Friday, July 03, 2009

စားကြမယ်ဟေ့ မကောင်း၊တကောင်း

20
ခုတလော ဘယ်လိုဖြစ်နေတယ် မပြောတတ်ဘူး။ ထမင်း၊ဟင်းတွေ ချက်ခြင်၊ ပြုတ်ခြင်တဲ့ စိတ်လေးရှိနေတယ်ဗျ။ ဒါနဲ့ ချက်မယ်ဆိုပြီး စဉ်းစားပြန်တော့ ဘာချက်ရမှန်းလဲ မသိဘူး။ သေခြာ ပြန်စဉ်းစား ကြည့်ပြန်တော့ ရာသီစာလေး စားချင်စိတ်က ပေါက်လာတယ်။ ဥတုဘောဇနသင်္ဂဟကျမ်း ကိုပြုစုတဲ့ ယောမင်းကြီး ဦးဖိုးလှိုင် ရဲ့ အဆိုအရ ရာသီစာကို မှီဝဲပါက အသက်ရှည်၏ ကျန်းမာ၏ ဥဏ်ကိုပွားများစေ၏ ...... ပွား၏ (အစက်လေးတွေ ချထားတာ ဘာစာလဲသိချင်ရင် လာမေး.. ဒါပဲ...) လို့ဆိုပြန်တော့လဲ မစားမဖြစ် စားရတော့မှာပေါ့ဗျာ ဟုတ်ဘူးလား။

စားချင်တာက မရမ်းသီးကို မန်းကျည်းသီးနဲ့ ချဉ်ရေချက်၊ သံပရာသီးညုစ်စားပြီး ၊ရှောက်သီးကို ရှာလကာရည်လေးနိုင်ချင်းနဲ့ သုပ်စားရကောင်းမလား၊(ကောင်မကောင်းတော့ မသိဘူး အစာအိမ် အချဉ်ပေါက်ပြီး မသာပေါ်မှာတော့ သေချာတယ်) ဒါမှမဟုတ် ကြက်ဟင်းခါးသီးကို ခွေးတောက်ရွက်လေးနဲ့ ကြော်ပြီး တမာချဉ်လေး တို့စားရကောင်းမလား၊ ဒါမှမဟုတ် ဘိုဆန်ဆန်လေးလဲ ဖြစ်အောင် ပေါင်မုန့်ကို နို့ဆီများများဆမ်း၊ အပေါ်ကပျားရည်လေးတထပ်သုတ်၊ ပြီးတော့မှ သကြားဖြူးစားရကောင်းမလား၊ ဒါမှမဟုတ် ဂေါ်ရခါးသီးနဲ့စော်ဘွားအီးကို မကျက်တကျက်လေး ကြော်ပြီး၊ ဘူးသီးနဲ့ မြင်းအီး ဟင်းချိုချက်သောက်ရကောင်းမလား၊ ဒါမှမဟုတ် ငါးပိကောင်ကို၊ ကြော်ပြီး ဘိတ်မျှင်ငါးပိကို အရည်ကျို၊ ပြီးရင် ခရမ်းချဉ်သီး ငါးပိချက်လေး၊ ငါးပိထောင်းလေးနဲ့ ပြီးတော့ ငံပြာရည်ကို ငရုတ်သီးအကြက်မှုန့်လေးနဲ့ များဆိုရင် ထမင်းစားမိန်မလား( မိန်မမိန်တော့ မသိဘူး သွေးတိုးပြီး မသာပေါ်မှာတော့ သေချာတယ်)
ခက်တယ်ဗျာ ... စားချင်စိတ်သာ ရှိတာ အဲဒါတွေ တခုမှ ကျနော့်မှာ မရှိဘူးဗျ။ ဒီတော့လဲ မီးဖိုချောင်သွားပြီး ရေခဲသေတ္တာထဲမှာ အပြည့်ရှိနေတဲ့ အဖေမပေါ်ပဲ ဥထားတဲ့ မြေမနင်းသားလေးကို ၂လုံးလောက်ထုတ်၊ ပြီးတော့မှ အိုးပူလေးပေါ် ပစ်ထည့်ရောမွှေ လိုက်ပြီ ဆိုတော့ နောက်၂မိနစ်ဆိုရင်ကိုပဲ စားကောင်းသော ဟင်းတခွက် ဖြစ်နေပါပြီ။ ဆားထည့်ဖို့တောင်မေ့သွားပြီ ဒီတော့ ကိုယ့်ဟာကိုယ်ပဲ ဆားလေးဖြူးစာတော့ဗျာနော်.....။ ဥကြော်ပုံလား မပြတော့ဘူးနော်... ကြည့်ပြီး မစားပဲ ပြန်သွားမှားစိုးလို့ မပြတော့ဘူး ဒီအတိုင်း မမြင် မစမ်းလေးပဲ အုပ်သွားလိုက်တော့နော်.... ။ စားပြီးပလား အဲဒါဆို အောက်ကစာ ဆက်ဖတ်....................................................................................




တနေ့တနေ့ ဥကြော်ချည်းပဲအုပ်နေတော့ လူတောင် ဥရုပ်ပေါက်ပြီး ကိုယ်တိုင်တောင် ဥပြန်ဥလို့ ရနေပြီလေ.....။ ဒီလိုပြောလို့ တမျိုးမထင်နဲ့နော်
setansetansetan .........။ ဥက စူပါမားကပ်က ၆လုံး ကို ၁ကျပ်ပြား၆၀နဲ့ ဝယ်ထားတဲ့ ဟာပါ........ jelirjelir ..........။
ဘလော့အတော်များများမှာ ထမင်း၊ဟင်းတွေ အမျိုးစုံချက်ပြီး ဓာတ်ပုံရိုက် ပြနေကြတာကို အားကျလို့ ကျနော်လဲ ကိုယ့်ရှိတာလေးကျွေးချင်တဲ့ သဒ္ဒါတရားတွေ ပွားများလာတာနဲ့ ...............။


20 Response to စားကြမယ်ဟေ့ မကောင်း၊တကောင်း

4 July 2009 at 06:20

သြော် ဥရုပ် ထွက်နေပြီဆိုတော့ အပေါ်ပိုင်း အဖျားရှူးပြီး အောက်ပိုင်း ကားတဲ့ ပုံစံပေါက်နေပြီပေါ့နော်။

Anonymous
4 July 2009 at 12:29

ဂေါ်ရခါးသီးနဲ့ စော်ဘွားအီး ဆိုတဲ့နေရာမှာ အော်ရီမိတော့တာပဲအေ့....။

စဒလ

4 July 2009 at 19:48

ဘုရားရေ.... ဘုရားးရေ... အိုင်မိုင်ဂေါ့... အလာရှင်မြတ်

စားချင်တဲ့ ဟင်းလျှာများကလည်း အလန်းတွေချည်းပါလား...

ကြည့်လဲလုပ်ပါအုံးဗျာ.. အားရှိတာတွေ... အာဟာရဖြစ်တာတွေများနေတယ်...

ဘူးသီးနဲ့ ဂေါ်လခါးသီးနဲ့ ရောချက်မယ့်ဟင်းကို မျက်စိထဲမြင်ယောင်ပြီး.. အဟီးးဟီးးးး

တို့ကိုကြီးတစ်ယောက် ဂရိမှာ အစားကောင်းအသောက်ကောင်းတွေ ကို စားနေရတယ်ဆိုတာသိသွားပါတယ်းးးးးး


ဥကိုမုန်းတယ်ဗျို့ ငယ်ငယ်လေးကတည်းက ဥကိုမုန်းတာ

ဘယ်လောက်မုန်းလဲ ဆိုရင် ကိုယ့်ဥတောင် ကိုယ် ပြန်မကြည့်ဖူး

အဲ တစ်မျိုးမထင်နဲ့ ကိုယ့် အိမ်မှာ သူများပေးထားတဲ့ ကြက်ဥတွေကိုပြောတာ

အဟတ်

နက်မကောင်းဘူး

ခုနဲ့ဆိုမန့် တာ အခါပေါင်းမနည်း ပေါ်ရင် ကို မန့် တာကြီးပဲ အခု ၃၀လောက်ရှိတော့မယ်

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

4 July 2009 at 21:17

နိင်ငံဂျားမှာ စားကောင်းသောက်ဖွယ်တွေနဲ့ ငြိမ့်နေတာပေါ့
စားချင်ရင်တော့ သရက်သီးသနပ်နဲ့လက်ချဂ်မီးနှပ် ရောချက်တာ ပို့ပေးလိုက်မယ်

4 July 2009 at 23:22

ရီရတယ်...။ :D

5 July 2009 at 00:35

အော်... ဂေါ်ရခါးသီးနဲ့ စော်ဘွားအီး ချားချင်တာများ ဦးဦးအိမ်ရယ်.. အဟတ်ဟတ်... တော်ပြိ မပြောတော့ဘူးနော်.... ဘာပြောချင်တာကို သိနေတယ် မလား.. စဉ်းစား... အဟတ်.... ပို့ပေးလိုက်မယ်... :P

5 July 2009 at 13:04

connection က မရလို့ပါ ကိုအိမ်ရယ် ဒါကြောင့်မန့်မှာရေးမယ့် ဟာ ကို ဆီဗုံးမှာ လောင်းခဲ့တာပါ ကိုအိမ်ချက်တဲ့ဟင်းတွေက အရမ်းကောင်းလွန်းလို့ (စိတ်ညစ်ဖို့)သရေတွေတောင်ပိုကျလာပြီ

5 July 2009 at 21:43

ကိုအိမ်ရေ..ဥကြော်လေးက ဆားငန်နေတယ်ဗျာ။ နောက်ထပ်၂လုံးလောက်ထပ်ကြော်လိုက်ဦးဗျာနော်..ဒါမှလာလည်သူတွေ စားလို့ လောက်မှာပေါ့။ ကိုယ့်ဆရာဥတွေကြီးပဲ အရမ်းမစားနဲ့ နော်...ဥစားရင်အားရှိတယ်တဲ့..အားရှိရင်ရှော့ရှိတယ်နော်..ဟီးဟီး..။

6 July 2009 at 20:55

ဟိုဘက်အိမ်က ကြက်ဖနဲ့ ကျုပ်ကြက်မနဲ့ ညား..ဟားဟား...။

6 July 2009 at 22:04

ဟီး ရီရတယ်း) ဟင်းတွေက ဂွတ်ရှယ်တွေပဲဂျ

Anonymous
7 July 2009 at 03:14

ကိုအိမ်ကြီးးးးးးးးးးးး
အကောင်းမှတ်တယ်
အသေသတ်နေတာပါလား
တယောက်ထဲမသွားရဲဘူး
အဖော်ပါခေါ်သွားချင်နေတယ်ပေါ့လေဟဟ
လိုက်ဖူးသွားတော့စားပြီးးးးးးးးးးးးးးးးးးးးး

မြူးလေး

7 July 2009 at 16:19

ကိုအိမ်ရေ ခုမှာလာဖြစ်တယ်နော် နောက်ကျသွားတယ်ဗျာ။ ဟင်းတွေကလည်းချက်ထားတာချယ်ပဲနော်။ ဥရုပ်ပေါက်နေပြီလားတော့မသိဘူးနော်။ အဆင်ပြေပါစေဗျာ။


ကိုတိုးလေး

8 July 2009 at 08:15

ဗျို့  ဆရာရေ...
တစ်ယောက်ထဲလျှောက်လုပ်မနေနဲ့အုန်း..
နိုင်တာလည်းမဟုတ်ဘူး...
အဖော်ရအောင်..အဖော်ပါယူလာတယ်....
ဟားဟားဟားဟားဟားဟား

9 July 2009 at 15:37

အဟိ
ဒီတစ်ခါလဲ နောက်ကျသွားပြန်ပြီ ကိုဂျီးရ။
ကြက်ဥက သိုးတောင် သွားပြီလား မသိရယ်။ အဟီး။ =)

9 July 2009 at 20:45

ကိုအိမ်ကတော့ ရီစရာတကယ်လည်း ရေးတတ်ပါတယ်။ဖတ်ပြီး တော်တော် သဘောကျမိတယ်။

10 July 2009 at 06:59

ဘုရားရေ

ဟင်းတွေက လာလည်တဲ့သူတွေကို လန်းစေမယ့် ဟင်းတွေပါလား။
ဟင်းစပ်တော်တယ်နော်။
း)

ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။

11 July 2009 at 19:15

မရမ်းသီးကို မန်းကျည်းသီးနဲ့ ချဉ်ရေချက်၊ သံပရာသီးညုစ်စားပြီး ၊ရှောက်သီးကို ရှာလကာရည်လေးနိုင်ချင်းနဲ့ သုပ်စား တာ အစာအိမ်အချဉ်ပေါက်ပီ သေတော့ ချဉ်စော်နံကာ နေတော့မှာပေါ့...

ကိုအိမ်ချက်တဲ့ ဟင်းတွေ သူများတွေ စားသွာလို့ ကျတော့ဖို့ မကျန်တော့လို့ မစားသွားတော့ ဖူးနော်

13 July 2009 at 05:15

ဘယ်တွေပျောက်နေလဲ ကိုကိုအိမ်


ဟင်းကောင်းတွေ ချက်စားပြီး အဆီရစ်လို့ မထနိုင်ဖြစ်နေတာလား။။။


ဂေါ်လခါးသီးတွေ... ဘူးသီးတွေနဲ့ တွဲစားတဲ့ဟင်းတွေ သိပ်ကောင်းနေတယ်ပေါ့...


စားပါဗျာ တစ်ယောက်တည်းပဲ... မမျှပါနဲ့


ချစ်ခင်စွာဖြင့်

ဖိုးစိန်

13 July 2009 at 05:15

ဘယ်တွေပျောက်နေလဲ ကိုကိုအိမ်


ဟင်းကောင်းတွေ ချက်စားပြီး အဆီရစ်လို့ မထနိုင်ဖြစ်နေတာလား။။။


ဂေါ်လခါးသီးတွေ... ဘူးသီးတွေနဲ့ တွဲစားတဲ့ဟင်းတွေ သိပ်ကောင်းနေတယ်ပေါ့...


စားပါဗျာ တစ်ယောက်တည်းပဲ... မမျှပါနဲ့


ချစ်ခင်စွာဖြင့်

ဖိုးစိန်

20 July 2009 at 05:57

ဘာများကောင်းကောင်းကန်းကန်းချက်ကျွေးမလဲမှတ်ပါတယ်..။ ကိုယ့်လို လူနဲ့ လာတိုးနေတယ်.. သြော်.. ဒွတ်ခ.. ဒွတ်ခ

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း