ဒီအောက်က ဗီဒီယိုကို ကြည့်ကြပါဦးဗျာ...။ လုပ်မှ လုပ်ရက်ကြပါပေ့ သင်းတို့ စိတ်ထဲ မြတ်စွာဘုရား ပုံတော်ကို ကစားစရာများထင်မှတ်နေသလားတော့ မသိဘူးဗျာ...။ တကယ်တော့ ဒီလိုမျိုးတွေကို နိုင်ငံခြားရုပ်ရှင်တွေ အတော်များများမှာ တွေ့ဖူးပါတယ်။ ဒီလိုမျိုး ထင်ထင်ရှားရှားကြီးတော့ မဟုတ်ပါဘူး။ မထင်မရှားလေးတွေပါ။ ဥပမာပေါ့ဗျာ ဧည့်ခန်းမှာ အလှထားတာကို ရုတ်တရက် တွေ့လိုက်တာမျိုးတို့၊ ပန်းခြံထဲမှာ ထားတာကို တွေ့လိုက်တာမျိုး စသည်ဖြင့်ပေါ့ဗျာ... ဒါပေမဲ့ ခုတော့ဗျာ ထင်ထင်ရှားရှားကြီးကို စော်ကားထားတာတော့ တဆိတ်လွန်လွန်းပြီ ထင်တာပဲဗျ။ ကိုယ်မယုံရင်နေပါ မစော်ကားပါနဲ့ ဒါကျနော့်အယူအဆပဲ ဟုတ်တယ်လေ ကိုယ်မယုံကြည်ပေမဲ့၊ ယုံကြည်သူတွေ ရှိတယ်လေဗျာ။ ပြီးတော့လဲ ဘယ်ဘုရားပဲဖြစ်ဖြစ်ပါ ဥပမာပေါ့ ဗုဒ္ဓမြတ်စွာဘုရားပဲဖြစ်ဖြစ်၊ ခရစ်ယာန်တွေရဲ့ ဘုရားပဲဖြစ်ဖြစ်၊ မူစလင်တွေယုံကြည်တဲ့ ဘုရားပဲ ဖြစ်ဖြစ်၊ ဘယ်ဘုရားမှ မကောင်းတဲ့လမ်း မညွှန်ထားပါဘူးလို့ ယုံကြည်ထားတယ်ဗျ ဒီတော့ ကိုယ်မယုံကြည်လို့ မကိုးကွယ်ရင်နေ ဘယ်တော့မှ စိတ်နဲ့သော်၎င်း၊ နှုတ်နဲ့သော်၎င်း၊ ကိုယ်အမူအရာနဲ့သော်၎င်း တခါမှ မစော်ကားခဲ့ဘူး။ ခုတော့ဗျာ လူသိထင်ရှားကြီးကို လုပ်တာတော့ လွန်လွန်းပြီးထင်တယ်။
ဒီဗီဒီယိုကို အီးမေးလ်ကနေတဆင့် ရရှိတာပါ။ အများသိပြီးသား ဖြစ်ချင်လဲ ဖြစ်နေမှာပါ။ ဒါပေမဲ့ မသိသေးသူများ သိသွားအောင် တင်လိုက်ရခြင်းဖြစ်ပါတယ်။
ဒီအောက်က ဗီဒီယိုလေးကတော့ သူတို့ယုံကြည်တဲ့ ဘုရားရဲ့ i will survive ဆိုတဲ့ရီစရာ ဟာသလေးနဲ့ ပြန်လည်ခြေပ ပေးလိုက်ပါတယ်ဗျား... ကျနော်လဲ မရှိ၊ ရှိတာနဲ့ ကိုယ်နိုင်တဲ့ဝန်ကို ဝင်ထမ်းလိုက်ပါတယ်။ ဘာမှအကျိုးသက်ရောက်မှု မရှိပေမဲ့လို့တော့ လောလောဆယ်မှာ လာရောက်ကြည့်ရူသူများ စိတ်အညစ်ပြေသွားမယ်လို့မျှော်လင့်မိပါတယ်။ အမှန်တော့ ဗီဒီယို ဟာလဲ သူတို့ ဘာသာတရားကို ယုံကြည့်သူတွေကပဲ ပြန်လည် ရိုက်ကူးထားတဲ့ ဟာလေးပါ။
20 Response to ဘာသာတရားကို စော်ကားသူများ
တကယ်ပါဗျာ ပြောစရာစကား မရှိအောင်ပါပဲ။ ယုတ်မာလိုက်ကြပုံများဗျာ။
ဟန်းးး အောက်ဆုံးက ဗီဒီယိုက ရယ်ရတယ်...
ဦးအိမ်နော်..အဲလို အရက်သောက်ပီး မူးမူးနဲ့ လမ်းပေါ်မှာ သီချင်းမဆိုနဲ့...ချီးကားတိုက်လိမ့်မယ်.... ဟတ်ဟတ်...:P
တကယ်ပါပဲနော် ဘာသာရေးနဲ့ပတ်သတ်လို့အဲ့လိုကြီးတွေ ယုတ်မာတာတော့မကောင်းကျပါဘူးနော်။ ယုတ်မာလိုက်ကျတာနော်။ ကိုယ်မယုံရင်နေပါ မဆော်ကားပါနဲ့ဆိုတဲ့ကိုအိမ်ရဲ့စကားမှန်တယ်ဗျာ။
အင်း ကိုအိမ်ပြောသလို ခံစားရပါတယ် ဘာသာတရားမှာ ဘယ်ဘာသာမှ ထိခိုက်မိရင် မကောင်းပါဘူး ဒီအပေါ်မူဗီကိုတော့ မြင်ဖူးတာ ကြာပါပြီ။ ဇာတ်ဝင်ခန်းတခန်းလို့ ပြောကြတယ် ကျနော်လဲ လင့်မမှတ်မိတော့ဘူးဗျာ အောက်ကတော့ အခုမှကြည့်သွားတယ် သူတို့နိုင်ငံမှာက ကျနော်တို့နိုင်ငံလို ဘာသာရေးကို သိပ် အလေးမထားတတ်တာလဲ ပါမယ်ထင်တာပဲ
လေးစားလျက်
တောင်ပေါ်သား
ဟင်း...
....
ပထမဗီဒီယိုကို ချေဖျက်ဖို့ ဒုတိယဗီဒီယို ပေါ်လာတယ်လို့ စပ်ဖြီးဖြီးကြီး ယူဆချင်ပေမယ့်၊ ဗုဒ္ဒရှင်တော်ကတော့ မဟာကရုဏာတော်နဲ့ အဲဒီခေါင်းမရှိတဲ့ကောင်တွေကို ခွင့်လွှတ်တော်မူမှာ ကျိန်းသေပါတယ်။ ဒုတိယဗွီဒီယိုကြည့်ပြီး ယေရှုခရစ်အတွက် စိတ်မကောင်းပါဘူး။ အ၀တ်မပါဘဲနဲ့ ပြားသွားရှာတယ်။
ပြောစရာစကားမရှိတော့ပါ........ ဘာစိတ်ကူးတွေလဲ သူတို့မလေ့လာကြဘူးလား..... ဟင်းးးးး......
အောက်က ဗီဒီယိုကိုတော့ ကြည့်ပြီး ရယ်သွားရပါတယ်....
ဗုဒ္ဓဘာသာတွေက သူများ ဘာသာတရားကိုမှ မစော်ကားကြပါဘူး။ အဲဒီလိုပဲ ဘယ်ဘာသာတရားဖြစ်ဖြစ်ပါ။ ဘယ်သူ့ဘယ်သူကိုမှ မစော်ကားတာ အကောင်းဆုံးပါပဲ။
အင်း အဲဒီ ဗွီဒီယိုက လွန်ခဲ့တဲ့ နှစ်လလောက်ကတဲက အတော်လေး ဘလော့တွေ အတော်များများမှာ ရေးခဲ့ကြဖူးပါတယ်..
ဘာဖြစ်ဖြစ်လေ အိမ့်ဆီလာလည်သူတွေ ထဲက မသိသေးသူတွေ သိရတာပေါ့..။
ပြောတတ်တော့ပါဘူး အကိုအိမ်ရာ
ဒါပေမယ့် ဗွီဒီယို နှစ်ခုလုံးကြည့်ပြီး စိတ်ထဲမကောင်းဘူးဖြစ်သွားတာ အမှန်ပဲ
ကိုအိမ်ရေ ဘာမှအထွေအထူး ပြောစရာမရှိပါဘူးဗျာ
မိမိကိုးကွယ် ယုံကြည်တဲ့ ဘာသာတရားကို
မိမိကပဲ တတ်နိုင်သလောက် အဓွန့်ရှည်ကြာ ကျန်ရစ်ရလေအောင် ကြိုးသားတာပဲ ကောင်းပါတယ်ဗျာ။
အဲဒါကို သူငယ်ချင်းတစ်ယောက်ပို့လို့ကြည့်ရပါတယ် ဘာလုပ်တာလည်းမသိဘူး ကိုရှင်ရဲထွတ်ပြောသလိုပေါ့ ကိုယ်တိုင် အဓွန့်ရှည်တည်တံ့အောင်လုပ်ဖိုအတတ်နီုင်ဆုံး ၀ိုင်းဝန့်းကြိုးစားကြတာပေါ့
အဲ့ဒီ မေလ်း ရလိုက်တယ်..အရမ်းကို စိတ်မကောင်းဖြစ် ပြီး ကြေကွဲရတယ်...။ ရှင်ရဲထွတ် ပြောသလိုပါပဲ..ကိုယ့်ဘာသာ ထိမ်းသိမ်းရမယ်..ပိုပြီးတော့ပေါ့.။
http://www.youtube.com/watch?v=7J54s1FSwLU
http://www.youtube.com/watch?v=FRhHcTJ1ork&feature=fvw
လူတွေက ဒီလိုပါဘဲ
ခုပဲကြည့်လေ အပေါ်ပုံကိုတော့
ယုတ်မာကြတယ်တဲ့လေ
အောက်ပုံကတော့ရီသွားကြတယ်တဲ့
အစော်ကားခံရတာချင်းတူတူပါရှင်
ကျမလဲဗုဒ္ဒဘာသာပါပဲ
မျှတဖို့ တော့လိုမယ်ထင်ပါတယ်
ကိုယ်ချင်းစာတရားမရှိလို့ 
ကမ္ဘာကြီးမှာ မတရားမှုစော်ကားမှုတွေ
ဖြစ်ပေါ်နေတာပါ
လေးစားစွာဖြင့်
တော်တော်ဆိုးတာပဲဗျာ။ ဘာအတွေးအခေါ်တွေနဲ့  ဘာဒီဇိုင်းတွေမှန်းတောင် မသိတော့ဘူးဗျာနော်။ တော်တော်ဆိုးတဲ့ မြင်ကွင်းတစ်ခုပဲ..:(။
ကြည့်လို့ရရခြင်းလာကြည့်သွားပါတယ်။ အပေါ်ကပြောသွားကြ
တဲ့အတိုင်းပဲပြောချင်ပါတယ်။
တကယ် တုန်လှုပ်မိပါတယ်ဗျာ။ ဒီလိုမျိုးတွေဆိုတာ... တော်ပါပီအစ်ကိုရာ မပြောတာပိုကောင်းပါမယ်။
သူတို့က ဝေးသေးတယ် ကိုယ့်နိုင်ငံ ထဲမှာ အများကြီး ကိုယ့် ကိုးကွယ်တဲ့ဘာသာ ကိုယ်ဖျက်စီး နေတာ
ပြင်လို့ရတာအရင်ပြင်ပါ ကိုယ့်ထက် strong ဖြစ်တဲ့သူတွေတောင် ဒီ video ကို တရားမဆွဲနိုင်တာ အကြောင်းရှိလို့ပေါ့
နင့် အစိုးရကို ကြည့်ပါလား?
ဘု ရားဝန်း ကျင် က အတွဲတွေကော?
ဖာခန်းက ဘုရားစင်?
အရက်ဆိုင်က ဘုရားစင်?
အဝေးကြီး မစဉ်းစားနဲ့ စကားကြီးစကားကြယ်တွေမပြောနဲ့
ကိုယ့် ကိုးကွယ်တဲ့ ဘာသာ ကိုယ်စောင့်ရှောက်ချင်လို့ ဒီလို ဟာကို ဆင်ဖမ်းမယ်ကျားဖမ်းမယ်လုပ်မဲ့အစား
ဒုတ်စွဲပြီးခုထွက်သွား ဘုရားဝန်းကျင်က အတွဲကိုရိုက်သတ်လိုက်
အရက်ဆိုင်ကဘုရားစင်အောက်အရက်သောက်သူရိုက်သတ်လာခဲ့
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း