ဒါကလဲ လာလည်တဲ့ ဧည့်သည်တွေကို ကိုယ့်အိမ်လာရင် ပျော်ရွှင်စေချင်တယ်။
အိမ်ဆိုတဲ့ နာမည်နဲ့လိုက်အောင် နွေးထွေးခြင်း၊ သာယာအေးမြခြင်း၊ ပျော်ရွှင်ကြည်နှုးခြင်း စတဲ့ဂုဏ်ပုဒ်လေးတွေနဲ့ တူချင်တာပါ။
ပြီးတော့ ရယ်မောခြင်းက လူကိုအသက်ရှည်စေပါတယ်။ ရယ်မောပျော်ရွှင်စေဖို့ အကြော ဆယ့်ခုနှစ်ကြော လှုပ်ရတယ်လို့ ဖတ်မှတ်ဖူးပါတယ်။ အဲဒီ ဆယ့်ခုနှစ်ကြော လှုပ်ဖို့ဆိုတာကလဲ မလွယ်ပါဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့်ရဲ့ ဘလော့ကိုလာလည်ရင် အားလုံးကို ရယ်မောပျော်ရွှင်စေချင်တာ စေတနာပါ...
ဆိုတော့..... အဲဒီဆယ့်ခုနှစ်ကြော တစ်ချက်လေးလှုပ်လိုက်ရင်ကိုပဲ ဒီဘလော့ရေးရကျိုးနပ်ပါပြီ။
အားလုံး ဘ၀ကို ရယ်မောပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းရင်း

1 Response to ဖြစ်ကြောင်းရယ်ကုန်စဉ်
ကိုအိမ်ရေးတာတွေ ဖတ်ပြီးတော့
အကြော ၇ ကြောတင်မဟုတ်ဘူး
အကြောတော်တော်များများကို လှုပ်အောင် ရယ်ပါတယ်။
ပြောရမယ်ဆိုရင်တော့ ခွက်ထိုး ခွက်လန် ကို ရယ်ပါတယ်။ ခုလို ပျော်စရာလေးတွေ ရေးတာ ကျေးဇူးဗျို့ ... :D
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း