိုမယ်ဗျ၊ ဥပမာပေါ့ ကျနော်
အခုလို အကြပ်ခံရတော့ ဒေါသဖြစ်ပြီး အဲဒီရွှေတွေနဲ့ ရန်ဖြစ်ခဲ့ရင် ကျနော့်ဘ၀ဘာဖြစ်သွားမလဲ။
နောက်တချက်က အခုလို မခံခြင်စိတ်နဲ့ ကိုယ့်အားကိုယ်ကိုးပြီး အင်္ဂလိပ်စာတွေလေ့လာတယ်၊ အလုပ်ကိုကြိုးစား
တယ်။ ကျနော်ဟာ ဒုတိယအချက်ကို လိုက်နာခဲ့လို့ ယနေ့ ကျနော့်ဘ၀ဟာ ပြီးပြည့်စုံတဲ့ ဘ၀မဟုတ်သေးပေမဲ့
ပူပင်ကြောင့်ကျမှု တစိုးတစေ့မျှ မရှိတာအမှန်ပဲ။ ဒါဟာ ဘာလဲဆိုတော့ ကျနော်ရွေးခဲ့တဲ့ လမ်းမှန်လို့ပါပဲ။
ဒီတော့ နောက်ဆုံးအနေနဲ့ ကျနော်ပြောခြင်တာကတော့ ဒေါသရှေ့မထားဖို့နဲ့ အရာရာကို ခေါင်းအေးအေးထား
ပြီးစဉ်းစားကြဖို့၊ ကိုယ့်ဘ၀ ဘယ်လောက်ပဲ ဆိုးနေပါစေ၊ ကိုယ့်လုပ်ရပ်ဟာ အကောင်းဆုံးဖြစ်ဖို့ အရေးကြီးပါတယ်၊ ဒီအကျိုးဆက်ဟာ တချိန်မှာ ခံစားရမှာ မလွဲဘူးဆိုတာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရလို့ ကောင်းကြိုး
ခံစားရမယ်ဆိုတာ လုံးဝ ယုံကြည်စေခြင်ပါတယ်။
လေးစားစွာဖြင့်

16 Response to သင်္ဘောသား ဘ၀ ၂

1 May 2009 at 02:26

ဒီတစ်ခါတော့နည်းနည်းတော်သေးတာပေါ့
ရှုရှုး ဖလားဝါး လောက်တော့မဆိုးတော့ဘူးပေါ့ ရုပ်ကြည့်သိပါတယ် အူကြောင်ကြောင်နိုင်မယ်ဆိုတာ

1 May 2009 at 19:37

ဒီတစ်ခါ ဆုံးမစာလေးပါ ပါနေပါလား။ ကောင်းပါတယ်၊ လမ်းမှန်ကို ရွေးချယ်နိုင်တဲ့အတွက် ဝမ်းသာမိပါတယ်။ :)

2 May 2009 at 00:02

အဟား ဒီတစ်ခါတော့ အိမ်တို့ အတည်ပေါက်နဲ့ တရားဟောသွားပါလား။ Jungle ကိုတော့ ထွက်မသွားနဲ့နော်။ ဟီး နောက်တာပါ။ မှတ်သားစရာလေးတွေ မှတ်သွားပါတယ်ဗျာ။ အဆင်ပြေပါစေ။

2 May 2009 at 00:26

ဖတ်လို့ကောင်းတယ်ဟေ့ ..နောက်ထပ် ဆက်ရန်တွေကို မျှော်နေတယ်
ဆုံးမစကားလည်း နာယူသွားတယ်နော်...မှန်တဲ့စကားဆိုတော့လည်း
မှတ်သားရတာပဲလေ...
...ခင်မင်သောအားဖြင့်..

2 May 2009 at 03:03

စိတ်ရှည် ၊ သီးခံ ဇွဲရှိရန် ဖြူအောင်စိတ်ကိုထား ။ မှတ်သားသွားတယ်ဗျ ကိုအိမ် ။ :)

2 May 2009 at 21:03

ကိုအိမ်ကတော့ဖြစ်ရမယ်
နေရင်းထိုင်ရင်းမိဘတွေကိုတောထွက်အမဲလိုက်ခိုင်းရတယ်လို့
အဟီးးး
ဒီမှာလဲသူငယ်ချင်းဘဘောင်္သားကိုထုံတွေရှိတယ်အကိုရေး....
အကို့အကြောင်းပြောပြအုံးမှပဲ
အဟီးးး

3 May 2009 at 02:25

နေပါဦး အကိုအကြပ်အခံရတာကျတော့ ပြောပြတယ်
အကို သူများ ကိုလိုက်ကြပ်တာတွေ ကျတော့မပြော ပြဘူးလား

သိပါတယ် အကိုလည်း သူများ ကိုနည်းနည်းတော့ကြပ်ဖူး မှာပေါ့
မရဘူး ပြောပြ..............

ပျောင်ရွှင်အဆင်ပြေ ပါစေ

Anonymous
3 May 2009 at 12:48

My parent is going to Jungle that's why I need to go home . :P
n then , i will be waiting for my house .. :P

4 May 2009 at 16:00

သေချာဖတ်သွားတယ် အဆုံးအမများ ခံယူသွားပါတယ် အကိုရေ

လေးစားလျက်
တောင်ပေါ်သား

4 May 2009 at 16:31

ဝမ်းသာ စရာ သတင်းပေါ့ဗျား)
လမ်းမှန် ရွေးတတ်လို့ ပြောပါတယ်။

7 May 2009 at 19:53

ကောင်လေးက လူလိမ်မာလေးပေါ့နော်

9 May 2009 at 04:31

ိမိဘတွေက တောထွက် အမဲလိုက်လို့  အိမ်ပြန်ချင်တယ်လား။
ရေထဲမှာဆိုတော့ အိမ်က ပို ဆိုးတာပေါ့။ လွမ်းနေမှာပေါ့။
ကိုယ်တွေက အသိုက်အမြုံကြီးထားခဲ့ရတာကိုး။ မိဘတွေက ပြန်မလာစေချင်တာ မဟုတ်လောက်ပါဘူး။
သူများဆီနေရတာဆိုတော့ သည်းခံ သည်းခံ ပို ကြိုးစား ဖို့ ပဲရှိတာလေ။

9 May 2009 at 04:32

ိမိဘတွေက တောထွက် အမဲလိုက်လို့  အိမ်ပြန်ချင်တယ်လား။
ရေထဲမှာဆိုတော့ အိမ်က ပို ဆိုးတာပေါ့။ လွမ်းနေမှာပေါ့။
ကိုယ်တွေက အသိုက်အမြုံကြီးထားခဲ့ရတာကိုး။ မိဘတွေက ပြန်မလာစေချင်တာ မဟုတ်လောက်ပါဘူး။
သူများဆီနေရတာဆိုတော့ သည်းခံ သည်းခံ ပို ကြိုးစား ဖို့ ပဲရှိတာလေ။

10 May 2009 at 19:00

အော်.အော်... မှတ်သားသွားပါတယ်... အခုတော့ လိမ္မာလာပြီပေါ့ ဟုတ်လား.... ဟိဟိ... ဒေါသ ရှေ့မထားပါဘူး ..နောက်မှာပဲထားမှာ...
ဦးအိမ်လဲ ဒီတခါ ခံရတာပဲပေါ့နော်... :P

11 May 2009 at 14:59

အင်း.... အစ်ကိုအိမ် ကြပ်တာတွေလဲသိချင်တာပဲ.....
လမ်းမှန်ရွေးနိုင်လို့ လေးစားပါတယ်.....

28 May 2009 at 17:45

မခံချင်စိတ်ထားတဲ့ နေရာမှာ ထားတဲ့နေရာမှန်ဖို့လိုပါတယ်
ဟုတ်စ်၊ သေချာမှတ်သွားပါ၏း)

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း