Saturday, July 25, 2009

လည်လည်သွားမယ် လိုက်မလားကွယ်

7
ကြွားတယ်တော့ မထင်နဲ့ ဘာပို့စ်တင်ရမှန်းမသိလို့ ရှိတဲ့ဟာလေး လူပုံမပေါ်အောင် ဖြတ်ညုပ်ကပ် လုပ်ပြီး တင်လိုက်တာပါ။ အလုပ်ကလဲ အရမ်းရှုပ်နေတော့ လောလောဆယ်တော့ ဘယ်မှကို လိုက်မလည်နိုင်သေးတာ နားလည်ပေးကြပါ။ နောက်လ ကုန်ထိတော့ အားမယ်မထင်ဘူးဗျာ။ ဘာဖြစ်ဖြစ်လေ အားတာနဲ့ အကုန်လုံးဆီ ပြန်လာလည်ပါတ်ပါ့မယ်။ သြော်.. ဒါနဲ့ ဗီဒီယိုထဲက ကားက ခုလောလောဆယ် သုံးနေတာလေ..... ဟဲဟဲဟဲ .... ယုံလား... ?????????????? ဟဲဟဲဟဲ ချင့်ယုံ.... ချင့်ယုံ........။ ဒီလို ယူရို၎သောင်းကျော်တန် ကားကြီး ကိုယ်ပိုင်ဝယ်စီးနိုင်မှတော့ဗျာ.... ရွာပြန်တော့မှာပေါ့ ဟုတ်ဘူးလား...။



7 Response to လည်လည်သွားမယ် လိုက်မလားကွယ်

26 July 2009 at 07:58

ဟား ...မိုက်တယ်ကွာ...မသိရင်...ကိုယ်တိုင် ခရီးသွားနေသလိုပဲ... သီချင်းလေးတွေလဲ အကုန်ကြိုက်တယ်...နောင့် လဲခဏခဏ...စိတ်ကူးယဉ်တယ်...အဲ့လို သီချင်းလေး တငြိမ်ငြိမ့် နဲ့ ခရီးထွက်တာလေ... ဒါလေးကြည့်ပြီး...တကယ် ပြန်ပြီး....မိသားစု ၊သူငယ်ချင်းတွေ နဲ့ ခရီးသွားရရင် ဘယ်လောက်ကောင်းမလဲ..... ဒီနှစ်ကုန်ခဏပြန်ပြီး...ခရီးသွားဖို့ ရည်ရွယ်ထားတယ်....အဲ့လိုကားကြီးနဲ့တော့ဟုတ်ဘူးပေါ့....း)

26 July 2009 at 21:57

ပျော်ရွှင်စရာ အပြည့်ပါပဲး) စကားမစပ် ကောင်မလေးတွေကို သေချာ ရိုက်တယ်နော် သေချာပါတယ် ဒါ ကိုအိမ်ဆိုတာ အဟီး ရုပ်မမြင်ရတာ နာတယ် ရုပ်ပါ ပြပါဗျို့း)

27 July 2009 at 22:11

ကိုအိမ်ရေ နောက်ပို့စ်အသစ်လေးတွေ မျှော်ရင်း ဗွီဒီယိုကို တော့ ကိုအိမ်ပြောသလို တရုတ်ကြီး နာမည်တွေးရင် လာရောက် အားပေးသွားပါတယ်။ :P

27 July 2009 at 22:38

ဘု၇ားဘုရား..တော်သေးတာပေါ့..ကားဘာမှမဖြစ်လို့......
ကားမောင်းတာလား ဗီဒီယို ရိုက်တာလား... ရိုက်ရင် မမောင်းနဲ့ မောင်းရင် မရိုက်နဲ့ နော်...ကြားလား.. :P

28 July 2009 at 04:53

အဟီး
ကိုယ့်အကိုအကြောင်းသိလို့ အဲ့ကားပိုင်ရှင်မှန်း မထင်လိုက်ပါဘူး။ ငှဲငှဲ။
( မတန်မှန်းသိတယ်လေ။ )
ခိခိ။
ချိတ်ချိုးရ၀ူးနော်။ အဟဲ။

4 August 2009 at 15:32

Connection နဲ့ဘာမှလည်းမမြင်ရ ဖွင့်လို့လည်းမရ ဆိုတော့ စိတ်ကူးမယဉ်တော့ပဲ ဒီတိုင်းပြန်သွားတာပေါ့ ကိုအိမ်ရယ် :P
မဟုတ်ဘူး စာကြောင်းတွေ အရမ်းကပ်နေလို့ ကိုအိမ်စာကြောင်းတွေကပ်နေလို့ ပါ ရှင်

8 August 2009 at 22:56

ဟာ..ဟ..ကိုယ့်ဆရာပီပြင်တယ်ကွာ လည်လည်သွားမယ်လိုက်မလားဆို့ တော့ ဒီကလည်း တိုင်ပတ်နေတဲ့ကြားက ရောက်အောင်လာတာ ဒီရောက်တော့ သူကသွားပီးနေပီ။ မကျေနပ်ဝူးးးးးး~~~~~ လုံးဝမကျေနပ်ဝူး~~~~~..ဟီးဟီး။ နောက်ဆိုမသွားခင် အရင်ကြိုပြောနော်..တားတားလည်းလိုက်မယ် ကားကြီးစီးချင်လို့ ..ဟီးဟီး။ အားပေးခင်မင်လျှက်...

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း