Wednesday, October 01, 2008

ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း ၎

20
ကဲ ၄ အကြောင်းစလိုက်ရအောင်
ဒီလိုဗျ ကျွန်တော်က သင်္ဘောသားကို ၈တန်းအောင်၉တန်းမှာထဲက စလုပ်တာ ဆိုလိုတာက စာရွက်စာတမ်းတွေနဲ့ပဲလုပ်တာပါ လူကတော့ကျောင်းတက်ဆဲပေါ့။
ဒီလိုနဲ့ ၁၀တန်းဒုတိယနှစ်အရောက် မှာကိုရွှေယောက်ဖက လှမ်းခေါ်တယ် လာမလားဒီမှာလူလိုတယ်ဆိုတော့ အဖေက ကိုယ့်ဟာကိုယ်စဉ်းစား လို့ပြောပါတယ်.....
ထားပါဒါတွေပြောနေရင်လိုရင်းမရောက်ပဲနေမယ် ဖတ်ရတဲ့သူလဲ စိတ်မရှည်ပဲနေဦးမယ်။

သင်္ဘောလိုက်ဖြစ်ရောဆိုပါစို့ ... လိုက်ဖြစ်တော့ ကိုယ့်မှာ ဘာမှ မပြင်ဆင်ခဲ့ မသင်ကြားခဲ့ဘူး။
အဲဒီမှာစတွေ့တာပါပဲ စဖြစ်တာက ဘန်ကောက်မှာပါ ကိုယ်ဘယ်ဂိတ်က စီးရမှန်းမသိလို့ ထန်းခေါက်ဖာကြီး တကားကားနဲ့ လေဆိပ်ထဲမှာတိုင်ပတ်ခဲ့ဖူးပါတယ်။ ဘယ်လောက်ထိလဲဆို နောက်ဆုံး လေဆိပ်ထဲ မောင်းတဲ့ကားနဲ့ လေဆိပ်ဝန်းထမ်းလိုက်ပို့ရတဲ့ အခြေအနေထိကိုရောက်ပါတယ်။ ဘာလို့လဲဆိုတော့ လေယာဉ်ပေါ်တက်ဖို့ ကိုယ်တစ်ယောက်ထဲ ကျန်တော့လို့ပါ။
ဒီလိုနဲ့ ရောက်ရောဆိုပါစို့ ပထမတော့ ကိုရွှေယောက်ဖရှိတော့ အဆင်ပြေတယ်ပေါ့နော်
နောက်တော့ ကိုယ့်ဆရာက ဒီမှာလူလိုတယ်လာမလားဆိုတာ သူ့နေရာဖြစ်သွားရောဗျာ။
ကံများနော် ဆိုးချင်တော့ပြောပါတယ်။ အဲကံကောင်းတာက ရွှေနှစ်ယောက်တော့ ကျန်သေးတယ်ပေါဗျာ။
အဲတနေ့တော့ အလုပ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားသား အလုပ်သမားနဲ့အဆင်မပြေဖြစ်ပါတယ်။
ဆိပ်ကမ်းက အလုပ်သမားပါ။ ကိုယ်က ဒီလောက် အင်တာနေရှင်နယ်လန်းဂွေ့နဲ့ ပြောနေတာနားမလည်ဘူးဗျာ။
(ခြေဟန်လက်ဟန်ဖြင့်ပြောချင်းကိုဆိုလိုပါသည်) :D
အဲဒီမှာ ကျွန်တော်ကလဲ စိတ်ညစ်လာပြီ ဗိုက်ကလဲ ဆာလာပြီ မဆာနေမလား အချိန်က ၂နာရီကျော်ပြီလေ။
ဒီကောင်လဲ တင်းနေပြီပေါ့ ပြီးရမဲ့ဟာ မပြီးလို့
အလုပ်လဲပြီးရော အဲဒီအလုပ်သမားက မျက်နှာပြုံးပြုံးလုပ်ပြီး f--k you လို့ပြောပါရော
ကျွန်တော့်စိတ်ထဲ ထင်လိုက်တာက fat က ၀သည် you က မင်း .. မင်းဝတယ်ဆိုပြီး ကိုယ့်ဟာကိုယ် ဘာသာပြန်လိုက်ပြီး ပြန်တောင်ပြောလိုက်သေးတယ် i'm not fat but i'm hungry. စဉ်းစားသာကြည့်ပါတော့
(တော်ချက်က လန်ထွက်နေတာ ဒါတောင်ရန်ကုန်မှာ သင်တန်းပြန်ဖွင့်ပြီး ဆရာလုပ်ခိုင်းတဲ့သူက ရှိသေး)
:D အဲဒါဘယ်တော့မှ သိလဲဆိုတော့ ထမင်းဝိုင်းမှာ ထမင်းစာရင်း ပြောမှသိရတယ် ဟိုရွှေနှစ်ယောက်ဆိုတာ ထမင်းတောင်သီးသဗျ။
အဲဒီအချိန်ကျတော့ ဘာမှလုပ်လို့မရတော့ဘူး သင်္ဘောက ပင်လယ်ထဲရောက်နေပြီလေ။
ဖြစ်ပုံများ ကိုယ့်ကိုဆဲသွားတာတောင် မ၀ဘူးဆာတယ်သွားပြောရတယ်လို့ အိမ်တို့များဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းပဲ လို့ပြောရမလိုပါပဲ။

အဲနောက်တခုကတော့ တစ်ရက် အရာရှိတွေ ထမင်းစားနေရင်း ကျွန်တော့်ကို အရေးတကြီး လှမ်းခေါ်ပါရော
ဖြစ်ချင်တော့ သူတို့ အနားမှာလဲ ကျွန်တော်ပဲရှိတော့ သွားရပါတယ်။
ရောက်တော့ တစ်ယောက်က ငါ့ကို ပန်အမြန်ဆုံးပေးပါဆိုပြီးတောင်းရော
မျက်စိထဲမှာ ဒယ်အိုးပဲ ပြေးမြင်တယ် ဘာလို့လဲဆိုနေတော့ အဲဒီအချိန်မှာ သူတို့တွေ စွတ်(ပဲဟင်း)သောက်နေလို့ပါ။ စိတ်ထဲထင်လိုက်တာက ပဲဟင်းမှောက်ကျလို့ အောက်က ခံဖို့ ဒယ်အိုးတောင်းတယ်လို့ပဲ ထင်ပြီး သွားပေးပါတယ်။ ပေးတော့ အားလုံးက ကြောင်ပြီး ဒါက ဘာလဲတဲ့ ကျနော်က ပန်လေ မင်းတောင်းတဲ့ပန်ဆိုပြီးတောင်းတဲ့သူကို လက်ညိုးထိုးပြောတော့ ဟငါတောင်းတာ စာရေးတဲ့ပန်ကွဆိုတော့ ကိုယ့်ဆရာတွေ ရယ်လိုက်ကြတာ အဲဒီတော့မှ ပဲဟင်းတကယ်မှောက်ပါတယ်။

နောက်တခါကတော့ လမ်းကြုံ ပိုက်ဆံအိတ်ယူခိုင်းလိုက်တာပါ။ တနေ့တော့ ကျွန်တော်အခန်းသွားခါနီးမှာ စက်၃(တတိယအင်ဂျင်နီယာ)က မင်းအခန်းသွားရင် ငါ့ဝေါလက်လေးပါ ငါ့အခန်းထဲကယူခဲ့ပေးပါ သော့ဒီမှာ ဆိုပြီးပေးလိုက်ပါတယ်။
ကိုယ်ကလဲ အိုကေပေါ့ လူရှေ့သူရှေ့ဆိုတော့ ငါသိပါတယ်ဆိုတဲ့ အထာနဲ့ ဝေါလက်ဆိုတာဘာလဲ ပြန်မမေးလိုက်ဘူး။ ကျွန်တော်လဲ တလမ်းလုံးစဉ်းစားသွားတယ် ... ဘာလဲဟဝေါလက် ဝေါဆိုတာ နံရံ လက် ကဘယ်ဘက် နံရံ ဘယ်ဘက်အခြမ်း ယူခိုင်းတယ်လို့ပဲ စိတ်ထဲ ထင်ပြီး ကိုယ်ကတောင် ဒီကောင်ဘာကြောင်တာလဲ ဒီနံရံကြီး ဘာလုပ်ဖို့လဲပေါ့ ဆိုပြီး တစ်ယောက်ထဲ ဟားနေတာ။
အံမယ်ကိုယ်ကတောင် ဒီကောင် စီးကြောင်(ပင်လယ်ထဲ အနေများရင်းရှုးသွားတာကိုဆိုလိုပါသည်) ကြောင်နေပြီဆိုပြီးတွေးမိလိုက်သေး။ :D
ဒါနဲ့ သူ့အိပ်ခန်းရဲ့ ဘယ်ဘက်နံရံသွားကြည့်ပြီး ကြိုးစားပြီးတောင် ဖြုတ်မိသေးတယ် မရတာနဲ့ သွားပြန်ပြောမယ်ဆိုပြီးထွက်လာတော့ ရွှေတစ်ယောက်နဲ့ လမ်းမှာတွေ့လို့ ဝေါလက်ဆိုတာ ပိုက်ဆံအိတ်မှန်းသိရပါတော့တယ်။

ကဲ ဆရာကြီးအိမ်ဆီမှာ အင်္ဂလိပ်စာ သင်ချင်တယ်ဆိုရင် မြန်မာပြည်မှာ မရှိသေးတဲ့ အွန်လိုင်းကျုရှင်မှာ တစ်လပြတ်သင်တန်း အခကြေးငွေမယူပါ မေတ္တာဖြင့် သင်ကြားပေးမှာပါ။


20 Response to ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း ၎

2 October 2008 at 03:04

ဟား ဟား ဟား ငါ့ ပိုစ့်ထဲက ဂရင်းဝှစ် မျဉ်း တွေ့တယ် ဆိုတဲ့ ကောင်ထက်တောင် ဆိုးနေပါလား ဟီး ဟီး ရယ်ရတယ် ဘလော့ နာမည် ပါပြောင်းလိုက် ရင် ကောင်းမယ် ဟာသအိမ် ဆိုပြီးတော့ လေ ဟက် ဟက် ....။

ဆက်ရေးပါ သင်္ဘောသား အတွေ့ အကြုံလေး တွေ ကောင်းပါတယ် အဏ္ဏဝါစိုးမိုး လက်သစ်ပေါ့..။

2 October 2008 at 03:46

အဟီး နံမည်စာရင်း ကြိုပေးသွားတယ်ဗျ။ တစ်လပြတ်တဲ့ ။ လခအကြွေးမှတ်ရင် တက်မယ်နော်။ သင်္ဘောလိုက်ရင်း ကြုံခဲ့ ရတဲ့  အတွေ့ အကြုံလေးတွေ စောင့်ဖတ်နေမယ်ဗျ။

2 October 2008 at 04:47

ဒီက တိုးတက်ပြီး သား။

how do you find sentosa >> ? လို.မေးတော. Kmsl လို့ ဖြေပြီး သား။ ဟုတ်တယ်ဟုတ်. Kmsl က ( find =ရှာဖွေ တွေ့ရှိထားတာပေါ့) တာဘဲ ဥစ္စာ။ သူနဲ့ သွားတာဆိုတော. …

လဝက မှာ သက်တန်း သွားတိုးတော့ အရာရှိ က ပတ်စပိုစ် စာ အုပ် ကို ယူထားလိုက်ပြီး သကာ လ. Ok. Come and collect tomorrow ဆိုတော. မနက်ဖြန် ကျရင် ငါ ဘာကို (collect= စုဆောင်းရ မှာပါလိမ့်) ဆိုပြီး ယောင် လည် ယောင်လည် နဲ့ လဝက ရုံးထဲ မှာ မျက်နှာငယ်လေး နဲ့ အကြာကြီး စဉ်းစား နေဘူးသေးတယ်။

ယုံ ပြီ မဟုတ်လား ။ တိုးတက် ပြီး သား ပါဆို…။။

2 October 2008 at 05:49

သင်တန်းသူအသစ်ကလေး လက်ခံပါနော်
ထိပ်ဆုံးအပ်သူ ဆယ်ယောက်ကို ကံစမ်းမဲဖောက်ပေးမှာလား

2 October 2008 at 08:58

အိမ်..ဆီရောက်ရင်ရီရတော့တာဘဲ..တော်တော်လေးေ၇းတတ်တယ်နော်..ကျန်ဖန်ပြီးတော့ကိုဘဲ...
ကျုရှင်တက်ဖို့စာရင်းပေးလိုက်ပြီနော်...ဘယ်တော့စမှာလည်း

Anonymous
2 October 2008 at 10:24

ဟား ဟား.....
ရယ်နေရတယ် အစ်ကိုရယ်
ကဲ ကျူရှင်တက်ဖို့စာရင်းလာပေးတယ် ဘယ်တော့စမလဲပြော... :P
ဒီကလည်းတိုးတက်တာမှလွန်ရော. ဟိုတစ်လောက တရုတ်ဆိုင်မှာ ဈေးသွားဝယ်တာ ဆိုင်ရှင်တရုတ်ကြီးနဲ့ တရုတ်မကြီး တို့နှစ်ယောက်သား စကားတွေများနေကြတာ နောက်မှ ကိုယ့်ဘက်လှည့်ပြီး စောင့်နေရတာတောင်းပန်ပါတယ် အဲတစ်ခွန်းပဲသိလိုက်တယ် နောက်ထပ်ဘာတွေလည်းမသိဘူး ပြောသေးတယ် ဟိ ဟိ
နားမလည်တော့ မချိသွားဖြဲလေးနဲ့ ဒီတိုင်းနားထောင်လာခဲ့တယ် အဲ..ကိုယ့်အတင်းပြောနေလားတောင်မသိဘူး.....ခွိ ခွိ... အဲလိုတော်တာ......

2 October 2008 at 10:55

သင်တန်းသူတစ်ယောက် ကျူရှင်လာအပ်ပါတယ်...
ဖောင်ဖြည့်ဖို့ ပန်မပါလို့ ခဏလောက် ငှားပါနော်... :P
ရယ်ရတယ် အကိုရေ...
သောကြာတို့ ရယ်စရာတို့ကို စာမူမပို့နဲ့နော်...
ဟာသ စာရေးဆရာတွေ ထိုင်ငိုသွားဦးမယ်... :D

Anonymous
2 October 2008 at 12:18

အယ်.... တော်လိုက်တာ အရမ်းဘဲ
ဆရာတင်ပါတယ်နော်..
လက်ခံပါ.. မိသားစုရဲ့ တီချယ်အိမ် ပေါ့..
စီးကြောင် ဆိုတဲ့ ဝေါဟာရ လေး ခုမှ ကြားဖူးတာ
ဟီးးးး
စီးကြောင်လေး တွေရဲ့ ဇတ်လမ်းလေးတွေ
နားဆင်ပါရစေ.. ကဲ ရွာစား စီးအိမ်ရေ..
အတောလေးတွေနဲ့ စ စေဗျားးး

2 October 2008 at 13:57

ဆ.ဆရာကြီးခေါင်းလောင်းတီး...
နောက်တိုးကျောင်းသားသစ်တစ်ယောက်ဗျို့။
ကလေးလေးနဲ့တစ်ဝိုင်းတည်းသင်မှာနော်...
ကျုရှင်လခကိုတော့သီတင်းကျွတ်မှပေါင်းကန်တော့
တော့မယ်။ဟဲဟဲ

2 October 2008 at 15:43

မောင်လေးအိမ် ရေ..
နှစ်ခါတောင်လာဖိတ်သွားတာ ကျေးဇူးပါမောင်လေး ရေ.
ဆောရီးနော်.. မကြီး သမီးလေး စာမေးပွဲဖြေနေတာနဲ့
စာကျက်ကူနေရတယ်လေ။ ဒီနေ့ မနက်အစောကြီးက
တည်းက သွားရတာ။ ညနေမှပြန်ရောက်တာလေ။ မနက်ဖြန် ၂ ဘာသာဖြေပြီးရင်ပြီးပြီ ။ အဲဒါကြောင့်
နောက်ကျသွားတာပါ မောင်လေးရေ.. တွေ့ပုချိ ပါ။
ကိုယ့်အစ်မကို သတိတရလာဖိတ်တာကျေးဇူးပါနော်။
မောင်လေး အတွေ့ အကြုံလေးတွေ က တကယ်ရယ်ရ
တာပါ ။ အတွေ့ အကြုံတွေ အများကြီးရှိဦးမှာပေါ့ နော်..
ဆက်ရေးပါ မောင်လေးရေ. ကောင်းတယ်..အားပေးနေပါမယ်။ ရယ်သောသူ အသက်ရှည်၏ တဲ့။
အဲလိုလေးတွေ ဖတ်ရတော့ ရယ်ရပြီး စိတ်ပျော်ရွှင်ရတာပေါ့.. အဆင်ပြေပါစေ..မောင်လေးအိမ်။

2 October 2008 at 18:07

ကျူရှင်လာအပ် တာ သင်္ဘောသီး ရေ..
ကိုယ့်ချင်း ကိုယ့်ချင်းဆိုတော့ အလကားသင်ပေး..
တစ်လပြတ်တွေ ဘာတွေလုပ်မနေနဲ့

2 October 2008 at 21:17

ကျူရှင်လာအပ်ပါတယ် ချာကြီး ...
ကျူရှင်တက်ရင်သုံးဖို့ ပန် လက်ဆောင်ပေးမယ်မဟုတ်လား ..
ဟားဟား

Anonymous
3 October 2008 at 02:06

အိမ်ရေ...... ကျူရှင်တက်မယ်ဗျို့။ လခ ကောင်းကောင်းပေးမယ်။ ပေါနည်းတွေပါသင်ပေး။ ဟီးးးးးး
နောက်တာနော် စိတ်ဆိုးရဝူး :D

3 October 2008 at 03:02

တက်မယ်တက်မယ် ။ free မို့ လား။ ဟီးဟီး

3 October 2008 at 13:41

ပို့စ်တိုင်းက ရီနေရတာပဲဗျာ
ဒါနဲ့ နံရံကြီးပါ မ မသွားဘူးလား
ဟားဟား ဖတ်လို့ကောင်းတယ်ဗျ
အရေးအသားလည်းကောင်းတယ်

Anonymous
3 October 2008 at 23:21

ကျူရှင်တက်ချင်ပါတယ်
နံမည်စာရင်းပဲ အရင်ပေးပါရစေနော်

လစာကတော့ နောက်မှ ပေါင်းယူပါ..

3 October 2008 at 23:45

တားလဲတက်မယ်။ တျူရှင်ကြောတာနော်။ :D :D :D

3 October 2008 at 23:50
This comment has been removed by the author.
Anonymous
4 October 2008 at 10:53

ရယ်ရတယ်ဗျို့...

It's my hot, It's not your hot (ဒါငါ့အပူ၊ မင်းအပူ မဟုတ်ဘူး) ပြောသလို ဖြစ်နေပြီ။

5 October 2008 at 13:10

လုပ်ပြန်ပဟ နောက်တစ်မျိုး

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း