Friday, October 03, 2008

ကျွန်တော်ပြောပြချင်တဲ့ ကျွန်တော့် အကြောင်း ၅

18
အင်း.... ဆရာကြီးအိမ်ဆီကို အားကိုးတကြီး သင်တန်းတက်ဖို့ စာရင်းလာပေးတဲ့ သင်တန်းသူ/သင်တန်းသားအရေအတွက်ကို ကြည့်လိုက်တော့ မရေးတော့ဘူးလို့စဉ်းစားထားတာ အခုတော့ မရေးမဖြစ်ရေးရဦးမှာပေါ့။
တချို့ကတော့ထင်မှာပဲ အိမ်တို့များ အခွက်ပြောင်ချက်ကတော့ စတီးခွက်ဆီသုတ်ပြီး နေရောင်ထဲ ထားရင်တောင် သူ့အခွက်လောက်မပြောင်ဘူးလို့ ထင်ကြမှာပဲ။
မွေးကထဲက ရှက်ကြောနဲ့ ချက်ကြောမှားဖြတ်လာတဲ့ အကောင်ဆိုတော့ ဒီလောက်ကတော့ ဟွင်းဟွင်းဟွင်း လို့ရယ်ဖို့ ပျင်းတောင် ပျင်းသေးတယ်။
ကဲကဲ... ဒီတခါလဲ အတိုချုံးပဲရေးမယ် အချိန်ဟာ လူအတွက်တန်ဖိုးရှိတယ်မဟုတ်လား။
ကျွန်တော်ပြောပြချင်တဲ့ ကျွန်တော်အကြောင်း ၅ ကဒီလိုဗျ

တနေ့တော့ သူကြီး(ကပ္ပတိန်)ကအလုပ်တခုခေါ်ခိုင်းပါတယ်။ တစ်ယောက်ထဲတော့မဟုတ်ပါဘူး စကားပြန်ပါ ပါတယ်(မိုက်တယ်နော် အလုပ်လုပ်တာတောင် စကားပြန်နဲ့)အဲ...စကားပြန်လုပ်ပေးတာ ကိုရွှေမြန်မာပါ သူကတော့ ကျွန်တော်ကို
ပြောပြပြီး ပြန်သွားပါတယ်။
ပြဿာနာက ဖြစ်ချင်တော့ မနေ့ညကပဲ ၀မ်းနှုတ်ဆေးစားထာမိတယ်။ (၀မ်းနှုတ်ဆေးဆိုလို့ပြောရဦးမယ်၊ ကျွန်တော်က ၀မ်းနှုတ်ဆေးစားရင် သာမန်လူစားတာထက် ပိုစားရပါတယ် ၀မ်းအရမ်းခိုင်လို့ပါ)
ဝမ်းနှုတ်ဆေးစားတာကလဲ လူချောဖြစ်ချင်လို့ပါ ဟုတ်တယ်လေ အဲဒီတုန်းက အသက်က ၂၀လားပဲရှိသေးတာ သားလဲလှချင်တာပေါ့ :D (ရုပ်ကကြည့်တော့ နှစ်ပြားမတန်ဘူး ချောချင်လှချင်တာက စက်စက်ယိုနေတာလေ)

ကံက ဆိုးချင်တော့ အလုပ်လုပ်ရင်း ပါတော်မူခန်းကသွားချင်လာတယ်။ အဲဒီနေ့ကျမှ ကိုယ့်ဆရာ(သူကြီး)ကလဲ အနားကကိုမခွာပဲ အတူရှိနေတော့ ကျွန်တော့်မှာ လစ်လို့မရဘူးဖြစ်နေတယ်။ နောက်ဆုံး မရတော့တာနဲ့ သူ့ခွင့်တောင်းပြီးသွားမယ်ဆိုပြီး ပြောလိုက်တာက

"sir i want to go heavy"
"အိမ် ဘာပြောတာလဲ ငါနားမည်ဘူး"
သူကသာနားမလည်တာ ကိုယ့်မှာ ဇောချွေးက ဇီးကင်းလောက်ရှိပြီ ဒါနဲ့ နောက်တမျိုးပြောကြည့်လိုက်တယ်
"i want bombing"
"အိမ်မင်းစကားငါနားထောင်မဲ့အစားသေလိုက်ရင်ကောင်းမယ်ထင်တယ်"
ကျွန်တော်က ထပ်ပြီး သူနားလည်အောင် လေယာဉ်ဗုံးကျဲတဲ့ ပုံစံလေးလုပ်ပြီး ပါးစပ်ကလဲ
"ဒီမှာကြည့် ဒီမှာကြည့်.. ဝေါဝေါ.... ရွှီး.. ရွှီး... ၀ုန်း ဆိုပြီးလုပ်ပြတယ်။
ကိုယ့်ဆရာလဲနောက်ဆုံး ကိုရွှေမြန်မာကိုခေါ်ပြီး မင်းကောင်ကိုမေးစမ်း ဘာပြောချင်တာလဲ၊ ဘာကိုဆိုလိုတာလဲ ဆိုတော့
ကိုရွှေမြန်မာကမေးတော့ ကျွန်တော် အိမ်သာသွားချင်လို့ပါ ဆိုတော့ သူကြီးခမျာ သူ့နဖူးသူရိုက်ပြီး မင်းနှယ်ကွာ အိမ်သာသွားချင်တာများ i want to go toiled လို့ပြောလဲရပါတယ် လို့ပြောပြီးသွားခိုင်းလိုက်ပါတယ်။
ပါတော်မူခန်းက ပြန်လာတော့ ကိုရွှေမြန်မာက မေးပါတယ် မင်းဘာ အထာနဲ့ အဲဒါတွေသွားပြောတာလဲ????
ကျွန်တော်က .... ဒီလိုလေဗျာ သူကကိုယ့်ထက် အသက်လဲကြီးတယ်၊ ရာထူးလဲကြီးတယ်ဆိုတော့ ရိုသေလေးစားတဲ့ အနေနဲ့
ယဉ်ယဉ်ကျေးကျေး စကားသုံးတာလေ၊ ကျွန်တော်တို့မြန်မာတွေ ဘယ်လောက်ယဉ်ကျေးကြောင်း ဆိုတာပါပြချင်လို့ပါ
(ကြည့်... ပြောပုံနော် မသိရင်သူ့ကိုပဲ လေးစားရတော့ မလိုလို) :D
အကိုစဉ်းစားကြည့်လေ မြန်မာပြည်မှာ ဆိုရင် လူကြီးသူမရှေ့၊ အရာရှိကြီးတွေရှေ့မှာ ဒီလိုပဲ အပေါ့သွားချင်လို့၊ အလေးသွားချင်လို့ စသဖြင့် သုံးကြတာလေဗျာ။
အဲဒီတော့မှ ကိုရွှေမြန်မာက မင်းနဲ့ ဆက်ပေါင်းနေရင် ငါရှုးရင်ရှုး၊ မရှုးရင်၊ ငါပင်လယ်ထဲခုန်ချပြီးသတ်သေမိတော့မယ်ထင်ပါရဲ့။
ဒါနဲ့နေပါဦး လေယာဉ်ပျံပုံစံလုပ်ပြီးဗုံးကျဲပြတာက???????
ဒါကဟိုလေ ကျွန်တော်တို့အိမ်သာသွားရင် လေယာဉ်ဗုံးကျဲသလိုပဲလေ၊ ဆိုပါစို့ အောက်က အသံတိတ်ထွက်သွားလဲ အပေါ်ပါးစပ်က အင်း၊အီးဆိုပြီးအသံထွက်ရတယ်လေဗျာ အဲဒါကိုသူနားမလည်တာတော့ တတ်နိုင်ဘူး(အောင်မယ်.. ကိုယ်ကတောင်သူကြီးကို ဒေါဖောင်းလိုက်သေးတာနော်)
မင်းနဲ့ ခက်တော့ ခက်နေပြီကွာလို့ ငြီးပြီး သူကြီးကို သွားရှင်းပြပါတယ်။
နောက်တော့ သူကြီးက ကျွန်တော့်ကိုခေါ်ပြီး မင်းငါ့ကို အဲဒီလောက်အထိမရိုသေပါနဲ့ကွာ ပုံမှန်သာဆက်ဆံပါနော် ငါတောင်းပန်ပါတယ်နော် ငါ့မှမဟုတ်ဘူး ဒီသင်္ဘောကလူအားလုံးကိုပါပုံမှန်ဆက်ဆံပါနော် မင်းလုပ်တာနဲ့ ကြာရင် အားလုံးရှုးကုန်ပါ့မယ်ကွာ(ကြည့်စမ်း သူကြီးတောင် ပြန်တောင်းပန်တဲ့အဆင့်နော် အချဉ်မထင်နဲ့)
အဲဒီနောက်တော့ အိမ်ဆိုတဲ့ နာမည်ပျောက်ပြီး မစ္စတာဟဲဗီး၊ မစ္စတာ ဝေါရွှီးဝုန်း၊မစ္စတာဗုန်း၊ ဆိုပြီး
နာမည်ပေးကင်ပွန်းတပ်ပွဲကို အခမ်းအနား၊ အကျွေးအမွေးမပါပဲ ကျင်းပခဲ့ရပါကြောင်း။


18 Response to ကျွန်တော်ပြောပြချင်တဲ့ ကျွန်တော့် အကြောင်း ၅

4 October 2008 at 03:18

မှတ်သားလောက်ပါပေတယ် ကို Heavy ရယ် :)

4 October 2008 at 03:51

ပထမပိုဒ်ကိုစဖတ်ကတည်းက လူကရီချင်နေတာဗျ
ဟားဟား မစ္စတာဗုန်းရေ ရေးထားတာကတော့
မိုက်တယ်ဗျာ သူကြီးလစ်ရင် ခင်ဗျားတရားခံနော် ဟဟ

4 October 2008 at 05:08

တော်သေးတာပေါ့ သူကြီး ဖိနပ်လေး ကုန်းပတ်ပေါ် မှာ မကျန်နေခဲ့တာ...။
သင်္ဘောပေါ်မှ ရေထဲခုန်ချသွားရင် ဖိနပ်ချွတ်သွားကြတာ ဖိနပ်ရေစိုမှာ စိုးလို့လား မသိ ဘူး ...။

4 October 2008 at 06:14

I 've already read ur post . :P
Its also nice post. I m sorry , icann't type mm
font now . ( to be continued.......... :P

4 October 2008 at 08:08

ဟ ဟ၊ ရယ်ရလို့ သေတော့မယ်။
မြန်မာလို စဉ်းစားပြီး ရိုရိုသေသေ ပြောလိုက်တယ်ပေါ့လေ ဆရာကြီးအိမ်က။
ဟ ဟ။ :P :P :D :D :) :)

4 October 2008 at 09:51
This comment has been removed by the author.
4 October 2008 at 09:56

ကိုကိုအိမ်ရေ-
ရယ်ရတယ်-
ရယ်သောသူအသက်ရှည်၏ ဆိုတဲ့အတိုင်း အသက်နည်း နည်းရှည်သွားတယ်-ကျေးဇူး
ဇီးကင်းလောက်ထွက်နေတဲ့ချွေးတွေကို မြင်ယောင်ရင်း--
(PT)

4 October 2008 at 11:15

I want to go to ret room လှို ဖိလစ်ပင်းကောင်မလေး က ပြောတော့ဘာပြောပါလိမ့်. What လို့မေးလိုက်တယ်။ ကောင်မလေးက ပြန်ဖြေတယ်။ I want to go to ret room လို့ထပ်ဖြေတယ်. ကိုယ်ကလဲ ထပ်မေးတယ်။ what ?,,နောက်ဆုံး miss Indian က rest room= toilet လို.ဆိုမှဘဲ အားလုံး အိုကေ သွားကြတော့တယ်။ အိမ်သာ ကို များ အနားယူခန်းတဲ့ မကြားဘူးပေါင်..။

Anonymous
4 October 2008 at 11:45

ဟားဟား
တစ်ကယ်ပဲ...... ပါးစပ်ကိုမစိရဘူး.....
ဟီးး
Mr Heavy ......... ကြီးပေါ့......

4 October 2008 at 12:07

ဟီးး.. ရီရတယ်..ဆေးသောက်ထားတယ်ဆိုတော့ သေချာပြီ.. အဲဒါ liquid bomb ပဲနေမှာ :P :Pil

4 October 2008 at 16:32

ရယ်လိုက်ရတာ ၀က်ဝက်ကွဲ ပဲဗျို့  ။ဆက်ပါဦးဗျ။
တက်ရတာတန်သွားပြီ။ဒီကျူရှင်ကို ဟားဟားဟား. ။
ကောင်းမှကောင်း ။

4 October 2008 at 18:47

အစ်ကိုကတော့လုပ်ပြီဗျို့...............

4 October 2008 at 19:37

ပုလဲဆိပ်ကမ်းကို ဗုံးကျဲခဲ့တာ အိမ် များလားမသိဘူး..
ဟီးဟီး

4 October 2008 at 20:15

ကိုဗုန်းကြီးတို့ကတော့လုပ်ပြီဗျာ။
တကယ့်ကိုပေါက်ပေါက်ရှာရှာပဲ...
ကျနော်ကော်ဖီခွက်တောင်မှောက်ကျသွားပြီ။ ဟဲဟဲ

5 October 2008 at 03:26

မစ္စတာ ဟဲဗီးရေ။ ဒါက သင်ခန်းစာ နံပါတ် ၁လားဟင်။ မှတ်သားသွားပါတယ်။ နောက်နေ့ အတန်းထဲ ရောက်မှ ဝေါရွှီဝုန်း လုပ်ပြလိုက်ဦးမယ်။

6 October 2008 at 14:24

မင်္ဂလာပါ ဆြာဟဲဗီး...
သင်ခန်းစာ အမှတ်-၁ကို သင်ယူသွားပါတယ်...
နောက်ဆို အိမ်သာသွားချင်ရင် မပြောတတ်မှာ ပူပင်နေစရာ မလိုတော့ဘူးပေါ့...
သောရှဲ့ရှိဖော့ ဝေါရှီးဗုန်း... :P

6 October 2008 at 19:48

ီဒီသင်္ဘောသီးတစ်ယောက်နဲ့ တော့ သင်္ဘောပေါ်ကလူတွေ အကုန်ရူးမှာပဲ...

မြင်ယောင်သေးတယ်...

6 October 2008 at 22:12

ကို အိမ် ရေ ရီရ တာ ဗိုက်ပါ အောင့် တယ်ဗျာ။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း