Friday, August 28, 2009

?????????????????

24
ငှက်ငယ်လေး တက်ထားတာပါ။ မေးခွန်း သုံးခုမေးရမယ်ဆိုလား...။ အခုတော့ ဘာမှမေးစရာ မရှိလို့ အဟောင်းထဲက ဟာကိုပဲ ပြန်တင်ရင်း မေးလိုက်ပါတယ်။ မေးထားတာ ၃ခုတော့ ကျော်ပါတယ်.. ဖြေနိုင်ရင်ဖြေးပေးကြပါဦင်္းဗျာ..။ မေးထားတာ အရမ်းရိုးရှင်းသလို၊ လွယ်လဲ လွယ်ပါတယ်။ ခက်ခက်ခဲခဲ မရှိပါဘူး......။
ကဲ မေးထားတာလေး ဖတ်လိုက်ပါဦးဗျာ.......။



ကျနော်မေးမဲ့မေးခွန်းက သားအဖနှစ်ယောက်ရှိတယ်ဗျာ(အဖေနဲ့သား)သူတို့ကိုမှတ်ရလွယ်အောင် အဖေနာမည်ကို ဦးဖေ၊ သားနာမည်ကို ကိုသားလို့ပေးလိုက်မယ်.....ဟုတ်ပြီနော်

သားအမိနှစ်ယောက်ရှိတယ်(အမေနဲ့သမီး) သူတို့ကိုလဲမှတ်ရလွယ်အောင်အမေကို ဒေါ်မေ၊သမီးကို မမီးလို့ပေး

လိုက်မယ်။ တနေ့ကျတော့ ဦးဖေက မမီးကိုသဘောကျပြီးလက်ထက်လိုက်ရောဗျို့၊ အဲဒီလိုပဲ ကိုသားကလဲ

ဒေါ်မေ့ကို ချစ်လှပါချည်ရဲ့ဆိုပြီး ယူလိုက်တယ်ဗျ။

ကဲဒါဆိုရင် သူတို့တွေတစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆွေမျိုးတော်ကြပါသလဲ????????????????? ဒီလိုနဲ့ နှစ်တွေလတွေနဲနဲကြာလာတော့ ဦးဖေကလဲ နွားပျိုသန်လှ၊ နွားအိုပေါင်ကျိုးသလောက်ပါဆိုတဲ့ စကားပုံကို သက်သေထူရင်း ကလေးတစ်ယောက်မွေးရောဗျို့။ဦးဖေမိန်းမကမွေးတာနော်

ဒီလိုပဲ ကိုသားကလဲ တွံတေးစိုးအောင်ရဲ့ ပျင်းတောင်ပျင်းသေးတယ် သီချင်းထဲကအတိုင်းပဲ သူလဲ ကလေးတစ်ယောက် မွေးရောဆိုပါတော့။

ဒီတော့ ဒီကလေးတွေကရော ဒီလေးယောက်နဲ့ ဘယ်လိုတွေတော်ကြပါသလဲ??????????????????????....။
မေးထားတာလေး ရှင်းပါတယ်နော်.... သေချာစဉ်းစားဖြေကြည့်ပေါ့....။ လွယ်ပါတယ်ဗျာ.....။ အဖြေတော့ မပြောတော့ဘူးဗျို့ ကျနော်ကိုယ်တိုင် လည်နေတာဆိုတော့ ဖြေလာမဲ့ စာတွေပဲ ကြည့်ပြီး ဘယ်သူမှန်တယ်ဆိုတာပဲ စောင့်ကြည့်ပါရစေဗျာ.. အဟီး.......။

24 Response to ?????????????????

28 August 2009 at 14:45

ဦးနှောက်ခြောက်တယ် .. သူများဖြေမှပဲ လာကြည့်တော့မယ် :P

28 August 2009 at 15:45

တော်တော် ကိုစိတ်ရှုပ်စရာကောင်းတဲ့မေးခွန်းပဲ။
ကြိုးစားပြီ;ဖြေသွားမယ်နော် မှားရင်အပြစ်ပြောရဘူး။
ဒေါ်မေက ဦးဖေရဲ့ချွေးမ
ဒီလိုပဲ ဦးဖေ ကလည်း ဒေါ်မေရဲ့သားမတ်
မမီးကတော့ ကိုသားရဲ့မိထွေး
ဒိလိုပဲ ကိုသားကလည်း မမီးပထွေး
ဦးဖေနဲ့မမီးတို့ ကလေးကတော့
ဒေါ်မေရဲ့မြေး ကိုသားရဲ့ ညီအကို
ကိုသားနဲ့ ဒေါ်မေးရဲ့ ကလေးကတော့
ဦးဖေ ရဲ့မြေး မမီးနဲ့ မောင်နှမပေါ့
ခင်မင်စွာဖြင့်
အညာမှ
ခရေညို

28 August 2009 at 15:53

တော်ချင်သလိုသာ တော်လိုက်တော့။ ခေါင်းစားတယ်။ :)

28 August 2009 at 16:03

Reading your post..

28 August 2009 at 16:04

အဖြေမှန်လည်း ဘာမှ ကျွေးမှာမဟုတ်ဘူး ဒီတော့ ခေါင်းစားမခံတော့ဘူး :P

28 August 2009 at 16:05

ခရေညို ဖြေသလိုပဲ... .. ဟိဟိ ခေါင်းစားတယ်... ဂယ်ပဲ

28 August 2009 at 16:19

နားမလည်သေးဘူးးး


နောက်ပိုစ့်တစ်ခုတင်ပြီးရှင်းပြ ပါ


သေသေချာချာရှည်ရှည်ရှင်းပြပါ

ဒါပါပဲ


ချစ်တဲ့

ဖိုးစိန်

မငုံ
28 August 2009 at 18:19

သိဘူး။ နောက်မှ သူများဖြေတာ လာကြည့်မယ်။ :)

28 August 2009 at 19:15

အဲဒီလိုအရှုပ်တော်ပုံ တကယ့်အဖြစ်ပိုစ့်ရေးဖူးတယ်။
ဦးနှောက် စားလွန်းလို့ ...း)
မစဉ်းစားပါရစေနဲ့ ဆံပင်ဖြူမှာစိုးတယ်။း)

ဝက်ဝံလေး
28 August 2009 at 19:45

အော် အိမ်ရေ ဟိုဇာတ်ကားလေး သွားသတိရတယ် ဘာတဲ့ ဆွေမျိုးတော်ရင်ဘယ်လိုခေါ်မလဲ ဆိုတာလေးလေ ဟိဟိ
သိဘူး နာလဲ သိဘူး ကြော အဖေ ပြော အဲလေ အဖြေပြောတော့ မူးမနေနဲ့ ဟွန်းးးး

28 August 2009 at 20:21

ဒါလေးများကွာ လွယ်လွယ်လေးမို့လို့ ဦးနှောက် ခြောက် မခံတော့ဘူး....။
အဲဒါညီအကိုပေါ့ကွ...။စာထဲမှာ ဖတ်ဖူးတာ အဲလိုနဲ့တူတယ်။

ကိုတိုးလေး
28 August 2009 at 20:49

ကိုအိမ်ရေ ဦးနှောက်ခြောက်မခံတော့ဘူးနော် ခရေညိုဖြေသလိုပဲဖြေမှာပဲသိလား အဖြေမှန်လေးကိုသိပါရစေနော်သိလား။

28 August 2009 at 23:41

ဘာတွေလည်း မသိဘူး
အားလုံးကိုရှုပ်နေတာပဲ
(လူရွှင်တော် ငြိမ်းချမ်းလေသံနဲ့ ပြောသွားသည်။)

နောက်မှ ပဲအဖြေလာကြည့်တော့မယ်
ခုတော့ဦးနှောက်စားလို့ 

ဝသန်မိုး

29 August 2009 at 13:59

မောစ့် က ရုပ်ရှင် တစ်ကားရဲ့ အငြိမ့်ခန်းမှာ အဲဒီ အဖြေကို ဖြေဖူးတယ်
ဘယ်လိုတော်လဲ ဆိုတော့
ခွေးမျိုး တဲ့ :P
အနော်ဖြေတာဟုတ်ဘူးနော် မောစ့်ဖြေတာ :P(မေးလို့ပြန်ပြောပြတာ)
ခင်မင်လျက်
စန္ဒီမိုးမြင့်
မှတ်ချက်။ အဖြေမှန်ရင် မုန့်ဟင်းခါးတိုက်ပါ :P

30 August 2009 at 00:26

မမခရေညိုကတော်တော်လေးစဉ်းစားလိုက်တာပဲ
တူပေါတဲ့အတိုင်းပဲ ဟီးးးး ...ညလေးလည်းတော်တော်စဉ်းစားလိုက်ရတယ်...ခွိခွိ

30 August 2009 at 00:38
This comment has been removed by the author.
30 August 2009 at 00:40

အကိုအိမ် ရေ ဇွန်းနဲ့ မန့် သွားတယ်နော် ဟီးးဟီးးး

ညလေး tag ကိုရေးပေးတာဆိုတော့ ရှယ့်မန့် ရမှာပေါ့
ကျေးဇူး ၁၀၀ ဟိုနေ့ ကတစ်ရာအလျှူခံထားလို့ ဟီးးး

30 August 2009 at 02:42

အကို ပါရဂူ ရဲ့ ဝေသာလီ စာအုပ်ထဲမှာ အဖြေပါတယ်အကို သွားသာဖတ်လိုက်ပါ ကျနော် ရေးရင် နောက်ပို့စ်တစ်ခုဖြစ်နေမှာစိုးလို့ ( မူရင်းကိုကအရှေကြီး) စာရိုက်လဲ ပြင်းတယ် ထုံးစံအတိုင်း ဟီးဟီး

30 August 2009 at 10:11

ဦးအိမ်
သေချာတာကတော့ ဦးအိမ်နဲ့ ဘာဘာ ဘာမှ မတော်ဘူး ... ဟုတ်တယ်ဟုတ်? ... ဟီး။

30 August 2009 at 12:32

ဟဟဟဟားးးးးးးး
ငါမှန်တယ်ကွ။
ကျွန်ုပ်အဖြေ သည်အ အမှန်ဖြစ်သည်...
ဗြဲ ဟဲဟဲ

1 September 2009 at 12:47

တကယ်ဆို ဦးဖေဟာ ဦးဖေကိုယ်တိုင်ရဲ့ အဖိုး ကိုယ်တိုင် ဖြစ်မှန်မသိ ဖြစ်သွားတာပါပဲဗျာ.. ( ဒါကတော့ အဖြေရဲ့နောက်ဆုံး အကြောင်းလေးထင်ပါတယ် ) :D

1 September 2009 at 13:10

အမျိုးတော်မှာပေါ့... :P

2 September 2009 at 10:44

ဖအေမတူ မအေကွဲ မြေး ညီအကို တော်တာပေါ့း))
တော်လိုက်တဲ့ ငါပါလား ဟိဟိ

19 November 2009 at 01:21

အခုမှလာလည်ဘူးတာပါ..အဲ့ဒါကိုအငြိမ့်တစ်ခုမှာတွေ. ဘူးတရ်..ငြိမ်းချမ်းတို.အငြိမ့်..ထက်ထက်ပြက်တာကို ငြိမ်းချမ်းကဖြေတာ..ဖြေရင်းနဲ.နောက်ဆုံးဖြေကဘာလဲဆိုတော့..“သိတော့ဘူးကွာ..ခွေးမျိုးတွေတဲ့..“ ဟိ...ကျွန်တော်ပြောတာဟုတ်ဘူး..ငြိမ်းချမ်းပြောတာ နော်..။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း